အရောင်းအဝယ်မရှိသော ရွှေဈေးနှုန်းများကို ထုတ်လွှင့်မှုရှိနေပြီး အရောင်း အဝယ်ပြုလုပ်သူများကို ဌာနဆိုင်ရာမှ အရေးယူမှုများရှိနေ

 8298

ယွန်း (NP News) - မေ ၁၈

လေပတ်ကားများမှ အရောင်းအဝယ်မရှိသော ရွှေဈေးနှုန်းများကို ထုတ်လွှင့်နေကြပြီး အရောင်းအဝယ်ပြုလုပ်သူများကို ဌာနဆိုင်ရာမှ အရေးယူမှုများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ထံမှ သိရသည်။

ကမ္ဘာ့ရွှေဈေး အပါအဝင် ဒေါ်လာငွေလဲနှုန်းများ မြင့်တက်လာခဲ့ရာ လက်ရှိတွင် ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း(၅၀)အထိ ပေါက်ဈေးရှိကြောင်း သတင်းများပျံ့နှံ့နေသည်။ အဆိုပါ ရွှေဈေးမြင့်တက်မှုသည် လေပတ်ကားများကြောင့် ဖြစ်ကာ ဈေးကွက်အတွင်းတွင် အမှန်တကယ်ရောင်းဝယ်မှုမရှိကြောင်းသိရပြီး ရောင်းဝယ်မှုပြုလုပ်နေသူများကိုလည်း ဌာနဆိုင်ရာများက အရေးယူမှုများဆောင်ရွက်နေကြောင်း သိရသည်။

“သိန်း(၅၀)နဲ့ ဈေးကွက်ထဲမှာ တကယ်အရောင်းအဝယ်မရှိပါဘူး။ လေပတ်ကားတွေလုပ်နေတာ။ ပိုက်ဆံလည်းမရှိဘူး။ ရွှေလည်းမရှိဘူး။ သူတို့လုပ်လို့ အဲဒီလိုဖြစ်နေတာ။ အစိုးရကလည်း စုံစမ်းပြီးတော့ ဖမ်းနေတယ်။ ဖမ်းနေတဲ့ကြားထဲကကို ပြေးရင်းလွှားရင်းနဲ့ သတင်းဖွနေကြတာ။ သိန်း(၅၀)နဲ့ ‌ရောင်းတဲ့ဝယ်တဲ့သူကိုလည်း ဌာနဆိုင်ရာက အရေးယူဆောင်ရွက်နေပါတယ်။ အသင်းကနေ ထုတ်ပြန်တဲ့ရွှေဈေးအတိုင်းပဲ ဆိုင်တွေမှာဝယ်လို့ရပါတယ်” ဟု ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က NP News ကို ပြောသည်။

YGEA အနေဖြင့် ရွှေဈေးနှုန်းကို တစ်နေ့လျှင် သုံးကြိမ်ပုံမှန်ထုတ်ပြန်ပေးနေပြီး မေ(၁၇)ရက်နေ့ ထုတ်ပြန်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း (၃၉၉၉၇၀၀) ဖြစ်ပြီး ၎င်းတို့ သတ်မှတ်ထားသည့် ဈေးနှုန်းထက်ကျော်လွန်၍ အရောင်းအဝယ်ပြုလုပ်နေသူများကို စစစ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) အပါအဝင် အဖွဲ့သုံးဖွဲ့ဖြင့် အရေးယူလျက်ရှိကြောင်း သိရသည်။ “ရိုက်ခတ်မှုကတော့ ကုန်ဈေးနှုန်းတွေမှာလည်း ရှိလာတာပေါ့။ ဒီကိစ္စက သာမန်ရွှေဈေးတက်ပါတယ်၊ ဒေါ်လာဈေးတက်ပါတယ်လို့ ပြောလို့မရဘူး။ ဒီဈေးတွေဘာကြောင့် ဖြစ်ရတာလဲဆိုတာက အများကြီးတွေးစရာဖြစ်နေတာ။ အလကားနေတော့မတက်နိုင်ဘူး။ တက်ပြီးရင်လည်း ဘာကြောင့်ထပ်ပြီး တက်တာလဲဆိုတာဆင့်ကဲတွေးစရာတွေက အများကြီးပဲ။ ဈေးကစားတဲ့သူတွေက ကိုယ်လည်းချမ်းသာ၊ အောက်ခြေပြည်သူတွေကိုလည်း ကုန်းချောပေးလိုက် တယ်။ ထိန်းကြောင်းပေးနေတဲ့ အုပ်ချုပ်မှုပိုင်းကိုလည်း တစ်နည်းအားဖြင့် တိုက်စစ်လုပ်တဲ့သဘောပေါ့။ ဈေးကစားတဲ့သူကတော့ ရှိမယ်ဆိုရင်တောင် ရာဂဏန်းပေါ့။ ဒါပေမယ့် ပြည်သူတွေက သန်းနဲ့ချီပြီးရှိနေတာ။ အခုချိန်မှာ အဲဒီရဲ့ကုန်ဈေးနှုန်းဒဏ်ကိုတော်တော်ခံနေရပြီ။ အဓိကကတော့ ကုန်ဈေးနှုန်းတွေ ဂယက်ရိုက်အောင်လို့ ယန္တရားတွေမတည်ငြိမ်အောင်ပေါ့ အဘက်ဘက်ကနေ တစ်ခုလှုပ်ရင် တစ်ခုပေါ့။ အဲဒီလိုမျိုး စီးပွားရေးကိုမတည်ငြိမ်အောင်လုပ်တဲ့သူ တွေရှိရင်တော့ တိုင်းပြည်က ဒီလိုပဲဖြစ်နေမှာပဲ” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီလအတွင်းက မောင်ကိန်းရွှေဆိုင် အပါအဝင် ရွှေဆိုင်(၃)ဆိုင်နှင့် ရွှေလုပ်ငန်း(၄)ခုကို ‌ရွှေရောင်းဝယ်သူများဆိုင်ရာ ညွှန် ကြားချက်ကို လိုက်နာရန် ပျက်ကွက်မှုကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အရေးယူခဲ့ကြောင်း သိရသည်။

zawgyi version
အေရာင္းအဝယ္မရွိေသာ ေ႐ႊေဈးႏႈန္းမ်ားကို ထုတ္လႊင့္မႈရွိေနၿပီး အေရာင္း အဝယ္ျပဳလုပ္သူမ်ားကို ဌာနဆိုင္ရာမွ အေရးယူမႈမ်ားရွိေန
ယြန္း (NP News) - ေမ ၁၈

ေလပတ္ကားမ်ားမွ အေရာင္းအဝယ္မရွိေသာ ေ႐ႊေဈးႏႈန္းမ်ားကို ထုတ္လႊင့္ေနၾကၿပီး အေရာင္းအဝယ္ျပဳလုပ္သူမ်ားကို ဌာနဆိုင္ရာမွ အေရးယူမႈမ်ား ရွိေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)ထံမွ သိရသည္။

ကမာၻ႔ေ႐ႊေဈး အပါအဝင္ ေဒၚလာေငြလဲႏႈန္းမ်ား ျမင့္တက္လာခဲ့ရာ လက္ရွိတြင္ ျပည္တြင္း၌ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္သိန္း(၅၀)အထိ ေပါက္ေဈးရွိေၾကာင္း သတင္းမ်ားပ်ံ႕ႏွံ႔ေနသည္။ အဆိုပါ ေ႐ႊေဈးျမင့္တက္မႈသည္ ေလပတ္ကားမ်ားေၾကာင့္ ျဖစ္ကာ ေဈးကြက္အတြင္းတြင္ အမွန္တကယ္ေရာင္းဝယ္မႈမရွိေၾကာင္းသိရၿပီး ေရာင္းဝယ္မႈျပဳလုပ္ေနသူမ်ားကိုလည္း ဌာနဆိုင္ရာမ်ားက အေရးယူမႈမ်ားေဆာင္႐ြက္ေနေၾကာင္း သိရသည္။

“သိန္း(၅၀)နဲ႔ ေဈးကြက္ထဲမွာ တကယ္အေရာင္းအဝယ္မရွိပါဘူး။ ေလပတ္ကားေတြလုပ္ေနတာ။ ပိုက္ဆံလည္းမရွိဘူး။ ေ႐ႊလည္းမရွိဘူး။ သူတို႔လုပ္လို႔ အဲဒီလိုျဖစ္ေနတာ။ အစိုးရကလည္း စုံစမ္းၿပီးေတာ့ ဖမ္းေနတယ္။ ဖမ္းေနတဲ့ၾကားထဲကကို ေျပးရင္းလႊားရင္းနဲ႔ သတင္းဖြေနၾကတာ။ သိန္း(၅၀)နဲ႔ ‌ေရာင္းတဲ့ဝယ္တဲ့သူကိုလည္း ဌာနဆိုင္ရာက အေရးယူေဆာင္႐ြက္ေနပါတယ္။ အသင္းကေန ထုတ္ျပန္တဲ့ေ႐ႊေဈးအတိုင္းပဲ ဆိုင္ေတြမွာဝယ္လို႔ရပါတယ္” ဟု ရန္ကုန္တိုင္းေ႐ႊ လုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က NP News ကို ေျပာသည္။

YGEA အေနျဖင့္ ေ႐ႊေဈးႏႈန္းကို တစ္ေန႔လွ်င္ သုံးႀကိမ္ပုံမွန္ထုတ္ျပန္ေပးေနၿပီး ေမ(၁၇)ရက္ေန႔ ထုတ္ျပန္ခ်က္အရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္သိန္း (၃၉၉၉၇၀၀) ျဖစ္ၿပီး ၎တို႔ သတ္မွတ္ထားသည့္ ေဈးႏႈန္းထက္ေက်ာ္လြန္၍ အေရာင္းအဝယ္ျပဳလုပ္ေနသူမ်ားကို စစစ(အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန) အပါအဝင္ အဖြဲ႕သုံးဖြဲ႕ျဖင့္ အေရးယူလ်က္ရွိေၾကာင္း သိရသည္။ “႐ိုက္ခတ္မႈကေတာ့ ကုန္ေဈးႏႈန္းေတြမွာလည္း ရွိလာတာေပါ့။ ဒီကိစၥက သာမန္ေ႐ႊေဈးတက္ပါတယ္၊ ေဒၚလာေဈးတက္ပါတယ္လို႔ ေျပာလို႔မရဘူး။ ဒီေဈးေတြဘာေၾကာင့္ ျဖစ္ရတာလဲဆိုတာက အမ်ားႀကီးေတြးစရာျဖစ္ေနတာ။ အလကားေနေတာ့မတက္ႏိုင္ဘူး။ တက္ၿပီးရင္လည္း ဘာေၾကာင့္ထပ္ၿပီး တက္တာလဲဆိုတာဆင့္ကဲေတြးစရာေတြက အမ်ားႀကီးပဲ။ ေဈးကစားတဲ့သူေတြက ကိုယ္လည္းခ်မ္းသာ၊ ေအာက္ေျချပည္သူေတြကိုလည္း ကုန္းေခ်ာေပးလိုက္ တယ္။ ထိန္းေၾကာင္းေပးေနတဲ့ အုပ္ခ်ဳပ္မႈပိုင္းကိုလည္း တစ္နည္းအားျဖင့္ တိုက္စစ္လုပ္တဲ့သေဘာေပါ့။ ေဈးကစားတဲ့သူကေတာ့ ရွိမယ္ဆိုရင္ေတာင္ ရာဂဏန္းေပါ့။ ဒါေပမယ့္ ျပည္သူေတြက သန္းနဲ႔ခ်ီၿပီးရွိေနတာ။ အခုခ်ိန္မွာ အဲဒီရဲ႕ကုန္ေဈးႏႈန္းဒဏ္ကိုေတာ္ေတာ္ခံေနရၿပီ။ အဓိကကေတာ့ ကုန္ေဈးႏႈန္းေတြ ဂယက္႐ိုက္ေအာင္လို႔ ယႏၲရားေတြမတည္ၿငိမ္ေအာင္ေပါ့ အဘက္ဘက္ကေန တစ္ခုလႈပ္ရင္ တစ္ခုေပါ့။ အဲဒီလိုမ်ိဳး စီးပြားေရးကိုမတည္ၿငိမ္ေအာင္လုပ္တဲ့သူ ေတြရွိရင္ေတာ့ တိုင္းျပည္က ဒီလိုပဲျဖစ္ေနမွာပဲ” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဧၿပီလအတြင္းက ေမာင္ကိန္းေ႐ႊဆိုင္ အပါအဝင္ ေ႐ႊဆိုင္(၃)ဆိုင္ႏွင့္ ေ႐ႊလုပ္ငန္း(၄)ခုကို ‌ေ႐ႊေရာင္းဝယ္သူမ်ားဆိုင္ရာ ၫႊန္ ၾကားခ်က္ကို လိုက္နာရန္ ပ်က္ကြက္မႈေၾကာင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အေရးယူခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.