အမေရိကန်မှာ E Coli ဘက်တီးရီးယားတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝှမ်းရှိ Walmart တွေမှာ ရောင်းချနေတဲ့ အမဲသား ရှစ်တန်ကို ပြန်လည်သိမ်းဆည်း

 104

ရောင်နီ (NP News) - မေ ၄

အမဲသားမှ E Coli ဘက်တီးရီးယား ညစ်ညမ်းမှု စိုးရိမ်မှုတွေကြောင့် အမေရိကန် စိုက်ပျိုးရေးဌာနက အမဲသား ပေါင် ၁၆,၀၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့က ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။

Cargill Meat Solutions မှ ထုတ်လုပ်တဲ့ အသားပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း Walmart လက်လီရောင်းချတဲ့နေရာတွေမှာ ရောင်းချလျက်ရှိပြီး ညစ်ညမ်းနိုင်ချေရှိ ဧပြီလ ၂၆ ရက်နဲ့ ဧပြီလ ၂၇ ရက်နေ့ ထုတ် အမဲသားတွေကို ပြန်လည် သိမ်းဆည်းခဲ့တယ်လို့ USDA မှ အကြောင်းကြားစာက ဆိုပါတယ်။

အသားမှတစ်ဆင့် E Coli ကူးစက်ဖျားနာမှုသတင်းတွေတော့ မကြားရသေးပါဘူး။ အဆိုပါထုတ်ကုန်တွေကို Connecticut၊ Massachusetts၊ Maryland၊ New Hampshire၊ New York၊ North Carolina၊ Ohio၊ Pennsylvania၊ Vermont၊ Virginia၊ West Virginia နဲ့ Washington DC ရှိ Walmart စတိုးဆိုင်တွေမှာ ရောင်းချလျက်ရှိတာဖြစ်ပါတယ်။ ၎င်းတို့ဆီကနေ အသားတစ်ခုခုဝယ်ယူမိခဲ့တယ်ဆိုရင် ၎င်းတို့ကို စွန့်ပစ်ခြင်း (သို့မဟုတ်) ၎င်းတို့ဝယ်ယူခဲ့တဲ့နေရာကို ပြန်လည်ပေးပို့ခြင်းတို့ ပြုလုပ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့လကလည်း သစ်ကြားသီးကနေ အဆိုပါဘတ်တီးရီးယားကြောင့် ပြည်နယ်နှစ်ခုမှ လူ ၁၂ ဦး ဖျားနာခဲ့ပြီး ခုနှစ်ဦး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ၇ ဦးထဲက လူနှစ်ဦး ကျောက်ကပ်ဆိုင်ရာချို့ယွင်းမှုဖြစ်တဲ့ hemolytic uremic syndrome ရောဂါတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

E. coli ဖျားနာသူ အများစုဟာ တစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်လာလေ့ရှိပေမယ့် နာတာရှည်ရောဂါရှိသူတွေ ကတော့ ဗိုက်အောင့်ခြင်း၊ သွေးထွက်လွန်ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ ပျို့အန်ခြင်းနဲ့ ကျောက်ကပ်အားနည်း ခြင်းလို ပြင်းထန်တဲ့လက္ခဏာတွေ ခံစားရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္မွာ E Coli ဘက္တီးရီးယားေတြ႕ရွိျခင္းေၾကာင့္ ႏိုင္ငံတစ္ဝွမ္းရွိ Walmart ေတြမွာ ေရာင္းခ်ေနတဲ့ အမဲသား ရွစ္တန္ကို ျပန္လည္သိမ္းဆည္း
ေရာင္နီ (NP News) - ေမ ၄

အမဲသားမွ E Coli ဘက္တီးရီးယား ညစ္ညမ္းမႈ စိုးရိမ္မႈေတြေၾကာင့္ အေမရိကန္ စိုက္ပ်ိဳးေရးဌာနက အမဲသား ေပါင္ ၁၆,၀၀၀ ေက်ာ္ကို ဗုဒၶဟူးေန႔က ျပန္လည္သိမ္းဆည္းခဲ့ပါတယ္။

Cargill Meat Solutions မွ ထုတ္လုပ္တဲ့ အသားပစၥည္းေတြကို အေမရိကန္ျပည္ေထာင္စုတစ္ဝွမ္း Walmart လက္လီေရာင္းခ်တဲ့ေနရာေတြမွာ ေရာင္းခ်လ်က္ရွိၿပီး ညစ္ညမ္းႏိုင္ေခ်ရွိ ဧၿပီလ ၂၆ ရက္နဲ႔ ဧၿပီလ ၂၇ ရက္ေန႔ ထုတ္ အမဲသားေတြကို ျပန္လည္ သိမ္းဆည္းခဲ့တယ္လို႔ USDA မွ အေၾကာင္းၾကားစာက ဆိုပါတယ္။

အသားမွတစ္ဆင့္ E Coli ကူးစက္ဖ်ားနာမႈသတင္းေတြေတာ့ မၾကားရေသးပါဘူး။ အဆိုပါထုတ္ကုန္ေတြကို Connecticut၊ Massachusetts၊ Maryland၊ New Hampshire၊ New York၊ North Carolina၊ Ohio၊ Pennsylvania၊ Vermont၊ Virginia၊ West Virginia နဲ႔ Washington DC ရွိ Walmart စတိုးဆိုင္ေတြမွာ ေရာင္းခ်လ်က္ရွိတာျဖစ္ပါတယ္။ ၎တို႔ဆီကေန အသားတစ္ခုခုဝယ္ယူမိခဲ့တယ္ဆိုရင္ ၎တို႔ကို စြန႔္ပစ္ျခင္း (သို႔မဟုတ္) ၎တို႔ဝယ္ယူခဲ့တဲ့ေနရာကို ျပန္လည္ေပးပို႔ျခင္းတို႔ ျပဳလုပ္ႏိုင္တယ္လို႔ သတိေပးထားပါတယ္။

ၿပီးခဲ့တဲ့လကလည္း သစ္ၾကားသီးကေန အဆိုပါဘတ္တီးရီးယားေၾကာင့္ ျပည္နယ္ႏွစ္ခုမွ လူ ၁၂ ဦး ဖ်ားနာခဲ့ၿပီး ခုႏွစ္ဦး ေဆး႐ုံတင္ခဲ့ရတယ္လို႔ သိရပါတယ္။ အဆိုပါ ၇ ဦးထဲက လူႏွစ္ဦး ေက်ာက္ကပ္ဆိုင္ရာခ်ိဳ႕ယြင္းမႈျဖစ္တဲ့ hemolytic uremic syndrome ေရာဂါေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။

E. coli ဖ်ားနာသူ အမ်ားစုဟာ တစ္ပတ္အတြင္း ျပန္လည္ေကာင္းမြန္လာေလ့ရွိေပမယ့္ နာတာရွည္ေရာဂါရွိသူေတြ ကေတာ့ ဗိုက္ေအာင့္ျခင္း၊ ေသြးထြက္လြန္ဝမ္းေလွ်ာျခင္း၊ အဖ်ားတက္ျခင္း၊ ပ်ိဳ႕အန္ျခင္းနဲ႔ ေက်ာက္ကပ္အားနည္း ျခင္းလို ျပင္းထန္တဲ့လကၡဏာေတြ ခံစားရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.