ဂတ်စ်မီးဖိုများမှထွက်ရှိတဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့သည် အန္တရာယ်ရှိ အိမ်တွင်းလေထု ဖြစ်နိုင်ကြောင်း လေ့လာမှုထွက်ရှိ

 198

ရောင်နီ(NP News) - မေ ၅

ဂတ်စ်နဲ့ ပရိုပိန်းမီးဖိုတွေမှ နိုက်ထရိုဂျင် ဓာတ်ငွေ့ ထွက်ရှိမှုတွေဟာ အိမ်တစ်အိမ်လုံးမှာ သိသိသာသာ လေထုညစ်ညမ်းမှု ဖြစ်လာနိုင်ပြီးဒီနည်းလမ်းနဲ့ အမေရိကန်ပြည်ထောင်စုရှိ လူထောင်ပေါင်းများစွာရဲ့ ကျန်းမာရေး ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

သောကြာနေ့(မေလ ၃ ရက်) က ထုတ်ဝေတဲ့ Science ဂျာနယ်မှာ ရေးသားထားတဲ့ သုတေသနအသစ်မှာ ဂက်စ်မီးဖိုတွေမှ ထွက်ရှိတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေဟာ နှစ်စဉ်ကန့်သတ်ချက်ရဲ့ ၇၅ ရာခိုင်နှုန်းထိ ရှိတယ်လို့ ဆိုပါတယ်။ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုဒ်ပါဝင်မှု မြင့်မားတဲ့ လေကို ရှူရှိုက်ခြင်းဟာ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေနိုင်ပြီး အချိန်တိုအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ပိုမိုဆိုးရွားစေနိုင်ကာ ပန်းနာရင်ကျပ်လို အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်နိုင်ခြေကို တိုးမြင့်စေပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ အိမ်ထောင်စု သုံးပုံတစ်ပုံကျော် – သန်း ၅၀ နီးပါးမှာ ဓာတ်ငွေ့ သို့မဟုတ် ပရိုပိန်းမီးဖိုများ ရှိကြပြီး အိမ်ရဲ့ အရွယ်အစား၊ အပြင်အဆင်၊ လေဝင်လေထွက်နဲ့ ချက်ပြုတ်ပုံ စတဲ့ အပြုအမူတွေဟာ ဓာတ်ငွေ့မီးဖိုများမှ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ထိတွေ့မှုအဆင့်ကို သက်ရောက်မှု ရှိနိုင်ပြီး ရူမိသူတိုင်းရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်စေတယ်လို့ လေ့လာမှုက ဆိုပါတယ်။

စတုရန်းပေ ၈၀၀ အောက်ရှိ နေအိမ်တွေမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ကို စတုရန်းပေ ၃၀၀၀ ထက် ပိုကျယ်တဲ့ နေအိမ်တွေမှာ နေထိုင်သူတွေထက် လေးဆ ပိုမိုထိတွေ့ရလေ့ ရှိတယ်လို့ လေ့လာမှုအသစ်က ဆိုပါတယ်။

zawgyi version
ဂတ္စ္မီးဖိုမ်ားမွထြက္ရွိတဲ့ ႏိုက္ထ႐ိုဂ်င္ဓာတ္ေငြ႕သည္ အႏၲရာယ္ရွိ အိမ္တြင္းေလထု ျဖစ္ႏိုင္ေၾကာင္း ေလ့လာမႈထြက္ရွိ
ေရာင္နီ(NP News) - ေမ ၅

ဂတ္စ္နဲ႔ ပ႐ိုပိန္းမီးဖိုေတြမွ ႏိုက္ထ႐ိုဂ်င္ ဓာတ္ေငြ႕ ထြက္ရွိမႈေတြဟာ အိမ္တစ္အိမ္လုံးမွာ သိသိသာသာ ေလထုညစ္ညမ္းမႈ ျဖစ္လာႏိုင္ၿပီးဒီနည္းလမ္းနဲ႔ အေမရိကန္ျပည္ေထာင္စုရွိ လူေထာင္ေပါင္းမ်ားစြာရဲ႕ က်န္းမာေရး ထိခိုက္ေစႏိုင္တယ္လို႔ ေလ့လာမႈအသစ္တစ္ရပ္အရ သိရပါတယ္။

ေသာၾကာေန႔(ေမလ ၃ ရက္) က ထုတ္ေဝတဲ့ Science ဂ်ာနယ္မွာ ေရးသားထားတဲ့ သုေတသနအသစ္မွာ ဂက္စ္မီးဖိုေတြမွ ထြက္ရွိတဲ့ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႕ေတြဟာ ႏွစ္စဥ္ကန႔္သတ္ခ်က္ရဲ႕ ၇၅ ရာခိုင္ႏႈန္းထိ ရွိတယ္လို႔ ဆိုပါတယ္။ ႏိုက္ထ႐ိုဂ်င္ဒိုင္ ေအာက္ဆိုဒ္ပါဝင္မႈ ျမင့္မားတဲ့ ေလကို ရႉရႈိက္ျခင္းဟာ အသက္ရႉလမ္းေၾကာင္းစနစ္ကို ထိခိုက္ေစႏိုင္ၿပီး အခ်ိန္တိုအတြင္း အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို ပိုမိုဆိုး႐ြားေစႏိုင္ကာ ပန္းနာရင္က်ပ္လို အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ပိုးဝင္ႏိုင္ေျခကို တိုးျမင့္ေစပါတယ္။

အေမရိကန္ျပည္ေထာင္စုရွိ အိမ္ေထာင္စု သုံးပုံတစ္ပုံေက်ာ္ – သန္း ၅၀ နီးပါးမွာ ဓာတ္ေငြ႕ သို႔မဟုတ္ ပ႐ိုပိန္းမီးဖိုမ်ား ရွိၾကၿပီး အိမ္ရဲ႕ အ႐ြယ္အစား၊ အျပင္အဆင္၊ ေလဝင္ေလထြက္နဲ႔ ခ်က္ျပဳတ္ပုံ စတဲ့ အျပဳအမူေတြဟာ ဓာတ္ေငြ႕မီးဖိုမ်ားမွ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုဒ္ ထိေတြ႕မႈအဆင့္ကို သက္ေရာက္မႈ ရွိႏိုင္ၿပီး ႐ူမိသူတိုင္းရဲ႕ က်န္းမာေရးကို ၿခိမ္းေျခာက္ေစတယ္လို႔ ေလ့လာမႈက ဆိုပါတယ္။

စတုရန္းေပ ၈၀၀ ေအာက္ရွိ ေနအိမ္ေတြမွာ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုဒ္ကို စတုရန္းေပ ၃၀၀၀ ထက္ ပိုက်ယ္တဲ့ ေနအိမ္ေတြမွာ ေနထိုင္သူေတြထက္ ေလးဆ ပိုမိုထိေတြ႕ရေလ့ ရွိတယ္လို႔ ေလ့လာမႈအသစ္က ဆိုပါတယ္။

Related news

© 2021. All rights reserved.