တန့်ဆည်မှ နာမည်ကျော် ရွှေဘိုပေါ်ဆန်း ဈေးနှိမ်ရောင်းနေရ

 705

သန့်ဇင် (NP News) - သြဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေကြီး တန့်ဆည်မြို့နယ် တွင် လမ်းခရီးအခက်ခဲကြောင့် ဝယ်လက်ရှားသည့်အ တွက် လယ်သမားများ အနေဖြင့် ရွှေဘိုပေါ် ဆန်းစပါး ကိုပင် ဈေးနှိမ်ရောင်းချနေရကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ယခင်က တန့်ဆည်မြို့နယ်မှထွက်ရှိသော ရွှေဘိုပေါ်ဆန်းစပါးများသည် စပါးဈေးကွက် မတည် ငြိမ်မှုများရင်ဆိုင်နေရ သည့် ကြားမှပင် ဈေးကောင်း ရခဲ့သော်လည်း လက်ရှိတွင်မူ ရွှေဘိုပေါ်ဆန်း ဘေး ကြားစပါးတစ်တင်းလျှင် ငွေကျပ် (၃၀ဝဝဝ)နှင့် (၃၅၀ဝဝ)ကျပ် ရရှိရန် ကြိုးစားရောင်းချနေရကြောင်း သိရသည်။
" ရွှေဘိုပေါ်ဆန်းဘေးကြားတွေစိုက်ကြတာလေ။ အရင်ကတော့ စပါးအဟောင်းကို (၄၂၀ဝဝ)ကျပ်ပေါ့နော်။ အခုဆိုရင် (၃၀ဝဝဝ)ကျပ် ကို မနည်းပြောရောင်းရတယ်။ တောင်သူတွေက မကိုက်ဘူးလေ။ စိုက်ရတာလည်း ပိုးသတ်ဆေးဖိုး၊ ဘာဖိုးညာဖိုးနဲ့မကိုက်ဘူးလေ။ အဲဒါကို (၃၀ဝဝဝ)ကျပ်ရောင်းရဖို့ကို အကြာကြီးစောင့်ရတယ်။ ဒါပေမဲ့ အခုရက်ပိုင်းတော့ (၄၀ဝဝဝ) နားကပ်လာပြီ။ ဒါပေမဲ့ ပွဲစားကဆင်း မဝယ်ပြန်ဘူး။ ဒါကြောင့် (၃၀ဝဝဝ)ကျပ်နဲ့ရောင်းရတဲ့လူတွေကများတယ်။ လှည့်ပတ်ပြီး ရောင်းသုံးရတာပေါ့။ ပိုက်ဆံရှိတဲ့လူတွေကတော့ ကပ်ထားလို့ရသေးတာပေါ့။ မရှိတဲ့လူတွေကတော့ ရရာဈေးနဲ့ရောင်းသုံးရတာပေါ့" ဟု တန့်ဆည်မြို့နယ် တွင်းမှ လယ်သမားတစ်ဦးက ဆိုသည်။
လက်ရှိတွင် နယ်မြေအခက်အခဲများကြောင့် ရွှေဘို- တန့်ဆည်လမ်းကို အသုံးပြုမရသည့် အတွက် ကွင်းလမ်းများမှကွေ့ပတ်သွားလာကြရာ အချိန်နှင့် ငွေကြေးများစွာကုန်ကျခြင်း၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များထံ ဂိတ်ကြေးပေးဆောင် ရခြင်းနှင့် နယ်မြေလုံခြုံမှုမရှိခြင်းတို့ကြောင့် တန့် ဆည်တွင် ပွဲစားရှားပါးလာရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
" ကွင်းသွားရတာပေါ့။ အရင်တုန်းက နေ့ချင်းပေါက်တဲ့လမ်းက အခုဆို (၃) ညအိပ် ကိုကြာတယ်လေ။ လမ်းပန်းမကောင်းတာတွေပါ တာပေါ့။ ရွှေဘိုကနေ စပါးပွဲစားတွေကလည်း လမ်းပန်းဆက်သွယ်ရေးမကောင်းတာကြောင့် မလာ ကြဘူးလေ။ အခုကျတော့ ဈေးကလည်းမမှန်ဘူး။ ဝယ်သူကလည်း မလာဘူး။ ပွဲစားတွေက စပါးတွေ ဝယ်ပြီး ရွှေဘိုမြို့ပေါ်က ဆန်စက်တွေမှာရောင်း တာလေ။ အခုက ရွှေဘိုနဲ့ တန့်ဆည်ဘက်ကရွာ တွေနဲ့သွားဖို့ကို လမ်းမကောင်းတာ။ သွားဖို့က လည်း ဆီဈေးကလည်း ကြီးတယ်လေ။ တစ်လီတာကို (၇၀ဝဝ)ကျပ်ပေးရတယ်။ င်္ဏီ ကို ဂိတ်ကြေးတွေ ကလည်း ပေးရတာများတယ်လေ။ ပွဲစားတွေကလည်း အဲဒီလို လမ်းခရီးအခက်အခဲကြောင့်လည်း ဈေး တွေနှိမ်ဝယ်ကြတာပေါ့နော်။ ပွဲစားကမှ ရောင်း တာဝယ်တာမှာ အမြန်ရှိသေးတယ်လေ။ တောင်သူ ကတော့ ရှုံးတဲ့နှစ်ချည်းပဲ " ဟု ၎င်းက ဆက်ပြောသည်။
ရွှေဘိုပေါ်ဆန်းစပါးစိုက်ပျိုးရာ၌ လက်ရှိ ကာလအနေအထားအရ တစ်ဧလျှင်သွင်းအားစု ကျပ်သိန်း (၂၀)ခန့် ကုန်ကျနေ ကြောင်း သိရသည်။

Zawgyi Version:
တန႔္ဆည္မွ နာမည္ေက်ာ္ ေ႐ႊဘိုေပၚဆန္း ေဈးႏွိမ္ေရာင္းေနရ
သန႔္ဇင္ (NP News) - ၾသဂုတ္ ၂၅
စစ္ကိုင္းတိုင္းေဒႀကီး တန႔္ဆည္ၿမိဳ႕နယ္ တြင္ လမ္းခရီးအခက္ခဲေၾကာင့္ ဝယ္လက္ရွားသည့္အ တြက္ လယ္သမားမ်ား အေနျဖင့္ ေ႐ႊဘိုေပၚ ဆန္းစပါး ကိုပင္ ေဈးႏွိမ္ေရာင္းခ်ေနရေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ယခင္က တန႔္ဆည္ၿမိဳ႕နယ္မွထြက္ရွိေသာ ေ႐ႊဘိုေပၚဆန္းစပါးမ်ားသည္ စပါးေဈးကြက္ မတည္ ၿငိမ္မႈမ်ားရင္ဆိုင္ေနရ သည့္ ၾကားမွပင္ ေဈးေကာင္း ရခဲ့ေသာ္လည္း လက္ရွိတြင္မူ ေ႐ႊဘိုေပၚဆန္း ေဘး ၾကားစပါးတစ္တင္းလွ်င္ ေငြက်ပ္ (၃၀ဝဝဝ)ႏွင့္ (၃၅၀ဝဝ)က်ပ္ ရရွိရန္ ႀကိဳးစားေရာင္းခ်ေနရေၾကာင္း သိရသည္။
" ေ႐ႊဘိုေပၚဆန္းေဘးၾကားေတြစိုက္ၾကတာေလ။ အရင္ကေတာ့ စပါးအေဟာင္းကို (၄၂၀ဝဝ)က်ပ္ေပါ့ေနာ္။ အခုဆိုရင္ (၃၀ဝဝဝ)က်ပ္ ကို မနည္းေျပာေရာင္းရတယ္။ ေတာင္သူေတြက မကိုက္ဘူးေလ။ စိုက္ရတာလည္း ပိုးသတ္ေဆးဖိုး၊ ဘာဖိုးညာဖိုးနဲ႔မကိုက္ဘူးေလ။ အဲဒါကို (၃၀ဝဝဝ)က်ပ္ေရာင္းရဖို႔ကို အၾကာႀကီးေစာင့္ရတယ္။ ဒါေပမဲ့ အခုရက္ပိုင္းေတာ့ (၄၀ဝဝဝ) နားကပ္လာၿပီ။ ဒါေပမဲ့ ပြဲစားကဆင္း မဝယ္ျပန္ဘူး။ ဒါေၾကာင့္ (၃၀ဝဝဝ)က်ပ္နဲ႔ေရာင္းရတဲ့လူေတြကမ်ားတယ္။ လွည့္ပတ္ၿပီး ေရာင္းသုံးရတာေပါ့။ ပိုက္ဆံရွိတဲ့လူေတြကေတာ့ ကပ္ထားလို႔ရေသးတာေပါ့။ မရွိတဲ့လူေတြကေတာ့ ရရာေဈးနဲ႔ေရာင္းသုံးရတာေပါ့" ဟု တန႔္ဆည္ၿမိဳ႕နယ္ တြင္းမွ လယ္သမားတစ္ဦးက ဆိုသည္။
လက္ရွိတြင္ နယ္ေျမအခက္အခဲမ်ားေၾကာင့္ ေ႐ႊဘို- တန႔္ဆည္လမ္းကို အသုံးျပဳမရသည့္ အတြက္ ကြင္းလမ္းမ်ားမွေကြ႕ပတ္သြားလာၾကရာ အခ်ိန္ႏွင့္ ေငြေၾကးမ်ားစြာကုန္က်ျခင္း၊ ေဒသတြင္း လက္နက္ကိုင္အဖြဲ႕မ်ားထံ ဂိတ္ေၾကးေပးေဆာင္ ရျခင္းႏွင့္ နယ္ေျမလုံၿခဳံမႈမရွိျခင္းတို႔ေၾကာင့္ တန႔္ ဆည္တြင္ ပြဲစားရွားပါးလာရျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
" ကြင္းသြားရတာေပါ့။ အရင္တုန္းက ေန႔ခ်င္းေပါက္တဲ့လမ္းက အခုဆို (၃) ညအိပ္ ကိုၾကာတယ္ေလ။ လမ္းပန္းမေကာင္းတာေတြပါ တာေပါ့။ ေ႐ႊဘိုကေန စပါးပြဲစားေတြကလည္း လမ္းပန္းဆက္သြယ္ေရးမေကာင္းတာေၾကာင့္ မလာ ၾကဘူးေလ။ အခုက်ေတာ့ ေဈးကလည္းမမွန္ဘူး။ ဝယ္သူကလည္း မလာဘူး။ ပြဲစားေတြက စပါးေတြ ဝယ္ၿပီး ေ႐ႊဘိုၿမိဳ႕ေပၚက ဆန္စက္ေတြမွာေရာင္း တာေလ။ အခုက ေ႐ႊဘိုနဲ႔ တန႔္ဆည္ဘက္က႐ြာ ေတြနဲ႔သြားဖို႔ကို လမ္းမေကာင္းတာ။ သြားဖို႔က လည္း ဆီေဈးကလည္း ႀကီးတယ္ေလ။ တစ္လီတာကို (၇၀ဝဝ)က်ပ္ေပးရတယ္။ ဏႌ ကို ဂိတ္ေၾကးေတြ ကလည္း ေပးရတာမ်ားတယ္ေလ။ ပြဲစားေတြကလည္း အဲဒီလို လမ္းခရီးအခက္အခဲေၾကာင့္လည္း ေဈး ေတြႏွိမ္ဝယ္ၾကတာေပါ့ေနာ္။ ပြဲစားကမွ ေရာင္း တာဝယ္တာမွာ အျမန္ရွိေသးတယ္ေလ။ ေတာင္သူ ကေတာ့ ရႈံးတဲ့ႏွစ္ခ်ည္းပဲ " ဟု ၎က ဆက္ေျပာသည္။
ေ႐ႊဘိုေပၚဆန္းစပါးစိုက္ပ်ိဳးရာ၌ လက္ရွိ ကာလအေနအထားအရ တစ္ဧလွ်င္သြင္းအားစု က်ပ္သိန္း (၂၀)ခန႔္ ကုန္က်ေန ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.