ပြည်ပြေးသတင်းဌာန(၈)ခုရဲ့ သတင်းအဆိပ် ဖြန့်ချိမှုဆိုင်ရာ လစဉ်စစ်တမ်း (သုတေသနစစ်တမ်း)

 3161

NP News - မေ ၁၃

“ဆရာဝန် ကုသမှုမှားရင် လူတစ်ယောက်ပဲ သေနိုင်တယ်။ အင်ဂျင်နီ ယာ၊ အနုပညာရှင်၊ စစ်သား အစရှိသူတွေမှားရင် လူနည်းစုပဲ သေဆုံးဒုက္ခရောက်နိုင်ပါတယ်။ ဒါပေမဲ့ သတင်းဌာနတစ်ခုကြောင့် လူ သန်းပေါင်းများစွာ သတင်းအဆိပ်သင့် သေဆုံးနိုင်ပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံရေးသမားတွေပါပဲ”

လစဉ်ဖော်ပြနေကျ သတင်းဌာန အဆင့်အတန်း ဆန်းစစ်လေ့လာမှုစစ်တမ်းကို ဖော်ပြပေးဖို့ အချိန်ကျလာပြန်ပါပြီ။ ဒီလအတွက်ကတော့ မတ်လ (၂၁)ရက်ကနေ ဧပြီလ(၂၀)ရက်အတွင်း ဖော်ပြခဲ့ သမျှ သတင်းတွေကို ပြန်လည်ဆန်းစစ်လေ့လာပြီး ဘယ်သတင်းဌာနတွေဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းလောက်အောင် သတင်းအဆိပ်တွေ ဖြန့်ဝေနေပြီလဲဆိုတာ မြင်ရမှာပါ။

The Statesman Myanmar ဂျာနယ်ဟာ ပြည်ပအခြေစိုက် သတင်းဌာန(၈)ခုကို လစဉ် သုတေသနပြုပြီး အသေးစိတ်နီးပါး လေ့လာထားပါတယ်။ ဒီစစ်တမ်းထဲမှာ အမေရိကန်အစိုးရ၊ ဗြိတိန် အစိုးရတို့ရဲ့ တိုက်ရိုက်ဩဇာခံ VOA ၊ RFA ၊ BBC တို့ကို Class A သတ်မှတ်ပြီး ငွေကြေးရပေါက်ရလမ်း ဖော်ပြနိုင်ခြင်းမရှိသော The Irrawaddy (ဧရာဝတီ)သတင်းဌာန၊ မဇ္ဖျိမသတင်းဌာန၊ DVB သတင်းဌာန၊ Myanmar Now ၊ Khit Thit Media တို့ကို Class B မှာ ထားပါတယ်။ သူတို့အောက်မှာတော့ အဆင့်အ တန်းထည့်သွင်းသတ်မှတ်ဖို့ အရည်အသွေး မမီတဲ့ ပြည်ပြေးသတင်းဌာနတွေလည်း ရှိနေပါသေးတယ်။ The Statesman Myanmar ရဲ့ စစ်တမ်းဟာ မတ်လ(၂၁)ရက်ကနေ ဧပြီလ(၂၀) ရက်အတွင်း နေ့စဉ်ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ချင်းစီတိုင်းကို သေချာစွာ လေ့လာထားသလို သတင်းတစ်ပုဒ်ချင်း စီအောက်မှာ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်တစ်ဦးချင်းရဲ့မှတ်ချက်ပြုကြတဲ့ အချက်တွေနဲ့ Reaction တွေကိုပါ ထည့်သွင်းတွက်ချက်ထားတာပါ။

BBC ဘယ်လိုအဆင့်အတန်းလဲ
BBC သတင်းဌာနမှာ မြန်မာဘာသာနဲ့ သတင်းရေးသားဖော်ပြ အလုပ်လုပ်နေကြတဲ့ မြန်မာ သတင်းထောက်တွေဟာ မြန်မာနိုင်ငံထက် BBC က ပေးတဲ့ လစာကို စိတ်ဝင်စားကြပုံ ပိုရပါတယ်။ BBC ဟာ မြန်မာသတင်း ထောက်တွေကို လစာပုံအောပေးပြီး မြန်မာနိုင်ငံရဲ့အားနည်းချက်တွေ၊ ပြဿနာ တွေနဲ့ အပြစ်အနာအဆာတွေကို မစားရဝခမန်း ပါးစပ်ငှားပြီး ပြောခိုင်း ရေးခိုင်းထားပါတယ်။ မြန်မာသတင်းထောက်တွေကလည်း ပိုက်ဆံပေးရင် ဘာမဆိုရတဲ့အဆင့်မျိုးကို နေ့ချင်းညချင်း ထိုးဆင်းသွားသလို နိုင်ငံအပေါ်ထားရမယ့် စိတ်ထားတန်ဖိုးနဲ့ ဂုဏ်သိက္ခာတရားတွေကို နင်းချေပစ် လိုက်ကြပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ရက်ပေါင်း(၃၀) အတွင်း သူတို့ရေးသားခဲ့တဲ့ သတင်းပုဒ်ရေ (၂၆၃) ပုဒ်မှာ မြန်မာနိုင်ငံအတွက် အကျိုးပြုသတင်း တစ်ပုဒ်မှ ပါဝင်ခဲ့ခြင်း မရှိလို့ပါ။ (၂၆၃)ပုဒ်သော သတင်းပုဒ်ရေထဲမှာ(၈)ရာခိုင်နှုန်းဟာ အချက်အလက်မခိုင်မာတဲ့သတင်းတွေကို ရေး သားဖော်ပြနေပါတယ်။

အချက်အလက် မခိုင်မာခြင်းဆိုသော ဥပမာတစ်ခုကို ပြသပါဆိုရင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ပတ်သက်တဲ့ သတင်းမျိုးက အကောင်းဆုံးသက်သေပါပဲ။ ဒုတပ်ချုပ် သေဆုံးသွားသယောင် ယောင် မခိုင်မာဘဲ ရေးသားဖော်ပြခဲ့သလို ဒီအမှားအတွက်လည်း လူထုထံ ပြန်လည်ရှင်းလင်းပေးခြင်း မရှိခဲ့တဲ့အထိ သတင်းဌာနတစ်ခုရဲ့ဂုဏ်သရေရှိမှု ကျဆင်းသွားစေခဲ့တာပါ။ မြန်မာနိုင်ငံသားတွေကြား ထဲမှာ အချင်းချင်း မယုံမကြည်တွေဖြစ်ပြီး ပဋိပက္ခတွေ ပိုမိုကြီးထွားစေဖို့အတွက် BBC သတင်းဌာနက သတင်းပုဒ်ရေ(၂၆၃)ပုဒ်ထဲမှာ (၂၅)ရာခိုင်နှုန်းအထိ ရေးသားခဲ့ပါတယ်။ သတင်းမီဒီယာ ကျင့်ဝတ်ဥပဒေ မှာတော့ သတင်းဌာနတစ်ခုဟာ ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်အားပေး ရေးသားမှုများ မပြုလုပ်ရလို့ အတိလင်းရေးသား ပြဋ္ဌာန်းထားပါတယ်။ BBC သတင်းဌာနက သတင်းထောက်တွေရဲ့ သတင်းမီဒီယာ ကျင့်ဝတ်ဥပဒေ လိုက်နာမှုဟာ ကမ္ဘာနဲ့ချီ ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ တွေ့ရပါတယ်။

BBC သတင်းဌာနနဲ့ သတင်းရေးသူတွေဟာ NUG -PDF ကို ထောက်ခံသူတွေဖြစ်နေ
တယ်လို့ ပြဆိုထားတဲ့ သတင်းအချက်အလက်ကတော့ (၁၆) ရာခိုင်နှုန်းသော သတင်းပုဒ်ရေပါပဲ။ ရက်ပေါင်း(၃၀)အတွင်း သတင်းပုဒ်ရေ(၂၆၃)ပုဒ်ထဲကနေ (၁၆)ရာ ခိုင်နှုန်းဟာ NUG -PDF ကို ထောက်ခံရေးသားထားတာဖြစ်ပြီး တခြားတစ်ဖက်မှာတော့ စစ်တပ်ကို သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ အပြစ်ရှာရေးသားမှုဟာ(၂၀)ရာခိုင်နှုန်းအထက်မှာ ရှိနေပြန်ပါတယ်။ ရက်ပေါင်း(၃၀)အတွင်း လူတွေကြားမှာ သို့လောသို့လော အဖြစ်စေဆုံး BBC ရဲ့သတင်း အဆိပ်ဟာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့သတင်းပါပဲ။

VOA နဲ့ RFA ဟာ အကျင့်ပျက် သတင်းဌာနတွေလား
VOA နဲ့ RFA မှာ မြန်မာသတင်းထောက်တွေ အများအပြားရှိပါတယ်။ မြန်မာပြည်တွင်းမှာ သတင်းထောက်လုပ်စားရတာထက် အဆပေါင်းများစွာသာတဲ့ လစာမျိုးနဲ့ ခံစားခွင့်မျိုးကို သူတို့က ရရှိထားကြသလို ဒီအတွက်ကြောင့်လည်း မြန်မာနိုင်ငံအပေါ် သစ္စာရှိဖို့ထက် ထမင်းရှင်အလိုကျသာ အပင် ပေါက်စေတော့တာပါပဲ။ VOA သတင်းဌာနဟာ မတ်လ(၂၁)ရက်ကနေ ဧပြီလ(၂၀)ရက်အတွင်း သတင်း ပုဒ်ရေ(၃၀၁)ပုဒ် ရေးသားခဲ့သလို ဒီအထဲက (၁၂) ရာခိုင်နှုန်းဟာ အချက်အလက်မခိုင်မာမှန်းသိရဲ့နဲ့ ရည်ရွယ် ချက်ရှိရှိ ရေးသားခဲ့ကြတာမျိုးပါ။ အချက်အလက် မခိုင်မာမှန်းသိသိကြီးနဲ့ ရေးသားခဲ့ရုံတင်မကဘဲ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေပိုမို ကြီးထွားစေဖို့ သူတို့အားထုတ်ခဲ့ကြပါသေးတယ်။ (၅၀) ရာခိုင်နှုန်းလောက်အထိ ခပ်ကြမ်းကြမ်းလေး လှုံ့ဆော်ပေးခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ပြဿနာတွေ ပိုမိုကြီးထွားပြီး အချင်းချင်းကြားမှာ ဆိုးရွားလှတဲ့သတ်ဖြတ်ပွဲတွေ ဆက်ဖြစ်နေစေဖို့ VOA သတင်းထောက် မြန်မာတွေက အမေရိကန်ထမင်းရှင်တွေအလိုကျ ပုံဖော်ရေး သားခဲ့ကြရုံတင်မကဘဲ NUG-PDF ကို အားပေးအားမြှောက်ပြုတဲ့ သတင်းမျိုး(၂၁) ရာခိုင်နှုန်းအထိ ဖော်ပြခဲ့ကြပါတယ်။

RFA ကလည်း အလားတူပါပဲ။ NUG-PDF ကို အားပေးအားမြှောက် ထောက်ခံရေးသားမှု (၁၆)ရာခိုင်နှုန်းရှိခဲ့ပြီး မြန်မာနိုင်ငံသားတွေ အချင်းချင်း သတ်ဖြတ်မှု ပိုမိုမြင့်တက်လာစေဖို့ ပဋိပက္ခ လှုံ့ဆော်အားပေးသတင်းတွေ(၆၀)ရာခိုင်နှုန်းအထိ ရေးသားခဲ့ကြပါတယ်။ RFA ဟာ ရက်ပေါင်း(၃၀) အတွင်းမှာ သတင်းပုဒ်ရေ(၄၃၈)ပုဒ်အထိ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီ အထဲကမှ (၁၀) ရာခိုင်နှုန်းဟာ အချက်အလက်မခိုင်မာဘဲ ရည်ရွယ်ချက်ရှိရှိ ရေးသားတဲ့ သတင်းတွေဖြစ်ခဲ့ပြန်ပါတယ်။

ဧရာဝတီ သတင်းဌာနနဲ့ ခေတ်သစ်သတင်းဌာနတို့ ပိုပြီး ယုတ်မာကြမ်းတမ်းလာသလား
တက်ကြွလှုပ်ရှားသူလိုလို၊ သတင်းသမားလိုလိုနဲ့ ပြာတာဘဝကနေ စတင်ခဲ့တဲ့ အောင်ဇော်ဆို သူဟာ သတင်းမီဒီယာလောကအတွက် ဂဠုန်ဦးစော လို လူမျိုးဖြစ်လာပါတယ်။ ဘာတေးလစ်တနာလို မြန်မာအရေး ကျွမ်းကျင်သူခေါင်းစဉ်နဲ့ အပေါစား သတင်းသမားဆီမှာ စာရေးပြာတာဘဝနဲ့ အလုပ်စခဲ့ပြီး ပြည်တွင်းက နာမည်ကျော်သူဌေးကြီး အများအပြားကို မီဒီ ယာဓားပြတိုက်မှုလုပ်ခဲ့ သူလည်း ဖြစ်ပါတယ်။ အောင်ဇော်ရဲ့ ဧရာဝတီသတင်းဌာနဟာ ရက်ပေါင်း(၃၀)အတွင်း သတင်း ပုဒ်ရေ(၆၂၀) ဖော်ပြခဲ့ပြီး အချက်အလက်မခိုင်မာဘဲ ရေးသားဖော်ပြမှုပေါင်း(၃၆)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ မြန်မာနိုင်ငံသား မဟုတ်တော့တဲ့ အောင်ဇော်ဟာ မြန်မာနိုင်ငံသားချင်း သတ်ဖြတ်မှုတွေ ပိုမို ဖြစ်ပွားစေဖို့အတွက် ပဋိပက္ခလှုံ့ဆော်အားပေးသတင်း(၂၆)ရာခိုင်နှုန်းအထိ ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် NUG-PDF ကို ထောက်ခံအားပေး သတင်းမျိုး (၂၅) ရာခိုင်နှုန်းအထိ ဖော်ပြခဲ့ပါတယ်။ ခေတ်သစ်သတင်းဌာနကတော့ NUG-PDF ကို (၁၈) ရာခိုင်နှုန်းအထိ ထောက်ခံအားပေးမှု ပြသ ရေးသားခဲ့ပါတယ်။ ဒါဟာ သတင်းပုဒ်ရေ(၁၂၂၉) ပုဒ်ထဲက ရာခိုင်နှုန်းတွက်ချက်မှုပါ။ အချက်အလက် မခိုင်မာမှန်း သိနေလည်း ခေတ်သစ်ကတော့ (၃၅) ရာခိုင်နှုန်းအထိ ရေးသားခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့သတင်းဟာ ခေတ်သစ်ကနေ စတင်ဖော်ပြခဲ့တာလို့ ဆိုနိုင်ပါတယ်။ ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်အားပေး ရေးသားမှုအဖြစ် (၄၁)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒါတွေဟာ ဧရာဝတီနဲ့ ခေတ်သစ်တို့ရဲ့ဖော်ပြချက်တွေ ဖြစ်ခဲ့သလို သူတို့ရေးနေတဲ့ သူတို့သမိုင်းလည်း ဖြစ်လာပါတယ်။

DVB ၊ Mizzima နဲ့ Myanmar Now တို့ အဆင့်အတန်း နိမ့်ကျလာသလား
DVB သတင်းဌာနဟာ ရက်ပေါင်း(၃၀)အတွင်းမှာ (၈၂၈) ပုဒ်သော သတင်းတွေကို ရေးသား ဖော်ပြခဲ့သလို အဲဒီအထဲက(၁၁)ရာခိုင်နှုန်းဟာ အချက်အလက်ခိုင်မာတိကျမှု မရှိဘဲ ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းရေးသားဖော်ပြမှုတွေ ဖြစ်ခဲ့ပါတယ်။

DVB သတင်းသမားတွေဟာ အမုန်းတရားကို အခြေခံထားသော ပဋိပက္ခ လှုံ့ဆော်အားပေး ရေးသားမှုပေါင်း(၅၈)ရာခိုင်နှုန်းအထိ ဖော်ပြခဲ့ကြသလို NUG-PDF တို့နဲ့ သက်ဆိုင်တဲ့သတင်းအမျိုးအစား ပေါင်း(၁၄)ရာခိုင် နှုန်းအထိ ရေးသားပေးခဲ့ကြပါတယ်။ Mizzima သတင်းဌာနကလည်း NUG-PDF တွေကို အားပေးထောက်ခံမှု ပြသတဲ့သတင်းအမျိုးအစားပေါင်း (၂၆) ရာခိုင်နှုန်းအထိ ရေးသားခဲ့သလို ရက်ပေါင်း(၃၀)အတွင်း သတင်းပုဒ်ရေ (၅၄၉)ပုဒ်ထဲကနေ (၂၇)ရာခိုင်နှုန်းကို အချက်အလက် မခိုင် မာဘဲ ဖော်ပြခဲ့တာမျိုး ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ရေးသားမှုကိုလည်း (၂၆)ရာခိုင်နှုန်းအထိ ကျူးလွန်ခဲ့ကြပါတယ်။ လူမျိုးရေးရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ Myanmar Now သတင်းဌာနကတော့ သတင်းထောက် အင်အားနည်းပါးမှုနဲ့ ဝင်ငွေရလမ်းနည်းပါးမှုကြောင့် ဖြစ်နိုင်သလို ထောက်ပံ့သူလည်း လျော့ပါး သွားပုံရပါတယ်။ ရက်ပေါင်း(၃၀)အတွင်းကိုမှ (၁၈၅)ပုဒ်သာ သတင်းဖော်ပြနိုင်ခဲ့ပါတယ်။

ဒီအထဲကနေ အချက်အလက်မခိုင်မာသော သတင်းဖော်ပြမှုဟာ နည်းပါးခဲ့ပေမယ့် ပဋိပက္ခ ဖြစ်ပွားစေရန် အားပေးလှုံ့ဆော်ရေးသားမှုပေါင်း (၂၀)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒါ့ပြင် NUG-PDF ကို ပြတ်ပြတ်သားသား ထောက်ခံအားပေး ရေးသားမှုအဖြစ် (၆၀) ရာခိုင်နှုန်းအထိ အာရုံစိုက်ခဲ့တာကို တွေ့ရပါတယ်။

ဘယ်သတင်းဌာနက Reaction အများဆုံးဖြစ်ခဲ့လဲ
ဖော်ပြပါ သတင်းဌာန(၈)ခုမှာ ခေတ်သစ် သတင်းဌာနကတော့ လစဉ်တိုင်းလိုလို အခြားသော (၇)ခုကို ပြတ်ပြတ်သားသား သာလွန်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် ခေတ်သစ်သတင်းဌာနဟာ လူစိတ်ဝင်စားမှု အများဆုံးရရှိခဲ့တဲ့သတင်းအဖြစ် ဒုတပ်ချုပ် ဦးစိုးဝင်း မော်လမြိုင်မှာ ဒရုန်းနဲ့ တိုက် ခိုက်ခံရလို့ ဒဏ်ရာရသွားတယ်ဆိုတာမျိုးပါပဲ။ ဒီသတင်းကို လူပေါင်း (၉၈၀ဝဝ) ကျော်က Like ပေးခဲ့ကြသလို အခြားသော ဘယ်သတင်းဌာနကမှ ဒီလောက် ပမာဏ ရရှိခဲ့တာ မတွေ့ရပါဘူး။

အခြားသော ရှုထောင့်အရ ပြောမယ်ဆိုရင် လူပေါင်း(၉၈၀ဝဝ)ဟာ ဒီလိုမျိုး အချက်အလက်မ ခိုင်မာတဲ့၊ စိတ်အာသာပြေအဆင့် သတင်းအဆိပ်မျိုးကို မြိန်ရေယှက်ရေ စားသုံးမိခဲ့ကြတယ်ဆိုတာပါပဲ။ အဲဒီ လူပေါင်း (၉၈၀ဝဝ) ထဲမှာ စာဖတ်သူနေသာ ပါဝင်နေခဲ့မယ်ဆိုရင် တကယ်သေဆုံးခြင်း ထိခိုက် ခြင်းမရှိဘဲ အကောင်းပကတိအတိုင်း အများပြည်သူ မြင်ကွင်းကို ထွက်လာတဲ့ ဦးစိုးဝင်းကိုကြည့်ပြီး အရှက်ရသင့်ပါတယ်။ ကိုယ်ဟာ စိတ်အာသာပြေ သတင်းတွေနောက်ကို လိုက်မိရင်းနဲ့ လူပိန်းတစ်ယောက် လိုမျိုး အရှက်တကွဲဖြစ်ခဲ့ရတယ်ဆိုတာကို နားလည်သင့်ပြီလို့ပဲ အကြံပြုလိုက်ပါရစေ။

မှတ်ချက် ။ ။ ၁၃-၅-၂၀၂၄ ရက်တွင်ထွက်ရှိသည့် The Statesman Journal အမှတ်စဥ် (၁၃) မှ ဖော်ပြထားသည့် သုတေသနစစ်တမ်းကို NP News တွင် ထပ်ဆင့် ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

zawgyi version
ျပည္ေျပးသတင္းဌာန(၈)ခုရဲ႕ သတင္းအဆိပ္ ျဖန႔္ခ်ိမႈဆိုင္ရာ လစဥ္စစ္တမ္း (သုေတသနစစ္တမ္း)
NP News - ေမ ၁၃

“ဆရာဝန္ ကုသမႈမွားရင္ လူတစ္ေယာက္ပဲ ေသႏိုင္တယ္။ အင္ဂ်င္နီ ယာ၊ အႏုပညာရွင္၊ စစ္သား အစရွိသူေတြမွားရင္ လူနည္းစုပဲ ေသဆုံးဒုကၡေရာက္ႏိုင္ပါတယ္။ ဒါေပမဲ့ သတင္းဌာနတစ္ခုေၾကာင့္ လူ သန္းေပါင္းမ်ားစြာ သတင္းအဆိပ္သင့္ ေသဆုံးႏိုင္ပါတယ္။ အဆိုးဆုံးကေတာ့ ႏိုင္ငံေရးသမားေတြပါပဲ”

လစဥ္ေဖာ္ျပေနက် သတင္းဌာန အဆင့္အတန္း ဆန္းစစ္ေလ့လာမႈစစ္တမ္းကို ေဖာ္ျပေပးဖို႔ အခ်ိန္က်လာျပန္ပါၿပီ။ ဒီလအတြက္ကေတာ့ မတ္လ (၂၁)ရက္ကေန ဧၿပီလ(၂၀)ရက္အတြင္း ေဖာ္ျပခဲ့ သမွ် သတင္းေတြကို ျပန္လည္ဆန္းစစ္ေလ့လာၿပီး ဘယ္သတင္းဌာနေတြဟာ ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းေလာက္ေအာင္ သတင္းအဆိပ္ေတြ ျဖန႔္ေဝေနၿပီလဲဆိုတာ ျမင္ရမွာပါ။

The Statesman Myanmar ဂ်ာနယ္ဟာ ျပည္ပအေျခစိုက္ သတင္းဌာန(၈)ခုကို လစဥ္ သုေတသနျပဳၿပီး အေသးစိတ္နီးပါး ေလ့လာထားပါတယ္။ ဒီစစ္တမ္းထဲမွာ အေမရိကန္အစိုးရ၊ ၿဗိတိန္ အစိုးရတို႔ရဲ႕ တိုက္႐ိုက္ဩဇာခံ VOA ၊ RFA ၊ BBC တို႔ကို Class A သတ္မွတ္ၿပီး ေငြေၾကးရေပါက္ရလမ္း ေဖာ္ျပႏိုင္ျခင္းမရွိေသာ The Irrawaddy (ဧရာဝတီ)သတင္းဌာန၊ မဇၹ်ိမသတင္းဌာန၊ DVB သတင္းဌာန၊ Myanmar Now ၊ Khit Thit Media တို႔ကို Class B မွာ ထားပါတယ္။ သူတို႔ေအာက္မွာေတာ့ အဆင့္အ တန္းထည့္သြင္းသတ္မွတ္ဖို႔ အရည္အေသြး မမီတဲ့ ျပည္ေျပးသတင္းဌာနေတြလည္း ရွိေနပါေသးတယ္။ The Statesman Myanmar ရဲ႕ စစ္တမ္းဟာ မတ္လ(၂၁)ရက္ကေန ဧၿပီလ(၂၀) ရက္အတြင္း ေန႔စဥ္ေဖာ္ျပခဲ့တဲ့ သတင္းတစ္ပုဒ္ခ်င္းစီတိုင္းကို ေသခ်ာစြာ ေလ့လာထားသလို သတင္းတစ္ပုဒ္ခ်င္း စီေအာက္မွာ ေဖ့စ္ဘြတ္အေကာင့္ပိုင္ရွင္တစ္ဦးခ်င္းရဲ႕မွတ္ခ်က္ျပဳၾကတဲ့ အခ်က္ေတြနဲ႔ Reaction ေတြကိုပါ ထည့္သြင္းတြက္ခ်က္ထားတာပါ။

BBC ဘယ္လိုအဆင့္အတန္းလဲ
BBC သတင္းဌာနမွာ ျမန္မာဘာသာနဲ႔ သတင္းေရးသားေဖာ္ျပ အလုပ္လုပ္ေနၾကတဲ့ ျမန္မာ သတင္းေထာက္ေတြဟာ ျမန္မာႏိုင္ငံထက္ BBC က ေပးတဲ့ လစာကို စိတ္ဝင္စားၾကပုံ ပိုရပါတယ္။ BBC ဟာ ျမန္မာသတင္း ေထာက္ေတြကို လစာပုံေအာေပးၿပီး ျမန္မာႏိုင္ငံရဲ႕အားနည္းခ်က္ေတြ၊ ျပႆနာ ေတြနဲ႔ အျပစ္အနာအဆာေတြကို မစားရဝခမန္း ပါးစပ္ငွားၿပီး ေျပာခိုင္း ေရးခိုင္းထားပါတယ္။ ျမန္မာသတင္းေထာက္ေတြကလည္း ပိုက္ဆံေပးရင္ ဘာမဆိုရတဲ့အဆင့္မ်ိဳးကို ေန႔ခ်င္းညခ်င္း ထိုးဆင္းသြားသလို ႏိုင္ငံအေပၚထားရမယ့္ စိတ္ထားတန္ဖိုးနဲ႔ ဂုဏ္သိကၡာတရားေတြကို နင္းေခ်ပစ္ လိုက္ၾကပါတယ္။ ဘာေၾကာင့္ ဒီလိုေျပာရသလဲဆိုရင္ ရက္ေပါင္း(၃၀) အတြင္း သူတို႔ေရးသားခဲ့တဲ့ သတင္းပုဒ္ေရ (၂၆၃) ပုဒ္မွာ ျမန္မာႏိုင္ငံအတြက္ အက်ိဳးျပဳသတင္း တစ္ပုဒ္မွ ပါဝင္ခဲ့ျခင္း မရွိလို႔ပါ။ (၂၆၃)ပုဒ္ေသာ သတင္းပုဒ္ေရထဲမွာ(၈)ရာခိုင္ႏႈန္းဟာ အခ်က္အလက္မခိုင္မာတဲ့သတင္းေတြကို ေရး သားေဖာ္ျပေနပါတယ္။

အခ်က္အလက္ မခိုင္မာျခင္းဆိုေသာ ဥပမာတစ္ခုကို ျပသပါဆိုရင္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းနဲ႔ ပတ္သက္တဲ့ သတင္းမ်ိဳးက အေကာင္းဆုံးသက္ေသပါပဲ။ ဒုတပ္ခ်ဳပ္ ေသဆုံးသြားသေယာင္ ေယာင္ မခိုင္မာဘဲ ေရးသားေဖာ္ျပခဲ့သလို ဒီအမွားအတြက္လည္း လူထုထံ ျပန္လည္ရွင္းလင္းေပးျခင္း မရွိခဲ့တဲ့အထိ သတင္းဌာနတစ္ခုရဲ႕ဂုဏ္သေရရွိမႈ က်ဆင္းသြားေစခဲ့တာပါ။ ျမန္မာႏိုင္ငံသားေတြၾကား ထဲမွာ အခ်င္းခ်င္း မယုံမၾကည္ေတြျဖစ္ၿပီး ပဋိပကၡေတြ ပိုမိုႀကီးထြားေစဖို႔အတြက္ BBC သတင္းဌာနက သတင္းပုဒ္ေရ(၂၆၃)ပုဒ္ထဲမွာ (၂၅)ရာခိုင္ႏႈန္းအထိ ေရးသားခဲ့ပါတယ္။ သတင္းမီဒီယာ က်င့္ဝတ္ဥပေဒ မွာေတာ့ သတင္းဌာနတစ္ခုဟာ ပဋိပကၡျဖစ္ေစရန္ လႈံ႕ေဆာ္အားေပး ေရးသားမႈမ်ား မျပဳလုပ္ရလို႔ အတိလင္းေရးသား ျပ႒ာန္းထားပါတယ္။ BBC သတင္းဌာနက သတင္းေထာက္ေတြရဲ႕ သတင္းမီဒီယာ က်င့္ဝတ္ဥပေဒ လိုက္နာမႈဟာ ကမာၻနဲ႔ခ်ီ ျပ႒ာန္းထားတဲ့ ဥပေဒကိုပါ ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ေနတာ ေတြ႕ရပါတယ္။

BBC သတင္းဌာနနဲ႔ သတင္းေရးသူေတြဟာ NUG -PDF ကို ေထာက္ခံသူေတြျဖစ္ေန
တယ္လို႔ ျပဆိုထားတဲ့ သတင္းအခ်က္အလက္ကေတာ့ (၁၆) ရာခိုင္ႏႈန္းေသာ သတင္းပုဒ္ေရပါပဲ။ ရက္ေပါင္း(၃၀)အတြင္း သတင္းပုဒ္ေရ(၂၆၃)ပုဒ္ထဲကေန (၁၆)ရာ ခိုင္ႏႈန္းဟာ NUG -PDF ကို ေထာက္ခံေရးသားထားတာျဖစ္ၿပီး တျခားတစ္ဖက္မွာေတာ့ စစ္တပ္ကို သြယ္ဝိုက္၍ျဖစ္ေစ၊ တိုက္႐ိုက္ျဖစ္ေစ အျပစ္ရွာေရးသားမႈဟာ(၂၀)ရာခိုင္ႏႈန္းအထက္မွာ ရွိေနျပန္ပါတယ္။ ရက္ေပါင္း(၃၀)အတြင္း လူေတြၾကားမွာ သို႔ေလာသို႔ေလာ အျဖစ္ေစဆုံး BBC ရဲ႕သတင္း အဆိပ္ဟာ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းရဲ႕သတင္းပါပဲ။

VOA နဲ႔ RFA ဟာ အက်င့္ပ်က္ သတင္းဌာနေတြလား
VOA နဲ႔ RFA မွာ ျမန္မာသတင္းေထာက္ေတြ အမ်ားအျပားရွိပါတယ္။ ျမန္မာျပည္တြင္းမွာ သတင္းေထာက္လုပ္စားရတာထက္ အဆေပါင္းမ်ားစြာသာတဲ့ လစာမ်ိဳးနဲ႔ ခံစားခြင့္မ်ိဳးကို သူတို႔က ရရွိထားၾကသလို ဒီအတြက္ေၾကာင့္လည္း ျမန္မာႏိုင္ငံအေပၚ သစၥာရွိဖို႔ထက္ ထမင္းရွင္အလိုက်သာ အပင္ ေပါက္ေစေတာ့တာပါပဲ။ VOA သတင္းဌာနဟာ မတ္လ(၂၁)ရက္ကေန ဧၿပီလ(၂၀)ရက္အတြင္း သတင္း ပုဒ္ေရ(၃၀၁)ပုဒ္ ေရးသားခဲ့သလို ဒီအထဲက (၁၂) ရာခိုင္ႏႈန္းဟာ အခ်က္အလက္မခိုင္မာမွန္းသိရဲ႕နဲ႔ ရည္႐ြယ္ ခ်က္ရွိရွိ ေရးသားခဲ့ၾကတာမ်ိဳးပါ။ အခ်က္အလက္ မခိုင္မာမွန္းသိသိႀကီးနဲ႔ ေရးသားခဲ့႐ုံတင္မကဘဲ ျမန္မာႏိုင္ငံမွာ ပဋိပကၡေတြပိုမို ႀကီးထြားေစဖို႔ သူတို႔အားထုတ္ခဲ့ၾကပါေသးတယ္။ (၅၀) ရာခိုင္ႏႈန္းေလာက္အထိ ခပ္ၾကမ္းၾကမ္းေလး လႈံ႕ေဆာ္ေပးခဲ့ၾကတာပါ။

ျမန္မာႏိုင္ငံမွာ ျပႆနာေတြ ပိုမိုႀကီးထြားၿပီး အခ်င္းခ်င္းၾကားမွာ ဆိုး႐ြားလွတဲ့သတ္ျဖတ္ပြဲေတြ ဆက္ျဖစ္ေနေစဖို႔ VOA သတင္းေထာက္ ျမန္မာေတြက အေမရိကန္ထမင္းရွင္ေတြအလိုက် ပုံေဖာ္ေရး သားခဲ့ၾက႐ုံတင္မကဘဲ NUG-PDF ကို အားေပးအားေျမႇာက္ျပဳတဲ့ သတင္းမ်ိဳး(၂၁) ရာခိုင္ႏႈန္းအထိ ေဖာ္ျပခဲ့ၾကပါတယ္။

RFA ကလည္း အလားတူပါပဲ။ NUG-PDF ကို အားေပးအားေျမႇာက္ ေထာက္ခံေရးသားမႈ (၁၆)ရာခိုင္ႏႈန္းရွိခဲ့ၿပီး ျမန္မာႏိုင္ငံသားေတြ အခ်င္းခ်င္း သတ္ျဖတ္မႈ ပိုမိုျမင့္တက္လာေစဖို႔ ပဋိပကၡ လႈံ႕ေဆာ္အားေပးသတင္းေတြ(၆၀)ရာခိုင္ႏႈန္းအထိ ေရးသားခဲ့ၾကပါတယ္။ RFA ဟာ ရက္ေပါင္း(၃၀) အတြင္းမွာ သတင္းပုဒ္ေရ(၄၃၈)ပုဒ္အထိ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒီ အထဲကမွ (၁၀) ရာခိုင္ႏႈန္းဟာ အခ်က္အလက္မခိုင္မာဘဲ ရည္႐ြယ္ခ်က္ရွိရွိ ေရးသားတဲ့ သတင္းေတြျဖစ္ခဲ့ျပန္ပါတယ္။

ဧရာဝတီ သတင္းဌာနနဲ႔ ေခတ္သစ္သတင္းဌာနတို႔ ပိုၿပီး ယုတ္မာၾကမ္းတမ္းလာသလား
တက္ႂကြလႈပ္ရွားသူလိုလို၊ သတင္းသမားလိုလိုနဲ႔ ျပာတာဘဝကေန စတင္ခဲ့တဲ့ ေအာင္ေဇာ္ဆို သူဟာ သတင္းမီဒီယာေလာကအတြက္ ဂဠဳန္ဦးေစာ လို လူမ်ိဳးျဖစ္လာပါတယ္။ ဘာေတးလစ္တနာလို ျမန္မာအေရး ကြၽမ္းက်င္သူေခါင္းစဥ္နဲ႔ အေပါစား သတင္းသမားဆီမွာ စာေရးျပာတာဘဝနဲ႔ အလုပ္စခဲ့ၿပီး ျပည္တြင္းက နာမည္ေက်ာ္သူေဌးႀကီး အမ်ားအျပားကို မီဒီ ယာဓားျပတိုက္မႈလုပ္ခဲ့ သူလည္း ျဖစ္ပါတယ္။ ေအာင္ေဇာ္ရဲ႕ ဧရာဝတီသတင္းဌာနဟာ ရက္ေပါင္း(၃၀)အတြင္း သတင္း ပုဒ္ေရ(၆၂၀) ေဖာ္ျပခဲ့ၿပီး အခ်က္အလက္မခိုင္မာဘဲ ေရးသားေဖာ္ျပမႈေပါင္း(၃၆)ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံသား မဟုတ္ေတာ့တဲ့ ေအာင္ေဇာ္ဟာ ျမန္မာႏိုင္ငံသားခ်င္း သတ္ျဖတ္မႈေတြ ပိုမို ျဖစ္ပြားေစဖို႔အတြက္ ပဋိပကၡလႈံ႕ေဆာ္အားေပးသတင္း(၂၆)ရာခိုင္ႏႈန္းအထိ ေဖာ္ျပခဲ့ပါတယ္။

ဒါ့ျပင္ NUG-PDF ကို ေထာက္ခံအားေပး သတင္းမ်ိဳး (၂၅) ရာခိုင္ႏႈန္းအထိ ေဖာ္ျပခဲ့ပါတယ္။ ေခတ္သစ္သတင္းဌာနကေတာ့ NUG-PDF ကို (၁၈) ရာခိုင္ႏႈန္းအထိ ေထာက္ခံအားေပးမႈ ျပသ ေရးသားခဲ့ပါတယ္။ ဒါဟာ သတင္းပုဒ္ေရ(၁၂၂၉) ပုဒ္ထဲက ရာခိုင္ႏႈန္းတြက္ခ်က္မႈပါ။ အခ်က္အလက္ မခိုင္မာမွန္း သိေနလည္း ေခတ္သစ္ကေတာ့ (၃၅) ရာခိုင္ႏႈန္းအထိ ေရးသားခဲ့ပါတယ္။ အထူးသျဖင့္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းရဲ႕သတင္းဟာ ေခတ္သစ္ကေန စတင္ေဖာ္ျပခဲ့တာလို႔ ဆိုႏိုင္ပါတယ္။ ပဋိပကၡျဖစ္ပြားေစရန္ လႈံ႕ေဆာ္အားေပး ေရးသားမႈအျဖစ္ (၄၁)ရာခိုင္ႏႈန္းအထိ ရွိခဲ့ပါတယ္။ ဒါေတြဟာ ဧရာဝတီနဲ႔ ေခတ္သစ္တို႔ရဲ႕ေဖာ္ျပခ်က္ေတြ ျဖစ္ခဲ့သလို သူတို႔ေရးေနတဲ့ သူတို႔သမိုင္းလည္း ျဖစ္လာပါတယ္။

DVB ၊ Mizzima နဲ႔ Myanmar Now တို႔ အဆင့္အတန္း နိမ့္က်လာသလား
DVB သတင္းဌာနဟာ ရက္ေပါင္း(၃၀)အတြင္းမွာ (၈၂၈) ပုဒ္ေသာ သတင္းေတြကို ေရးသား ေဖာ္ျပခဲ့သလို အဲဒီအထဲက(၁၁)ရာခိုင္ႏႈန္းဟာ အခ်က္အလက္ခိုင္မာတိက်မႈ မရွိဘဲ ရည္႐ြယ္ခ်က္ရွိရွိ ရမ္းသမ္းေရးသားေဖာ္ျပမႈေတြ ျဖစ္ခဲ့ပါတယ္။

DVB သတင္းသမားေတြဟာ အမုန္းတရားကို အေျခခံထားေသာ ပဋိပကၡ လႈံ႕ေဆာ္အားေပး ေရးသားမႈေပါင္း(၅၈)ရာခိုင္ႏႈန္းအထိ ေဖာ္ျပခဲ့ၾကသလို NUG-PDF တို႔နဲ႔ သက္ဆိုင္တဲ့သတင္းအမ်ိဳးအစား ေပါင္း(၁၄)ရာခိုင္ ႏႈန္းအထိ ေရးသားေပးခဲ့ၾကပါတယ္။ Mizzima သတင္းဌာနကလည္း NUG-PDF ေတြကို အားေပးေထာက္ခံမႈ ျပသတဲ့သတင္းအမ်ိဳးအစားေပါင္း (၂၆) ရာခိုင္ႏႈန္းအထိ ေရးသားခဲ့သလို ရက္ေပါင္း(၃၀)အတြင္း သတင္းပုဒ္ေရ (၅၄၉)ပုဒ္ထဲကေန (၂၇)ရာခိုင္ႏႈန္းကို အခ်က္အလက္ မခိုင္ မာဘဲ ေဖာ္ျပခဲ့တာမ်ိဳး ျဖစ္ပါတယ္။

ပဋိပကၡျဖစ္ေစရန္ လႈံ႕ေဆာ္ေရးသားမႈကိုလည္း (၂၆)ရာခိုင္ႏႈန္းအထိ က်ဴးလြန္ခဲ့ၾကပါတယ္။ လူမ်ိဳးေရးရည္႐ြယ္ခ်က္နဲ႔ ဖြဲ႕စည္းထားတဲ့ Myanmar Now သတင္းဌာနကေတာ့ သတင္းေထာက္ အင္အားနည္းပါးမႈနဲ႔ ဝင္ေငြရလမ္းနည္းပါးမႈေၾကာင့္ ျဖစ္ႏိုင္သလို ေထာက္ပံ့သူလည္း ေလ်ာ့ပါး သြားပုံရပါတယ္။ ရက္ေပါင္း(၃၀)အတြင္းကိုမွ (၁၈၅)ပုဒ္သာ သတင္းေဖာ္ျပႏိုင္ခဲ့ပါတယ္။

ဒီအထဲကေန အခ်က္အလက္မခိုင္မာေသာ သတင္းေဖာ္ျပမႈဟာ နည္းပါးခဲ့ေပမယ့္ ပဋိပကၡ ျဖစ္ပြားေစရန္ အားေပးလႈံ႕ေဆာ္ေရးသားမႈေပါင္း (၂၀)ရာခိုင္ႏႈန္းအထိ ရွိခဲ့ပါတယ္။ ဒါ့ျပင္ NUG-PDF ကို ျပတ္ျပတ္သားသား ေထာက္ခံအားေပး ေရးသားမႈအျဖစ္ (၆၀) ရာခိုင္ႏႈန္းအထိ အာ႐ုံစိုက္ခဲ့တာကို ေတြ႕ရပါတယ္။

ဘယ္သတင္းဌာနက Reaction အမ်ားဆုံးျဖစ္ခဲ့လဲ
ေဖာ္ျပပါ သတင္းဌာန(၈)ခုမွာ ေခတ္သစ္ သတင္းဌာနကေတာ့ လစဥ္တိုင္းလိုလို အျခားေသာ (၇)ခုကို ျပတ္ျပတ္သားသား သာလြန္ေနတာ ေတြ႕ရပါတယ္။ အထူးသျဖင့္ ေခတ္သစ္သတင္းဌာနဟာ လူစိတ္ဝင္စားမႈ အမ်ားဆုံးရရွိခဲ့တဲ့သတင္းအျဖစ္ ဒုတပ္ခ်ဳပ္ ဦးစိုးဝင္း ေမာ္လၿမိဳင္မွာ ဒ႐ုန္းနဲ႔ တိုက္ ခိုက္ခံရလို႔ ဒဏ္ရာရသြားတယ္ဆိုတာမ်ိဳးပါပဲ။ ဒီသတင္းကို လူေပါင္း (၉၈၀ဝဝ) ေက်ာ္က Like ေပးခဲ့ၾကသလို အျခားေသာ ဘယ္သတင္းဌာနကမွ ဒီေလာက္ ပမာဏ ရရွိခဲ့တာ မေတြ႕ရပါဘူး။

အျခားေသာ ရႈေထာင့္အရ ေျပာမယ္ဆိုရင္ လူေပါင္း(၉၈၀ဝဝ)ဟာ ဒီလိုမ်ိဳး အခ်က္အလက္မ ခိုင္မာတဲ့၊ စိတ္အာသာေျပအဆင့္ သတင္းအဆိပ္မ်ိဳးကို ၿမိန္ေရယွက္ေရ စားသုံးမိခဲ့ၾကတယ္ဆိုတာပါပဲ။ အဲဒီ လူေပါင္း (၉၈၀ဝဝ) ထဲမွာ စာဖတ္သူေနသာ ပါဝင္ေနခဲ့မယ္ဆိုရင္ တကယ္ေသဆုံးျခင္း ထိခိုက္ ျခင္းမရွိဘဲ အေကာင္းပကတိအတိုင္း အမ်ားျပည္သူ ျမင္ကြင္းကို ထြက္လာတဲ့ ဦးစိုးဝင္းကိုၾကည့္ၿပီး အရွက္ရသင့္ပါတယ္။ ကိုယ္ဟာ စိတ္အာသာေျပ သတင္းေတြေနာက္ကို လိုက္မိရင္းနဲ႔ လူပိန္းတစ္ေယာက္ လိုမ်ိဳး အရွက္တကြဲျဖစ္ခဲ့ရတယ္ဆိုတာကို နားလည္သင့္ၿပီလို႔ပဲ အႀကံျပဳလိုက္ပါရေစ။

မွတ္ခ်က္ ။ ။ ၁၃-၅-၂၀၂၄ ရက္တြင္ထြက္ရွိသည့္ The Statesman Journal အမွတ္စဥ္ (၁၃) မွ ေဖာ္ျပထားသည့္ သုေတသနစစ္တမ္းကို NP News တြင္ ထပ္ဆင့္ ျပန္လည္ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္။

Picture

Blood Black

21/05/2024 16:03

ဟုတ်တယ်သူတို့ကအဆိပ်ပင်တေဘဲ

Related news

© 2021. All rights reserved.