နိုင်ငံခြားငွေသုံးစွဲမှုသက်သာစေမည့် နေကြာတိုးချဲ့စိုက်ပျိုးရေးကို အလေးထားပြီး မူဝါဒချမှတ်ဆောင်ရွက်ရမည်ဟု ဆို

264

ချယ်ရီ (NP News)- ဩဂုတ် ၂၆
နိုင်ငံတော်စားသုံးဆီလိုအပ်ချက်ကို လျော့နည်းစေပြီး ပြည်ပနိုင်ငံများမှ တင်သွင်းမှု လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည့် နေကြာတိုးချဲ့စိုက်ပျိုးရေးကို အလေးထား၍ မူဝါဒချမှတ်ဆောင်ရွက်ရမည်ဟု စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဩဂုတ်လ ၂၅ ရက်)က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅) အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးဆောင်ရွက်ရေးသည် အရေးကြီးသည့်အတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အထူးဇုန်များ သတ်မှတ်စိုက်ပျိုးလျက်ရှိသော်လည်း ရည်မှန်းချက်မပြည့်မီနိုင်သေးရာ နေကြာတိုးချဲ့ စိုက်ပျိုးရေးကို (၂၀၂၂) ခုနှစ်မှစ၍ လမ်းညွှန်မှာကြားထားပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် ရလဒ်ကောင်းရရှိရန် အလှမ်းကွာဝေးနေသည့် အတွက် အကြိမ်ကြိမ်တွန်းအားပေးပြောဆိုနေရခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ က ဆိုသည်။
ထို့ကြောင့် ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် အထွက်နှုန်းမြင့်မားသော၊ စိုက်ပျိုးချိန်ကာလတိုတောင်းသော၊ စိုက်ပျိုးရလွယ်ကူသော၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သောနေကြာကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်းနှင့် နေကြာဆီပိုလျှံထွက်ရှိခြင်းဖြင့် နိုင်ငံတော်၏ စားသုံးဆီလိုအပ်ချက်ကို လျော့နည်းစေပြီး ပြည်ပနိုင်ငံများမှ တင်သွင်းမှု လျှော့ချနိုင်ခြင်း ကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည်ဖြစ်ရာ နေကြာတိုးချဲ့စိုက်ပျိုးရေးကို အလေးထား၍ မူဝါဒချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ (၅၁ ဒသမ ၃ ) သန်းအတွက် လူတစ်ဦးကို တစ်နှစ်ခြောက်ပိဿာနှုန်းဖြင့် တွက်ချက်ပါက ဆီတန်ချိန် (၅) သိန်း လိုအပ်မည်ဖြစ်ရာ လက်ရှိစိုက်ပျိုးနေသည့် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းသီနှံများကို နိုင်ငံ၌ စားသုံးဆီဖူလုံနိုင်ကြောင်း ခန့်မှန်းတွက်ချက်နိုင်သော်လည်း ၎င်းတို့ကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ပြည်တွင်း ဆီဖူလုံရေးအတွက် လိုအပ်ချက်ရှိ သည့် စားသုံးဆီအဖြစ်သာ သုံးစွဲနိုင်သော ပြည်တွင်း၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်လိုအပ်နေကြောင်း ကော်မရှင်ဥက္ကဋ္ဌက ထပ်မံပြောကြားသည်။
လက်ရှိတွင် နှစ်စဉ်ပြည်ပမှ စားအုန်းဆီကို အမေရိကန်ဒေါ်လာ သန်း(၅၀၀)ခန့် တင်သွင်းနေရကြောင်း စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ႏိုင္ငံျခားေငြသုံးစြဲမႈသက္သာေစမည့္ ေနၾကာတိုးခ်ဲ႕စိုက္ပ်ိဳးေရးကို အေလးထားၿပီး မူဝါဒခ်မွတ္ေဆာင္႐ြက္ရမည္ဟု ဆို
ခ်ယ္ရီ (NP News)- ဩဂုတ္ ၂၆
ႏိုင္ငံေတာ္စားသုံးဆီလိုအပ္ခ်က္ကို ေလ်ာ့နည္းေစၿပီး ျပည္ပႏိုင္ငံမ်ားမွ တင္သြင္းမႈ ေလွ်ာ့ခ်ႏိုင္ျခင္းေၾကာင့္ ႏိုင္ငံျခားေငြသုံးစြဲမႈ သက္သာေစမည့္ ေနၾကာတိုးခ်ဲ႕စိုက္ပ်ိဳးေရးကို အေလးထား၍ မူဝါဒခ်မွတ္ေဆာင္႐ြက္ရမည္ဟု စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ေျပာၾကားသည္။
အဆိုပါစကားကို ယမန္ေန႔ (ဩဂုတ္လ ၂၅ ရက္)က ေနျပည္ေတာ္ရွိ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန႐ုံး အစည္းအေဝးခန္းမတြင္ က်င္းပသည့္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးဖြံ႕ၿဖိဳးေရးေကာ္မရွင္၏ (၄/၂၀၂၅) အစည္းအေဝး၌ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ဆီထြက္သီးႏွံမ်ား တိုးခ်ဲ႕စိုက္ပ်ိဳးေဆာင္႐ြက္ေရးသည္ အေရးႀကီးသည့္အတြက္ ဆီထြက္သီးႏွံမ်ားျဖစ္ေသာ ေျမပဲ၊ ႏွမ္းႏွင့္ ေနၾကာတို႔ကို အထူးဇုန္မ်ား သတ္မွတ္စိုက္ပ်ိဳးလ်က္ရွိေသာ္လည္း ရည္မွန္းခ်က္မျပည့္မီႏိုင္ေသးရာ ေနၾကာတိုးခ်ဲ႕ စိုက္ပ်ိဳးေရးကို (၂၀၂၂) ခုႏွစ္မွစ၍ လမ္းၫႊန္မွာၾကားထားၿပီး ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈမ်ားတြင္ ရလဒ္ေကာင္းရရွိရန္ အလွမ္းကြာေဝးေနသည့္ အတြက္ အႀကိမ္ႀကိမ္တြန္းအားေပးေျပာဆိုေနရျခင္းျဖစ္ေၾကာင္း ဥကၠ႒ က ဆိုသည္။
ထို႔ေၾကာင့္ ျပည္တြင္း စားသုံးဆီဖူလုံေရးႏွင့္ ျပည္ပတင္ပို႔ႏိုင္ေရးအတြက္ အထြက္ႏႈန္းျမင့္မားေသာ၊ စိုက္ပ်ိဳးခ်ိန္ကာလတိုေတာင္းေသာ၊ စိုက္ပ်ိဳးရလြယ္ကူေသာ၊ ႏိုင္ငံ၏စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အကူျပဳႏိုင္ေသာေနၾကာကို တိုးခ်ဲ႕စိုက္ပ်ိဳးသင့္ေၾကာင္းႏွင့္ ေနၾကာဆီပိုလွ်ံထြက္ရွိျခင္းျဖင့္ ႏိုင္ငံေတာ္၏ စားသုံးဆီလိုအပ္ခ်က္ကို ေလ်ာ့နည္းေစၿပီး ျပည္ပႏိုင္ငံမ်ားမွ တင္သြင္းမႈ ေလွ်ာ့ခ်ႏိုင္ျခင္း ေၾကာင့္ ႏိုင္ငံျခားေငြသုံးစြဲမႈ သက္သာေစမည္ျဖစ္ရာ ေနၾကာတိုးခ်ဲ႕စိုက္ပ်ိဳးေရးကို အေလးထား၍ မူဝါဒခ်မွတ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ဥကၠ႒ က ေျပာၾကားသည္။
ျမန္မာႏိုင္ငံ၏ ခန႔္မွန္းလူဦးေရ (၅၁ ဒသမ ၃ ) သန္းအတြက္ လူတစ္ဦးကို တစ္ႏွစ္ေျခာက္ပိႆာႏႈန္းျဖင့္ တြက္ခ်က္ပါက ဆီတန္ခ်ိန္ (၅) သိန္း လိုအပ္မည္ျဖစ္ရာ လက္ရွိစိုက္ပ်ိဳးေနသည့္ ေျမပဲ၊ ႏွမ္း၊ ေနၾကာ၊ မုန္ညင္း၊ ပန္းႏွမ္းသီႏွံမ်ားကို ႏိုင္ငံ၌ စားသုံးဆီဖူလုံႏိုင္ေၾကာင္း ခန႔္မွန္းတြက္ခ်က္ႏိုင္ေသာ္လည္း ၎တို႔ကို ျပည္ပသို႔ တင္ပို႔ေရာင္းခ်လ်က္ရွိေသာေၾကာင့္ ျပည္တြင္း ဆီဖူလုံေရးအတြက္ လိုအပ္ခ်က္ရွိ သည့္ စားသုံးဆီအျဖစ္သာ သုံးစြဲႏိုင္ေသာ ျပည္တြင္း၌ ဆီထြက္သီးႏွံျဖစ္သည့္ ေနၾကာသီးႏွံကို ပိုမိုတိုးခ်ဲ႕စိုက္ပ်ိဳးရန္လိုအပ္ေနေၾကာင္း ေကာ္မရွင္ဥကၠ႒က ထပ္မံေျပာၾကားသည္။
လက္ရွိတြင္ ႏွစ္စဥ္ျပည္ပမွ စားအုန္းဆီကို အေမရိကန္ေဒၚလာ သန္း(၅၀၀)ခန႔္ တင္သြင္းေနရေၾကာင္း စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ထည့္သြင္းေျပာၾကားခဲ့သည္။