ယူနက်စကိုသို့ တင်သွင်းရန်စီစဉ်ထားသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းထဲတွင် မဟာဂီတ ပါဝင်နေ

387

စော (NP News) - ဇွန် ၁၁
ယူနက်စကိုသို့တင်သွင်းရန် စီစဉ်ထားသည့် မြန် မာ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းထဲတွင် မဟာ ဂီတပါဝင်နေကြောင်း Myanmar Cultural Heritage Trust မှ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က NP News သို့ ပြောသည်။
ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် (၂၀၂၄)ခုနှစ် က မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ပထမဆုံးအကြိမ်အဖြစ် စာရင်းဝင်ခဲ့ပြီး ယခုနှစ် တွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို မတ်လကုန် နောက်ဆုံးထားကာ တင်သွင်းထားသည်။
မြန်မာနိုင်ငံတွင် ယူနက်စကိုတင်သွင်းရန် လက်လှမ်းမီနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ အများအပြားရှိနေပြီး စာရင်းကောက်ယူမှတ်တမ်းပြုစုထားသော အမျိုးသားအဆင့် ယဉ်ကျေးမှုပေါင်း (၂၂၀ဝ) ခန့်ရှိနေရာ အဆိုပါယဉ်ကျေးမှုများကိုလည်း ယူနက်စကိုသို့ နှစ်စဉ်တင်သွင်းရန် အစီအစဉ်ရှိနေခြင်းဖြစ်သည်။
“တင်တာကတော့ တင်ရမှာပေါ့နော်။ ဒီနှစ်ကြီးကိုတော့ တင်လို့မရသေးဘူးလေ။ ဦးစားပေးထဲ မှာ ပါမှာမပါတော့ နည်းနည်းတော့ Vote လုပ် ရဦးမှာပေါ့။ တင်ရမှာကတော့ မဟာဂီတကလည်း ပျောက်ပျက်သွားမှာစိုးလို့ တင်ရမှာပေါ့။ လက်ဖက်စားတဲ့ဓလေ့ကလည်းတင်ရမှာပဲ။ အချိတ်လုံချည် ရက်ကန်းကလည်း တင်ရမှာပဲ။ အားလုံးက ကိုယ်ပိုင်တဲ့အပိုင်းကို တင်ချင်တဲ့လူကအများကြီးပေါ့။ လာ မယ့်နှစ်မှာ တင်ဖို့ဆိုတာ ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ကိုယ်တွေနဲ့ညှိနှိုင်းရမှာပေါ့။ တင်ရမယ့် List ထဲမှာတော့ ရှိနေမှာပေါ့။ အတိအကျတော့မပြောတတ်သေးဘူး”ဟု ၎င်းကပြောသည်။
အနာဂတ်တွင် ယူနက်စကို တင်သွင်းသွားမည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို အင်တာ နက်မှတစ်ဆင့် ပြည်သူများကိုယ်တိုင်မဲပေးရွေးချယ်စေမည်ဖြစ်ပြီး ယဉ်ကျေးမှုငါးခုခန့်ကို အင်တာနက် တွင် တင်ကာ Voting စနစ်ဖြင့် ရွေးချယ်စေခြင်းမျိုးဖြစ်နိုင်ကြောင်းလည်း ဒေါ်စန္ဒာခင်က ပြောကြားထားသည်။
ယူနက်စကို၏ Intangible Cultural Heritage ICH ကို (၂၀ဝ၃) ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာ နိုင်ငံသည် (၂၀၁၃)ခုနှစ်တွင် အဆိုပါကွန်ဗင်းရှင်းကို ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံရှိ ပျူမြို့ပြနိုင်ငံများဖြစ်သည့် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်း နေရာ များကို ယူနက်စကို စာရင်းဝင်ဒေသများအဖြစ် (၂၁၀၄)ခုနှစ်တွင် သတ်မှတ်ခဲ့သည့်အပြင် ပုဂံဒေသကို လည်း (၂၀၁၉) ခုနှစ်တွင် သတ်မှတ်ခဲ့ကြောင်း သိရသည်။
zawgyi version
ယူနက္စကိုသို႔ တင္သြင္းရန္စီစဥ္ထားသည့္ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားစာရင္းထဲတြင္ မဟာဂီတ ပါဝင္ေန
ေစာ (NP News) - ဇြန္ ၁၁
ယူနက္စကိုသို႔တင္သြင္းရန္ စီစဥ္ထားသည့္ ျမန္ မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားစာရင္းထဲတြင္ မဟာ ဂီတပါဝင္ေနေၾကာင္း Myanmar Cultural Heritage Trust မွ ဥကၠ႒ ေဒၚစႏၵာခင္က NP News သို႔ ေျပာသည္။
ယူနက္စကို၏ လူသားမ်ိဳးႏြယ္ကိုယ္စားျပဳ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ (၂၀၂၄)ခုႏွစ္ က ျမန္မာ့႐ိုးရာ ႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္သည္ ပထမဆုံးအႀကိမ္အျဖစ္ စာရင္းဝင္ခဲ့ၿပီး ယခုႏွစ္ တြင္ ျမန္မာ့သနပ္ခါး ယဥ္ေက်းမႈဓေလ့ကို မတ္လကုန္ ေနာက္ဆုံးထားကာ တင္သြင္းထားသည္။
ျမန္မာႏိုင္ငံတြင္ ယူနက္စကိုတင္သြင္းရန္ လက္လွမ္းမီႏိုင္သည့္ ယဥ္ေက်းမႈအေမြအႏွစ္မ်ား အမ်ားအျပားရွိေနၿပီး စာရင္းေကာက္ယူမွတ္တမ္းျပဳစုထားေသာ အမ်ိဳးသားအဆင့္ ယဥ္ေက်းမႈေပါင္း (၂၂၀ဝ) ခန႔္ရွိေနရာ အဆိုပါယဥ္ေက်းမႈမ်ားကိုလည္း ယူနက္စကိုသို႔ ႏွစ္စဥ္တင္သြင္းရန္ အစီအစဥ္ရွိေနျခင္းျဖစ္သည္။
“တင္တာကေတာ့ တင္ရမွာေပါ့ေနာ္။ ဒီႏွစ္ႀကီးကိုေတာ့ တင္လို႔မရေသးဘူးေလ။ ဦးစားေပးထဲ မွာ ပါမွာမပါေတာ့ နည္းနည္းေတာ့ Vote လုပ္ ရဦးမွာေပါ့။ တင္ရမွာကေတာ့ မဟာဂီတကလည္း ေပ်ာက္ပ်က္သြားမွာစိုးလို႔ တင္ရမွာေပါ့။ လက္ဖက္စားတဲ့ဓေလ့ကလည္းတင္ရမွာပဲ။ အခ်ိတ္လုံခ်ည္ ရက္ကန္းကလည္း တင္ရမွာပဲ။ အားလုံးက ကိုယ္ပိုင္တဲ့အပိုင္းကို တင္ခ်င္တဲ့လူကအမ်ားႀကီးေပါ့။ လာ မယ့္ႏွစ္မွာ တင္ဖို႔ဆိုတာ ယဥ္ေက်းမႈဝန္ႀကီးဌာနကလည္း ကိုယ္ေတြနဲ႔ညႇိႏႈိင္းရမွာေပါ့။ တင္ရမယ့္ List ထဲမွာေတာ့ ရွိေနမွာေပါ့။ အတိအက်ေတာ့မေျပာတတ္ေသးဘူး”ဟု ၎ကေျပာသည္။
အနာဂတ္တြင္ ယူနက္စကို တင္သြင္းသြားမည့္ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို အင္တာ နက္မွတစ္ဆင့္ ျပည္သူမ်ားကိုယ္တိုင္မဲေပးေ႐ြးခ်ယ္ေစမည္ျဖစ္ၿပီး ယဥ္ေက်းမႈငါးခုခန႔္ကို အင္တာနက္ တြင္ တင္ကာ Voting စနစ္ျဖင့္ ေ႐ြးခ်ယ္ေစျခင္းမ်ိဳးျဖစ္ႏိုင္ေၾကာင္းလည္း ေဒၚစႏၵာခင္က ေျပာၾကားထားသည္။
ယူနက္စကို၏ Intangible Cultural Heritage ICH ကို (၂၀ဝ၃) ခုႏွစ္တြင္ ဖြဲ႕စည္းခဲ့ၿပီး ျမန္မာ ႏိုင္ငံသည္ (၂၀၁၃)ခုႏွစ္တြင္ အဆိုပါကြန္ဗင္းရွင္းကို ပါဝင္လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။ျမန္မာႏိုင္ငံရွိ ပ်ဴၿမိဳ႕ျပႏိုင္ငံမ်ားျဖစ္သည့္ သေရေခတၱရာ၊ ဟန္လင္း၊ ဗိႆႏိုးၿမိဳ႕ေဟာင္း ေနရာ မ်ားကို ယူနက္စကို စာရင္းဝင္ေဒသမ်ားအျဖစ္ (၂၁၀၄)ခုႏွစ္တြင္ သတ္မွတ္ခဲ့သည့္အျပင္ ပုဂံေဒသကို လည္း (၂၀၁၉) ခုႏွစ္တြင္ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။