အဓမ္မပြုကျင့်ခံရသော ကလေးငယ်အရေး ဆန္ဒပြသော ကျေးရွာသားများကို PDF က ထပ်မံ ခြိမ်းခြောက်
                        
                            
                             
 1316
 
                             
                            
                            
                         
                        
 
                        သက်ပိုင်(NP New) – စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်၊ရွာသာကြီးကျေးရွာတွင် အဓမ္မပြုကျင့်ခံရသော အသက် (၁၁) နှစ်အရွယ် ကလေးငယ်နှင့် ပတ်သက်၍ ဆန္ဒပြသော ကျေးရွာသားများကို PDF က ထပ်မံ ခြိမ်းခြောက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
လင်းမြွေဆိုသူ ဦးဆောင်သော PDF အဖွဲ့ မှ အဖွဲ့ဝင်မျိုးကိုသည် ရွာသာကြီးကျေးရွာ၊ ကျေးရွာစာသင်ကျောင်း အနောက်တောင်ဘက်ရှိ ကန်ဘောင်ပေါ်တွင် စက်တင်ဘာ (၅) ရက်နေ့ နံနက် (၉) နာရီခန့်က ကျေးရွာမှ (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦးကို လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အဓမ္မပြုကျင့်သူကို NUG လက်အောက်ခံအဖွဲ့မှ ခေါ်ဆောင်သွားသည် ဟုဆိုကာ အကာအကွယ်ပေးခဲ့သည့်အတွက် ရွာသာကြီးကျေးရွာရှိဒေသခံ (၃၀)ခန့်က အဆိုပါ အဓမ္မပြုကျင့်သူကို သေဒဏ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ထို့ကြောင့် အဆိုပါ PDF အဖွဲ့ဝင်အား ဆန္ဒပြရန်တောင်းဆိုရာတွင် PDF အဖွဲ့ခေါင်းဆောင်ဆိုသူ တစ်ဦးက ပြည်သူများကိုအမြန်ဆုံး လူစုခွဲကြရန်နှင့် လက်မခံပါက စစ်မိန့်သုံးမည်ဟု  ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်များအရ သိရသည်။
“ကျွန်တော့်စကားကိုနားထောင်၊ ခင်ဗျားတို့ရဲ့ အန္တရာယ်ကျတော့မှာမို့ နားထောင်ခိုင်းနေတာ။ အခုကိုလင်းမြွေနဲ့ ကျွန်တော်နဲ့ အရှေ့ကနေပြီးတော့ အာမခံချက်တစ်ခုပေးမယ်။ အဲဒါပေးပြီးရင် ခင်ဗျားတို့ အမြန်ဆုံးလူစုခွဲပေးပါ။ ပြီးရင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပြောချင်တာတွေရှိရင် စခန်းကိုလာခဲ့ပါ။ အကုန်လုံး ဆန္ဒပြသလိုဖြစ်တာကိုတော့ လက်မခံနိုင်ဘူး။ဆန္ဒပြသလိုမျိုးမြင်နေပြီ။ ကျေနပ် လက်ခံတယ်ဆိုရင် အမြန်ဆုံးပြန်ပေး။ နှင်ထုတ်တာတော့ မဟုတ်ဘူး။ကျုပ်ကစစ်မိန့်သုံးမိလိမ့်မယ် ”  ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။
ထို့နောက် PDF ခေါင်းဆောင် လင်မြွေဆိုသူက အဆိုပါ အဓမ္မပြုကျင့်သူကို သေဒဏ်ချမှတ် နိုင်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရွာသွားများ၏ အရှေ့တွင်ပင် သတ်ဖြတ်ပြမည်ဖြစ်ကြောင်း ကတိများပေးကာ လူစုခွဲခဲ့ရကြောင်း သိရသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version:
အဓမၼျပဳက်င့္ခံရေသာ ကေလးငယ္အေရး ဆႏၵျပေသာ ေက်း႐ြာသားမ်ားကို PDF က ထပ္မံ ၿခိမ္းေျခာက္ 
သက္ပိုင္(NP New) – စက္တင္ဘာ ၉
စစ္ကိုင္းတိုင္းေဒသႀကီး၊ဝက္လက္ၿမိဳ႕နယ္၊႐ြာသာႀကီးေက်း႐ြာတြင္ အဓမၼျပဳက်င့္ခံရေသာ အသက္ (၁၁) ႏွစ္အ႐ြယ္ ကေလးငယ္ႏွင့္ ပတ္သက္၍ ဆႏၵျပေသာ ေက်း႐ြာသားမ်ားကို PDF က ထပ္မံ ၿခိမ္းေျခာက္သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
လင္းေႁမြဆိုသူ ဦးေဆာင္ေသာ PDF အဖြဲ႕ မွ အဖြဲ႕ဝင္မ်ိဳးကိုသည္ ႐ြာသာႀကီးေက်း႐ြာ၊ ေက်း႐ြာစာသင္ေက်ာင္း အေနာက္ေတာင္ဘက္ရွိ ကန္ေဘာင္ေပၚတြင္ စက္တင္ဘာ (၅) ရက္ေန႔ နံနက္ (၉) နာရီခန႔္က ေက်း႐ြာမွ (၁၁)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးကို လက္နက္ျဖင့္ၿခိမ္းေျခာက္ကာ အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္သည္။
ထိုသို႔ အဓမၼျပဳက်င့္သူကို NUG လက္ေအာက္ခံအဖြဲ႕မွ ေခၚေဆာင္သြားသည္ ဟုဆိုကာ အကာအကြယ္ေပးခဲ့သည့္အတြက္ ႐ြာသာႀကီးေက်း႐ြာရွိေဒသခံ (၃၀)ခန႔္က အဆိုပါ အဓမၼျပဳက်င့္သူကို ေသဒဏ္ေပးရန္ ဆႏၵျပေတာင္းဆိုခဲ့ၾကသည္။
ထို႔ေၾကာင့္ အဆိုပါ PDF အဖြဲ႕ဝင္အား ဆႏၵျပရန္ေတာင္းဆိုရာတြင္ PDF အဖြဲ႕ေခါင္းေဆာင္ဆိုသူ တစ္ဦးက ျပည္သူမ်ားကိုအျမန္ဆုံး လူစုခြဲၾကရန္ႏွင့္ လက္မခံပါက စစ္မိန႔္သုံးမည္ဟု  ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း ထြက္ေပၚလာသည့္ ဗီဒီယိုဖိုင္မ်ားအရ သိရသည္။
“ကြၽန္ေတာ့္စကားကိုနားေထာင္၊ ခင္ဗ်ားတို႔ရဲ႕ အႏၲရာယ္က်ေတာ့မွာမို႔ နားေထာင္ခိုင္းေနတာ။ အခုကိုလင္းေႁမြနဲ႔ ကြၽန္ေတာ္နဲ႔ အေရွ႕ကေနၿပီးေတာ့ အာမခံခ်က္တစ္ခုေပးမယ္။ အဲဒါေပးၿပီးရင္ ခင္ဗ်ားတို႔ အျမန္ဆုံးလူစုခြဲေပးပါ။ ၿပီးရင္ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ေျပာခ်င္တာေတြရွိရင္ စခန္းကိုလာခဲ့ပါ။ အကုန္လုံး ဆႏၵျပသလိုျဖစ္တာကိုေတာ့ လက္မခံႏိုင္ဘူး။ဆႏၵျပသလိုမ်ိဳးျမင္ေနၿပီ။ ေက်နပ္ လက္ခံတယ္ဆိုရင္ အျမန္ဆုံးျပန္ေပး။ ႏွင္ထုတ္တာေတာ့ မဟုတ္ဘူး။က်ဳပ္ကစစ္မိန႔္သုံးမိလိမ့္မယ္ ”  ဟု ၿခိမ္းေျခာက္ ေျပာဆိုခဲ့သည္။
ထို႔ေနာက္ PDF ေခါင္းေဆာင္ လင္ေႁမြဆိုသူက အဆိုပါ အဓမၼျပဳက်င့္သူကို ေသဒဏ္ခ်မွတ္ ႏိုင္ေရးအတြက္ အစြမ္းကုန္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ႐ြာသြားမ်ား၏ အေရွ႕တြင္ပင္ သတ္ျဖတ္ျပမည္ျဖစ္ေၾကာင္း ကတိမ်ားေပးကာ လူစုခြဲခဲ့ရေၾကာင္း သိရသည္။