ပုဂံခေတ်ကပင် အရှေ့အလယ်ပိုင်းရှိ အာရပ်လူမျိုးများနှင့် ကူးလူးဆက်ဆံမှုများရှိခဲ့
                        
                            
                             
 794
 
                             
                            
                            
                         
                        
 
                        Peral    (NP News) - စက်တင်ဘာလ ၁ဝ 
   ပုဂံခေတ်ကပင် အရှေ့အလယ်ပိုင်းရှိ အာရပ်လူမျိုးများနှင့် ကူးလူးဆက်ဆံမှုများရှိခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News သို့ပြောသည်။
	မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားတစ်ဆူတွင် အရှေ့ အလယ်ဒေသပိုင်းမှ အာရပ်လူမျိုးများဝတ်စားဆင်ယင်ပုံများနှင့်အတူ သဲကန္တာရတွင်သာတွေ့ရှိရသည့် ကုလားအုတ်ရုပ်ပုံနှင့် ကြက်ဆင်ရုပ်ပုံများပါဝင်သည့် နံရံဆေးရေးပန်းချီကိုတွေ့ရှိခဲ့ကြောင်း သိရသည်။ 
	" အခု ကျောက်မြတ်မော်ဘုရားမှာ ကျွန်တော်တို့နိုင်ငံမှာမရှိတဲ့ ကုလားအုတ်ပေါ့၊ ဘို့နဲ့ သဲကန္တာရမှာသွားတဲ့ ကုလားအုတ်ပေါ့။ ဝတ်စားဆင် ယင်မှုကလည်း အာရပ်တွေပေါ့နော်။ ပုဂံက ဝတ်စား ဆင်ယင်မှုနဲ့ မတူဘူးနော်။ နံရံပန်းချီမှာရေးသားထား တာဆိုရင် ဆွဲထားတာဆိုရင် ယနေ့ အာရပ်တွေ ခေါင်းပေါင်းတွေပေါင်းသလိုမျိုး အဝတ်အစားတွေနဲ့ လူမျိုးတွေပေါ့။ အဲဒီမှာ ကြက်ဆင်လို ဟာမျိုးတွေ လည်း ရှိတယ်။ အမှန်က အဲဒါမျိုးတွေလည်း ကိုယ်တို့ နိုင်ငံမှာ မရှိဘူး။ Middle east က အကောင်ပလောင် တွေပဲ" ဟု ဦးကျော်မျိုးဝင်းကNP News သို့ပြောသည်။
	အဆိုပါ နံရံဆေးရေးပန်းချီသည် ပုဂံ ခေတ်ကပင် အရှေ့အလယ်ပိုင်းဒေသရှိ အာရပ် လူမျိုးများနှင့် ကူးလူးဆက်ဆံမှုများရှိခဲ့သော အထောက်အထားတစ်ခုဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသသို့ ပုဂံခေတ်မှ အဖွဲ့များသွားရောက်ခဲ့သည့် အထောက်အထားသည်လည်း ရှိနေနိုင်ကြောင်း ၎င်းက ပြောသည်။
	"  Middle eastကို ပုဂံခေတ်ကတည်းက အဆက်အသွယ်ရှိနေတယ်ပေါ့နော်။ အဲဒီတော့ Middle east  ကို ပုဂံကအဖွဲ့တွေ ရောက်တဲ့ အထောက်အထားတော့ မတွေ့သေးဘူး။ တကယ်လို့ Middle east မှာလည်း ကျွန်တော်တို့ ပုဂံက အဖွဲ့ တွေ ရောက်တာလည်း အထောက်အထားကျန် ကောင်းကျန်မယ်။ ဒါပေမဲ့ သူတို့ရောက်တဲ့ အထောက်အထားကတော့  ကျွန်တော်တို့ဆီမှာ ကျန် နေတာပေါ့နော်။ Middle east ကလူတွေ ဒီကို ရောက်ပြီးတော့ မှတ်တမ်းတင်ထားတာတော့ ရှိနေ တယ်" ဟု ဦးကျော်မျိုးဝင်းက ပြောသည်။ 
	ထို့ပြင် ပုဂံခေတ်၏ အနုပညာသည်များ သည်လည်း အဆင့်အတန်းမြင့်မားသည့် တူရိယာများ ကို တီးမှုတ်တတ်သည့် အထောက်အထားသက်သေ အဖြစ် ပုဂံဒေသ၌ (၇)ကြိုးတပ် စောင်းနှင့်တူသည့် ကြိုးတပ်တူရိယာတီးခတ်နေသည့်ရုပ်ပုံပါဝင်သည့် အင်္ဂတေပန်းကိုလည်း တွေ့ရှိရကြောင်း သိရသည်။ 
	" စောင်းကောက်ကလည်း ပုဂံခေတ်က တည်းက မြစ်ဖျားခံနေပြီဆိုတာကို ပြောလို့ရတယ်။ သူ့ရဲ့ပုံစံကို ကြည့်တယ်ဆိုရင် မြန်မာ့ စောင်းကြီးတွေ ကတော့ လည်တံရှည်တာပေါ့နော်။ အခု ဒီစောင်း ကတော့ လည်တံ တိုတာကိုတွေ့ရတာပေါ့နော်။ ဘာပဲ ပြောပြော ကြိုးတပ်တူရိယာ အနေနဲ့ဆိုရင် ဒီက နေပြီးတော့ပဲ စောင်းကို ဆင်းသက်သွားသလားဆိုတာ တော့ စောင်းနဲ့ပတ်သက်တဲ့ပညာရှင် တွေရှိတယ်။ သူတို့ကိုမေးရင် သိရမယ်။ သူတို့လည်း အရင် (၇)ကြိုးရှိတယ်၊ (၁၂)ကြိုးရှိတယ် အစရှိသဖြင့်ပေါ့နော်။ ဥပမာ ကုန်းဘောင်ခေတ်က တီးတဲ့စောင်းတွေကို ဘယ်နှကြိုးပေါ့။ အဲဒါတွေက သူတို့သိတယ်။ အဲဒါ မေးမှ စောင်းရဲ့  ဖြစ်ပေါ်လာတဲ့ ကြိုးတပ်တူရိယာရဲ့ Source    ကို သိမှာပေါ့နော်။ အင်္ဂတေပန်းမှာတော့ ကြည့်တာတော့ (၇)ကြိုးရှိတယ်။ ပုဂံခေတ်မှာ (၇)ကြိုးထိတပ်ထားတဲ့ ကြိုးတပ်တူရိယာကို တီးတတ် နေပြီ။ အပေါ်မှာ ဗုံတီးတာ ရှိတယ်။ နောက် အင်္ဂတေ တွေကပျက်သွားလို့သာလေ။ ဘာတူရိယာတွေ တီးနေလဲဆိုတာကို ကျန်ရှိဦးမှာလေ" ဟု ၎င်းက ထပ်မံပြောသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version:
ပုဂံေခတ္ကပင္ အေရွ႕အလယ္ပိုင္းရွိ အာရပ္လူမ်ိဳးမ်ားႏွင့္ ကူးလူးဆက္ဆံမႈမ်ားရွိခဲ့
Peral    (NP News) - စက္တင္ဘာလ ၁ဝ 
   ပုဂံေခတ္ကပင္ အေရွ႕အလယ္ပိုင္းရွိ အာရပ္လူမ်ိဳးမ်ားႏွင့္ ကူးလူးဆက္ဆံမႈမ်ားရွိခဲ့ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္း သုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ၫႊန္ ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News သို႔ေျပာသည္။
	မႏၲေလးတိုင္းေဒသႀကီး၊ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမရွိ ဘုရားတစ္ဆူတြင္ အေရွ႕ အလယ္ေဒသပိုင္းမွ အာရပ္လူမ်ိဳးမ်ားဝတ္စားဆင္ယင္ပုံမ်ားႏွင့္အတူ သဲကႏၲာရတြင္သာေတြ႕ရွိရသည့္ ကုလားအုတ္႐ုပ္ပုံႏွင့္ ၾကက္ဆင္႐ုပ္ပုံမ်ားပါဝင္သည့္ နံရံေဆးေရးပန္းခ်ီကိုေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ 
	" အခု ေက်ာက္ျမတ္ေမာ္ဘုရားမွာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာမရွိတဲ့ ကုလားအုတ္ေပါ့၊ ဘို႔နဲ႔ သဲကႏၲာရမွာသြားတဲ့ ကုလားအုတ္ေပါ့။ ဝတ္စားဆင္ ယင္မႈကလည္း အာရပ္ေတြေပါ့ေနာ္။ ပုဂံက ဝတ္စား ဆင္ယင္မႈနဲ႔ မတူဘူးေနာ္။ နံရံပန္းခ်ီမွာေရးသားထား တာဆိုရင္ ဆြဲထားတာဆိုရင္ ယေန႔ အာရပ္ေတြ ေခါင္းေပါင္းေတြေပါင္းသလိုမ်ိဳး အဝတ္အစားေတြနဲ႔ လူမ်ိဳးေတြေပါ့။ အဲဒီမွာ ၾကက္ဆင္လို ဟာမ်ိဳးေတြ လည္း ရွိတယ္။ အမွန္က အဲဒါမ်ိဳးေတြလည္း ကိုယ္တို႔ ႏိုင္ငံမွာ မရွိဘူး။ Middle east က အေကာင္ပေလာင္ ေတြပဲ" ဟု ဦးေက်ာ္မ်ိဳးဝင္းကNP News သို႔ေျပာသည္။
	အဆိုပါ နံရံေဆးေရးပန္းခ်ီသည္ ပုဂံ ေခတ္ကပင္ အေရွ႕အလယ္ပိုင္းေဒသရွိ အာရပ္ လူမ်ိဳးမ်ားႏွင့္ ကူးလူးဆက္ဆံမႈမ်ားရွိခဲ့ေသာ အေထာက္အထားတစ္ခုျဖစ္ၿပီး အေရွ႕အလယ္ပိုင္း ေဒသသို႔ ပုဂံေခတ္မွ အဖြဲ႕မ်ားသြားေရာက္ခဲ့သည့္ အေထာက္အထားသည္လည္း ရွိေနႏိုင္ေၾကာင္း ၎က ေျပာသည္။
	"  Middle eastကို ပုဂံေခတ္ကတည္းက အဆက္အသြယ္ရွိေနတယ္ေပါ့ေနာ္။ အဲဒီေတာ့ Middle east  ကို ပုဂံကအဖြဲ႕ေတြ ေရာက္တဲ့ အေထာက္အထားေတာ့ မေတြ႕ေသးဘူး။ တကယ္လို႔ Middle east မွာလည္း ကြၽန္ေတာ္တို႔ ပုဂံက အဖြဲ႕ ေတြ ေရာက္တာလည္း အေထာက္အထားက်န္ ေကာင္းက်န္မယ္။ ဒါေပမဲ့ သူတို႔ေရာက္တဲ့ အေထာက္အထားကေတာ့  ကြၽန္ေတာ္တို႔ဆီမွာ က်န္ ေနတာေပါ့ေနာ္။ Middle east ကလူေတြ ဒီကို ေရာက္ၿပီးေတာ့ မွတ္တမ္းတင္ထားတာေတာ့ ရွိေန တယ္" ဟု ဦးေက်ာ္မ်ိဳးဝင္းက ေျပာသည္။ 
	ထို႔ျပင္ ပုဂံေခတ္၏ အႏုပညာသည္မ်ား သည္လည္း အဆင့္အတန္းျမင့္မားသည့္ တူရိယာမ်ား ကို တီးမႈတ္တတ္သည့္ အေထာက္အထားသက္ေသ အျဖစ္ ပုဂံေဒသ၌ (၇)ႀကိဳးတပ္ ေစာင္းႏွင့္တူသည့္ ႀကိဳးတပ္တူရိယာတီးခတ္ေနသည့္႐ုပ္ပုံပါဝင္သည့္ အဂၤေတပန္းကိုလည္း ေတြ႕ရွိရေၾကာင္း သိရသည္။ 
	" ေစာင္းေကာက္ကလည္း ပုဂံေခတ္က တည္းက ျမစ္ဖ်ားခံေနၿပီဆိုတာကို ေျပာလို႔ရတယ္။ သူ႔ရဲ႕ပုံစံကို ၾကည့္တယ္ဆိုရင္ ျမန္မာ့ ေစာင္းႀကီးေတြ ကေတာ့ လည္တံရွည္တာေပါ့ေနာ္။ အခု ဒီေစာင္း ကေတာ့ လည္တံ တိုတာကိုေတြ႕ရတာေပါ့ေနာ္။ ဘာပဲ ေျပာေျပာ ႀကိဳးတပ္တူရိယာ အေနနဲ႔ဆိုရင္ ဒီက ေနၿပီးေတာ့ပဲ ေစာင္းကို ဆင္းသက္သြားသလားဆိုတာ ေတာ့ ေစာင္းနဲ႔ပတ္သက္တဲ့ပညာရွင္ ေတြရွိတယ္။ သူတို႔ကိုေမးရင္ သိရမယ္။ သူတို႔လည္း အရင္ (၇)ႀကိဳးရွိတယ္၊ (၁၂)ႀကိဳးရွိတယ္ အစရွိသျဖင့္ေပါ့ေနာ္။ ဥပမာ ကုန္းေဘာင္ေခတ္က တီးတဲ့ေစာင္းေတြကို ဘယ္ႏွႀကိဳးေပါ့။ အဲဒါေတြက သူတို႔သိတယ္။ အဲဒါ ေမးမွ ေစာင္းရဲ႕  ျဖစ္ေပၚလာတဲ့ ႀကိဳးတပ္တူရိယာရဲ႕ Source    ကို သိမွာေပါ့ေနာ္။ အဂၤေတပန္းမွာေတာ့ ၾကည့္တာေတာ့ (၇)ႀကိဳးရွိတယ္။ ပုဂံေခတ္မွာ (၇)ႀကိဳးထိတပ္ထားတဲ့ ႀကိဳးတပ္တူရိယာကို တီးတတ္ ေနၿပီ။ အေပၚမွာ ဗုံတီးတာ ရွိတယ္။ ေနာက္ အဂၤေတ ေတြကပ်က္သြားလို႔သာေလ။ ဘာတူရိယာေတြ တီးေနလဲဆိုတာကို က်န္ရွိဦးမွာေလ" ဟု ၎က ထပ္မံေျပာသည္။