ကနေဒါနိုင်ငံ ဝင်နီပက်မြို့

141

Pika (NP News) - နိုဝင်ဘာလ ၂၇
ဝင်နီပက်မြို့သည် ကနေဒါနိုင်ငံ မန်နီ တိုဘာပြည်နယ်၏မြို့တော်ဖြစ်ပြီး အနောက်ဘက် သို့တံခါးပေါက်ဆိုသည့်နာမည်ဖြင့်လူသိများကာ ကွဲပြားသောစီးပွားရေးနှင့်အတူ နှစ်စဉ်ကျင်းပသော ပွဲတော်များစွာကြောင့် နာမည်ကျော်ကြားသည့်မြို့ တစ်မြို့ဖြစ်သည်။ ဝင်နီပက်မြို့သည် Red မြစ်နှင့် Assiniboine မြစ်တို့ဆုံရာနေရာတွင်အခြေပြု ထားပြီး စုစုပေါင်း နေထိုင်သူလူဦးရေမှာ (၇၄၉၆၀၇)ဦးရှိကာ ဝင်နီပက်မြို့ပြဧရိယာတွင်နေ ထိုင်သူလူဦးရေမှာ (၈၃၄၆၇၈)ဦးရှိကြောင်းသိရ သည်။ ထို့ပြင် ဝင်နီပက်မြို့သည် ကနေဒါနိုင်ငံတွင်း တွင် ခြောက်ခုမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ဝင်နီပက်မြို့ပြဧရိယာသည် ကနေဒါနိုင်ငံတွင်းတွင် ရှစ်ခုမြောက်အကြီးဆုံး မြို့ပြဧရိယာတစ်ခုဖြစ် ကြောင်းသိရသည်။ ဝင်နီပက်မြို့ကို အနီးအနားရှိ ဝင်နီပက်ရေကန်ကိုအစွဲပြုကာ အမည်ပေးထား ခြင်းဖြစ်သည်။
သမိုင်းကြောင်း
ဥရောပသားများမရောက်ခင်အချိန် တည်းက အဆိုပါဒေသသည် ဌာနေတိုင်းရင်းသား များအတွက် ကုန်သွယ်ရေးအချက်အချာနေရာတစ် ခုဖြစ်ခဲ့သည်။ (၁၇၃၈)ခုနှစ်တွင် ပြင်သစ်ကုန်သည် များသည် ယင်းဒေသတွင် ပထမဆုံးခံတပ်ဖြစ်သော Fort Rouge ကိုတည်ဆောက်ခဲ့ကြသည်။(၁၈၁၂)ခုနှစ်တွင် Red River Colony မှ Selkirk အခြေချနေထိုင်သူများက ယင်းဒေသ တွင် အခြေချနေထိုင်မှုများစတင်လုပ်ဆောင်ခဲ့ပြီး (၁၈၁၃)ခုနှစ်တွင် ဝင်နီပက်မြို့အဖြစ် ပေါင်းစည်း ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အနောက်ဘက်သို့တံခါးပေါက်ဆိုသည့် နာမည်ဖြင့်လူသိများသော ဝင်နီပက်မြို့သည် ကွဲ ပြားသောစီးပွားရေးနှင့်အတူ ရထားလမ်းနှင့် သယ် ယူပို့ဆောင်ရေးဆိုင်ရာအချက်အချာနေရာတစ်ခု လည်းဖြစ်သည်။ ဝင်နီပက်မြို့သည် du Voyageur ပွဲတော်၊ Winnipeg Folk ပွဲတော်၊Jazz Winnipeg ပွဲတော်၊ Winnipeg Fringe Theatre ပွဲတော်နှင့် Folklorama ပွဲတော်တို့ အပါအဝင် နှစ်စဉ် ပွဲတော်များစွာကို လက်ခံကျင်း ပသည့်နေရာတစ်ခုလည်းဖြစ်သည်။ (၁၉၆၇)ခုနှစ် တွင် ဝင်နီပက်မြို့သည် Pan American Games များကိုလက်ခံကျင်းပခဲ့သည့် ပထမဆုံး ကနေဒါမြို့တစ်မြို့ဖြစ်လာခဲ့ကြောင်းသိရသည်။ ထို့ပြင် ဝင်နီပက် မြို့သည် Winnipeg Blue Bombers (ကနေဒါ ဘောလုံး)၊ Winnipeg Jets (ရေခဲပြင်ဟော်ကီ)၊ Manitoba Moose (ရေခဲပြင်ဟော်ကီ)၊ Valour FC (ဘောလုံး)၊ Winnipeg Sea Bears (ဘတ်စ ကက်ဘော)နှင့် Winnipeg Goldeyes (ဘေ့စ် ဘော)အသင်းတို့အပါအဝင် ပရော်ဖက်ရှင်နယ် အား ကစားအသင်းများစွာ၏ နေအိမ်လည်းဖြစ်သည်။
စီးပွားရေး
ဝင်နီပက်မြို့သည် စီးပွားရေးအခြေစိုက် စခန်းနှင့် ဒေသဆိုင်ရာအချက်အချာနေရာတစ်ခုဖြစ် သည်။ ဝင်နီပက်မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှု နှင့် လူမှုရေးအကူအညီ(၁၄)ရာခိုင်နှုန်း၊ လက်လီ ရောင်းချမှု (၁၁)ရာခိုင်နှုန်း၊ ထုတ်လုပ်ရေး (၈)ရာခိုင် နှုန်းနှင့် အစိုးရအုပ်ချုပ်ရေးကဏ္ဍများ (၈)ရာခိုင် နှုန်းတို့တွင် အဓိကအလုပ်အကိုင်များစွာနှင့်အတူ ကွဲ ပြားသောစီးပွားရေးတစ်ခုရှိကြောင်းသိရသည်။ (၂၀၁၉)ခုနှစ်အထိ ဝင်နီပက်မြို့တွင် အလုပ်အကိုင် ပေါင်း(၄၅၀၅၀ဝ)ခန့်ရှိပြီး မြို့၏ အကြီးဆုံးအလုပ်ရှင် အချို့တွင် အစိုးရနှင့် အစိုးရရန်ပုံငွေဖြင့် တည်ထောင် ထားသောအဖွဲ့အစည်းများ၊ မန်နီတိုဘာပြည်နယ်၊ မန်နီတိုဘာတက္ကသိုလ်၊ Manitoba Hydro နှင့် Manitoba Liquor & Lotteries Corporation တို့ ပါဝင်ကြောင်းသိရသည်။ အဓိက ပုဂ္ဂလိက ကဏ္ဍအ လုပ်ရှင်များတွင် မန်နီတိုဘာပြည်နယ်ရှိ ကနေဒါကော် ပိုရေးရှင်း၊ ကနေဒါအသက်အာမခံကုမ္ပဏီ၊ StandardAero နှင့် SkipThe Dishes ကုမ္ပဏီတို့ပါဝင် ကြောင်းသိရသည်။ (၂၀၁၉)ခုနှစ်တွင် ဝင်နီပက်မြို့၏ အလုပ်လက်မဲ့နှုန်းမှာ (၅ ဒသမ ၃) ရာခိုင်နှုန်းရှိပြီး ကနေဒါတစ်နိုင်ငံလုံး၏အလုပ်လက်မဲ့နှုန်းမှာ (၅ ဒသ မ ၇)ရာခိုင်နှုန်းရှိကြောင်းသိရသည်။ ထို့ပြင် ဝင်နီပက် မြို့ရှိ အိမ်ထောင်စုတစ်ခုစီ၏ တစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ(၄၇၈၂၄)ဒေါ်လာရှိပြီး နိုင်ငံအ ဆင့် တစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၄၉၇၄၄)ဒေါ်လာရှိကြောင်းသိရသည်။ (၁၉၇၆)ခုနှစ်တွင်တည်ထောင်ခဲ့သော Royal Canadian Mint ကော်ပိုရေးရှင်းသည် ကနေဒါတွင်လည်ပတ် နေသော ဒင်္ဂါးပြားအားလုံးကိုထုတ်လုပ်ပြီး မြို့အရှေ့ တောင်ဘက်ပိုင်းတွင်တည်ရှိသောစက်ရုံသည် အခြား နိုင်ငံများစွာအတွက် ဒင်္ဂါးပြားများကိုထုတ်လုပ်ပေး ကြောင်းသိရသည်။ (၂၀၁၂)ခုနှစ်တွင် ဝင်နီပက်မြို့ကို ကနေဒါနိုင်ငံအနောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အသက်သာဆုံးနေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ အခြားမြို့များကဲ့သို့ပင် ဝင်နီပက် မြို့၏နေထိုင်စရိတ်မှာ အလွန်နည်းပါးပြီး (၂၀၁၈)ခုနှစ်အထိ ပျမ်းမျှအိမ်ဈေးနှုန်းမှာ အမေရိကန်ဒေါ် လာ(၃၀၁၅၁၈)ဒေါ်လာရှိကြောင်းသိရသည်။
ယဉ်ကျေးမှုအမွေအနှစ်
(၂၀၁၀)ပြည့်နှစ်တွင် ကနေဒါယဉ်ကျေးမှု အမွေအနှစ်အဖွဲ့အစည်းက ဝင်နီပက်မြို့ကို ကနေဒါ နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်အဖြစ်သတ်မှတ်ခဲ့ ကြောင်းသိရသည်။ (၂၀၂၁)ခုနှစ်အထိ ဝင်နီပက်မြို့ တွင် ကနေဒါ၏ အမျိုးသားသမိုင်းဝင်နေရာ(၂၆)ခုရှိ ကြောင်းသိရသည်။ ယင်းတို့အနက် Forks ဈေး သည် တစ်နှစ်လျှင် ခရီးသွားဧည့်သည်(၄)သန်းခန့်ကို ဆွဲဆောင်လျက်ရှိကြောင်းသိရသည်။ ဝင်နီပက်မြို့ သည် မြို့တော်ရုပ်မြင်သံကြားစတူဒီယို၊ လူငယ်များ အတွက် မန်နီတိုဘာပြဇာတ်ရုံ၊ ဝင်နီပက် အပြည် ပြည်ဆိုင်ရာကလေးများပွဲတော်နှင့် မန်နီတိုဘာ ကလေးပြတိုက်တို့၏ နေအိမ်လည်းဖြစ်သည်။ ထို့ပြင် ဝင်နီပက်အများပြည်သူစာကြည့်တိုက်သည် အဓိက Millennium စာကြည့်တိုက်အပါအဝင် မြို့တစ်ဝန်း တွင် ဌာနခွဲ(၂၀)ရှိသော အများပြည်သူစာကြည့် တိုက်ကွန်ရက်တစ်ခုလည်းဖြစ်သည်။
ဝင်နီပက်မြို့သည် ထူးခြားသောဟင်းလျာ များနှင့် ချက်ပြုတ်နည်းများစွာကို တီထွင်ဖန်တီးခဲ့ သည့် မြို့တစ်မြို့လည်းဖြစ်သည်။ အစောပိုင်းအခြေချနေထိုင်သူများနှင့် မကြာသေးမီကရောက်လာခဲ့ သော အရှေ့ကနေဒါ၊ ဥရောပနှင့် အာရှရွှေ့ပြောင်းနေ ထိုင်သူများသည် ဝင်နီပက်မြို့၏စားသောက်မှုမြင် ကွင်းကိုပုံဖော်ရာတွင်အထောက်အကူပြုခဲ့ပြီး အချို ပွဲများဖြစ်သည့် schmoo torte နှင့် wafer pie ကဲ့ သို့သောဟင်းလျာများကို ဖန်တီးနိုင်ခဲ့ကြောင်းသိရ သည်။
ဝင်နီပက် အနုပညာပြခန်းသည် ကနေဒါ နိုင်ငံအနောက်ပိုင်း၏ ရှေးအကျဆုံး အများပြည်သူ ဆိုင်ရာအနုပညာပြခန်းတစ်ခုဖြစ်ပြီး (၁၉၁၂)ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည်။ ဝင်နီပက်အနုပညာ ပြခန်းသည် ကနေဒါနိုင်ငံတွင်းတွင် ခြောက်ခု မြောက်အကြီးဆုံးအနုပညာပြခန်းဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး ခေတ်ပြိုင် Inuit အနုပညာစုဆောင်းမှု များပါဝင်ကြောင်းသိရသည်။ (၁၉၇၀)ပြည့်နှစ်များ နှောင်းပိုင်းမှစတင်ပြီး ဝင်နီပက်မြို့တွင် အနုပညာ ရှင်များဦးစီးသည့် ယဉ် ကျေးမှုစင်တာလည်းရှိ ကြောင်းသိရသည်။
ဝင်နီပက်မြို့၏ အကြီးဆုံးပြတိုက်ဖြစ် သော မန်နီတိုဘာပြတိုက်သည် မြို့နှင့်ပြည်နယ် သမိုင်းကြောင်းကို သရုပ်ဖော်ထားသည့်ပြတိုက် လည်းဖြစ်သည်။ Nonsuch သင်္ဘော၏ အရွယ် အစားအပြည့်ပုံတူသည် မန်နီတိုဘာပြတိုက်တွင် ပြသထားသော အထူးခြားဆုံးလက်ရာတစ်ခုလည်း ဖြစ်သည်။ မန်နီတိုဘာကလေးပြတိုက်သည် အကျိုး အမြတ်မယူသော ကလေးပြတိုက်တစ်ခုဖြစ်ပြီး အမြဲတမ်းပြခန်း(၁၂)ခုပါရှိကြောင်းသိရသည်။ လူ့ အခွင့်အရေးဆိုင်ရာကနေဒါပြတိုက်သည် လူ့အခွင့် အရေးများအတွက် တစ်ခုတည်းသော ကနေဒါအ မျိုးသားပြတိုက်နှင့် အော်တာဝါမြို့အနောက်ဘက်ရှိ တစ်ခုတည်းသောအမျိုးသား ပြတိုက်လည်းဖြစ် သည်။ အဆိုပါလူ့အခွင့်အရေးဆိုင်ရာ ကနေဒါပြ တိုက်ကို (၂၀ဝ၈)ခုနှစ် ဧပြီလ (၁)ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး (၂၀၁၄)ခုနှစ် စက်တင်ဘာလ၊ (၂၇)ရက်တွင် အများပြည်သူ လာရောက်လည်ပတ် နိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ကေနဒါႏိုင္ငံ ဝင္နီပက္ၿမိဳ႕
Pika (NP News) - ႏိုဝင္ဘာလ ၂၇
ဝင္နီပက္ၿမိဳ႕သည္ ကေနဒါႏိုင္ငံ မန္နီ တိုဘာျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ၿပီး အေနာက္ဘက္ သို႔တံခါးေပါက္ဆိုသည့္နာမည္ျဖင့္လူသိမ်ားကာ ကြဲျပားေသာစီးပြားေရးႏွင့္အတူ ႏွစ္စဥ္က်င္းပေသာ ပြဲေတာ္မ်ားစြာေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္သည္။ ဝင္နီပက္ၿမိဳ႕သည္ Red ျမစ္ႏွင့္ Assiniboine ျမစ္တို႔ဆုံရာေနရာတြင္အေျချပဳ ထားၿပီး စုစုေပါင္း ေနထိုင္သူလူဦးေရမွာ (၇၄၉၆၀၇)ဦးရွိကာ ဝင္နီပက္ၿမိဳ႕ျပဧရိယာတြင္ေန ထိုင္သူလူဦးေရမွာ (၈၃၄၆၇၈)ဦးရွိေၾကာင္းသိရ သည္။ ထို႔ျပင္ ဝင္နီပက္ၿမိဳ႕သည္ ကေနဒါႏိုင္ငံတြင္း တြင္ ေျခာက္ခုေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ဝင္နီပက္ၿမိဳ႕ျပဧရိယာသည္ ကေနဒါႏိုင္ငံတြင္းတြင္ ရွစ္ခုေျမာက္အႀကီးဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ ေၾကာင္းသိရသည္။ ဝင္နီပက္ၿမိဳ႕ကို အနီးအနားရွိ ဝင္နီပက္ေရကန္ကိုအစြဲျပဳကာ အမည္ေပးထား ျခင္းျဖစ္သည္။
သမိုင္းေၾကာင္း
ဥေရာပသားမ်ားမေရာက္ခင္အခ်ိန္ တည္းက အဆိုပါေဒသသည္ ဌာေနတိုင္းရင္းသား မ်ားအတြက္ ကုန္သြယ္ေရးအခ်က္အခ်ာေနရာတစ္ ခုျဖစ္ခဲ့သည္။ (၁၇၃၈)ခုႏွစ္တြင္ ျပင္သစ္ကုန္သည္ မ်ားသည္ ယင္းေဒသတြင္ ပထမဆုံးခံတပ္ျဖစ္ေသာ Fort Rouge ကိုတည္ေဆာက္ခဲ့ၾကသည္။(၁၈၁၂)ခုႏွစ္တြင္ Red River Colony မွ Selkirk အေျခခ်ေနထိုင္သူမ်ားက ယင္းေဒသ တြင္ အေျခခ်ေနထိုင္မႈမ်ားစတင္လုပ္ေဆာင္ခဲ့ၿပီး (၁၈၁၃)ခုႏွစ္တြင္ ဝင္နီပက္ၿမိဳ႕အျဖစ္ ေပါင္းစည္း ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အေနာက္ဘက္သို႔တံခါးေပါက္ဆိုသည့္ နာမည္ျဖင့္လူသိမ်ားေသာ ဝင္နီပက္ၿမိဳ႕သည္ ကြဲ ျပားေသာစီးပြားေရးႏွင့္အတူ ရထားလမ္းႏွင့္ သယ္ ယူပို႔ေဆာင္ေရးဆိုင္ရာအခ်က္အခ်ာေနရာတစ္ခု လည္းျဖစ္သည္။ ဝင္နီပက္ၿမိဳ႕သည္ du Voyageur ပြဲေတာ္၊ Winnipeg Folk ပြဲေတာ္၊Jazz Winnipeg ပြဲေတာ္၊ Winnipeg Fringe Theatre ပြဲေတာ္ႏွင့္ Folklorama ပြဲေတာ္တို႔ အပါအဝင္ ႏွစ္စဥ္ ပြဲေတာ္မ်ားစြာကို လက္ခံက်င္း ပသည့္ေနရာတစ္ခုလည္းျဖစ္သည္။ (၁၉၆၇)ခုႏွစ္ တြင္ ဝင္နီပက္ၿမိဳ႕သည္ Pan American Games မ်ားကိုလက္ခံက်င္းပခဲ့သည့္ ပထမဆုံး ကေနဒါၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဝင္နီပက္ ၿမိဳ႕သည္ Winnipeg Blue Bombers (ကေနဒါ ေဘာလုံး)၊ Winnipeg Jets (ေရခဲျပင္ေဟာ္ကီ)၊ Manitoba Moose (ေရခဲျပင္ေဟာ္ကီ)၊ Valour FC (ေဘာလုံး)၊ Winnipeg Sea Bears (ဘတ္စ ကက္ေဘာ)ႏွင့္ Winnipeg Goldeyes (ေဘ့စ္ ေဘာ)အသင္းတို႔အပါအဝင္ ပေရာ္ဖက္ရွင္နယ္ အား ကစားအသင္းမ်ားစြာ၏ ေနအိမ္လည္းျဖစ္သည္။
စီးပြားေရး
ဝင္နီပက္ၿမိဳ႕သည္ စီးပြားေရးအေျခစိုက္ စခန္းႏွင့္ ေဒသဆိုင္ရာအခ်က္အခ်ာေနရာတစ္ခုျဖစ္ သည္။ ဝင္နီပက္ၿမိဳ႕တြင္ က်န္းမာေရးေစာင့္ေရွာက္မႈ ႏွင့္ လူမႈေရးအကူအညီ(၁၄)ရာခိုင္ႏႈန္း၊ လက္လီ ေရာင္းခ်မႈ (၁၁)ရာခိုင္ႏႈန္း၊ ထုတ္လုပ္ေရး (၈)ရာခိုင္ ႏႈန္းႏွင့္ အစိုးရအုပ္ခ်ဳပ္ေရးက႑မ်ား (၈)ရာခိုင္ ႏႈန္းတို႔တြင္ အဓိကအလုပ္အကိုင္မ်ားစြာႏွင့္အတူ ကြဲ ျပားေသာစီးပြားေရးတစ္ခုရွိေၾကာင္းသိရသည္။ (၂၀၁၉)ခုႏွစ္အထိ ဝင္နီပက္ၿမိဳ႕တြင္ အလုပ္အကိုင္ ေပါင္း(၄၅၀၅၀ဝ)ခန႔္ရွိၿပီး ၿမိဳ႕၏ အႀကီးဆုံးအလုပ္ရွင္ အခ်ိဳ႕တြင္ အစိုးရႏွင့္ အစိုးရရန္ပုံေငြျဖင့္ တည္ေထာင္ ထားေသာအဖြဲ႕အစည္းမ်ား၊ မန္နီတိုဘာျပည္နယ္၊ မန္နီတိုဘာတကၠသိုလ္၊ Manitoba Hydro ႏွင့္ Manitoba Liquor & Lotteries Corporation တို႔ ပါဝင္ေၾကာင္းသိရသည္။ အဓိက ပုဂၢလိက က႑အ လုပ္ရွင္မ်ားတြင္ မန္နီတိုဘာျပည္နယ္ရွိ ကေနဒါေကာ္ ပိုေရးရွင္း၊ ကေနဒါအသက္အာမခံကုမၸဏီ၊ StandardAero ႏွင့္ SkipThe Dishes ကုမၸဏီတို႔ပါဝင္ ေၾကာင္းသိရသည္။ (၂၀၁၉)ခုႏွစ္တြင္ ဝင္နီပက္ၿမိဳ႕၏ အလုပ္လက္မဲ့ႏႈန္းမွာ (၅ ဒသမ ၃) ရာခိုင္ႏႈန္းရွိၿပီး ကေနဒါတစ္ႏိုင္ငံလုံး၏အလုပ္လက္မဲ့ႏႈန္းမွာ (၅ ဒသ မ ၇)ရာခိုင္ႏႈန္းရွိေၾကာင္းသိရသည္။ ထို႔ျပင္ ဝင္နီပက္ ၿမိဳ႕ရွိ အိမ္ေထာင္စုတစ္ခုစီ၏ တစ္ဦးခ်င္းဝင္ေငြမွာ အေမရိကန္ေဒၚလာ(၄၇၈၂၄)ေဒၚလာရွိၿပီး ႏိုင္ငံအ ဆင့္ တစ္ဦးခ်င္းဝင္ေငြမွာ အေမရိကန္ေဒၚလာ (၄၉၇၄၄)ေဒၚလာရွိေၾကာင္းသိရသည္။ (၁၉၇၆)ခုႏွစ္တြင္တည္ေထာင္ခဲ့ေသာ Royal Canadian Mint ေကာ္ပိုေရးရွင္းသည္ ကေနဒါတြင္လည္ပတ္ ေနေသာ ဒဂၤါးျပားအားလုံးကိုထုတ္လုပ္ၿပီး ၿမိဳ႕အေရွ႕ ေတာင္ဘက္ပိုင္းတြင္တည္ရွိေသာစက္႐ုံသည္ အျခား ႏိုင္ငံမ်ားစြာအတြက္ ဒဂၤါးျပားမ်ားကိုထုတ္လုပ္ေပး ေၾကာင္းသိရသည္။ (၂၀၁၂)ခုႏွစ္တြင္ ဝင္နီပက္ၿမိဳ႕ကို ကေနဒါႏိုင္ငံအေနာက္ပိုင္းတြင္ စီးပြားေရးလုပ္ငန္း လုပ္ကိုင္ရန္ အသက္သာဆုံးေနရာတစ္ခုအျဖစ္ သတ္မွတ္ခဲ့သည္။ အျခားၿမိဳ႕မ်ားကဲ့သို႔ပင္ ဝင္နီပက္ ၿမိဳ႕၏ေနထိုင္စရိတ္မွာ အလြန္နည္းပါးၿပီး (၂၀၁၈)ခုႏွစ္အထိ ပ်မ္းမွ်အိမ္ေဈးႏႈန္းမွာ အေမရိကန္ေဒၚ လာ(၃၀၁၅၁၈)ေဒၚလာရွိေၾကာင္းသိရသည္။
ယဥ္ေက်းမႈအေမြအႏွစ္
(၂၀၁၀)ျပည့္ႏွစ္တြင္ ကေနဒါယဥ္ေက်းမႈ အေမြအႏွစ္အဖြဲ႕အစည္းက ဝင္နီပက္ၿမိဳ႕ကို ကေနဒါ ႏိုင္ငံ၏ ယဥ္ေက်းမႈၿမိဳ႕ေတာ္အျဖစ္သတ္မွတ္ခဲ့ ေၾကာင္းသိရသည္။ (၂၀၂၁)ခုႏွစ္အထိ ဝင္နီပက္ၿမိဳ႕ တြင္ ကေနဒါ၏ အမ်ိဳးသားသမိုင္းဝင္ေနရာ(၂၆)ခုရွိ ေၾကာင္းသိရသည္။ ယင္းတို႔အနက္ Forks ေဈး သည္ တစ္ႏွစ္လွ်င္ ခရီးသြားဧည့္သည္(၄)သန္းခန႔္ကို ဆြဲေဆာင္လ်က္ရွိေၾကာင္းသိရသည္။ ဝင္နီပက္ၿမိဳ႕ သည္ ၿမိဳ႕ေတာ္႐ုပ္ျမင္သံၾကားစတူဒီယို၊ လူငယ္မ်ား အတြက္ မန္နီတိုဘာျပဇာတ္႐ုံ၊ ဝင္နီပက္ အျပည္ ျပည္ဆိုင္ရာကေလးမ်ားပြဲေတာ္ႏွင့္ မန္နီတိုဘာ ကေလးျပတိုက္တို႔၏ ေနအိမ္လည္းျဖစ္သည္။ ထို႔ျပင္ ဝင္နီပက္အမ်ားျပည္သူစာၾကည့္တိုက္သည္ အဓိက Millennium စာၾကည့္တိုက္အပါအဝင္ ၿမိဳ႕တစ္ဝန္း တြင္ ဌာနခြဲ(၂၀)ရွိေသာ အမ်ားျပည္သူစာၾကည့္ တိုက္ကြန္ရက္တစ္ခုလည္းျဖစ္သည္။
ဝင္နီပက္ၿမိဳ႕သည္ ထူးျခားေသာဟင္းလ်ာ မ်ားႏွင့္ ခ်က္ျပဳတ္နည္းမ်ားစြာကို တီထြင္ဖန္တီးခဲ့ သည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ အေစာပိုင္းအေျခခ်ေနထိုင္သူမ်ားႏွင့္ မၾကာေသးမီကေရာက္လာခဲ့ ေသာ အေရွ႕ကေနဒါ၊ ဥေရာပႏွင့္ အာရွေ႐ႊ႕ေျပာင္းေန ထိုင္သူမ်ားသည္ ဝင္နီပက္ၿမိဳ႕၏စားေသာက္မႈျမင္ ကြင္းကိုပုံေဖာ္ရာတြင္အေထာက္အကူျပဳခဲ့ၿပီး အခ်ိဳ ပြဲမ်ားျဖစ္သည့္ schmoo torte ႏွင့္ wafer pie ကဲ့ သို႔ေသာဟင္းလ်ာမ်ားကို ဖန္တီးႏိုင္ခဲ့ေၾကာင္းသိရ သည္။
ဝင္နီပက္ အႏုပညာျပခန္းသည္ ကေနဒါ ႏိုင္ငံအေနာက္ပိုင္း၏ ေရွးအက်ဆုံး အမ်ားျပည္သူ ဆိုင္ရာအႏုပညာျပခန္းတစ္ခုျဖစ္ၿပီး (၁၉၁၂)ခုႏွစ္ တြင္ စတင္တည္ေထာင္ခဲ့သည္။ ဝင္နီပက္အႏုပညာ ျပခန္းသည္ ကေနဒါႏိုင္ငံတြင္းတြင္ ေျခာက္ခု ေျမာက္အႀကီးဆုံးအႏုပညာျပခန္းျဖစ္ၿပီး ကမာၻ႔ အႀကီးဆုံး ေခတ္ၿပိဳင္ Inuit အႏုပညာစုေဆာင္းမႈ မ်ားပါဝင္ေၾကာင္းသိရသည္။ (၁၉၇၀)ျပည့္ႏွစ္မ်ား ေႏွာင္းပိုင္းမွစတင္ၿပီး ဝင္နီပက္ၿမိဳ႕တြင္ အႏုပညာ ရွင္မ်ားဦးစီးသည့္ ယဥ္ ေက်းမႈစင္တာလည္းရွိ ေၾကာင္းသိရသည္။
ဝင္နီပက္ၿမိဳ႕၏ အႀကီးဆုံးျပတိုက္ျဖစ္ ေသာ မန္နီတိုဘာျပတိုက္သည္ ၿမိဳ႕ႏွင့္ျပည္နယ္ သမိုင္းေၾကာင္းကို သ႐ုပ္ေဖာ္ထားသည့္ျပတိုက္ လည္းျဖစ္သည္။ Nonsuch သေဘၤာ၏ အ႐ြယ္ အစားအျပည့္ပုံတူသည္ မန္နီတိုဘာျပတိုက္တြင္ ျပသထားေသာ အထူးျခားဆုံးလက္ရာတစ္ခုလည္း ျဖစ္သည္။ မန္နီတိုဘာကေလးျပတိုက္သည္ အက်ိဳး အျမတ္မယူေသာ ကေလးျပတိုက္တစ္ခုျဖစ္ၿပီး အၿမဲတမ္းျပခန္း(၁၂)ခုပါရွိေၾကာင္းသိရသည္။ လူ႔ အခြင့္အေရးဆိုင္ရာကေနဒါျပတိုက္သည္ လူ႔အခြင့္ အေရးမ်ားအတြက္ တစ္ခုတည္းေသာ ကေနဒါအ မ်ိဳးသားျပတိုက္ႏွင့္ ေအာ္တာဝါၿမိဳ႕အေနာက္ဘက္ရွိ တစ္ခုတည္းေသာအမ်ိဳးသား ျပတိုက္လည္းျဖစ္ သည္။ အဆိုပါလူ႔အခြင့္အေရးဆိုင္ရာ ကေနဒါျပ တိုက္ကို (၂၀ဝ၈)ခုႏွစ္ ဧၿပီလ (၁)ရက္တြင္ စတင္ တည္ေဆာက္ခဲ့ၿပီး (၂၀၁၄)ခုႏွစ္ စက္တင္ဘာလ၊ (၂၇)ရက္တြင္ အမ်ားျပည္သူ လာေရာက္လည္ပတ္ ႏိုင္ရန္အတြက္ ဖြင့္လွစ္ခဲ့ေၾကာင္းသိရသည္။