မနိုင်လျှင်နိုင်ရာ လုပ်မည်ဆိုသောသဘောဖြင့် PDF တို့က ပြည်သူတို့၏ ဘာသာရေးပွဲတော်များကို နှောင့်ယှက် ခြင်းများရှိလာ

 953

သန့်ဇင် (NP News) - နိုဝင်ဘာ ၃

မနိုင်လျှင်နိုင်ရာ လုပ်မည်ဆိုသောသဘောဖြင့် PDF တို့က ပြည်သူတို့၏ ဘာသာရေးပွဲတော်များကို နှောင့်ယှက်ခြင်း များ ရှိလာကြောင်း NP News က မေးမြန်းထားချက်များအရ သိရသည်။
လက်ရှိပွင့်လင်းရာသီရောက်ရှိလာပြီးနောက် မြန်မာပြည်အနှံ့တွင် ကထိန်အလှူပွဲများ၊ ဘုရားပွဲများနှင့် ဘာသာ ရေးနှင့် သက်ဆိုင်သောပွဲတော်များကို ကျင်းပနေသည့်ကာလဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာလတွင်ကျင်းပသော ပွဲတော်များကို မြန်မာပြည်အောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အများဆုံး တွေ့မြင်ရပြီး ယင်းဒေသကို အခြေပြုလှုပ်ရှားသည့် PDF များကို တပ်မတော်က အရှိန်မြှင့် ချေမှုန်းနေရာ PDF တို့က တော်လှန်ရေးဆိုသော ခေါင်းစဉ်ကို အကာအကွယ်ယူကာ နှောင့်ယှက်ဖျက် ဆီးခြင်းများကို လုပ်ဆောင်လာသည် ကိုတွေ့မြင်ရကြောင်း သိရသည်။
“ခေါင်းစဉ်တစ်ခုတပ်ပြီး တော်လှန်ရေးလုပ်တာမှာ မအောင်မြင်တဲ့အချိန်မှာ အကြမ်းဖက်မှုဆိုတဲ့လမ်းကြောင်းပေါ် ရောက်သွားမှာ။ မနိုင်ရင်နိုင်ရာလုပ်မယ်ဆိုတဲ့ စိတ်တွေပေါ်လာမှာပဲ။ အဲဒီလိုလုပ်လေလေ အခြေခံအားယူရမယ့် ပြည်သူလူထုနဲ့ပိုပြီးဝေးကွာလေပဲ။ ဒီလိုဆက်လုပ်မယ်ဆိုရင် ဘယ်သူတွေဘယ်လိုကျဆုံးသွားမယ်ဆိုတာ လက်တွေ့မှာမြင်နေရတာပဲလေ။ ပြည်သူထဲမှာနေပြီးတော့ ပြည်သူတွေလက်မခံတဲ့လုပ်ရပ်တွေလုပ်နေသမျှ ကာလပတ်လုံး ဘယ်လိုမှအောင်မြင်နိုင်စရာမရှိပါဘူး” သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှူဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၃ဝ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာတွင် ဆွမ်းတော်ကြီးကပ်ပွဲကျင်းပနေစဉ် PDF အဖွဲ့က သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အဲဒီရွာက အေးအေးချမ်းချမ်းပါပဲ။ ဆွမ်းတော်ကြီးကပ်လုပ်နေတာ။ အဲဒီမှာ ဆိုင်ကယ်တွေနဲ့ PDF ရောက်လာ တော့ အကုန်လုံးဝရုန်းသုန်း ကားနဲ့ပြေးတာမှာ သေနတ်နဲ့လှမ်းပစ်တာ။ ဘာမှမဆိုင်တဲ့ အမျိုးသမီးက ဆိုင်ကယ် စီးလာရင်းနဲ့ သေနတ်မှတ်သွားတာ။ တမင်လာပြီး ပစ်တယ်လို့ ပြောရမလိုပဲ။ ဆွမ်းတော်ကြီးကပ်လည်း မလုပ်ရတော့ဘူး။ တစ်ရွာလုံးကကြောက်ပြီး အိမ်ထဲကနေလည်းမထွက်ရဲကြဘူး။ မှန်သွားတဲ့အမျိုးသမီးကတော့ လည်ပင်းထိပြီးဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြိုနယ်၊ စံပါယ်ကုန်း ကျေးရွာအုပ်စု၊ ပဲ့ကန် ကျေးရွာအနီးတွင် ကျေးရွာလမ်းဖွင့်ပွဲကျင်းပနေစဉ် PDF အဖွဲ့က အကြောင်းမဲ့ဝင်ရောက် ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါဝင် (၈)ဦး သေဆုံးခဲ့ရကြောင်း သိရကြောင်း သိရသည်။
ထို့ပြင် အများပြည်သူဆိုင်ရာ ပွဲလမ်းများကို ကျင်းပခြင်း မပြုရန်၊ မသွားလာရန် PDF တို့က ပိတ်ပင်ခြင်းများ ရှိသော် လည်း နာမည်ကျော် တောင်ကြီး တန်ဆောင်တိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီး ယခု နှစ်ပွဲတော် လာသူအရေအတွက်မှာ ကိုဗစ်မတိုင်မီကာလက ပမာဏအထိ မြင့်တက်နေသည်။
“တောင်ကြီးတန်ဆောင်တိုင်ဆိုရင် အခုနှစ်လူတော်တော်ကိုစည်တာ။ အနုပညာရှင်တွေကို BC လုပ်တယ် ဘာညာနဲ့သာပြောနေတာ။ အဲဒီပွဲမှာ စိုင်းစိုင်းတို့ G Fatt တို့လာတောင်ဖျော်ဖြေနေသေးတယ်။ သူတို့ပြောတဲ့ BC က အောင်မှမအောင်မြင်တာ။ အဲဒီတော့ လုပ်လို့ရတဲ့နေရာတွေမှာ ပွဲတွေလုပ်တာကို မျက်မုန်းကျိုးနေတာလည်း ဖြစ်နိုင်တယ်” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။
သို့သော် PDF တို့က ၎င်းတို့မထိန်းချုပ်နိုင်သော ဒေသများက ပွဲတော်များကို နှောင့်ယှက် ဟန့်တားနေသော်လည်း ၎င်းတို့ ထိန်းချုပ်ရာ နေရာများတွင်မူ ပွဲလမ်းသဘင်များကို ကျင်းပ ခွင့်ပေးပြီး ပြည်သူများကို ဓားစာခံ လုပ်ခြင်းများ ရှိသည်။
ဥပမာအားဖြင့် သီတင်းကျွတ်ကာလ ကလည်း နိုင်ငံရေး ခေါင်းစဉ်တပ်ကာ မီးထွန်းပွဲများ လုပ်ခဲ့ပြီး PDF တို့က သာမန်ပြည်သူများ သဖွယ် ပူးပေါင်းပါဝင်ကာ ပြည်သူများအား လူသား တံတိုင်းလုပ်၍ ၎င်းတို့ ၏ ရပ်တည်ချက်ကို ပြသရန် ကြိုးပမ်းခဲ့ကြသည်။
“သူတို့ က ပွဲတော်လုပ်တယ်။ ပြီးတော့ PDF တွေ ပါနေတာပဲ။ သူတို့ နယ်မှာ ပွဲတွေ လုပ်ရင် ရတယ်။ ပြီးရင် သူတို့ PDF တွေက လုံခြုံရေး ယူတယ်။ အခုဆိုလည်း ကထိန်းခင်းတာ လုပ်နေတာပဲ။ ပြီးရင် တပ်မတော်က သတင်းရလို့ PDF တွေကို တိုက်ခိုက်တော့ကျ သာမန်ပြည်သူတွေ ထိတယ်ဆိုပြီး လုပ်ဦးမှာ။ ဒါလည်း လူသားတံတိုင်း တမျိုးပဲ” ဟု အညာဒေသမှ ဒေသခံ တစ်ဦးက ဆိုသည်။

Zawgyi Version:
မႏိုင္လွ်င္ႏိုင္ရာ လုပ္မည္ဆိုေသာသေဘာျဖင့္ PDF တို႔က ျပည္သူတို႔၏ ဘာသာေရးပြဲေတာ္မ်ားကို ေႏွာင့္ယွက္ျခင္းမ်ားရွိလာ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၃
မႏိုင္လွ်င္ႏိုင္ရာ လုပ္မည္ဆိုေသာသေဘာျဖင့္ PDF တို႔က ျပည္သူတို႔၏ ဘာသာေရးပြဲေတာ္မ်ားကို ေႏွာင့္ယွက္ျခင္း မ်ား ရွိလာေၾကာင္း NP News က ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
လက္ရွိပြင့္လင္းရာသီေရာက္ရွိလာၿပီးေနာက္ ျမန္မာျပည္အႏွံ႔တြင္ ကထိန္အလႉပြဲမ်ား၊ ဘုရားပြဲမ်ားႏွင့္ ဘာသာ ေရးႏွင့္ သက္ဆိုင္ေသာပြဲေတာ္မ်ားကို က်င္းပေနသည့္ကာလျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ကာလတြင္က်င္းပေသာ ပြဲေတာ္မ်ားကို ျမန္မာျပည္ေအာက္ပိုင္းႏွင့္ အလယ္ပိုင္းေဒသမ်ားတြင္ အမ်ားဆုံး ေတြ႕ျမင္ရၿပီး ယင္းေဒသကို အေျချပဳလႈပ္ရွားသည့္ PDF မ်ားကို တပ္မေတာ္က အရွိန္ျမႇင့္ ေခ်မႈန္းေနရာ PDF တို႔က ေတာ္လွန္ေရးဆိုေသာ ေခါင္းစဥ္ကို အကာအကြယ္ယူကာ ေႏွာင့္ယွက္ဖ်က္ ဆီးျခင္းမ်ားကို လုပ္ေဆာင္လာသည္ ကိုေတြ႕ျမင္ရေၾကာင္း သိရသည္။
“ေခါင္းစဥ္တစ္ခုတပ္ၿပီး ေတာ္လွန္ေရးလုပ္တာမွာ မေအာင္ျမင္တဲ့အခ်ိန္မွာ အၾကမ္းဖက္မႈဆိုတဲ့လမ္းေၾကာင္းေပၚ ေရာက္သြားမွာ။ မႏိုင္ရင္ႏိုင္ရာလုပ္မယ္ဆိုတဲ့ စိတ္ေတြေပၚလာမွာပဲ။ အဲဒီလိုလုပ္ေလေလ အေျခခံအားယူရမယ့္ ျပည္သူလူထုနဲ႔ပိုၿပီးေဝးကြာေလပဲ။ ဒီလိုဆက္လုပ္မယ္ဆိုရင္ ဘယ္သူေတြဘယ္လိုက်ဆုံးသြားမယ္ဆိုတာ လက္ေတြ႕မွာျမင္ေနရတာပဲေလ။ ျပည္သူထဲမွာေနၿပီးေတာ့ ျပည္သူေတြလက္မခံတဲ့လုပ္ရပ္ေတြလုပ္ေနသမွ် ကာလပတ္လုံး ဘယ္လိုမွေအာင္ျမင္ႏိုင္စရာမရွိပါဘူး” ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ အမႉေဆာင္ ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ေျပာသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃ဝ ရက္ကလည္း ပဲခူးတိုင္းေဒသႀကီး၊ နတ္တလင္းခ႐ိုင္၊ သဲကုန္းၿမိဳ႕နယ္၊ ကြင္းႀကီးေက်း႐ြာတြင္ ဆြမ္းေတာ္ႀကီးကပ္ပြဲက်င္းပေနစဥ္ PDF အဖြဲ႕က ေသနတ္ျဖင့္ ဝင္ေရာက္ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားခဲ့ရေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။
“အဲဒီ႐ြာက ေအးေအးခ်မ္းခ်မ္းပါပဲ။ ဆြမ္းေတာ္ႀကီးကပ္လုပ္ေနတာ။ အဲဒီမွာ ဆိုင္ကယ္ေတြနဲ႔ PDF ေရာက္လာ ေတာ့ အကုန္လုံးဝ႐ုန္းသုန္း ကားနဲ႔ေျပးတာမွာ ေသနတ္နဲ႔လွမ္းပစ္တာ။ ဘာမွမဆိုင္တဲ့ အမ်ိဳးသမီးက ဆိုင္ကယ္ စီးလာရင္းနဲ႔ ေသနတ္မွတ္သြားတာ။ တမင္လာၿပီး ပစ္တယ္လို႔ ေျပာရမလိုပဲ။ ဆြမ္းေတာ္ႀကီးကပ္လည္း မလုပ္ရေတာ့ဘူး။ တစ္႐ြာလုံးကေၾကာက္ၿပီး အိမ္ထဲကေနလည္းမထြက္ရဲၾကဘူး။ မွန္သြားတဲ့အမ်ိဳးသမီးကေတာ့ လည္ပင္းထိၿပီးဆုံးသြားတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၆ ရက္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳနယ္၊ စံပါယ္ကုန္း ေက်း႐ြာအုပ္စု၊ ပဲ့ကန္ ေက်း႐ြာအနီးတြင္ ေက်း႐ြာလမ္းဖြင့္ပြဲက်င္းပေနစဥ္ PDF အဖြဲ႕က အေၾကာင္းမဲ့ဝင္ေရာက္ ပစ္ခတ္မႈေၾကာင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး အပါဝင္ (၈)ဦး ေသဆုံးခဲ့ရေၾကာင္း သိရေၾကာင္း သိရသည္။
ထို႔ျပင္ အမ်ားျပည္သူဆိုင္ရာ ပြဲလမ္းမ်ားကို က်င္းပျခင္း မျပဳရန္၊ မသြားလာရန္ PDF တို႔က ပိတ္ပင္ျခင္းမ်ား ရွိေသာ္ လည္း နာမည္ေက်ာ္ ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပေနၿပီး ယခု ႏွစ္ပြဲေတာ္ လာသူအေရအတြက္မွာ ကိုဗစ္မတိုင္မီကာလက ပမာဏအထိ ျမင့္တက္ေနသည္။
“ေတာင္ႀကီးတန္ေဆာင္တိုင္ဆိုရင္ အခုႏွစ္လူေတာ္ေတာ္ကိုစည္တာ။ အႏုပညာရွင္ေတြကို BC လုပ္တယ္ ဘာညာနဲ႔သာေျပာေနတာ။ အဲဒီပြဲမွာ စိုင္းစိုင္းတို႔ G Fatt တို႔လာေတာင္ေဖ်ာ္ေျဖေနေသးတယ္။ သူတို႔ေျပာတဲ့ BC က ေအာင္မွမေအာင္ျမင္တာ။ အဲဒီေတာ့ လုပ္လို႔ရတဲ့ေနရာေတြမွာ ပြဲေတြလုပ္တာကို မ်က္မုန္းက်ိဳးေနတာလည္း ျဖစ္ႏိုင္တယ္” ဟု ေတာင္ႀကီးၿမိဳ႕ခံတစ္ဦးက ေျပာသည္။
သို႔ေသာ္ PDF တို႔က ၎တို႔မထိန္းခ်ဳပ္ႏိုင္ေသာ ေဒသမ်ားက ပြဲေတာ္မ်ားကို ေႏွာင့္ယွက္ ဟန႔္တားေနေသာ္လည္း ၎တို႔ ထိန္းခ်ဳပ္ရာ ေနရာမ်ားတြင္မူ ပြဲလမ္းသဘင္မ်ားကို က်င္းပ ခြင့္ေပးၿပီး ျပည္သူမ်ားကို ဓားစာခံ လုပ္ျခင္းမ်ား ရွိသည္။
ဥပမာအားျဖင့္ သီတင္းကြၽတ္ကာလ ကလည္း ႏိုင္ငံေရး ေခါင္းစဥ္တပ္ကာ မီးထြန္းပြဲမ်ား လုပ္ခဲ့ၿပီး PDF တို႔က သာမန္ျပည္သူမ်ား သဖြယ္ ပူးေပါင္းပါဝင္ကာ ျပည္သူမ်ားအား လူသား တံတိုင္းလုပ္၍ ၎တို႔ ၏ ရပ္တည္ခ်က္ကို ျပသရန္ ႀကိဳးပမ္းခဲ့ၾကသည္။
“သူတို႔ က ပြဲေတာ္လုပ္တယ္။ ၿပီးေတာ့ PDF ေတြ ပါေနတာပဲ။ သူတို႔ နယ္မွာ ပြဲေတြ လုပ္ရင္ ရတယ္။ ၿပီးရင္ သူတို႔ PDF ေတြက လုံၿခဳံေရး ယူတယ္။ အခုဆိုလည္း ကထိန္းခင္းတာ လုပ္ေနတာပဲ။ ၿပီးရင္ တပ္မေတာ္က သတင္းရလို႔ PDF ေတြကို တိုက္ခိုက္ေတာ့က် သာမန္ျပည္သူေတြ ထိတယ္ဆိုၿပီး လုပ္ဦးမွာ။ ဒါလည္း လူသားတံတိုင္း တမ်ိဳးပဲ” ဟု အညာေဒသမွ ေဒသခံ တစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.