UWSA ထိန်းချုပ်ရာဒေသများတွင် မြေရှားထုတ်လုပ်သော လုပ်ကွက်ပမာဏ ပိုများလာနေ

 815

သက်ပိုင် (NP News)-နိုဝင်ဘာ ၃
UWSA ထိန်းချုပ်ရာ ဒေသများတွင် မြေရှားထုတ်လုပ်သော လုပ်ကွက်ပမာဏ ပိုများလာနေ ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က အစဉ်တစိုက် ထုတ်ပြန်ထားသောအချက်အလက်များ အရ သိရသည်။
မြေရှားကို လက်ရှိတွင် KIA က၎င်းတို့ထိန်းချုပ်ရာဒေသတွင် ကျယ်ကျယ်ပြန့်ပြန် လုပ်ကိုင်ခွင့်ပြု နေပြီး ယခုအခါ UWSA ကလည်း မြေရှားကို တိုးချဲ့ထုတ်ယူရန် ကြိုးပမ်းလာနေခြင်းဖြစ်သည်။ မြန်မာ - ထိုင်း နယ်စပ်အနီးရှိ UWSA ထိန်းချုပ်ရာ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ် တောင်ပိုင်း၊ မိုင်းယွန်း ဒေသရှိ နမ့်ခုတ်မြစ်တစ်လျှောက်တွင် မြေရှားသတ္တုနှင့် ရွှေသတ္တုတွင်းများတိုးချဲ့လာသည်ကို တွေ့ရှိရ ကြောင်း SHRF က ကောင်းကင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
(၂၀၂၅) ခုနှစ် မေလ (၆) ရက်ကရိုက်ကူးခဲ့သော နမ့်ခုတ်မြစ်အနောက်ဘက်ခြမ်းရှိ မြေရှား သတ္တု တွင်း၏ ဂြိုဟ်တုဓာတ်ပုံတွင် စက်ဝိုင်းပုံ သန့်စင်ကန်များကို တည်ဆောက်ဆဲအဖြစ် တွေ့ခဲ့ရကြောင်းနှင့် ဤသတ္တုတွင်း၏ နောက်ဆုံးဓာတ်ပုံတွင်မူ ယင်းကန်များ တည်ဆောက်ပြီးစီးသွားပြီး အနက်ရောင် အမိုး များဖြင့် ဖုံးအုပ်ထားသည်ကို ပြသနေကြောင်း SHRF ကဆိုသည်။
ယခုကဲ့သို့ မြေရှားနှင့်သတ္တုတူးဖော်မှုများကြောင့် နမ့်ခုတ်ချောင်းတစ်လျှောက်နှင့် ယင်းပတ်ဝန်း ကျင်ဒေသတစ်ခုလုံးရှိ ဂေဟနစ်တစ်ခုလုံးသည် အဆိုးရွားဆုံးအခြေအနေကို ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ယင်းဒေသရှိ သက်ရှိမျိုးစိတ်များအတွက် ရေ ရှည်တွင် ရှင်သန်ရပ်တည်ရေးအတွက် ဆိုးရွားသော စိန် ခေါ်မှုများက စောင့်ကြိုနေကြောင်း သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆို သည်။
“ဒီမြေရှားတူးတယ်ဆိုတာဟာ တစ်တောင်လုံးကို အပေါက်ဖောက်ပြီးရင် အက်စစ်လောင်းထည့် တောင်အောက်ဆုံးမှာ လိုဏ်ခေါင်းဖောက်ပြီး အက်စစ် လောင်းကျလာတဲ့အရည်ကို ခံယူရတာမျိုးဖြစ် တယ်လို့သိရတယ်။ ဒီတော့ ဒါကိုတူးရင်တော့ အဲဒီတောင်တွေဟာ အဆိပ်သင့်နေတဲ့ ရေတွေနဲ့ ကျန်ခဲ့ မှာပါ။ ဒီလိုဒေသတစ်ခုပျက်စီးသွားတာနဲ့ အဲဒီမှာရှိတဲ့ ဂေဟစနစ်က လုံးဝပျက်သွားပြီလို့ပြောလို့ရတယ်” ဟု သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက NP News သို့ ပြောသည်။
(၂၀၂၅) ခုနှစ် အောက်တိုဘာလ (၁၄) ရက်တွင် ရိုက်ကူးခဲ့သော ကောင်းကင်ဓာတ်ပုံများအရ အထင်ရှားဆုံး ပြောင်းလဲမှုကို ထိုင်းနယ်စပ်မှ ကီလိုမီတာ (၃၀) အကွာရှိ မြစ်အထက်ပိုင်းမှ ရွှေသတ္တု တူးဖော်ရေး ဧရိယာတွင်တွေ့မြင်ရပြီး ထိုနေရာ၌ သစ်တောဖုံးလွှမ်းသော တောင်စောင်းများကို ကုတ်ခြစ်တူးဖော်၍ လမ်းသစ်များနှင့် သတ္တုတွင်းများကို ကွန်ရက်သဖွယ် တိုးချဲ့တူးဖော်ထားကြောင်း တွေ့ရသည်။ အဆိုပါသတ္တုတွင်းများမှ စီးဆင်းလာသည့် ရေများသည် နမ့်ခုတ်မြစ်အတွင်းသို့ တိုက်ရိုက် စီးဝင်နေကာ နမ့်ခုတ်မြစ်၏ အနောက်ဘက်ကမ်းရှိ သန့်စင်စက်ရုံများတွင် ရွှေရိုင်းများကို ဆက်လက် ထုတ်ယူသန့်စင်နေပြီး၊ ထိုစက်ရုံများမှ ဓာတုအကြွင်းအကျန်များသည်လည်း မြစ်အတွင်းသို့ တိုက်ရိုက် စီးဝင်နေဖွယ်ရှိကြောင်း SHRF ကဆိုသည်။
ထို့ပြင် နမ့်ခုတ် မြစ်၏အနောက်ဘက် တစ်ခြမ်းနှင့် အရှေ့ဘက်တစ်ခြမ်းမှ မြေရှားသတ္တုတွင်း နှစ်ခုစလုံးသည် ယခုအခါ တိုးချဲ့မှုအသစ်များကိုတွေ့နေရပြီး နှစ်ခုစလုံးသည် တောင်စောင်းများ အတွင်း သို့ ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရသည့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော “in-situ leaching” နည်းလမ်းကို အသုံးပြုနေကြကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
UWSA ကပင် ထိန်းချုပ်ရာ မြန်မာ-တရုတ် နယ်စပ်အနီးရှိ UWSA ထိန်းချုပ်ရာ မိုင်း ပေါက်မြို့ နယ်တွင်လည်း မြေရှားသတ္တုတူးဖော်မှုမှာ (၈) ဆပိုများလာရာ ပြီးခဲ့သည့် (၂၀၁၅) ခုနှစ်တွင် အဆိုပါ မိုင်း ပေါက်ဒေသ၌ မြေရှားလုပ်ကွက် (၃) ခု သာရှိခဲ့ပြီး (၂၀၂၅) ခုနှစ်ဖေဖော်ဝါရီလတွင် ဂြိုဟ်တု ဓာတ်ပုံ များအရ မြို့၏တောင်ဘက်ရှိ တောင်ကုန်း များတစ်လျှောက်တွင် မြေရှားလုပ်ကွက် (၂၆)ခုကျော် ပျံ့နှံ့ တည်ရှိနေကာ အဆိုပါ လုပ်ကွက်များအနက် (၃) ခုမှာ မိုင်းပေါက် မြို့နှင့် (၃) ကီလိုမီတာမှ (၄) ကီလိုမီ တာခန့်သာဝေးကြောင်း SHRF ကထုတ်ပြန်ထားဖူးသည်။

Zawgyi Version:
UWSA ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ ေျမရွားထုတ္လုပ္ေသာ လုပ္ကြက္ပမာဏ ပိုမ်ားလာေန
သက္ပိုင္ (NP News)-ႏိုဝင္ဘာ ၃
UWSA ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ေျမရွားထုတ္လုပ္ေသာ လုပ္ကြက္ပမာဏ ပိုမ်ားလာေန ေၾကာင္း ရွမ္းလူ႔အခြင့္အေရး မ႑ိဳင္ (SHRF) က အစဥ္တစိုက္ ထုတ္ျပန္ထားေသာအခ်က္အလက္မ်ား အရ သိရသည္။
ေျမရွားကို လက္ရွိတြင္ KIA က၎တို႔ထိန္းခ်ဳပ္ရာေဒသတြင္ က်ယ္က်ယ္ျပန႔္ျပန္ လုပ္ကိုင္ခြင့္ျပဳ ေနၿပီး ယခုအခါ UWSA ကလည္း ေျမရွားကို တိုးခ်ဲ႕ထုတ္ယူရန္ ႀကိဳးပမ္းလာေနျခင္းျဖစ္သည္။ ျမန္မာ - ထိုင္း နယ္စပ္အနီးရွိ UWSA ထိန္းခ်ဳပ္ရာ ရွမ္းျပည္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္ ေတာင္ပိုင္း၊ မိုင္းယြန္း ေဒသရွိ နမ့္ခုတ္ျမစ္တစ္ေလွ်ာက္တြင္ ေျမရွားသတၱဳႏွင့္ ေ႐ႊသတၱဳတြင္းမ်ားတိုးခ်ဲ႕လာသည္ကို ေတြ႕ရွိရ ေၾကာင္း SHRF က ေကာင္းကင္ ဓာတ္ပုံမ်ားႏွင့္တကြ ထုတ္ျပန္ထားသည္။
(၂၀၂၅) ခုႏွစ္ ေမလ (၆) ရက္က႐ိုက္ကူးခဲ့ေသာ နမ့္ခုတ္ျမစ္အေနာက္ဘက္ျခမ္းရွိ ေျမရွား သတၱဳ တြင္း၏ ၿဂိဳဟ္တုဓာတ္ပုံတြင္ စက္ဝိုင္းပုံ သန႔္စင္ကန္မ်ားကို တည္ေဆာက္ဆဲအျဖစ္ ေတြ႕ခဲ့ရေၾကာင္းႏွင့္ ဤသတၱဳတြင္း၏ ေနာက္ဆုံးဓာတ္ပုံတြင္မူ ယင္းကန္မ်ား တည္ေဆာက္ၿပီးစီးသြားၿပီး အနက္ေရာင္ အမိုး မ်ားျဖင့္ ဖုံးအုပ္ထားသည္ကို ျပသေနေၾကာင္း SHRF ကဆိုသည္။
ယခုကဲ့သို႔ ေျမရွားႏွင့္သတၱဳတူးေဖာ္မႈမ်ားေၾကာင့္ နမ့္ခုတ္ေခ်ာင္းတစ္ေလွ်ာက္ႏွင့္ ယင္းပတ္ဝန္း က်င္ေဒသတစ္ခုလုံးရွိ ေဂဟနစ္တစ္ခုလုံးသည္ အဆိုး႐ြားဆုံးအေျခအေနကို ျဖစ္ေပၚလာႏိုင္ေၾကာင္းႏွင့္ ယင္းေဒသရွိ သက္ရွိမ်ိဳးစိတ္မ်ားအတြက္ ေရ ရွည္တြင္ ရွင္သန္ရပ္တည္ေရးအတြက္ ဆိုး႐ြားေသာ စိန္ ေခၚမႈမ်ားက ေစာင့္ႀကိဳေနေၾကာင္း သဘာဝ ပတ္ဝန္းက်င္အေရး တက္ႂကြလႈပ္ရွားသူတစ္ဦးက ဆို သည္။
“ဒီေျမရွားတူးတယ္ဆိုတာဟာ တစ္ေတာင္လုံးကို အေပါက္ေဖာက္ၿပီးရင္ အက္စစ္ေလာင္းထည့္ ေတာင္ေအာက္ဆုံးမွာ လိုဏ္ေခါင္းေဖာက္ၿပီး အက္စစ္ ေလာင္းက်လာတဲ့အရည္ကို ခံယူရတာမ်ိဳးျဖစ္ တယ္လို႔သိရတယ္။ ဒီေတာ့ ဒါကိုတူးရင္ေတာ့ အဲဒီေတာင္ေတြဟာ အဆိပ္သင့္ေနတဲ့ ေရေတြနဲ႔ က်န္ခဲ့ မွာပါ။ ဒီလိုေဒသတစ္ခုပ်က္စီးသြားတာနဲ႔ အဲဒီမွာရွိတဲ့ ေဂဟစနစ္က လုံးဝပ်က္သြားၿပီလို႔ေျပာလို႔ရတယ္” ဟု သဘာဝပတ္ဝန္းက်င္အေရးတက္ႂကြလႈပ္ရွားသူတစ္ဦးက NP News သို႔ ေျပာသည္။
(၂၀၂၅) ခုႏွစ္ ေအာက္တိုဘာလ (၁၄) ရက္တြင္ ႐ိုက္ကူးခဲ့ေသာ ေကာင္းကင္ဓာတ္ပုံမ်ားအရ အထင္ရွားဆုံး ေျပာင္းလဲမႈကို ထိုင္းနယ္စပ္မွ ကီလိုမီတာ (၃၀) အကြာရွိ ျမစ္အထက္ပိုင္းမွ ေ႐ႊသတၱဳ တူးေဖာ္ေရး ဧရိယာတြင္ေတြ႕ျမင္ရၿပီး ထိုေနရာ၌ သစ္ေတာဖုံးလႊမ္းေသာ ေတာင္ေစာင္းမ်ားကို ကုတ္ျခစ္တူးေဖာ္၍ လမ္းသစ္မ်ားႏွင့္ သတၱဳတြင္းမ်ားကို ကြန္ရက္သဖြယ္ တိုးခ်ဲ႕တူးေဖာ္ထားေၾကာင္း ေတြ႕ရသည္။ အဆိုပါသတၱဳတြင္းမ်ားမွ စီးဆင္းလာသည့္ ေရမ်ားသည္ နမ့္ခုတ္ျမစ္အတြင္းသို႔ တိုက္႐ိုက္ စီးဝင္ေနကာ နမ့္ခုတ္ျမစ္၏ အေနာက္ဘက္ကမ္းရွိ သန႔္စင္စက္႐ုံမ်ားတြင္ ေ႐ႊ႐ိုင္းမ်ားကို ဆက္လက္ ထုတ္ယူသန႔္စင္ေနၿပီး၊ ထိုစက္႐ုံမ်ားမွ ဓာတုအႂကြင္းအက်န္မ်ားသည္လည္း ျမစ္အတြင္းသို႔ တိုက္႐ိုက္ စီးဝင္ေနဖြယ္ရွိေၾကာင္း SHRF ကဆိုသည္။
ထို႔ျပင္ နမ့္ခုတ္ ျမစ္၏အေနာက္ဘက္ တစ္ျခမ္းႏွင့္ အေရွ႕ဘက္တစ္ျခမ္းမွ ေျမရွားသတၱဳတြင္း ႏွစ္ခုစလုံးသည္ ယခုအခါ တိုးခ်ဲ႕မႈအသစ္မ်ားကိုေတြ႕ေနရၿပီး ႏွစ္ခုစလုံးသည္ ေတာင္ေစာင္းမ်ား အတြင္း သို႔ ဓာတုပစၥည္း ပမာဏအမ်ားအျပား ထိုးသြင္းရသည့္ သဘာဝပတ္ဝန္းက်င္ကို ပ်က္စီးေစေသာ “in-situ leaching” နည္းလမ္းကို အသုံးျပဳေနၾကေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
UWSA ကပင္ ထိန္းခ်ဳပ္ရာ ျမန္မာ-တ႐ုတ္ နယ္စပ္အနီးရွိ UWSA ထိန္းခ်ဳပ္ရာ မိုင္း ေပါက္ၿမိဳ႕ နယ္တြင္လည္း ေျမရွားသတၱဳတူးေဖာ္မႈမွာ (၈) ဆပိုမ်ားလာရာ ၿပီးခဲ့သည့္ (၂၀၁၅) ခုႏွစ္တြင္ အဆိုပါ မိုင္း ေပါက္ေဒသ၌ ေျမရွားလုပ္ကြက္ (၃) ခု သာရွိခဲ့ၿပီး (၂၀၂၅) ခုႏွစ္ေဖေဖာ္ဝါရီလတြင္ ၿဂိဳဟ္တု ဓာတ္ပုံ မ်ားအရ ၿမိဳ႕၏ေတာင္ဘက္ရွိ ေတာင္ကုန္း မ်ားတစ္ေလွ်ာက္တြင္ ေျမရွားလုပ္ကြက္ (၂၆)ခုေက်ာ္ ပ်ံ႕ႏွံ႔ တည္ရွိေနကာ အဆိုပါ လုပ္ကြက္မ်ားအနက္ (၃) ခုမွာ မိုင္းေပါက္ ၿမိဳ႕ႏွင့္ (၃) ကီလိုမီတာမွ (၄) ကီလိုမီ တာခန႔္သာေဝးေၾကာင္း SHRF ကထုတ္ျပန္ထားဖူးသည္။

Related news

© 2021. All rights reserved.