ကာရေဘီယံပင်လယ်ပြင်မှာ မူးယစ်မှောင်ခိုသင်္ဘောတစ်စီးကို အမေရိကန်ကတိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ(၃)ဦး သေဆုံး

198

Pika (NP News) - နိုဝင်ဘာ ၃
ကာရေဘီယံပင်လယ်ပြင်မှာ မူးယစ်ဆေးဝါးမှောင်ခိုကူးနေတယ်လို့ ယူဆရတဲ့ သင်္ဘောတစ်စီးကို အမေရိကန် စစ်တပ်က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်အကြီးအကဲ ပီတီဟတ်ဆတ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ မူးယစ်ဆေးဝါးကုန်ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ ကာရေဘီယံ ပင်လယ်ပြင်မှာ ရေတပ်သင်္ဘောတွေ ဖြန့်ကျက်ချထားခဲ့သလို ပူရီတိုရီကိုကျွန်းကိုလည်း F-35 တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်ဟာ ကာရေဘီယံပင်လယ်ပြင်နဲ့ ပစိဖိတ်သမုဒ္ဒရာတို့မှာ မူးယစ်းဆေးဝါးမှောင်ခိုကူးနေတယ်လို့ယူဆရတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှု(၁၅)ကြိမ်လောက်လုပ်ဆောင်ခဲ့တာ ကြောင့် အနည်းဆုံးလူ(၆၅)ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ပီတီဟတ်ဆတ်က “ကာရေဘီယံပင်လယ်ပြင်က မူးယစ်ဆေးဝါးမှောင်ခိုသင်္ဘောကို အမေရိကန်စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီသင်္ဘောဟာ အရင်ရက်တွေတုန်းက တိုက်ခိုက်ခဲ့တဲ့သင်္ဘောတွေလိုပဲ မူးယစ်ဆေးဝါးတွေ မှောင်ခိုကူးနေတဲ့သင်္ဘောပဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့ တိကျတဲ့တိုက်ခိုက်မှုတွေ ကြောင့် မူးယစ်ဆေးဝါးမှောင်ခိုကူးသူ အနည်းဆုံး(၃)ဦး သေဆုံးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံတွင်းကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် စဉ်းစားနေတာမျိုးမရှိဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုတိုက်ခိုက်မှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ကာေရဘီယံပင္လယ္ျပင္မွာ မူးယစ္ေမွာင္ခိုသေဘၤာတစ္စီးကို အေမရိကန္ကတိုက္ခိုက္ခဲ့ရာ အနည္းဆုံးလူ(၃)ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၃
ကာေရဘီယံပင္လယ္ျပင္မွာ မူးယစ္ေဆးဝါးေမွာင္ခိုကူးေနတယ္လို႔ ယူဆရတဲ့ သေဘၤာတစ္စီးကို အေမရိကန္ စစ္တပ္က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံးခဲ့တယ္လို႔ အေမရိကန္ စစ္ဌာနခ်ဳပ္ ပင္တဂြန္အႀကီးအကဲ ပီတီဟတ္ဆတ္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ဟာ မူးယစ္ေဆးဝါးကုန္ကူးမႈ တိုက္ဖ်က္ေရး ရည္႐ြယ္ခ်က္တစ္စိတ္တစ္ပိုင္းအေနနဲ႔ ကာေရဘီယံ ပင္လယ္ျပင္မွာ ေရတပ္သေဘၤာေတြ ျဖန႔္က်က္ခ်ထားခဲ့သလို ပူရီတိုရီကိုကြၽန္းကိုလည္း F-35 တိုက္ေလယာဥ္ေတြ ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း အေမရိကန္ဟာ ကာေရဘီယံပင္လယ္ျပင္နဲ႔ ပစိဖိတ္သမုဒၵရာတို႔မွာ မူးယစ္းေဆးဝါးေမွာင္ခိုကူးေနတယ္လို႔ယူဆရတဲ့ သေဘၤာေတြကို တိုက္ခိုက္မႈ(၁၅)ႀကိမ္ေလာက္လုပ္ေဆာင္ခဲ့တာ ေၾကာင့္ အနည္းဆုံးလူ(၆၅)ဦး ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။
ပီတီဟတ္ဆတ္က “ကာေရဘီယံပင္လယ္ျပင္က မူးယစ္ေဆးဝါးေမွာင္ခိုသေဘၤာကို အေမရိကန္စစ္တပ္က တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီသေဘၤာဟာ အရင္ရက္ေတြတုန္းက တိုက္ခိုက္ခဲ့တဲ့သေဘၤာေတြလိုပဲ မူးယစ္ေဆးဝါးေတြ ေမွာင္ခိုကူးေနတဲ့သေဘၤာပဲျဖစ္ပါတယ္။ အေမရိကန္စစ္တပ္ရဲ႕ တိက်တဲ့တိုက္ခိုက္မႈေတြ ေၾကာင့္ မူးယစ္ေဆးဝါးေမွာင္ခိုကူးသူ အနည္းဆုံး(၃)ဦး ေသဆုံးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဗင္နီဇြဲလားႏိုင္ငံတြင္းကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ စဥ္းစားေနတာမ်ိဳးမရွိဘူးလို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုတိုက္ခိုက္မႈေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။