ဂန်းနမ်းမှာ ဝမ် ၂၀ ဘီလီယံတန် ဇိမ်ခံအိမ်တစ်လုံး ဝယ်လိုက်တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆိုး

483
ရောင်နီ (NP News) - နိုဝင်ဘာ ၃
တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ BLACKPINK ရဲ့အဖွဲ့ဝင်ဂျီဆိုးဟာ တောင်ကိုရီးယား၊ နာမည်ကြီး စူပါသူဌေးရပ်ကွက် ဂန်းနမ်းမှာ L’ARBRE 27 လို့အမည်ရတဲ့ ဇိမ်ခံဗီလာတစ်လုံးကို ကိုရီးယားဝမ် ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်) နဲ့ ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။
ဂျီဆိုးဝယ်ယူလိုက်တဲ့ L’ARBRE 27 လို့ခေါ်တဲ့ အိမ်ဟာ ဂန်းနမ်းမြို့ထဲက ဇိမ်ခံဗီလာကွန်ပလက်စ်တစ်ခု ဖြစ်ပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အောက်တိုဘာ ၂၉ ရက် က သတင်းတွေအရ အဲဒီဗီလာရဲ့ penthouse ယူနစ်အချို့ရဲ့ရောင်းဈေးဟာ ကိုရီးယားဝမ် ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁.၆ သန်းခန့်) ရှိတယ်လို့ သိရပြီး ဂန်းနမ်းမှာ ဈေးအကြီးဆုံးဗီလာတွေထဲက တစ်ခုဖြစ် ပါတယ်။ ပုံမှန်ယူနစ်တွေရဲ့ဈေးနှုန်းကတော့ ကိုရီးယားဝမ် ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်) ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
လက်ရှိတော့ ဗီလာရဲ့လူနေကွန်ပလက်စ်ကို ဆောက်လုပ်ဆဲဖြစ်ပြီး မြေအောက်ထပ်ငါးထပ်ကနေ မြေပေါ်ထပ်ခုနှစ်ထပ်အထိရှိတဲ့ အဆောက်အအုံနှစ်လုံး တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

Zawgyi Version:
ဂန္းနမ္းမွာ ဝမ္ ၂၀ ဘီလီယံတန္ ဇိမ္ခံအိမ္တစ္လုံး ဝယ္လိုက္တဲ့ BLACKPINK အဖြဲ႕ဝင္ ဂ်ီဆိုး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၃
ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ BLACKPINK ရဲ႕အဖြဲ႕ဝင္ဂ်ီဆိုးဟာ ေတာင္ကိုရီးယား၊ နာမည္ႀကီး စူပါသူေဌးရပ္ကြက္ ဂန္းနမ္းမွာ L’ARBRE 27 လို႔အမည္ရတဲ့ ဇိမ္ခံဗီလာတစ္လုံးကို ကိုရီးယားဝမ္ ၂၀ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၄ သန္းခန႔္) နဲ႔ ဝယ္ယူလိုက္တယ္လို႔ သိရပါတယ္။
ဂ်ီဆိုးဝယ္ယူလိုက္တဲ့ L’ARBRE 27 လို႔ေခၚတဲ့ အိမ္ဟာ ဂန္းနမ္းၿမိဳ႕ထဲက ဇိမ္ခံဗီလာကြန္ပလက္စ္တစ္ခု ျဖစ္ၿပီး အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ အလားအလာေကာင္းတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ ေအာက္တိုဘာ ၂၉ ရက္ က သတင္းေတြအရ အဲဒီဗီလာရဲ႕ penthouse ယူနစ္အခ်ိဳ႕ရဲ႕ေရာင္းေဈးဟာ ကိုရီးယားဝမ္ ၄၅ ဘီလီယံ (အေမရိကန္ေဒၚလာ ၃၁.၆ သန္းခန႔္) ရွိတယ္လို႔ သိရၿပီး ဂန္းနမ္းမွာ ေဈးအႀကီးဆုံးဗီလာေတြထဲက တစ္ခုျဖစ္ ပါတယ္။ ပုံမွန္ယူနစ္ေတြရဲ႕ေဈးႏႈန္းကေတာ့ ကိုရီးယားဝမ္ ၂၀ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၄ သန္းခန႔္) ရွိတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။
လက္ရွိေတာ့ ဗီလာရဲ႕လူေနကြန္ပလက္စ္ကို ေဆာက္လုပ္ဆဲျဖစ္ၿပီး ေျမေအာက္ထပ္ငါးထပ္ကေန ေျမေပၚထပ္ခုႏွစ္ထပ္အထိရွိတဲ့ အေဆာက္အအုံႏွစ္လုံး တည္ေဆာက္ေနတယ္လို႔ ဆိုပါတယ္။