နိုင်ငံရေးမတည်ငြိမ်မှုများရှိသော်လည်း ကတူးလူမျိုး အမျိုးသားရေးသွင်ပြင်လက္ခဏာ (Identity) မပျောက်ပျက်ရန်အတွက် ကြိုးပမ်းနေဟုဆို

 108

ထိုက်စံ (NP News) - မတ် ၂၆
နိုင်ငံရေးမတည်ငြိမ်မှုများရှိသော်လည်း ကတူးလူမျိုး အမျိုးသားရေးသွင်ပြင်လက္ခဏာ (Identity) မပပျောက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း ကတူးလူမျိုးအရေးလုပ်ဆောင်နေသူ ဦး သန်းနိုင်က NP News သို့ပြောသည်။
ကတူးလူမျိုးများမှ ၎င်းတို့၏ကိုယ်ပိုင်ဟန် ဖြင့်တီထွင်ထားသည့် ကတူးစာပေအက္ခရာအသစ်ကို (၂၀၂၂)ခုနှစ်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး Unicode စနစ်သို့ တရားဝင်အသုံးပြုနိုင်ရန် ကြိုးစားနေကြောင်း ၎င်းကပြောသည်။
" ဒီစာပေတစ်ခုကို (၂၀၂၂)ခုနှစ်မှာ ကျွန် တော်တို့ကအတည်ပြုတယ်။ အတည်ပြုပြီးတော့ အဲဒါကို အွန်လိုင်းပေါ်မှာသင်တယ်။ ပြီတော့ မြေပြင် မှာလည်းသင်တယ်။ ကျွန်တော်တို့ ကတူးစာက အက္ခရာအသစ်ဖြစ်တယ်။ အင်္ဂလိပ်အက္ခရာလည်း မသုံးဘူး။ မြန်မာအက္ခရာလည်းမသုံးဘူး။ အသစ်ကို တီထွင်ထားတဲ့အက္ခရာဖြစ်တဲ့အတွက် Unicode သီးသန့်လျှောက်ဖို့လိုတယ်။ သူက တကယ်လို့ မြန်မာ အက္ခရာကိုသုံးထားတယ်ဆိုရင်တော့ Unicode လျှောက်စရာမလိုတော့ဘူးလေ။ မြန်မာ Unicode ကရှိပြီးသား။ အဲဒီလိုပဲ အင်္ဂလိပ်အက္ခရာလည်း Unicode လျှောက်စရာမလိုဘူး" ဟု ဦးသန်းနိုင်က ဆိုသည်။
ထိုသို့ Unicode တွင် တရားဝင်အသုံးပြု နိုင်ရန်ဆောင်ရွက်နေခြင်းနှင့်ပက်သက်၍လည်း " ကျွန်တော်တို့ကျတော့ မြန်မာအက္ခရာ၊ အင်္ဂလိပ် အက္ခရာမသုံးဘဲနဲ့ အက္ခရာအသစ်တီထွင်ပြီးတော့ သုံးထားတာဖြစ်တဲ့အတွက် အဲဒီအက္ခရာအသစ်ကို Unicode အဖွဲ့ကနေမှ ဒါအသိအမှတ်ပြုဖို့အတွက် ကျွန်တော်တို့က အဲဒါကို Proposal တင်ပေးရဖို့လုပ် ငန်းရှိတာပေါ့။ အဲဒီလုပ်ရမယ့်ဟာလေး ကျန်သေး တယ်။ အဲဒါလေးကို ကျွန်တော်လုပ်နိုင်သလောက် လုပ်ရတာဖြစ်ပါတယ်" ဟု ၎င်းကဆက်ပြောသည်။
Proposal တင်ရသည့်အခက်အခဲနှင့် ပတ်သက်၍လည်း " အခက်အခဲနံပါတ်တစ်ကတော့ ရန်ပုံငွေလည်း ဒါကတော့ ပြောစရာမလိုပါဘူး။ ကိုယ် လည်း သွားရလာရဘာညာ။ ရန်ပုံငွေကထားလိုက် တော့။ နောက်တစ်ခုအခက်အခဲက ဘာလဲဆိုတော့ ကျွန်တော်တို့က Proposal တင်မယ်ဆိုလို့ရှိရင် အဲဒီ ကတူးစာကို တကယ့်လက်တွေ့မြေပြင်မှာ ကတူးလူ မျိုးအဖွဲ့အစည်းမှာ တကယ်အသုံးပြုနေပါတယ်ဆိုတဲ့ ဒီအထောက်အထားတွေပြရတယ်။ သူက အဲဒီ Pro­posal ထဲမှာ။ အဲဒီစာပေကိုပေါ့လေ။ တကယ့်မြေပြင် တွေမှာအသုံးပြုနေပါတယ်။ သင်ကြားနေပါတယ် ဆိုတဲ့ဟာကို ကျွန်တော်တို့က ဓာတ်ပုံအထောက်အ ထားတွေတင်ပေးရတယ်။ အဲဒီဓာတ်ပုံ အထောက်အ ထားတွေက လောလောဆယ်က လက်ရှိအခြေအနေ အရ ကျွန်တော်တို့က ယူဖို့က ဘယ်လိုမှ အဆင်မပြေ ဘူး။ ကျွန်တော်တို့ရွာတွေကလည်း အခုက စစ်ဘေး ရှောင်နေရတာလေ။ အဲဒီလိုအခြေအနေဖြစ်တဲ့ အတွက် အဲဒီဓာတ် ပုံအထောက်အထားတွေရဖို့က တော့ လောလောဆယ် အခက်အခဲဖြစ်နေတယ်။ Unicode Proposal တင်တဲ့အခါမှာ ကျွန်တော်တို့ Unicode အဖွဲ့အစည်းတွေကနေမှ ကိုယ့်ရဲ့ Proposal ကို သူတို့ ယုံကြည်မှုရှိအောင် လက်ခံမှုရှိ အောင်ဆိုပြီးတော့ ဒီထောက်ခံစာလေးတွေ ကျွန် တော်တို့က ရရင်ပိုကောင်းတယ်။ ဥပမာ ပအို့ဝ်စာကို Proposal တင်မယ်ဆိုလို့ရှိရင် ဒီပအို့ဝ်ရဲ့ နိုင်ငံရေး အဖွဲ့အစည်း၊ ယဉ်ကျေးမှုအဖွဲ့အစည်းကနေမှ ဒီ ထောက်ခံစာလေးတွေရေးပေးရတာရှိတယ်။ ဖြစ်နိုင် လို့ရှိရင်လေ နိုင်ငံတော်အဆင့်ဝန်ကြီးဌာနအဆင့်က နေပြီးတော့မှ ထောက်ခံစာရေးပေးရင်တော့ ပိုပြီးတော့ Unicode အဖွဲ့ကနေမှ ယုံကြည်မှုရှိတာပေါ့ လေ။ ကိုယ့်ရဲ့ Proposal ကို။ ကျွန်တော်တို့ ကတူး လူမျိုးတွေမှာ လောလောဆယ် ဒီအဖွဲ့အစည်းတွေက လည်း မရှိသလိုဖြစ်နေတာပေါ့လေ။ စစ်ပွဲ ကာလ ကနေပြီးလို့ရှိရင် အစိုးရဌာနကနေ ထောက်ခံစာတွေ ရယူဖို့ဆိုတာလည်း ကျွန်တော့်အနေနဲ့ ဘယ်လမ်း ကြောင်းကနေ ဘယ်လိုရနိုင်မလဲဆိုတာ ကျွန်တော် လည်းမသိဘူး။ အဲဒီအခက်အခဲလေးတွေ တော့ရှိ တယ်။ ထောက်ခံစာလို Recomment Letter လေးတွေလိုတာပေါ့"ဟု ဦးသန်းနိုင်ကပြောသည်။
ထိုသို့ Proposal တင်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံပေးမှုကလည်း Unicode တွင် တရားဝင်အသုံးပြုနိုင်ရေးအတွက် အရေးပါ ကြောင်းကိုလည်း ဦးသန်းနိုင်က အောက်ပါအတိုင်း ဆက်ပြောသည်။
" ကိုယ့်ရဲ့ Proposal က ဥပမာ အစိုးဌာန တစ်ခုခုကနေ ကိုယ့်ရဲ့ Proposal ထဲမှာ ဒီ ကတူး စာဟာ တကယ်သင်နေပါတယ်။ တကယ်အသိအမှတ် ပြုထားပါတယ်ဆိုတဲ့ Recommend ရှိတယ်ဆိုရင် ဟိုဘက်က လက်ခံဖို့ရာခိုင်နှုန်း ပိုများတာပေါ့။ အဲဒီ လိုမှမဟုတ်ဘူးဆိုရင်တော့ ဘယ်ကနေ ဘယ်သူတင် ထားမှန်းမသိဆိုရင်တော့ သူတို့ ပယ်ချနိုင်ခြေရှိတယ်။ Recommend မပါဘူး။ ဒီဓာတ်ပုံ အထောက်အ ထားတွေမပါဘဲနဲ့ ဒီတိုင်းတင်တယ်ဆိုလို့ရှိရင် ကိုယ့် ရဲ့ Proposal ကို Unicode အဖွဲ့အစည်းကနေပြီးမှ လက်ခံဖို့ အခွင့်အလမ်းနည်းတယ်။ ထောက်ခံစာတွေ ခုနအထောက်အထားဓာတ်ပုံတွေပါလို့ရှိရင် လက်ခံ နိုင်ဖို့အလားအလာများတယ်။ အဲဒီလိုမျိုး အခြေအ နေရှိတယ်။ အတိအကျကြီးတော့ ကျွန်တော်တို့ ပြောလို့မရဘူး" ဟု ၎င်းကဆိုသည်။

Zawgyi Version:
ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားရွိေသာ္လည္း ကတူးလူမ်ိဳး အမ်ိဳးသားေရးသြင္ျပင္လကၡဏာ (Identity) မေပ်ာက္ပ်က္ရန္အတြက္ ႀကိဳးပမ္းေနဟုဆို
ထိုက္စံ (NP News) - မတ္ ၂၆
ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားရွိေသာ္လည္း ကတူးလူမ်ိဳး အမ်ိဳးသားေရးသြင္ျပင္လကၡဏာ (Identity) မပေပ်ာက္ရန္အတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေန ေၾကာင္း ကတူးလူမ်ိဳးအေရးလုပ္ေဆာင္ေနသူ ဦး သန္းႏိုင္က NP News သို႔ေျပာသည္။
ကတူးလူမ်ိဳးမ်ားမွ ၎တို႔၏ကိုယ္ပိုင္ဟန္ ျဖင့္တီထြင္ထားသည့္ ကတူးစာေပအကၡရာအသစ္ကို (၂၀၂၂)ခုႏွစ္တြင္ အတည္ျပဳခဲ့ျခင္းျဖစ္ၿပီး Unicode စနစ္သို႔ တရားဝင္အသုံးျပဳႏိုင္ရန္ ႀကိဳးစားေနေၾကာင္း ၎ကေျပာသည္။
" ဒီစာေပတစ္ခုကို (၂၀၂၂)ခုႏွစ္မွာ ကြၽန္ ေတာ္တို႔ကအတည္ျပဳတယ္။ အတည္ျပဳၿပီးေတာ့ အဲဒါကို အြန္လိုင္းေပၚမွာသင္တယ္။ ၿပီေတာ့ ေျမျပင္ မွာလည္းသင္တယ္။ ကြၽန္ေတာ္တို႔ ကတူးစာက အကၡရာအသစ္ျဖစ္တယ္။ အဂၤလိပ္အကၡရာလည္း မသုံးဘူး။ ျမန္မာအကၡရာလည္းမသုံးဘူး။ အသစ္ကို တီထြင္ထားတဲ့အကၡရာျဖစ္တဲ့အတြက္ Unicode သီးသန႔္ေလွ်ာက္ဖို႔လိုတယ္။ သူက တကယ္လို႔ ျမန္မာ အကၡရာကိုသုံးထားတယ္ဆိုရင္ေတာ့ Unicode ေလွ်ာက္စရာမလိုေတာ့ဘူးေလ။ ျမန္မာ Unicode ကရွိၿပီးသား။ အဲဒီလိုပဲ အဂၤလိပ္အကၡရာလည္း Unicode ေလွ်ာက္စရာမလိုဘူး" ဟု ဦးသန္းႏိုင္က ဆိုသည္။
ထိုသို႔ Unicode တြင္ တရားဝင္အသုံးျပဳ ႏိုင္ရန္ေဆာင္႐ြက္ေနျခင္းႏွင့္ပက္သက္၍လည္း " ကြၽန္ေတာ္တို႔က်ေတာ့ ျမန္မာအကၡရာ၊ အဂၤလိပ္ အကၡရာမသုံးဘဲနဲ႔ အကၡရာအသစ္တီထြင္ၿပီးေတာ့ သုံးထားတာျဖစ္တဲ့အတြက္ အဲဒီအကၡရာအသစ္ကို Unicode အဖြဲ႕ကေနမွ ဒါအသိအမွတ္ျပဳဖို႔အတြက္ ကြၽန္ေတာ္တို႔က အဲဒါကို Proposal တင္ေပးရဖို႔လုပ္ ငန္းရွိတာေပါ့။ အဲဒီလုပ္ရမယ့္ဟာေလး က်န္ေသး တယ္။ အဲဒါေလးကို ကြၽန္ေတာ္လုပ္ႏိုင္သေလာက္ လုပ္ရတာျဖစ္ပါတယ္" ဟု ၎ကဆက္ေျပာသည္။
Proposal တင္ရသည့္အခက္အခဲႏွင့္ ပတ္သက္၍လည္း " အခက္အခဲနံပါတ္တစ္ကေတာ့ ရန္ပုံေငြလည္း ဒါကေတာ့ ေျပာစရာမလိုပါဘူး။ ကိုယ္ လည္း သြားရလာရဘာညာ။ ရန္ပုံေငြကထားလိုက္ ေတာ့။ ေနာက္တစ္ခုအခက္အခဲက ဘာလဲဆိုေတာ့ ကြၽန္ေတာ္တို႔က Proposal တင္မယ္ဆိုလို႔ရွိရင္ အဲဒီ ကတူးစာကို တကယ့္လက္ေတြ႕ေျမျပင္မွာ ကတူးလူ မ်ိဳးအဖြဲ႕အစည္းမွာ တကယ္အသုံးျပဳေနပါတယ္ဆိုတဲ့ ဒီအေထာက္အထားေတြျပရတယ္။ သူက အဲဒီ Pro­posal ထဲမွာ။ အဲဒီစာေပကိုေပါ့ေလ။ တကယ့္ေျမျပင္ ေတြမွာအသုံးျပဳေနပါတယ္။ သင္ၾကားေနပါတယ္ ဆိုတဲ့ဟာကို ကြၽန္ေတာ္တို႔က ဓာတ္ပုံအေထာက္အ ထားေတြတင္ေပးရတယ္။ အဲဒီဓာတ္ပုံ အေထာက္အ ထားေတြက ေလာေလာဆယ္က လက္ရွိအေျခအေန အရ ကြၽန္ေတာ္တို႔က ယူဖို႔က ဘယ္လိုမွ အဆင္မေျပ ဘူး။ ကြၽန္ေတာ္တို႔႐ြာေတြကလည္း အခုက စစ္ေဘး ေရွာင္ေနရတာေလ။ အဲဒီလိုအေျခအေနျဖစ္တဲ့ အတြက္ အဲဒီဓာတ္ ပုံအေထာက္အထားေတြရဖို႔က ေတာ့ ေလာေလာဆယ္ အခက္အခဲျဖစ္ေနတယ္။ Unicode Proposal တင္တဲ့အခါမွာ ကြၽန္ေတာ္တို႔ Unicode အဖြဲ႕အစည္းေတြကေနမွ ကိုယ့္ရဲ႕ Proposal ကို သူတို႔ ယုံၾကည္မႈရွိေအာင္ လက္ခံမႈရွိ ေအာင္ဆိုၿပီးေတာ့ ဒီေထာက္ခံစာေလးေတြ ကြၽန္ ေတာ္တို႔က ရရင္ပိုေကာင္းတယ္။ ဥပမာ ပအို႔ဝ္စာကို Proposal တင္မယ္ဆိုလို႔ရွိရင္ ဒီပအို႔ဝ္ရဲ႕ ႏိုင္ငံေရး အဖြဲ႕အစည္း၊ ယဥ္ေက်းမႈအဖြဲ႕အစည္းကေနမွ ဒီ ေထာက္ခံစာေလးေတြေရးေပးရတာရွိတယ္။ ျဖစ္ႏိုင္ လို႔ရွိရင္ေလ ႏိုင္ငံေတာ္အဆင့္ဝန္ႀကီးဌာနအဆင့္က ေနၿပီးေတာ့မွ ေထာက္ခံစာေရးေပးရင္ေတာ့ ပိုၿပီးေတာ့ Unicode အဖြဲ႕ကေနမွ ယုံၾကည္မႈရွိတာေပါ့ ေလ။ ကိုယ့္ရဲ႕ Proposal ကို။ ကြၽန္ေတာ္တို႔ ကတူး လူမ်ိဳးေတြမွာ ေလာေလာဆယ္ ဒီအဖြဲ႕အစည္းေတြက လည္း မရွိသလိုျဖစ္ေနတာေပါ့ေလ။ စစ္ပြဲ ကာလ ကေနၿပီးလို႔ရွိရင္ အစိုးရဌာနကေန ေထာက္ခံစာေတြ ရယူဖို႔ဆိုတာလည္း ကြၽန္ေတာ့္အေနနဲ႔ ဘယ္လမ္း ေၾကာင္းကေန ဘယ္လိုရႏိုင္မလဲဆိုတာ ကြၽန္ေတာ္ လည္းမသိဘူး။ အဲဒီအခက္အခဲေလးေတြ ေတာ့ရွိ တယ္။ ေထာက္ခံစာလို Recomment Letter ေလးေတြလိုတာေပါ့"ဟု ဦးသန္းႏိုင္ကေျပာသည္။
ထိုသို႔ Proposal တင္ရာတြင္ သက္ဆိုင္ရာ ဝန္ႀကီးဌာန၏ ေထာက္ခံေပးမႈကလည္း Unicode တြင္ တရားဝင္အသုံးျပဳႏိုင္ေရးအတြက္ အေရးပါ ေၾကာင္းကိုလည္း ဦးသန္းႏိုင္က ေအာက္ပါအတိုင္း ဆက္ေျပာသည္။
" ကိုယ့္ရဲ႕ Proposal က ဥပမာ အစိုးဌာန တစ္ခုခုကေန ကိုယ့္ရဲ႕ Proposal ထဲမွာ ဒီ ကတူး စာဟာ တကယ္သင္ေနပါတယ္။ တကယ္အသိအမွတ္ ျပဳထားပါတယ္ဆိုတဲ့ Recommend ရွိတယ္ဆိုရင္ ဟိုဘက္က လက္ခံဖို႔ရာခိုင္ႏႈန္း ပိုမ်ားတာေပါ့။ အဲဒီ လိုမွမဟုတ္ဘူးဆိုရင္ေတာ့ ဘယ္ကေန ဘယ္သူတင္ ထားမွန္းမသိဆိုရင္ေတာ့ သူတို႔ ပယ္ခ်ႏိုင္ေျခရွိတယ္။ Recommend မပါဘူး။ ဒီဓာတ္ပုံ အေထာက္အ ထားေတြမပါဘဲနဲ႔ ဒီတိုင္းတင္တယ္ဆိုလို႔ရွိရင္ ကိုယ့္ ရဲ႕ Proposal ကို Unicode အဖြဲ႕အစည္းကေနၿပီးမွ လက္ခံဖို႔ အခြင့္အလမ္းနည္းတယ္။ ေထာက္ခံစာေတြ ခုနအေထာက္အထားဓာတ္ပုံေတြပါလို႔ရွိရင္ လက္ခံ ႏိုင္ဖို႔အလားအလာမ်ားတယ္။ အဲဒီလိုမ်ိဳး အေျခအ ေနရွိတယ္။ အတိအက်ႀကီးေတာ့ ကြၽန္ေတာ္တို႔ ေျပာလို႔မရဘူး" ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.