အချိန်(၁)နာရီအတွင်း chest-to-ground burpees အားကစားကို အကြိမ်ပေါင်း (၁၀၂၇) ကြိမ်ထိလုပ်ပြခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အမေရိကန်အမျိုးသား

 182

Pika (NP News) - အောက်တိုဘာ ၁၇

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် အမျိုးသားအစောင့်တပ်မှအဖွဲ့ဝင်တစ်ဦးသည် အချိန်(၁)နာရီအတွင်း chest-to-ground burpees အားကစားကို အကြိမ်ပေါင်း(၁၀၂၇) ကြိမ်ထိလုပ်ပြနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

အော်ရီဂွန်အမျိုးသားအစောင့်တပ်၏ ဆေးဘက်ဆိုင်ရာကွပ်ကဲမှုဌာနမှ ဗိုလ်မှူးဖြစ်သူ အသက်(၃၆)နှစ်အရွယ် တော်မီဗူးသည် (၂၀၂၃)ခုနှစ်မတ်လတွင် အချိန်(၁)နာရီအတွင်း chest-to-ground burpees အားကစားကို အကြိမ်ပေါင်း(၁၀၀၃)ကြိမ်ထိ လုပ်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ဖူးကြောင်းသိရသည်။ သို့သော်လည်း နောက်ပိုင်းတွင် နယ်သာလန်နိုင်ငံသား ဟက်ဘ်တမူဖရန်ကီသည် အချိန်(၁)နာရီအတွင်း chest-to-ground burpees အားကစားကို အကြိမ်ပေါင်း(၁၀၁၀)ကြိမ်ထိ လုပ်ပြခဲ့ပြီးနောက် တော်မီဗူး၏ ဂင်းနစ်စံချိန်ကိုချိုးဖျက်ခဲ့ကြောင်း သိရသည်။ ထို့နောက် တော်မီဗူးသည် အဆိုပါဂင်းနစ်စံချိန်ကို ပြန်လည်ရယူရန်အတွက် ကြိုးပမ်းရန်ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

တော်မီဗူးသည် အောက်တိုဘာလ(၁၂)ရက်နေ့တွင် အချိန်(၁)နာရီအတွင်း chest-to-ground burpees အားကစားကို အကြိမ်အများဆုံးလုပ်ပြနိုင်သည့် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး အချိန်(၁)နာရီအတွင်း အကြိမ်ပေါင်း(၁၀၂၇)ကြိမ်ထိ လုပ်ပြနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သည် တော်မီဗူး၏ ကြိုးပမ်းမှုအထောက်အထားများကို သုံးသပ်ခဲ့ပြီးနောက် chest-to-ground burpees အားကစားကို အကြိမ်အများဆုံးလုပ်ပြနိုင်သူအဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ chest-to-ground burpees အားကစားဆိုသည်မှာ လက်ကိုမြှောက်ကာ အပေါ်သို့ခုန်ပြီးနောက် ဒိုက်ထိုးသည့်အနေအထားဖြင့် မြေပြင်နှင့်ရင်ဘတ်ထိအောင်လုပ်ဆောင်ရသည့် အားကစားမျိုးဖြစ်သည်။

zawgyi version
အခ်ိန္(၁)နာရီအတြင္း chest-to-ground burpees အားကစားကို အႀကိမ္ေပါင္း (၁၀၂၇) ႀကိမ္ထိလုပ္ျပခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ အေမရိကန္အမ်ိဳးသား
Pika (NP News) - ေအာက္တိုဘာ ၁၇

အေမရိကန္ႏိုင္ငံ ေအာ္ရီဂြန္ျပည္နယ္ အမ်ိဳးသားအေစာင့္တပ္မွအဖြဲ႕ဝင္တစ္ဦးသည္ အခ်ိန္(၁)နာရီအတြင္း chest-to-ground burpees အားကစားကို အႀကိမ္ေပါင္း(၁၀၂၇) ႀကိမ္ထိလုပ္ျပႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ေအာ္ရီဂြန္အမ်ိဳးသားအေစာင့္တပ္၏ ေဆးဘက္ဆိုင္ရာကြပ္ကဲမႈဌာနမွ ဗိုလ္မႉးျဖစ္သူ အသက္(၃၆)ႏွစ္အ႐ြယ္ ေတာ္မီဗူးသည္ (၂၀၂၃)ခုႏွစ္မတ္လတြင္ အခ်ိန္(၁)နာရီအတြင္း chest-to-ground burpees အားကစားကို အႀကိမ္ေပါင္း(၁၀၀၃)ႀကိမ္ထိ လုပ္ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ခဲ့ဖူးေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ နယ္သာလန္ႏိုင္ငံသား ဟက္ဘ္တမူဖရန္ကီသည္ အခ်ိန္(၁)နာရီအတြင္း chest-to-ground burpees အားကစားကို အႀကိမ္ေပါင္း(၁၀၁၀)ႀကိမ္ထိ လုပ္ျပခဲ့ၿပီးေနာက္ ေတာ္မီဗူး၏ ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ေတာ္မီဗူးသည္ အဆိုပါဂင္းနစ္စံခ်ိန္ကို ျပန္လည္ရယူရန္အတြက္ ႀကိဳးပမ္းရန္ဆုံးျဖတ္ခဲ့ေၾကာင္းသိရသည္။

ေတာ္မီဗူးသည္ ေအာက္တိုဘာလ(၁၂)ရက္ေန႔တြင္ အခ်ိန္(၁)နာရီအတြင္း chest-to-ground burpees အားကစားကို အႀကိမ္အမ်ားဆုံးလုပ္ျပႏိုင္သည့္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ျပန္လည္ရယူႏိုင္ခဲ့ၿပီး အခ်ိန္(၁)နာရီအတြင္း အႀကိမ္ေပါင္း(၁၀၂၇)ႀကိမ္ထိ လုပ္ျပႏိုင္ခဲ့ေၾကာင္း သိရသည္။ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သည္ ေတာ္မီဗူး၏ ႀကိဳးပမ္းမႈအေထာက္အထားမ်ားကို သုံးသပ္ခဲ့ၿပီးေနာက္ chest-to-ground burpees အားကစားကို အႀကိမ္အမ်ားဆုံးလုပ္ျပႏိုင္သူအျဖစ္ အသိအမွတ္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ chest-to-ground burpees အားကစားဆိုသည္မွာ လက္ကိုေျမႇာက္ကာ အေပၚသို႔ခုန္ၿပီးေနာက္ ဒိုက္ထိုးသည့္အေနအထားျဖင့္ ေျမျပင္ႏွင့္ရင္ဘတ္ထိေအာင္လုပ္ေဆာင္ရသည့္ အားကစားမ်ိဳးျဖစ္သည္။

Related news

© 2021. All rights reserved.