မှန်စီရွှေချလုပ်ငန်းအား ယူနက်စကိုဝင်ရန် ဆောင်ရွက်နေ

355

ကိုဖြိုး(NP News) မတ်-၁
အနုပညာလက်ရာများ ယဉ်ကျေးမှုများနှင့်ပတ်သက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်တင်သွင်းနိုင်ရန် လုပ်ဆောင်နေလျက်ရှိရာ မှန်စီရွှေချလုပ်ငန်းများကိုလည်း စာရင်းသွင်းနိုင်ရန် လုပ်ဆောင်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
“လောလောဆယ်မှာက ကနဦးအမျိုးသားအဆင့်အနေနဲ့ လုပ်နေတာရှိပါတယ်၊ ဘုရားတန်ဆောင်း၊ ပြဿဒ်နဲ့ ဇရပ်တွေရဲ့ မှန်စီရွှေချဆိုင်ရာလုပ်ဆောင်ပုံ အဆင့်ဆင့်ကို စာရင်းကောက်ယူဖို့ စတင်ဆောင်ရွက်နေကြပါတယ်။ ရွှေတိဂုံမှာတော့ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီးပြီ”ဟု အဆိုပါဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုမှန်စီရွှေချလုပ်ငန်းနှင့်ပတ်သက်၍ အမျိုးသားအဆင့် စာရင်းကောက်ယူမှုကို မန္တလေးတွင်လည်း မကြာခင် စတင်သွားနိုင်ရန် ရည်ရွယ်ထားသည်။ ထိုသို့ စာရင်းကောက်ယူရာတွင် မှန်စီရွှေချလုပ်ငန်း၏ လုပ်ဆောင်ပုံအဆင့်ဆင့်ပါဝင်ပြီး ထိန်းသိမ်းအပ်သော မြန်မာ့လက်မှု အနုပညာလက်ရာအမွေအနှစ်ကို ဖော်ထုတ်လုပ်ဆောင်နေကြခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မြန်မာရိုးရာသနပ်ခါးလိမ်းခြယ်သည့်ဓလေ့နှင့် လက်ဖက်အစို စားသုံးသည့်ဓလေ့တို့ကိုလည်း လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် စာရင်းဝင်နိုင်ရန်ကြိုးပမ်းနေလျက်ရှိပြီး မြန်မာ့ရိုးရာမှန်စီရွှေချလုပ်ငန်း ကိုလည်း လျာထားကာ ကြိုးပမ်းလုပ်ဆောင်နေလျက်ရှိသည်။
လွန်ခဲ့သော ၂၀၂၄ ခုနှစ်က (၁၉) ကြိမ်မြောက် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံကို ပါရာဂွေးနိုင်ငံ၌ ကျင်းပခဲ့ပြီး ယင်းညီလာခံအခမ်းအနားတွင် မြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ စာရင်းဝင် အဖြစ် အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ အမျိုးသားအဆင့်သတ်မှတ်ထားသော လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အမျိုးသားအဆင့်၌ သတ်မှတ်ထားသော အမွေအနှစ်များမှာ ၂၂၀၀ ကျော်ရှိကြောင်းလည်း သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာနမှ သိရသည်။

Zawgyi Version:
မွန္စီေ႐ႊခ်လုပ္ငန္းအား ယူနက္စကိုဝင္ရန္ ေဆာင္႐ြက္ေန
ကိုၿဖိဳး(NP News) မတ္-၁
အႏုပညာလက္ရာမ်ား ယဥ္ေက်းမႈမ်ားႏွင့္ပတ္သက္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္အျဖစ္တင္သြင္းႏိုင္ရန္ လုပ္ေဆာင္ေနလ်က္ရွိရာ မွန္စီေ႐ႊခ်လုပ္ငန္းမ်ားကိုလည္း စာရင္းသြင္းႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ သိရသည္။
“ေလာေလာဆယ္မွာက ကနဦးအမ်ိဳးသားအဆင့္အေနနဲ႔ လုပ္ေနတာရွိပါတယ္၊ ဘုရားတန္ေဆာင္း၊ ျပႆဒ္နဲ႔ ဇရပ္ေတြရဲ႕ မွန္စီေ႐ႊခ်ဆိုင္ရာလုပ္ေဆာင္ပုံ အဆင့္ဆင့္ကို စာရင္းေကာက္ယူဖို႔ စတင္ေဆာင္႐ြက္ေနၾကပါတယ္။ ေ႐ႊတိဂုံမွာေတာ့ ကြင္းဆင္းေဆာင္႐ြက္ခဲ့ၿပီးၿပီ”ဟု အဆိုပါဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထိုမွန္စီေ႐ႊခ်လုပ္ငန္းႏွင့္ပတ္သက္၍ အမ်ိဳးသားအဆင့္ စာရင္းေကာက္ယူမႈကို မႏၲေလးတြင္လည္း မၾကာခင္ စတင္သြားႏိုင္ရန္ ရည္႐ြယ္ထားသည္။ ထိုသို႔ စာရင္းေကာက္ယူရာတြင္ မွန္စီေ႐ႊခ်လုပ္ငန္း၏ လုပ္ေဆာင္ပုံအဆင့္ဆင့္ပါဝင္ၿပီး ထိန္းသိမ္းအပ္ေသာ ျမန္မာ့လက္မႈ အႏုပညာလက္ရာအေမြအႏွစ္ကို ေဖာ္ထုတ္လုပ္ေဆာင္ေနၾကျခင္းလည္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ျမန္မာ႐ိုးရာသနပ္ခါးလိမ္းျခယ္သည့္ဓေလ့ႏွင့္ လက္ဖက္အစို စားသုံးသည့္ဓေလ့တို႔ကိုလည္း လူသားမ်ိဳးႏြယ္ ကိုယ္စားျပဳ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ အျဖစ္ စာရင္းဝင္ႏိုင္ရန္ႀကိဳးပမ္းေနလ်က္ရွိၿပီး ျမန္မာ့႐ိုးရာမွန္စီေ႐ႊခ်လုပ္ငန္း ကိုလည္း လ်ာထားကာ ႀကိဳးပမ္းလုပ္ေဆာင္ေနလ်က္ရွိသည္။
လြန္ခဲ့ေသာ ၂၀၂၄ ခုႏွစ္က (၁၉) ႀကိမ္ေျမာက္ လူသားမ်ိဳးႏြယ္ကိုယ္စားျပဳ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ ညီလာခံကို ပါရာေဂြးႏိုင္ငံ၌ က်င္းပခဲ့ၿပီး ယင္းညီလာခံအခမ္းအနားတြင္ ျမန္မာ႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္မွာ စာရင္းဝင္ အျဖစ္ အတည္ျပဳခဲ့သည္။
ျမန္မာႏိုင္ငံတြင္ လက္ရွိအခ်ိန္အထိ အမ်ိဳးသားအဆင့္သတ္မွတ္ထားေသာ လူသားမ်ိဳးႏြယ္ကိုယ္စားျပဳ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ အမ်ိဳးသားအဆင့္၌ သတ္မွတ္ထားေသာ အေမြအႏွစ္မ်ားမွာ ၂၂၀၀ ေက်ာ္ရွိေၾကာင္းလည္း သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ႀကီးဌာနမွ သိရသည္။