NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
10151
ချယ်ရီ (NP News)- နိုဝင်ဘာ ၂၂
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္ကသိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်အစိုးရ ၏ ပညာရေးစနစ်ကို ပျက်ပြားစေသောရည်ရွယ်ချက်ဖြင့် တရားမဝင် NUG လက်အောက်ခံ ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက် မှတ်အတုများပြုလုပ်ပြီး ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေးကာ လိမ်လည် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ကျောင်းသူ (၂) ဦး တက္ကသိုလ် တက်ရောက် ခွင့်လျှောက်ထားရာတွင် သံသယရှိ၍ ၎င်းတက္ကသိုလ်ဘက်က ယာယီလက်မှတ်များကို အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားလာခဲ့ကြောင်း နစကဘက်က ဆိုသည်။
ယင်းကဲ့သို့ အကြောင်းကြားမှုအပေါ် နိုဝင်ဘာလ ၂၀ ရက်တွင် လက်မှတ်အား စစ်ဆေးအတည်ပြုရာ၌ ၎င်းလက်မှတ်များသည် ဆေးတက္ကသိုလ် (မန္တလေး)မှ ထုတ်ပေးထားသည့် ဘွဲ့လက်မှတ်များမဟုတ်ဘဲ ဘွဲ့လက်မှတ် အတုများဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆေးတက္ကသိုလ်(မန္တလေး)မှ အဆိုပါ ဘွဲ့လက်မှတ်မှာ တရားမဝင်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည့်အတွက် Chulalongkorn တက္ကသိုလ်မှ ၎င်းတို့ (၂)ဦးကို တက္ကသိုလ်တက်ရောက်ခွင့် ပယ်ချခဲ့ကြောင်းလည်း သိရသည်။ အထက်ပါ ကျောင်းသူ(၂)ဦးသည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အသက်(၂၆)နှစ်အရွယ်ရှိ ဆုပြည့်မျိုးသွက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် နေထိုင်သည့် အသက်(၂၃)နှစ်အရွယ်ရှိ သဉ္စာထက်တို့ဖြစ်ပြီး ဆေးတက္ကသိုလ် (မန္တလေး)မှ သင်တန်းဖွင့်လှစ်ချိန် တက်ရောက်ရန် (၃) ကြိမ် သတင်းပို့ရာ ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့သူများဖြစ်၍ ဆေးတက္ကသိုလ် (မန္တလေး)က ထုတ်ပယ်ထားသည်။
၎င်းတို့ (၂)ဦးသည် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant-DCS)ဖြစ်သူ ခင်မောင်လွင် (ဆေးတက္ကသိုလ်-မန္တလေး ပါမောက္ခ ချုပ်ဟောင်း)မှ တရားမဝင်ထုတ်ပေးခဲ့သော ယာယီဆေးပညာဘွဲ့လက်မှတ်အတုတို့ဖြင့် ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရေးအတွက် တရားမဝင်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ယာယီဆေးပညာဘွဲ့လက်မှတ်အတုများ ပြုလုပ်ပေးသော ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၃၅)လမ်း၊ တိုက်အမှတ် (၃၅)၊ တတိယထပ်၌ ရုံးခန်းဖွင့်လှစ်၍ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သော သိဏ်းချမ်း(ခ)သိန်းဝင်း(B.A, H.G.P.R.L)နှင့် Notary Public မှ တရားမဝင် Notary (သက်သေခံချက်) ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည့် အတွက် ယမန်နေ့(နိုဝင်ဘာလ ၂၁ ရက်)တွင် တရားမဝင် Notary (သက် သေခံချက်) ပြုလုပ်ပေးခဲ့သော သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် သက်ထက်ဦး(ခ)ဝင်းထက်မြတ်တို့(၂)ဦး ကို ၎င်းတို့ရုံးခန်းအတွင်းမှ အတု ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ သိဏ်းချမ်း၏ ထွက်ဆိုချက်အရ NUG လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီ ဆေးပညာဘွဲ့ လက်မှတ်အတုကို ဘာသာပြန်ပေးခဲ့သော ကျောက်တံတားမြို့နယ်ရှိ M2 နိုတြီ ဘာသာပြန်ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူ မြတ်မင်းသူကိုပါ သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပါမောက္ခချုပ်ဟောင်း ခင်မောင်လွင်၊ ဆုပြည့်မျိုးသွuf နှင့် သဉ္စာထက်တို့ကို Black List စာရင်း ကြေညာ၍ ဖော်ထုတ်ဖမ်းဆီးကာ အရေးယူသွားမည်ဟု နစကဘက်က အသိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် ယာယီဆေးပညာ ဘွဲ့လက်မှတ်အတုပြုလုပ်ရာတွင် ပါဝင်ခဲ့သူများ ဖြစ်သော သိဏ်းချမ်း(ခ)သိန်းဝင်း၊ သက်ထက်ဦး(ခ)ဝင်းထက်မြတ် နှင့် မြတ်မင်းသူတို့နှင့်အတူ ပါဝင်ပတ်သက်သူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။ NUG အနေဖြင့် လက်ရှိတွင်လည်း မည်သည့်နိုင်ငံမှ အသိမှတ်မပြုသည့် ဆေးပညာသင်တန်းများဖွင့်လှစ်နေပြီး မသိနားမလည်သော ကျောင်းသားများကို သင်ကြားပေးနေကြောင်း သိရှိရသည်။
zawgyi version
NUG ၏ တရားမဝင္ ေဆးတကၠသိုလ္မွ လက္မွတ္အတုမ်ားျဖင့္ ထိုင္းတကၠ သိုလ္တြင္ တက္ေရာက္ရန္ႀကိဳးပမ္းခဲ့သူမ်ား ျငင္းပယ္ခံခဲ့ရၿပီး ႀကိဳုးပမ္းမႈတြင္ ပါဝင္သူမ်ားကို နစက ဖမ္းဆီး
ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ ၂၂
NUG ၏ တရားမဝင္ ေဆးတကၠသိုလ္မွ လက္မွတ္အတုမ်ားျဖင့္ ထိုင္းတကၠသိုလ္တြင္ တက္ေရာက္ရန္ႀကိဳးပမ္းခဲ့သူမ်ား ျငင္းပယ္ခံခဲ့ရၿပီး ႀကိဳးပမ္းမႈတြင္ ပါဝင္သူမ်ားကို နစက ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာထားေသာ CRPH၊ NUG ႏွင့္ ၎တို႔ႏွင့္ ဆက္ႏႊယ္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိဳလ္မ်ားသည္ ႏိုင္ငံေတာ္အစိုးရ ၏ ပညာေရးစနစ္ကို ပ်က္ျပားေစေသာရည္႐ြယ္ခ်က္ျဖင့္ တရားမဝင္ NUG လက္ေအာက္ခံ ေဆးတကၠသိုလ္ (မႏၲေလး)မွ ယာယီေဆးပညာဘြဲ႕လက္ မွတ္အတုမ်ားျပဳလုပ္ၿပီး ျပည္ပတကၠသိုလ္မ်ားတြင္ ပညာသင္ၾကားႏိုင္သည္ဟု မက္လုံးမ်ားေပးကာ လိမ္လည္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၉ ရက္တြင္ ထိုင္းႏိုင္ငံ၊ Chulalongkorn တကၠသိုလ္တြင္ ျမန္မာႏိုင္ငံမွ ေက်ာင္းသူ (၂) ဦး တကၠသိုလ္ တက္ေရာက္ ခြင့္ေလွ်ာက္ထားရာတြင္ သံသယရွိ၍ ၎တကၠသိုလ္ဘက္က ယာယီလက္မွတ္မ်ားကို အတည္ျပဳေပးႏိုင္ရန္ ျမန္မာႏိုင္ငံရွိ ေဆးတကၠသိုလ္ (မႏၲေလး)သို႔ အေၾကာင္းၾကားလာခဲ့ေၾကာင္း နစကဘက္က ဆိုသည္။
ယင္းကဲ့သို႔ အေၾကာင္းၾကားမႈအေပၚ ႏိုဝင္ဘာလ ၂၀ ရက္တြင္ လက္မွတ္အား စစ္ေဆးအတည္ျပဳရာ၌ ၎လက္မွတ္မ်ားသည္ ေဆးတကၠသိုလ္ (မႏၲေလး)မွ ထုတ္ေပးထားသည့္ ဘြဲ႕လက္မွတ္မ်ားမဟုတ္ဘဲ ဘြဲ႕လက္မွတ္ အတုမ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေဆးတကၠသိုလ္(မႏၲေလး)မွ အဆိုပါ ဘြဲ႕လက္မွတ္မွာ တရားမဝင္ေၾကာင္း ျပန္လည္အေၾကာင္းၾကားခဲ့သည့္အတြက္ Chulalongkorn တကၠသိုလ္မွ ၎တို႔ (၂)ဦးကို တကၠသိုလ္တက္ေရာက္ခြင့္ ပယ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။ အထက္ပါ ေက်ာင္းသူ(၂)ဦးသည္ မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္(၂၆)ႏွစ္အ႐ြယ္ရွိ ဆုျပည့္မ်ိဳးသြက္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္(၂၃)ႏွစ္အ႐ြယ္ရွိ သၪၥာထက္တို႔ျဖစ္ၿပီး ေဆးတကၠသိုလ္ (မႏၲေလး)မွ သင္တန္းဖြင့္လွစ္ခ်ိန္ တက္ေရာက္ရန္ (၃) ႀကိမ္ သတင္းပို႔ရာ ပ်က္ကြက္ခဲ့ၿပီး စည္းကမ္းေဖာက္ဖ်က္ခဲ့သူမ်ားျဖစ္၍ ေဆးတကၠသိုလ္ (မႏၲေလး)က ထုတ္ပယ္ထားသည္။
၎တို႔ (၂)ဦးသည္ ႏိုင္ငံေတာ္မွ အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာထားေသာ NUG အဖြဲ႕လက္ေအာက္ခံ တရားမဝင္ေဆးတကၠသိုလ္ (မႏၲေလး)မွ ယာယီတကၠသိုလ္ေကာင္စီနာယက သစၥာမဲ့ဝန္ထမ္း (Disloyalty Civil Servant-DCS)ျဖစ္သူ ခင္ေမာင္လြင္ (ေဆးတကၠသိုလ္-မႏၲေလး ပါေမာကၡ ခ်ဳပ္ေဟာင္း)မွ တရားမဝင္ထုတ္ေပးခဲ့ေသာ ယာယီေဆးပညာဘြဲ႕လက္မွတ္အတုတို႔ျဖင့္ ထိုင္းႏိုင္ငံ Chulalongkorn တကၠသိုလ္သို႔ တက္ေရာက္ခြင့္ရရွိေရးအတြက္ တရားမဝင္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ယာယီေဆးပညာဘြဲ႕လက္မွတ္အတုမ်ား ျပဳလုပ္ေပးေသာ ရန္ကုန္ တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္၊ (၃၅)လမ္း၊ တိုက္အမွတ္ (၃၅)၊ တတိယထပ္၌ ႐ုံးခန္းဖြင့္လွစ္၍ ပန္းဘဲတန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ သိဏ္းခ်မ္း(ခ)သိန္းဝင္း(B.A, H.G.P.R.L)ႏွင့္ Notary Public မွ တရားမဝင္ Notary (သက္ေသခံခ်က္) ျပဳလုပ္ေပးခဲ့ေၾကာင္း သိရွိရသည့္ အတြက္ ယမန္ေန႔(ႏိုဝင္ဘာလ ၂၁ ရက္)တြင္ တရားမဝင္ Notary (သက္ ေသခံခ်က္) ျပဳလုပ္ေပးခဲ့ေသာ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေနထိုင္သည့္ သက္ထက္ဦး(ခ)ဝင္းထက္ျမတ္တို႔(၂)ဦး ကို ၎တို႔႐ုံးခန္းအတြင္းမွ အတု ျပဳလုပ္ရာတြင္ အသုံးျပဳသည့္ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူ သိဏ္းခ်မ္း၏ ထြက္ဆိုခ်က္အရ NUG လက္ေအာက္ခံ တရားမဝင္ေဆးတကၠသိုလ္(မႏၲေလး)၊ ယာယီ ေဆးပညာဘြဲ႕ လက္မွတ္အတုကို ဘာသာျပန္ေပးခဲ့ေသာ ေက်ာက္တံတားၿမိဳ႕နယ္ရွိ M2 ႏိုႀတီ ဘာသာျပန္ဆိုင္မွ ဆိုင္ပိုင္ရွင္ျဖစ္သူ ျမတ္မင္းသူကိုပါ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ပါေမာကၡခ်ဳပ္ေဟာင္း ခင္ေမာင္လြင္၊ ဆုျပည့္မ်ိဳးသြuf ႏွင့္ သၪၥာထက္တို႔ကို Black List စာရင္း ေၾကညာ၍ ေဖာ္ထုတ္ဖမ္းဆီးကာ အေရးယူသြားမည္ဟု နစကဘက္က အသိေပး ထုတ္ျပန္ထားသည္။
ထို႔ျပင္ ယာယီေဆးပညာ ဘြဲ႕လက္မွတ္အတုျပဳလုပ္ရာတြင္ ပါဝင္ခဲ့သူမ်ား ျဖစ္ေသာ သိဏ္းခ်မ္း(ခ)သိန္းဝင္း၊ သက္ထက္ဦး(ခ)ဝင္းထက္ျမတ္ ႏွင့္ ျမတ္မင္းသူတို႔ႏွင့္အတူ ပါဝင္ပတ္သက္သူမ်ားကို ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္သြားမည္ေၾကာင္း နစကဘက္က ထုတ္ျပန္ထားသည္။ NUG အေနျဖင့္ လက္ရွိတြင္လည္း မည္သည့္ႏိုင္ငံမွ အသိမွတ္မျပဳသည့္ ေဆးပညာသင္တန္းမ်ားဖြင့္လွစ္ေနၿပီး မသိနားမလည္ေသာ ေက်ာင္းသားမ်ားကို သင္ၾကားေပးေနေၾကာင္း သိရွိရသည္။