တီကျစ်ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ပြီးစီးပြီဖြစ်၍ ယခင်ထုတ်လုပ်မှုထက် ၃၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်ပေးနိုင်မည်

 162

Pearl (NP News)- နိုဝင်ဘာ ၂၇

တီကျစ်ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ပြီးစီးပြီဖြစ်၍ ယခင်ထုတ်လုပ်မှုထက် ၃၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင် စန်းက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၆ရက်) က ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အား ပေးစက်ရုံ၌ ကျင်းပသော တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီး သွေး အခြောက်ခံစက်ဖွင့်ပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖွင့်ပွဲတွင် အခြောက်ခံစက်အသုံးပြုခြင်းဖြင့် အပူစွမ်းအင်ထုတ်လုပ်မှုပိုမိုမြှင့်တင်နိုင်ပြီး လျှပ်စစ်ထုတ်လုပ်မှုစွမ်းရည် တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာ များ အသုံးပြု၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကို လျော့နည်း စေသော လျှပ်စစ်ဓာတ်အားများစွာကို စီးပွားရေးတွက်ခြေကိုက်စွာ လက်တွေ့ကျကျ ထုတ်လုပ်ရန်ပြည်ထောင်စုဝန်ကြီး ဦးတင်အောင် စန်းက ပြောကြားခဲ့သည်။

ယင်းသည် “အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်နှင့်စွမ်းအင်များ ထုတ်ယူသုံးစွဲရာတွင် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စီမံဆောင်ရွက်ရန်” ဆိုသည့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံအား ပထမအဆင့် အကြီးစားပြင်ဆင်ခြင်းများ ဆောင်ရွက်ကာ ဓာတ်အား ၉၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးလျက်ရှိပြီး ယခုဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ပြီးစီးပြီဖြစ်၍ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်သောကြောင့် ယခင်ထုတ်လုပ်မှုထက် ၃၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်ပေးနိုင်သဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရရှိနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ကာလတို/ ကာလလတ်/ ကာလရှည်အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။

ကျောက်မီး သွေးလောင်စာအသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်းသည် နိုင်ငံတော်ဓာတ်အားစနစ်အတွက် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်သော်လည်း လက်ရှိမြန်မာနိုင်ငံတွင် ကျောက်မီးသွေးအသုံးပြုပြီး ဓာတ်အားထုတ်လုပ်လျက်ရှိသည့် ပမာဏသည် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဒေသတွင်းနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါကနည်းပါးလျက်ရှိ ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး သယံဇာတများစွာရှိသည့်အနက် ဆပ်ဘစ်တူးမင်းနပ်စ် (Sub-bituminous) အမျိုး အစားကျောက်မီးသွေးများအားအများဆုံး တွေ့ရှိရကြောင်း နှင့် နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို တိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:
တီက်စ္ေက်ာက္မီးေသြးအေျခာက္ခံစက္ တည္ေဆာက္ၿပီးစီးၿပီျဖစ္၍ ယခင္ထုတ္လုပ္မႈထက္ ၃၀ မဂၢါဝပ္ တိုးတက္ထုတ္လုပ္ေပးႏိုင္မည္
Pearl (NP News)- ႏိုဝင္ဘာ ၂၇

တီက်စ္ေက်ာက္မီးေသြးအေျခာက္ခံစက္ တည္ေဆာက္ၿပီးစီးၿပီျဖစ္၍ ယခင္ထုတ္လုပ္မႈထက္ ၃၀ မဂၢါဝပ္ တိုးတက္ထုတ္လုပ္ေပးႏိုင္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန (၁) ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္ စန္းက ေျပာသည္။

ယမန္ေန႔ (ႏိုဝင္ဘာ ၂၆ရက္) က ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္ေလာင္းၿမိဳ႕နယ္ရွိ တီက်စ္ေက်ာက္မီးေသြးသုံး ေရေႏြးေငြ႕ ဓာတ္အား ေပးစက္႐ုံ၌ က်င္းပေသာ တီက်စ္ေက်ာက္မီးေသြးသုံးေရေႏြးေငြ႕ ဓာတ္အားေပးစက္႐ုံ၏ ဒုတိယအဆင့္ ေက်ာက္မီး ေသြး အေျခာက္ခံစက္ဖြင့္ပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဖြင့္ပြဲတြင္ အေျခာက္ခံစက္အသုံးျပဳျခင္းျဖင့္ အပူစြမ္းအင္ထုတ္လုပ္မႈပိုမိုျမႇင့္တင္ႏိုင္ၿပီး လွ်ပ္စစ္ထုတ္လုပ္မႈစြမ္းရည္ တိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ အဆင့္ျမင့္နည္းပညာ မ်ား အသုံးျပဳ၍ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစသည့္ ဓာတ္ေငြ႕ထုတ္လႊတ္ျခင္းကို ေလ်ာ့နည္း ေစေသာ လွ်ပ္စစ္ဓာတ္အားမ်ားစြာကို စီးပြားေရးတြက္ေျခကိုက္စြာ လက္ေတြ႕က်က် ထုတ္လုပ္ရန္ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္ စန္းက ေျပာၾကားခဲ့သည္။

ယင္းသည္ “အရင္းအျမစ္မ်ိဳးစုံမွ လွ်ပ္စစ္ႏွင့္စြမ္းအင္မ်ား ထုတ္ယူသုံးစြဲရာတြင္ အက်ိဳးရွိထိေရာက္စြာ သုံးစြဲႏိုင္ေရးႏွင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈ အနည္းဆုံးျဖစ္ေစေရး စီမံေဆာင္႐ြက္ရန္” ဆိုသည့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္၏ လုပ္ငန္းတာဝန္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းလည္းထည့္သြင္းေျပာၾကားခဲ့သည္။

လက္ရွိတြင္ တီက်စ္ေက်ာက္မီးေသြးသုံး ေရေႏြးေငြ႕ ဓာတ္အားေပးစက္႐ုံအား ပထမအဆင့္ အႀကီးစားျပင္ဆင္ျခင္းမ်ား ေဆာင္႐ြက္ကာ ဓာတ္အား ၉၀ မဂၢါဝပ္ထုတ္လုပ္ေပးလ်က္ရွိၿပီး ယခုဒုတိယအဆင့္ ေက်ာက္မီးေသြးအေျခာက္ခံစက္ တည္ေဆာက္ၿပီးစီးၿပီျဖစ္၍ ၁၂၀ မဂၢါဝပ္ထုတ္လုပ္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ယခင္ထုတ္လုပ္မႈထက္ ၃၀ မဂၢါဝပ္ တိုးတက္ထုတ္လုပ္ေပးႏိုင္သျဖင့္ ျပည္သူမ်ား လွ်ပ္စစ္ဓာတ္အား ပိုမိုသုံးစြဲရရွိႏိုင္မည္ ျဖစ္ေၾကာင္းလည္း ေျပာၾကားသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အတြင္း လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ ဓာတ္အားေပးစက္႐ုံ စီမံကိန္းမ်ားကို ကာလတို/ ကာလလတ္/ ကာလရွည္အစီအမံမ်ားခ်မွတ္ၿပီး ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ ျပည္တြင္း/ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကိုလည္း ဖိတ္ေခၚေဆာင္႐ြက္လ်က္ရွိေၾကာင္းေျပာၾကားခဲ့သည္။

ေက်ာက္မီး ေသြးေလာင္စာအသုံးျပဳ၍ ဓာတ္အားထုတ္လုပ္ျခင္းသည္ ႏိုင္ငံေတာ္ဓာတ္အားစနစ္အတြက္ တည္ၿငိမ္ေသာ လွ်ပ္စစ္ဓာတ္အားကို ထုတ္လုပ္ေပးႏိုင္ေသာ္လည္း လက္ရွိျမန္မာႏိုင္ငံတြင္ ေက်ာက္မီးေသြးအသုံးျပဳၿပီး ဓာတ္အားထုတ္လုပ္လ်က္ရွိသည့္ ပမာဏသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ အာဆီယံေဒသတြင္းႏိုင္ငံတို႔ႏွင့္ ႏႈိင္းယွဥ္ပါကနည္းပါးလ်က္ရွိ ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ေက်ာက္မီးေသြး သယံဇာတမ်ားစြာရွိသည့္အနက္ ဆပ္ဘစ္တူးမင္းနပ္စ္ (Sub-bituminous) အမ်ိဳး အစားေက်ာက္မီးေသြးမ်ားအားအမ်ားဆုံး ေတြ႕ရွိရေၾကာင္း ႏွင့္ ႏိုင္ငံေတာ္၏ လွ်ပ္စစ္ႏွင့္ စြမ္းအင္လိုအပ္ခ်က္ကို ျပည့္မီစြာ ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ ေက်ာက္မီးေသြးသုံး ဓာတ္အားေပးစက္႐ုံမ်ားကို တိုးျမႇင့္ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.