ထိုင်းရဲတပ်ဖွဲ့က တရားမဝင် Bitcoin လုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းကာ အမေရိကန်ဒေါ်လာ(၂)သန်းနီးပါးတန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်း

 1545

Pika (NP News) - မေ ၄

ထိုင်းရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ ကြီးမားသော တရားမဝင် bitcoin လုပ်ငန်းကို ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၂)သန်းနီးပါးတန်ဖိုးရှိ ပစ္စည်းကိရိယာများကို သိမ်းဆည်းခဲ့ကြောင်း တာဝန်ရှိသူများက မေလ(၃)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

bitcoin ကဲ့သို့သော ဒစ်ဂျစ်တယ်ငွေကြေးများအတွက် လုပ်ဆောင်သည့် ကွန်ပျူတာများကို စွမ်းအင်ပေးရန် လျှပ်စစ်ဓါတ်အား အများအပြားလိုအပ်ကြောင်းလည်း သိရသည်။ သံသယဖြစ်ဖွယ် လျှပ်စစ်ဓါတ်အားသုံးစွဲမှုမြင့်မားနေခြင်းနှင့်ပတ်သက်ပြီး သတင်းပေးမှုများရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် မေလ(၁)ရက်နေ့တွင် Samut Sakhon မြို့အနောက်ဘက်ရှိ ရေခဲစက်ရုံတစ်ခုကို ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ Samut Sakhon မြို့ရဲချုပ် Pichetpong Changkaikhon က 'ဒီဝင်ရောက်စီးနင်းမှုအတွင်း အမေရိကန်ဒေါ်လာ(၁ ဒသမ ၉)သန်းနီးပါးရှိ ပစ္စည်းကိရိယာတွေကို ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်။သိမ်းဆည်းထားတဲ့အခြားပစ္စည်းတွေကတော့ လျှပ်စစ်ထရန်စဖော်မာတွေ၊ လက်ပ်တော့တွေနဲ့ အလူမီနီယံကြိုးတွေပဲဖြစ်ပါတယ်'ဟု ပြောဆိုခဲ့သည်။

အဆိုပါစက်ရုံပိုင်ရှင်နှင့် ပစ္စည်းကိရိယာများ ငှားရမ်းသူများအပါအဝင် အခြားလူများကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦးကို အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် နည်းပညာ မှုခင်းနှိမ်နင်းရေးဌာနခွဲမှ အရာရှိများသည် Samut Songkhram မြို့ရှိ ဂိုဒေါင်တစ်ခုနှင့် Ratchaburi မြို့ရှိ တရုတ်ဘုရားကျောင်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းတို့ကို ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၅)သန်းတန်ဖိုးရှိ bitcoin လုပ်ငန်းလုပ်ကိုင်သည့် စက်(၄၆၅)လုံးနှင့် (၁၈၇)လုံးတို့ကို အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် တရားမဝင် bitcoin လုပ်ငန်းများ မြင့်တက်လာသော်လည်း လျှပ်စစ်ဓါတ်အားသုံးစွဲမှုမြင့်တက်လာခြင်းကြောင့် ရဲတပ်ဖွဲ့က မကြာခဏသတိထားမိကာ ဖမ်းဆီးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။

zawgyi version
ထိုင္းရဲတပ္ဖြဲ႕က တရားမဝင္ Bitcoin လုပ္ငန္းတစ္ခုကို ဝင္ေရာက္စီးနင္းကာ အေမရိကန္ေဒၚလာ(၂)သန္းနီးပါးတန္ဖိုးရွိ ပစၥည္းမ်ားကို သိမ္းဆည္း
Pika (NP News) - ေမ ၄

ထိုင္းရဲတပ္ဖြဲ႕သည္ ႏိုင္ငံအတြင္းရွိ ႀကီးမားေသာ တရားမဝင္ bitcoin လုပ္ငန္းကို ဝင္ေရာက္စီးနင္းမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး အေမရိကန္ေဒၚလာ(၂)သန္းနီးပါးတန္ဖိုးရွိ ပစၥည္းကိရိယာမ်ားကို သိမ္းဆည္းခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေမလ(၃)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

bitcoin ကဲ့သို႔ေသာ ဒစ္ဂ်စ္တယ္ေငြေၾကးမ်ားအတြက္ လုပ္ေဆာင္သည့္ ကြန္ပ်ဴတာမ်ားကို စြမ္းအင္ေပးရန္ လွ်ပ္စစ္ဓါတ္အား အမ်ားအျပားလိုအပ္ေၾကာင္းလည္း သိရသည္။ သံသယျဖစ္ဖြယ္ လွ်ပ္စစ္ဓါတ္အားသုံးစြဲမႈျမင့္မားေနျခင္းႏွင့္ပတ္သက္ၿပီး သတင္းေပးမႈမ်ားရွိခဲ့ၿပီးေနာက္ ထိုင္းရဲတပ္ဖြဲ႕သည္ ေမလ(၁)ရက္ေန႔တြင္ Samut Sakhon ၿမိဳ႕အေနာက္ဘက္ရွိ ေရခဲစက္႐ုံတစ္ခုကို ဝင္ေရာက္စီးနင္းမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ Samut Sakhon ၿမိဳ႕ရဲခ်ဳပ္ Pichetpong Changkaikhon က 'ဒီဝင္ေရာက္စီးနင္းမႈအတြင္း အေမရိကန္ေဒၚလာ(၁ ဒသမ ၉)သန္းနီးပါးရွိ ပစၥည္းကိရိယာေတြကို ကြၽန္ေတာ္တို႔ေတြ႕ရွိခဲ့ပါတယ္။သိမ္းဆည္းထားတဲ့အျခားပစၥည္းေတြကေတာ့ လွ်ပ္စစ္ထရန္စေဖာ္မာေတြ၊ လက္ပ္ေတာ့ေတြနဲ႔ အလူမီနီယံႀကိဳးေတြပဲျဖစ္ပါတယ္'ဟု ေျပာဆိုခဲ့သည္။

အဆိုပါစက္႐ုံပိုင္ရွင္ႏွင့္ ပစၥည္းကိရိယာမ်ား ငွားရမ္းသူမ်ားအပါအဝင္ အျခားလူမ်ားကို ဆက္လက္စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး ျမန္မာႏိုင္ငံသားတစ္ဦးကို အခင္းျဖစ္ပြားရာေနရာတြင္ ဖမ္းဆီးခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ သီတင္းပတ္တြင္ နည္းပညာ မႈခင္းႏွိမ္နင္းေရးဌာနခြဲမွ အရာရွိမ်ားသည္ Samut Songkhram ၿမိဳ႕ရွိ ဂိုေဒါင္တစ္ခုႏွင့္ Ratchaburi ၿမိဳ႕ရွိ တ႐ုတ္ဘုရားေက်ာင္းတစ္ခု၏ တစ္စိတ္တစ္ပိုင္းတို႔ကို ဝင္ေရာက္စီးနင္းမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး အေမရိကန္ေဒၚလာ(၅)သန္းတန္ဖိုးရွိ bitcoin လုပ္ငန္းလုပ္ကိုင္သည့္ စက္(၄၆၅)လုံးႏွင့္ (၁၈၇)လုံးတို႔ကို အသီးသီး သိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။ ထိုင္းႏိုင္ငံတြင္ တရားမဝင္ bitcoin လုပ္ငန္းမ်ား ျမင့္တက္လာေသာ္လည္း လွ်ပ္စစ္ဓါတ္အားသုံးစြဲမႈျမင့္တက္လာျခင္းေၾကာင့္ ရဲတပ္ဖြဲ႕က မၾကာခဏသတိထားမိကာ ဖမ္းဆီးမႈမ်ားလုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္းသိရသည္။

Picture

My Mine

04/05/2024 18:04

စာကမရှင်းတရှင်းနဲ့ ပြောချင်သလိုလို...မပြောချင်သလိုလို...မပြောရဲသလိုလို

Picture

My Mine

04/05/2024 18:05

ဂျိမ်းစဘွန်း. တွေ မယားငယ်ပဲ ထားနေကြတာ....ကိုး. ....

Picture

My Mine

04/05/2024 18:07

ဂျိမ်းစဘွန်းချိန်းပါ....နေရာမှန်ပို့ပေးပါ...လူကြီးမိန်းမများနား..မှာ...ဘာညာပေးလုပ်ခိုင်းပါ....ငွေလိုချင်ရင်...ဘာညာကြွမ်းရမည်

Related news

© 2021. All rights reserved.