အပေါင်ဆိုင်များတွင် ဖုန်းလာပေါင်သူများနေသဖြင့် ခိုးရာပါဖုန်းများ မပါစေရန် ဂရုစိုက်နေရ

 614

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၃

အပေါင်ဆိုင်များတွင် ယခုနောက်ပိုင်း ဖုန်းပေါင်နှံသူများရှိလာရာ ခိုးယူသည့်ဖုန်းများ မပါစေရန် ဂရုစိုက်နေရ ကြောင်း ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများအတွင်း ဖွင့်ထားသည့်အပေါင်ဆိုင်ရှင်များထံမှ သိရသည်။
အများအားဖြင့် ရွှေနှင့် အခြားသောအသုံးအဆောင်များကိုသာ ပေါင်နှံလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် ဖုန်းပေါင်နှံသူများရှိလာပြီး ခိုးရာပါပစ္စည်းများအဖြစ်မှ စိုးရိမ်သည့်အတွက် အချို့သောဆိုင်များမှာ ဖုန်းကို ပေါင်နှံ လက်ခံခြင်းမျိုး မရှိကြကြောင်း သိရသည်။
“တစ်ချို့ဆိုင်တွေကတော့ လက်မခံဘူး။ အစ်မတို့ဆိုင်ကတော့ လက်ခံပေးလိုက်ပါတယ်။ ပိုင်ရှင်အစစ်အမှန် ဟုတ်/မဟုတ်တော့ သေချာလေးစစ်ရတာပေါ့၊ သူတို့လည်း ငွေကြေးအခက်အခဲအတွက် မရှိရှိတာ လာပေါင်ရင်း ဖြေရှင်းတာမို့လို့ ကိုယ်ချင်းစာတဲ့အနေနဲ့ လက်ခံပေးလိုက်တာပါ။ ဒါပေမယ့် ကာလတိုအတွင်းမှာပဲ ရွေးယူဖို့တော့ တစ်ပါတည်း ပြောလိုက်တယ်” ဟု အပေါင်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
ဖုန်းများပေါင်နှံရာတွင် လာပေါင်သောဖုန်း၏ အဟောင်းပေါက်စျေးမှ သုံးပုံတစ်ပုံကျော်လောက် နှုန်းမျိုးကိုသာ ငွေထုတ်ပေးပြီး ခြောက်လ၊ တစ်နှစ်အတွင်း ပြန်ရွေးယူရန်လည်း ဆိုင်များဘက်မှ ပြောဆိုလေ့ရှိကြသည်။
“အီလက်ထရွန်နစ်ပစ္စည်းတွေဆိုတာက ပျက်စီးလွယ်တာတွေကြောင့်လည်း ကြပ်မတ်ထားရတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုဖုန်း အပါအဝင် အီလက်ထရွန်နစ်ပစ္စည်းများ၏ အတိုးနှုန်းမှာ နေရာဒေသပေါ်မူတည်၍ ၁၀ ကျပ်မှ ၁၄ ကျပ်ကြား ဖြင့် သတ်မှတ်ထားပြီး အခြားသောအထွေထွေကုန်ပစ္စည်းများမှာ အတိုး ၂၀ ရာခိုင်နှုန်း သတ်မှတ်ကာ ငွေထုတ်ပေး ခြင်းများလည်း ရှိကြောင်း သိရသည်။

Zawgyi Version:
အေပါင္ဆိုင္မ်ားတြင္ ဖုန္းလာေပါင္သူမ်ားေနသျဖင့္ ခိုးရာပါဖုန္းမ်ား မပါေစရန္ ဂ႐ုစိုက္ေနရ
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၃
အေပါင္ဆိုင္မ်ားတြင္ ယခုေနာက္ပိုင္း ဖုန္းေပါင္ႏွံသူမ်ားရွိလာရာ ခိုးယူသည့္ဖုန္းမ်ား မပါေစရန္ ဂ႐ုစိုက္ေနရ ေၾကာင္း ရန္ကုန္ၿမိဳ႕ ဆင္ေျခဖုံးေဒသမ်ားအတြင္း ဖြင့္ထားသည့္အေပါင္ဆိုင္ရွင္မ်ားထံမွ သိရသည္။
အမ်ားအားျဖင့္ ေ႐ႊႏွင့္ အျခားေသာအသုံးအေဆာင္မ်ားကိုသာ ေပါင္ႏွံေလ့ရွိေသာ္လည္း ယခုေနာက္ပိုင္းတြင္ ဖုန္းေပါင္ႏွံသူမ်ားရွိလာၿပီး ခိုးရာပါပစၥည္းမ်ားအျဖစ္မွ စိုးရိမ္သည့္အတြက္ အခ်ိဳ႕ေသာဆိုင္မ်ားမွာ ဖုန္းကို ေပါင္ႏွံ လက္ခံျခင္းမ်ိဳး မရွိၾကေၾကာင္း သိရသည္။
“တစ္ခ်ိဳ႕ဆိုင္ေတြကေတာ့ လက္မခံဘူး။ အစ္မတို႔ဆိုင္ကေတာ့ လက္ခံေပးလိုက္ပါတယ္။ ပိုင္ရွင္အစစ္အမွန္ ဟုတ္/မဟုတ္ေတာ့ ေသခ်ာေလးစစ္ရတာေပါ့၊ သူတို႔လည္း ေငြေၾကးအခက္အခဲအတြက္ မရွိရွိတာ လာေပါင္ရင္း ေျဖရွင္းတာမို႔လို႔ ကိုယ္ခ်င္းစာတဲ့အေနနဲ႔ လက္ခံေပးလိုက္တာပါ။ ဒါေပမယ့္ ကာလတိုအတြင္းမွာပဲ ေ႐ြးယူဖို႔ေတာ့ တစ္ပါတည္း ေျပာလိုက္တယ္” ဟု အေပါင္ဆိုင္ဖြင့္ထားသူတစ္ဦးက ေျပာသည္။
ဖုန္းမ်ားေပါင္ႏွံရာတြင္ လာေပါင္ေသာဖုန္း၏ အေဟာင္းေပါက္ေစ်းမွ သုံးပုံတစ္ပုံေက်ာ္ေလာက္ ႏႈန္းမ်ိဳးကိုသာ ေငြထုတ္ေပးၿပီး ေျခာက္လ၊ တစ္ႏွစ္အတြင္း ျပန္ေ႐ြးယူရန္လည္း ဆိုင္မ်ားဘက္မွ ေျပာဆိုေလ့ရွိၾကသည္။
“အီလက္ထ႐ြန္နစ္ပစၥည္းေတြဆိုတာက ပ်က္စီးလြယ္တာေတြေၾကာင့္လည္း ၾကပ္မတ္ထားရတာျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။
ထိုဖုန္း အပါအဝင္ အီလက္ထ႐ြန္နစ္ပစၥည္းမ်ား၏ အတိုးႏႈန္းမွာ ေနရာေဒသေပၚမူတည္၍ ၁၀ က်ပ္မွ ၁၄ က်ပ္ၾကား ျဖင့္ သတ္မွတ္ထားၿပီး အျခားေသာအေထြေထြကုန္ပစၥည္းမ်ားမွာ အတိုး ၂၀ ရာခိုင္ႏႈန္း သတ္မွတ္ကာ ေငြထုတ္ေပး ျခင္းမ်ားလည္း ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.