မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အခန်းဝယ်ယူခွင့်ပြုသည့် အကြောင်းကြားစာများကို အတုပြုလုပ်ကာ လိမ်လည်မှုများ ရှိနေ

411

စော(NP News)-နိုဝင်ဘာ ၃
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အခန်းဝယ်ယူခွင့်ပြုသည့် အကြောင်းကြားစာများကို အတုပြုလုပ်ကာ လိမ်လည်မှုများရှိနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က အသိပေးထားသည်။
အဆိုပါအကြောင်းကြားစာအတုတွင် လူကြီးမင်း၏လျှောက်ထားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ဆိပ်ကမ်မြို့နယ်၊ ဧရာချမ်းသာ အဆင့်မြင့် ကွန်ဒိုမီနီယမ်မှ တိုက်အမှတ်(၁၀)အေ၊ အခန်းအမှတ် ၁၄၂၀၈ အား အခန်းတန်ဖိုးကျပ် စာဖြင့် ကျပ်သိန်းတစ်ထောင့်သုံးဆယ်ငါးသိန်းသုံးသောင်းကျပ် တိတိကို ညွှန်ကြားရေးမှူးချုပ်၏ အောက်တိုဘာ ၉ရက် ရက်စွဲပါ ခွင့်ပြုချက်အရ CHIDဘဏ်အိမ်ရာချေးငွေ စနစ်ဖြင့် အရစ်ကျဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြား အပ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အခန်းအတွက်ကျသင့်တန်ဖိုး (၃၀%) ကျပ် (၃၁,၀၅၉,၀၀၀)ကျပ် စာဖြင့် - ကျပ်သိန်း သုံးရာ့တစ်ဆယ်ငါးသောင်းကိုးထောင် ကျပ်တိတိအား သတ်မှတ်ထား သော ဘဏ်စာရင်း အမှတ်၊ 0965110960170240၊ ဒေါ်ခင်မိုးရွှေ (KBZ Bank) သို့ အကြောင်းကြားစာရရှိပြီးသည့်နေ့မှစ၍ ရုံးဖွင့်ရက် ၅ရက်အတွင်းပေးသွင်းပါရန်နှင့် ပေးသွင်း ပြီး ငွေပို့ပြေစာအား အီးမေးလ်မှ တစ်ဆင့်ဖြစ်စေ၊ နေပြည်တော် မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးသို့ဖြစ်စေ ကိုယ်တိုင်ပေးပို့နိုင်ရမည်ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ကြောင့် အခန်းဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာကို အတုအပ ပြုလုပ်ခြင်းနှင့် email account အတုများ ဖွင့်ကာ လိမ်လည်၍ အခန်းများ ရောင်းချခြင်း၊ ငွေလွှဲခိုင်းခြင်းတို့ ပြုလုပ်နေခြင်းများကြောင့် အများပြည်သူ အနေဖြင့် ရောင်းမှား ဝယ်မှား မဖြစ်စေရန် သတိပေးထားသည့်အပြင်
သိရှိလိုသည်များအား ဌာနသို့ လူကိုယ်တိုင် လာရောက် ဆက်သွယ် မေးမြန်းနိုင်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသေးသည်။

Zawgyi Version:
ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ အခန္းဝယ္ယူခြင့္ျပဳသည့္ အေၾကာင္းၾကားစာမ်ားကို အတုျပဳလုပ္ကာ လိမ္လည္မႈမ်ား ရွိေန
ေစာ(NP News)-ႏိုဝင္ဘာ ၃
ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ အခန္းဝယ္ယူခြင့္ျပဳသည့္ အေၾကာင္းၾကားစာမ်ားကို အတုျပဳလုပ္ကာ လိမ္လည္မႈမ်ားရွိေနေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန(ရန္ကုန္)က အသိေပးထားသည္။
အဆိုပါအေၾကာင္းၾကားစာအတုတြင္ လူႀကီးမင္း၏ေလွ်ာက္ထားခ်က္အရ ရန္ကုန္တိုင္းေဒသႀကီး၊ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္ၿမိဳ႕နယ္၊ ဧရာခ်မ္းသာ အဆင့္ျမင့္ ကြန္ဒိုမီနီယမ္မွ တိုက္အမွတ္(၁၀)ေအ၊ အခန္းအမွတ္ ၁၄၂၀၈ အား အခန္းတန္ဖိုးက်ပ္ စာျဖင့္ က်ပ္သိန္းတစ္ေထာင့္သုံးဆယ္ငါးသိန္းသုံးေသာင္းက်ပ္ တိတိကို ၫႊန္ၾကားေရးမႉးခ်ဳပ္၏ ေအာက္တိုဘာ ၉ရက္ ရက္စြဲပါ ခြင့္ျပဳခ်က္အရ CHIDဘဏ္အိမ္ရာေခ်းေငြ စနစ္ျဖင့္ အရစ္က်ဝယ္ယူခြင့္ျပဳေၾကာင္း အေၾကာင္းၾကား အပ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ျပင္ အခန္းအတြက္က်သင့္တန္ဖိုး (၃၀%) က်ပ္ (၃၁,၀၅၉,၀၀၀)က်ပ္ စာျဖင့္ - က်ပ္သိန္း သုံးရာ့တစ္ဆယ္ငါးေသာင္းကိုးေထာင္ က်ပ္တိတိအား သတ္မွတ္ထား ေသာ ဘဏ္စာရင္း အမွတ္၊ 0965110960170240၊ ေဒၚခင္မိုးေ႐ႊ (KBZ Bank) သို႔ အေၾကာင္းၾကားစာရရွိၿပီးသည့္ေန႔မွစ၍ ႐ုံးဖြင့္ရက္ ၅ရက္အတြင္းေပးသြင္းပါရန္ႏွင့္ ေပးသြင္း ၿပီး ေငြပို႔ေျပစာအား အီးေမးလ္မွ တစ္ဆင့္ျဖစ္ေစ၊ ေနျပည္ေတာ္ ၿမိဳ႕ျပႏွင့္အိုးအိမ္ဖြံ႕ၿဖိဳးေရး ဦးစီးဌာန႐ုံးသို႔ျဖစ္ေစ ကိုယ္တိုင္ေပးပို႔ႏိုင္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ေၾကာင့္ အခန္းဝယ္ယူခြင့္ျပဳေၾကာင္း အေၾကာင္းၾကားစာကို အတုအပ ျပဳလုပ္ျခင္းႏွင့္ email account အတုမ်ား ဖြင့္ကာ လိမ္လည္၍ အခန္းမ်ား ေရာင္းခ်ျခင္း၊ ေငြလႊဲခိုင္းျခင္းတို႔ ျပဳလုပ္ေနျခင္းမ်ားေၾကာင့္ အမ်ားျပည္သူ အေနျဖင့္ ေရာင္းမွား ဝယ္မွား မျဖစ္ေစရန္ သတိေပးထားသည့္အျပင္
သိရွိလိုသည္မ်ားအား ဌာနသို႔ လူကိုယ္တိုင္ လာေရာက္ ဆက္သြယ္ ေမးျမန္းႏိုင္ေၾကာင္းလည္း အသိေပးထုတ္ျပန္ထားေသးသည္။