ခရိုင်းမီးယား ဆာဖာရီပန်းခြံမှာ ခြင်္သေ့တွေက တိရစ္ဆာန်ရုံစောင့်ကို တိုက်ခိုက် သတ်ဖြတ်မှု ဖြစ်ပွား

 55

ရောင်နီ(NP News) - အောက်တိုဘာ ၁၇

ခရိုင်းမီးယားမှာရှိတဲ့ ဥရောပရဲ့ အကြီးဆုံး တိုင်ဂန်ဆာဖာရီ ခြင်္သေ့ဥယျာဉ်မှာ အောက်တိုဘာ ၁၆ ရက်က တိရစ္ဆာန်ရုံစောင့်တစ်ဦးဟာ ခြင်္သေ့လှောင်အိမ်ကို သော့ခတ်နေချိန် ခြင်္သေ့ရဲ့ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ပါတယ်။

ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသကျွန်းဆွယ်ရှိ တိုင်ဂန် ဆာဖာရီ ပန်းခြံဟာ ဥရောပမှာရှိတဲ့ ခြင်္သေ့တွေကို မွေးမြူတဲ့ အကြီးဆုံးနေရာဖြစ်ပြီး ခြင်္သေ့ အကောင် (၆၀)ခန့် မွေးမြူထားတဲ့ နေရာဖြစ်ပါတယ်။ ပန်းခြံမှာ ၁၇ နှစ်နီးပါး အလုပ်လုပ်ခဲ့သူဖြစ်တဲ့ ဝန်ထမ်းဟာ ခြင်္သေ့သုံးကောင်ပါတဲ့ လှောင်အိမ်တစ်ခုကို သန့်ရှင်းရေးလုပ်ပြီး အလုံခန်း အခန်းနှစ်ခန်းကြားက တံခါးသော့ကို ပိတ်နေရင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ဝန်ထမ်းအချို့က ကူညီဖို့သွားခဲ့ပေမယ့် အခင်းဖြစ်နေရာရောက်တော့ အလောင်းဟာ အပိုင်းပိုင်းပြတ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပန်းခြံပိုင်ရှင် အိုလက်ဇူကော့ဗ်က သေဆုံးသူအား တိရစ္ဆာန်ရုံ အကြီးအကဲ လီယိုကာဒီယာပါရီဗာလိုဗာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမှုကို လုပ်ငန်းခွင် ပေါ့ဆမှုကြောင့် လူသေဆုံးမှု ရာဇ၀တ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။ တိုင်ဂန်ဆာဖာရီ ဥယျာဉ်ဟာ ဧက ၇၀ ကျယ်ဝန်းပြီး ၂၀၁၂ ခုနှစ်ကစ ဧည့်သည်တွေ လာရောက်ကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

zawgyi version
ခ႐ိုင္းမီးယား ဆာဖာရီပန္းၿခံမွာ ျခေသၤ့ေတြက တိရစာၦန္႐ုံေစာင့္ကို တိုက္ခိုက္ သတ္ျဖတ္မႈ ျဖစ္ပြား
ေရာင္နီ(NP News) - ေအာက္တိုဘာ ၁၇

ခ႐ိုင္းမီးယားမွာရွိတဲ့ ဥေရာပရဲ႕ အႀကီးဆုံး တိုင္ဂန္ဆာဖာရီ ျခေသၤ့ဥယ်ာဥ္မွာ ေအာက္တိုဘာ ၁၆ ရက္က တိရစာၦန္႐ုံေစာင့္တစ္ဦးဟာ ျခေသၤ့ေလွာင္အိမ္ကို ေသာ့ခတ္ေနခ်ိန္ ျခေသၤ့ရဲ႕ တိုက္ခိုက္ခံရၿပီး ေသဆုံးခဲ့တယ္လို႔ စုံစမ္းစစ္ေဆးသူမ်ားက ေျပာၾကားခဲ့ပါတယ္။

႐ုရွား သိမ္းပိုက္ထားတဲ့ ခ႐ိုင္းမီးယားေဒသကြၽန္းဆြယ္ရွိ တိုင္ဂန္ ဆာဖာရီ ပန္းၿခံဟာ ဥေရာပမွာရွိတဲ့ ျခေသၤ့ေတြကို ေမြးျမဴတဲ့ အႀကီးဆုံးေနရာျဖစ္ၿပီး ျခေသၤ့ အေကာင္ (၆၀)ခန႔္ ေမြးျမဴထားတဲ့ ေနရာျဖစ္ပါတယ္။ ပန္းၿခံမွာ ၁၇ ႏွစ္နီးပါး အလုပ္လုပ္ခဲ့သူျဖစ္တဲ့ ဝန္ထမ္းဟာ ျခေသၤ့သုံးေကာင္ပါတဲ့ ေလွာင္အိမ္တစ္ခုကို သန႔္ရွင္းေရးလုပ္ၿပီး အလုံခန္း အခန္းႏွစ္ခန္းၾကားက တံခါးေသာ့ကို ပိတ္ေနရင္း တိုက္ခိုက္ခံရၿပီး ေသဆုံးသြားခဲ့တယ္လို႔ စုံစမ္းစစ္ေဆးသူေတြက ေျပာပါတယ္။ ဝန္ထမ္းအခ်ိဳ႕က ကူညီဖို႔သြားခဲ့ေပမယ့္ အခင္းျဖစ္ေနရာေရာက္ေတာ့ အေလာင္းဟာ အပိုင္းပိုင္းျပတ္ေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ ပန္းၿခံပိုင္ရွင္ အိုလက္ဇူေကာ့ဗ္က ေသဆုံးသူအား တိရစာၦန္႐ုံ အႀကီးအကဲ လီယိုကာဒီယာပါရီဗာလိုဗာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီအမႈကို လုပ္ငန္းခြင္ ေပါ့ဆမႈေၾကာင့္ လူေသဆုံးမႈ ရာဇ၀တ္မႈနဲ႔ အမႈဖြင့္ထားတယ္လို႔ စုံစမ္းစစ္ေဆးေရးမႉးေတြက ေျပာပါတယ္။ တိုင္ဂန္ဆာဖာရီ ဥယ်ာဥ္ဟာ ဧက ၇၀ က်ယ္ဝန္းၿပီး ၂၀၁၂ ခုႏွစ္ကစ ဧည့္သည္ေတြ လာေရာက္ၾကည့္ရႈႏိုင္ဖို႔ ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.