အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ရာအိမ်မှူးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ် နှင့် ပိုက်ဆံများ လုယက်ယူဆောင်
                        
                            
                             
 813
 
                             
                            
                            
                         
                        
 
                        Pearl (NP News) -  စက်တင်ဘာ ၉
အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ရာအိမ်မှူးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ် နှင့် ပိုက်ဆံများ လုယက်ယူဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ (၇) ရက် ၊ နံနက် (၅) နာရီ (၃ဝ) မိနစ်ခန့်က  ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကန်သာယာကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
အဆိုပါကျေးရွာတွင်နေထိုင်သော ရာအိမ်မှူးဖြစ်သူ ဦးထွန်းသိန်း(၇၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် (၄)ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။ 
ထို့သို့ ပစ်ခတ်မှုကြောင့် ဦးထွန်းသိန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး နေအိမ်ရှိ ငွေကျပ် ငါးသိန်းခန့် နှင့် HONDA WAVE 100 ဆိုင်ကယ်တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။ 
အလားတူ ယင်းနေ့၊ နေ့လည် (၁) နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ စစ်တောကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးစောသန်းစိုး(၅၁)နှစ်သည် နေအိမ်အနောက်ဘက် လေးဖာလုံခန့်အကွာရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အဖွဲ့ဝင် (၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိုသို့ပစ်ခတ်သတ်ဖြတ်ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version: 
အုတ္ဖိုၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က ရာအိမ္မႉးကို ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္၍ ဆိုင္ကယ္ ႏွင့္ ပိုက္ဆံမ်ား လုယက္ယူေဆာင္
Pearl (NP News) -  စက္တင္ဘာ ၉
အုတ္ဖိုၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က ရာအိမ္မႉးကို ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္၍ ဆိုင္ကယ္ ႏွင့္ ပိုက္ဆံမ်ား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာ (၇) ရက္ ၊ နံနက္ (၅) နာရီ (၃ဝ) မိနစ္ခန႔္က  ပဲခူးတိုင္းေဒသႀကီး၊ အုတ္ဖိုၿမိဳ႕နယ္၊ ကန္သာယာေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ 
အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ရာအိမ္မႉးျဖစ္သူ ဦးထြန္းသိန္း(၇၁)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ (၄)ဦးက ဆိုင္ကယ္ႏွစ္စီးျဖင့္ ေရာက္ရွိလာၿပီး “ဒလန္” ဟုေျပာဆိုကာ ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ေၾကာင္း သိရသည္။ 
ထို႔သို႔ ပစ္ခတ္မႈေၾကာင့္ ဦးထြန္းသိန္းတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး ေနအိမ္ရွိ ေငြက်ပ္ ငါးသိန္းခန႔္ ႏွင့္ HONDA WAVE 100 ဆိုင္ကယ္တစ္စီးတို႔အား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။ 
အလားတူ ယင္းေန႔၊ ေန႔လည္ (၁) နာရီခန႔္က ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ စစ္ေတာေက်း႐ြာေန ရာအိမ္မႉးျဖစ္သူ ဦးေစာသန္းစိုး(၅၁)ႏွစ္သည္ ေနအိမ္အေနာက္ဘက္ ေလးဖာလုံခန႔္အကြာရွိ လယ္ကြင္းအတြင္း အလုပ္လုပ္ကိုင္ေနစဥ္ PDF အဖြဲ႕ဝင္ (၂)ဦးက ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာၿပီး “ဒလန္” ဟုေျပာဆိုကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ၎တြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ထိုသို႔ပစ္ခတ္သတ္ျဖတ္က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။