သမ္မတ ထရမ့်က မွတ်စလင်ဘရားသားဟုဒ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖွယ်ရှိ

 146

Htay Oung (NPNews) - နိုဝင်ဘာလ ၂၇

ဘရားသားဟုဒ်” လို့ လူသိများတဲ့ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ရဲ့ ဌာနခွဲအချို့ကို အကြမ်းဖက်အဖွဲ့အ စည်းများအဖြစ် သတ်မှတ်သင့်-မသင့် လေ့လာရန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ထိပ်တန်းလက်ထောက် အ ရာရှိကြီးများကို တနင်္လာနေ့မှာ အမိန့်ပေးလိုက်တယ်လို့ BBC (25 November 2025) က ရေးပါတယ်။

အီဂျစ်၊ လက်ဘနွန်-ဂျော်ဒန်နိုင်ငံရှိ အဲ့ဒီအဖွဲ့တွေဟာ ဟားမတ်စ်တို့နဲ့ ဆက်နွယ်မှုရှိပြီး အမေရိကန်နိုင်ငံသား များနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေ ကြောင်း စွပ်စွဲချက်များအရ သမ္မတထရမ့်က ခုလို ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်စ်ဆင့်တို့ဟာ ရှေ့နေချုပ် ပမ်ဘွန်ဒီ- အမျိုး သားထောက်လှမ်းရေး ညွှန်ကြားရေးမှူး တူလ်စီ ဂက်ဘတ်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီး အစီရင်ခံ တင်သွင်းဖို့ ရှိနေ ပါတယ်။ အတည်ပြု မယ်ဆိုရင် အဲ့ဒီ အဖွဲ့တွေအနေနဲ့ ခရီးသွားလာခွင့် ပိတ်ပင်ခံရခြင်း၊ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများနဲ့ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် တားမြစ်ခံရခြင်းတို့ကို ရင်ဆိုင်ရဖွယ်ရှိပါတယ်။

အစီရင်ခံစာကို ရက် ၃၀ အတွင်း အပြီးတင်သွင်းမှာဖြစ်တဲ့အတွက် စုစုပေါင်း ရက် ၄၅ ရက် အကြာမှာ အဲ့ဒီ အ ရေးယူမှုများ ဖြစ်ပေါ်လာပါလိမ့်မယ်။ မွတ်စလင်ဘရားသားဟုဒ် များအဖွဲ့ကို အီဂျစ်နဲ့ ဂျော်ဒန်တို့မှာ ပိတ်ပင် ထားပြီးဖြစ်ပါတယ်။ ဧပြီလတုန်းက ဂျော်ဒန်နိုင်ငံဟာ ရော့ကက်နဲ့ ဒရုန်းတိုက်ခိုက်မှုများကို စီစဉ်နေတယ်လို့ သံသယရှိသူများကို ဖမ်းဆီးပြီးနောက် ဘရားသားဟုဒ်အဖွဲ့ကို ပိတ်ပင်ခဲ့ပါတယ်။ ပထမသက်တမ်းတုန်းက သမ္မတ ထရမ့်ဟာ အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်-စီစီနဲ့ တွေ့ ဆုံပြီးနောက် ဘရားသားဟုဒ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ဖို့ စဉ်းစားခဲ့ဖူးပါတယ်။ အီဂျစ်နဲ့ အာရပ်နိုင်ငံအတော်များများ မှာ ဘရားသားဟုဒ်ကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေငြာထားပြီး မွတ်စလင်အများးစု တိုင်းပြည်အစိုးရတွေ ကလည်း ဘရားသားဟုဒ်တွေကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

ဘရားသားဟုဒ်များအဖွဲ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ နီးပါးက အီဂျစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း မှာ ဒေသတွင်းဌာနခွဲတွေ ရှိပါတယ်။ ခေတ်ကာလတလျောက် ဘရားသားဟုဒ်များဟာ ကွဲပြားတဲ့အမြင်နဲ့ တင်း မာတဲ့ သဘောထားရှိကြပါတယ်။ ရည်ရွယ်ချက်တစ်ခုကတော့ အစ္စလာမ် ရှာရီယာဥပဒေအတိုင်း အုပ်ချုပ်စီရင် တဲ့ တိုင်းပြည်ဖန်တီးရေးဖြစ်ပါတယ်။

( မွတ်စလင်ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးအဖွဲ့အစည်း ၂-ခုရှိတယ်လို့ ဆိုစမှတ်ပြုပါတယ်။ တစ်ခုမှာ “ဂျီဟတ်အရေးတော်ပုံအဖွဲ့” ဖြစ်ပြီး နောက်တစ်ခုမှာ “ဘရားသားဟုဒ်များ” ဖြစ်ပါတယ်။ မွတ်စလင်အများစု တိုင်းပြည်တွေမှာ ပြည်တွင်း မငြိမ်သက်မှုများနဲ့ အစွန်းရောက်အကြမ်းဖက်မှုများကို ဖန်တီးလေ့ရှိတဲ့အတွက် သူတို့ အစိုးရတွေက ပိုကြောက်ကြပါတယ်။

ယနေ့ခေတ် အာရှမှ အာဖရိကအထိ ပျံ့နှံ့နေတဲ့ “အယ်လ်ကိုင်ဒါအကြမ်းဖက်ကွန်ရက်” ကို စတင်ထူထောင်သူ “အိုစမာဘင်လာဒင်” ရဲ့ ဆရာသမားရင်း “အဗ္ဗဒူလာ ယူဆွတ်အာဇန်” မှာ ဂျော်ဒန်ဘရားသားဟုဒ်ဖြစ်ပြီး သူ တို့လောကမှာ ဂျီဟတ်ကဝိတစ်ဆူအဖြစ် သတ်မှတ်ခြင်းခံရသူဖြစ်ပါတယ်။ အိုစမာ သေဆုံးပြီးနောက် အယ်လ် ကိုင်ဒါအဖွဲ့ ခေါင်းဆောင်နေရာ ဆက်ခံသူ “ အေမန် အယ်လ်ဇာဝါဟီရီ” မှာ “အီဂျစ် ဂျီဟတ်အရေးတော်ပုံ” အ ဖွဲ့မှ ဖြစ်ပါတယ်။ ဘင်လာဒင်ဟာ ဆော်ဒီတက္ကသိုလ် နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ယူခဲ့ဖူးသူ ခေတ်ပညာ တတ်ဖြစ်ပြီး အယ်လ်ဇာဝါဟီရီမှာ အီဂျစ်ခွဲစိတ်ကု ဆရာဝန်ကြီးဖြစ်ပါတယ်။ သူတို့ကလွဲလျင် အခြား တာလီ ဘန်- ISIS အိုင်စစ် စသည့် သဘောထားတင်းမာသူ အစ္စလာမ်မစ်ခေါင်းဆောင်များမှာ ၎င်းတို့ဘာသာရေး တက္ကသိုလ်များမှ ပါရဂူဘွဲ့အထိ ရရှိကြသူများဖြစ်ပေမယ့် အတန်းကျောင်း မနေဖူးကြပါ။

အယ်လ်ကိုင်ဒါ-အိုင်စစ်-တာလီဘန်တို့ရဲ့ ထူးခြားချက်မှာ ကျမ်းစာနဲ့ “ဟာဒီး” နှုတ်ကပတ်တော်များကို အ ဓိပ္ပါယ်ဖွင့်ဆိုရာမှာ အခြား မွတ်စလင်များစုရဲ့ သင်ကြား/သင်ယူချက်နဲ့ မတူညီခြင်း ဖြစ်ဖွယ်ရှိပါတယ်။ ယနေ့ အာဖရိကအနောက်ပိုင်း နိုင်ငံများအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ လက်ရှိ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် အိမ်နီးချင်း ၂-နိုင်ငံကြား သွေးထွက်သံယို ပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်းကို လေ့လာလျင် မိတ်ဆွေအချို့ ငြင်းခုန်နေကြတဲ့ “ အစ္စလာမ်မိုက်ဇေးရှင်း” အမှန်ကို နားလည်ဖွယ်ရှိပါတယ်။)
..
#HtayOung #OungMarine
===

zawgyi version

သမၼတ ထရမ့္က မြတ္စလင္ဘရားသားဟုဒ္ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ဖြယ္ရွိ။ ဂ်ီဟတ္နဲ႔ အစၥလာမ္မိုက္ေဇးရွင္း
Htay Oung (NPNews) - ႏိုဝင္ဘာလ ၂၇
“ဘရားသားဟုဒ္” လို႔ လူသိမ်ားတဲ့ မြတ္စလင္ညီအစ္ကိုေတာ္မ်ားအဖြဲ႕ရဲ႕ ဌာနခြဲအခ်ိဳ႕ကို အၾကမ္းဖက္အဖြဲ႕အ စည္းမ်ားအျဖစ္ သတ္မွတ္သင့္-မသင့္ ေလ့လာရန္ သမၼတ ေဒၚနယ္ထရမ့္က သူ႔ရဲ႕ ထိပ္တန္းလက္ေထာက္ အ ရာရွိႀကီးမ်ားကို တနလၤာေန႔မွာ အမိန႔္ေပးလိုက္တယ္လို႔ BBC (25 November 2025) က ေရးပါတယ္။

အီဂ်စ္၊ လက္ဘႏြန္-ေဂ်ာ္ဒန္ႏိုင္ငံရွိ အဲ့ဒီအဖြဲ႕ေတြဟာ ဟားမတ္စ္တို႔နဲ႔ ဆက္ႏြယ္မႈရွိၿပီး အေမရိကန္ႏိုင္ငံသား မ်ားနဲ႔ အေမရိကန္ျပည္ေထာင္စုရဲ႕ အက်ိဳးစီးပြားကို ထိခိုက္ႏိုင္တဲ့ ေဒသတြင္း မတည္ၿငိမ္မႈမ်ားကို ျဖစ္ေပၚေစ ေၾကာင္း စြပ္စြဲခ်က္မ်ားအရ သမၼတထရမ့္က ခုလို ၫႊန္ၾကားလိုက္ျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မာကို ႐ူဘီယို၊ ဘ႑ာေရးဝန္ႀကီး စေကာ့ဘက္စ္ဆင့္တို႔ဟာ ေရွ႕ေနခ်ဳပ္ ပမ္ဘြန္ဒီ- အမ်ိဳး သားေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉး တူလ္စီ ဂက္ဘတ္တို႔နဲ႔ တိုင္ပင္ေဆြးေႏြးၿပီး အစီရင္ခံ တင္သြင္းဖို႔ ရွိေန ပါတယ္။ အတည္ျပဳ မယ္ဆိုရင္ အဲ့ဒီ အဖြဲ႕ေတြအေနနဲ႔ ခရီးသြားလာခြင့္ ပိတ္ပင္ခံရျခင္း၊ စီးပြားေရးဒဏ္ခတ္ ပိတ္ဆို႔မႈမ်ားနဲ႔ အေမရိကန္ႏိုင္ငံအတြင္း ဝင္ေရာက္ခြင့္ တားျမစ္ခံရျခင္းတို႔ကို ရင္ဆိုင္ရဖြယ္ရွိပါတယ္။

အစီရင္ခံစာကို ရက္ ၃၀ အတြင္း အၿပီးတင္သြင္းမွာျဖစ္တဲ့အတြက္ စုစုေပါင္း ရက္ ၄၅ ရက္ အၾကာမွာ အဲ့ဒီ အ ေရးယူမႈမ်ား ျဖစ္ေပၚလာပါလိမ့္မယ္။ မြတ္စလင္ဘရားသားဟုဒ္ မ်ားအဖြဲ႕ကို အီဂ်စ္နဲ႔ ေဂ်ာ္ဒန္တို႔မွာ ပိတ္ပင္ ထားၿပီးျဖစ္ပါတယ္။ ဧၿပီလတုန္းက ေဂ်ာ္ဒန္ႏိုင္ငံဟာ ေရာ့ကက္နဲ႔ ဒ႐ုန္းတိုက္ခိုက္မႈမ်ားကို စီစဥ္ေနတယ္လို႔ သံသယရွိသူမ်ားကို ဖမ္းဆီးၿပီးေနာက္ ဘရားသားဟုဒ္အဖြဲ႕ကို ပိတ္ပင္ခဲ့ပါတယ္။ ပထမသက္တမ္းတုန္းက သမၼတ ထရမ့္ဟာ အီဂ်စ္သမၼတ အဗၺဒယ္ ဖာတာ အယ္လ္-စီစီနဲ႔ ေတြ႕ ဆုံၿပီးေနာက္ ဘရားသားဟုဒ္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အစည္းတစ္ခုအျဖစ္ သတ္မွတ္ဖို႔ စဥ္းစားခဲ့ဖူးပါတယ္။ အီဂ်စ္နဲ႔ အာရပ္ႏိုင္ငံအေတာ္မ်ားမ်ား မွာ ဘရားသားဟုဒ္ကို တရားမဝင္အဖြဲ႕အစည္းအျဖစ္ ေၾကျငာထားၿပီး မြတ္စလင္အမ်ားးစု တိုင္းျပည္အစိုးရေတြ ကလည္း ဘရားသားဟုဒ္ေတြကို ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္ၾကပါတယ္။

ဘရားသားဟုဒ္မ်ားအဖြဲ႕ကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁ဝဝ နီးပါးက အီဂ်စ္မွာ စတင္တည္ေထာင္ခဲ့ၿပီး ကမာၻတစ္ဝွမ္း မွာ ေဒသတြင္းဌာနခြဲေတြ ရွိပါတယ္။ ေခတ္ကာလတေလ်ာက္ ဘရားသားဟုဒ္မ်ားဟာ ကြဲျပားတဲ့အျမင္နဲ႔ တင္း မာတဲ့ သေဘာထားရွိၾကပါတယ္။ ရည္႐ြယ္ခ်က္တစ္ခုကေတာ့ အစၥလာမ္ ရွာရီယာဥပေဒအတိုင္း အုပ္ခ်ဳပ္စီရင္ တဲ့ တိုင္းျပည္ဖန္တီးေရးျဖစ္ပါတယ္။

( မြတ္စလင္ကမာၻမွာ ေၾကာက္စရာအေကာင္းဆုံးအဖြဲ႕အစည္း ၂-ခုရွိတယ္လို႔ ဆိုစမွတ္ျပဳပါတယ္။ တစ္ခုမွာ “ဂ်ီဟတ္အေရးေတာ္ပုံအဖြဲ႕” ျဖစ္ၿပီး ေနာက္တစ္ခုမွာ “ဘရားသားဟုဒ္မ်ား” ျဖစ္ပါတယ္။ မြတ္စလင္အမ်ားစု တိုင္းျပည္ေတြမွာ ျပည္တြင္း မၿငိမ္သက္မႈမ်ားနဲ႔ အစြန္းေရာက္အၾကမ္းဖက္မႈမ်ားကို ဖန္တီးေလ့ရွိတဲ့အတြက္ သူတို႔ အစိုးရေတြက ပိုေၾကာက္ၾကပါတယ္။

ယေန႔ေခတ္ အာရွမွ အာဖရိကအထိ ပ်ံ႕ႏွံ႔ေနတဲ့ “အယ္လ္ကိုင္ဒါအၾကမ္းဖက္ကြန္ရက္” ကို စတင္ထူေထာင္သူ “အိုစမာဘင္လာဒင္” ရဲ႕ ဆရာသမားရင္း “အဗၺဒူလာ ယူဆြတ္အာဇန္” မွာ ေဂ်ာ္ဒန္ဘရားသားဟုဒ္ျဖစ္ၿပီး သူ တို႔ေလာကမွာ ဂ်ီဟတ္ကဝိတစ္ဆူအျဖစ္ သတ္မွတ္ျခင္းခံရသူျဖစ္ပါတယ္။ အိုစမာ ေသဆုံးၿပီးေနာက္ အယ္လ္ ကိုင္ဒါအဖြဲ႕ ေခါင္းေဆာင္ေနရာ ဆက္ခံသူ “ ေအမန္ အယ္လ္ဇာဝါဟီရီ” မွာ “အီဂ်စ္ ဂ်ီဟတ္အေရးေတာ္ပုံ” အ ဖြဲ႕မွ ျဖစ္ပါတယ္။ ဘင္လာဒင္ဟာ ေဆာ္ဒီတကၠသိုလ္ ႏိုင္ငံေရးသိပၸံဘာသာရပ္သင္ယူခဲ့ဖူးသူ ေခတ္ပညာ တတ္ျဖစ္ၿပီး အယ္လ္ဇာဝါဟီရီမွာ အီဂ်စ္ခြဲစိတ္ကု ဆရာဝန္ႀကီးျဖစ္ပါတယ္။ သူတို႔ကလြဲလ်င္ အျခား တာလီ ဘန္- ISIS အိုင္စစ္ စသည့္ သေဘာထားတင္းမာသူ အစၥလာမ္မစ္ေခါင္းေဆာင္မ်ားမွာ ၎တို႔ဘာသာေရး တကၠသိုလ္မ်ားမွ ပါရဂူဘြဲ႕အထိ ရရွိၾကသူမ်ားျဖစ္ေပမယ့္ အတန္းေက်ာင္း မေနဖူးၾကပါ။

အယ္လ္ကိုင္ဒါ-အိုင္စစ္-တာလီဘန္တို႔ရဲ႕ ထူးျခားခ်က္မွာ က်မ္းစာနဲ႔ “ဟာဒီး” ႏႈတ္ကပတ္ေတာ္မ်ားကို အ ဓိပၸါယ္ဖြင့္ဆိုရာမွာ အျခား မြတ္စလင္မ်ားစုရဲ႕ သင္ၾကား/သင္ယူခ်က္နဲ႔ မတူညီျခင္း ျဖစ္ဖြယ္ရွိပါတယ္။ ယေန႔ အာဖရိကအေနာက္ပိုင္း ႏိုင္ငံမ်ားအတြင္း အၾကမ္းဖက္တိုက္ခိုက္မႈမ်ားနဲ႔ လက္ရွိ အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္ အိမ္နီးခ်င္း ၂-ႏိုင္ငံၾကား ေသြးထြက္သံယို ပဋိပကၡျဖစ္ရျခင္း အေၾကာင္းရင္းကို ေလ့လာလ်င္ မိတ္ေဆြအခ်ိဳ႕ ျငင္းခုန္ေနၾကတဲ့ “ အစၥလာမ္မိုက္ေဇးရွင္း” အမွန္ကို နားလည္ဖြယ္ရွိပါတယ္။)
..
#HtayOung #OungMarine
===

Related news

© 2021. All rights reserved.