တွံတေးတွင် ဖိနပ်လုပ်ငန်း စက်မှုရပ်ကွက်ဖော်ဆောင်မည်

 118

Pearl (NP News) - ဖေဖော်ဝါရီလ ၁၉

ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ်တွင် ဖိနပ်လုပ်ငန်းစက်မှုရပ် ကွက်ဖော်ဆောင်မည်ဖြစ် ကြောင်း ဖိနပ်လုပ်ငန်းရှင်များထံ NP News မှဆက်သွယ်မေးမြန်းထားချက်များအရ သိရ သည်။ နေရာအခက်အခဲဖြစ်နေသည့်ဖိနပ်လုပ်ငန်း ရှင်များအတွက် စက်မှုရပ်ကွက်ဖော်ဆောင်ပေးရန် နိုင်ငံတော်ထံတင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တွံ တေးမြို့နယ်အနီးတွင် မြေဧကများရရှိခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲနိုင်သည့်အတွက် ဒဂုံမြို့သစ် (၄) မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အဆင်ပြေသည့်မြေနေရာပေးရန်အတွက် ထပ်မံ တင်ပြခဲ့ဖူးသော်လည်း လက်ရှိတွင် ရန်ကုန်နှင့် ဒလ သို့ ဆက်သွယ်တည်ဆောက်ထားသည့် ကိုရီးယား- မြန်မာချစ်ကြည်ရေးတံတားဖြစ်သည့် ဒလတံတား သစ်ကို ဖွင့်လှစ်ထားပြီဖြစ်သည့်အတွက် တွံတေးမြို့ နယ်တွင်သာ ဖိနပ်လုပ်ငန်းစက်မှုရပ်ကွက် ဖော် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“တွံတေးမှာ (၁၂၂) ဦးအတွက် ပေး တယ်။ ဖိနပ် စက်မှုရပ်ကွက်တည်ဆောက်ဖို့ဆိုပြီး တော့။ ဗဟိုကော်မတီဝင် (၉) ဦးကိုတော့ ဒဂုံဆိပ် ကမ်း၊ ညောင်ရွာမှာပေ (၄၀ ထ ၆၀) တစ်ကွက်စီ ပေးတယ်။ အဖွဲ့ချုပ်ရုံးဆောက်ဖို့တော့ မပေးသေး ဘူး။ နောက်အစိုးရကျမှ ဆက်လျှောက်ရမှာပေါ့။ တွံတေးဆိုတော့လည်းယူရတာပေါ့။ နေရာတော့ အတိအကျမသိသေးဘူး။ မြေယာဌာနမှူး နဲ့ သွား တွေ့ရဦးမယ်။ ဧကဘယ်လောက်ရမလဲ၊ ငွေကိုဘယ် လိုသွင်းရမလဲဆိုတာညှိနှိုင်းရဦးမယ်” ဟု ဖိနပ်လုပ် ငန်းရှင်တစ်ဦးက ပြောသည်။
တွံတေးမြို့နယ်အတွင်းရရှိမည့် မြေနေရာ၊ ဧကနှင့် ပေးသွင်းရမည့် ငွေကြေးအတွက် အသေး စိတ်ထပ်မံဆွေးနွေးရမည်ဖြစ်ကြောင်းလည်း သိရ သည်။ ဖိနပ်လုပ်ငန်းစက်မှုရပ်ကွက် အကောင်အ ထည်ဖော်ဆောင်ပြီးပါက ဒေသတွင်း အလုပ်အကိုင် များကို ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်း လိုအပ်ချက်အတွက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
“တံတားပြီးသွားတော့လည်း သွားလို့လာ လို့အဆင်ပြေတော့သွားရမှာပေါ့။ အရင်က ငြင်းခဲ့ တာ။ အခုတော့ လမ်းသင့်သွားတာပေါ့။ နောက်လည်း ထပ်ဖွံ့ဖြိုးလာဦးမှာပဲ။ အခုလို စက်မှုရပ်ကွက်လေး ဖြစ်လာအောင် (၅)နှစ်လောက်ကြိုးစားခဲ့တာ အခု ရရှိပြီးတော့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ အသေး စိတ် ဆက်ဆွေးနွေးမယ်။ အဲဒီရပ်ကွက်ထဲမှာ လမ်း တွေ၊ မီးတွေ ကျန်တာတွေ ရဖို့လည်း လုပ်ရဦးမယ်။ ကုန်ကြမ်းသွင်းမယ့်လမ်း။ ကုန်ချောထုတ်တဲ့လမ်းတွေ လုပ်ရဦးမယ်။ လုပ်ငန်းရှင်တွေ ဒီထက်ပိုမိုဖွံ့ဖြိုးတိုး တက်ပြီးတော့ ခေတ်မီဆန်းပြားတဲ့ဖိနပ်တွေ ဒီထက်ပို ထုတ်လုပ်နိုင်မှာ” ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ အိမ်တွင်း တစ် နိုင်တစ်ပိုင် လုပ်ကိုင်သူများအပါအဝင် ဖိနပ်လုပ်ငန်း ရှင် (၄) သောင်းဝန်းကျင်ရှိပြီး ပြည်တွင်း၌ ဖိနပ်ဝယ် လိုအားမှာ သန်း (၄၀)ထက်မနည်းရှိကာ လက်ရှိတွင် (၂၅)ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်သေးကြောင်း သိရ သည်။

zawgyi version

တြံေတးတြင္ ဖိနပ္လုပ္ငန္း စက္မႈရပ္ကြက္ေဖာ္ေဆာင္မည္

Pearl (NP News) - ေဖေဖာ္ဝါရီလ ၁၉

ရန္ကုန္တိုင္း ေဒသႀကီး၊ တြံေတးၿမိဳ႕နယ္တြင္ ဖိနပ္လုပ္ငန္းစက္မႈရပ္ ကြက္ေဖာ္ေဆာင္မည္ျဖစ္ ေၾကာင္း ဖိနပ္လုပ္ငန္းရွင္မ်ားထံ NP News မွဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရ သည္။ ေနရာအခက္အခဲျဖစ္ေနသည့္ဖိနပ္လုပ္ငန္း ရွင္မ်ားအတြက္ စက္မႈရပ္ကြက္ေဖာ္ေဆာင္ေပးရန္ ႏိုင္ငံေတာ္ထံတင္ျပခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီး တြံ ေတးၿမိဳ႕နယ္အနီးတြင္ ေျမဧကမ်ားရရွိခဲ့ၿပီး လမ္းပန္း ဆက္သြယ္ေရးခက္ခဲႏိုင္သည့္အတြက္ ဒဂုံၿမိဳ႕သစ္ (၄) ၿမိဳ႕နယ္ႏွင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္အတြင္းရွိ အဆင္ေျပသည့္ေျမေနရာေပးရန္အတြက္ ထပ္မံ တင္ျပခဲ့ဖူးေသာ္လည္း လက္ရွိတြင္ ရန္ကုန္ႏွင့္ ဒလ သို႔ ဆက္သြယ္တည္ေဆာက္ထားသည့္ ကိုရီးယား- ျမန္မာခ်စ္ၾကည္ေရးတံတားျဖစ္သည့္ ဒလတံတား သစ္ကို ဖြင့္လွစ္ထားၿပီျဖစ္သည့္အတြက္ တြံေတးၿမိဳ႕ နယ္တြင္သာ ဖိနပ္လုပ္ငန္းစက္မႈရပ္ကြက္ ေဖာ္ ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“တြံေတးမွာ (၁၂၂) ဦးအတြက္ ေပး တယ္။ ဖိနပ္ စက္မႈရပ္ကြက္တည္ေဆာက္ဖို႔ဆိုၿပီး ေတာ့။ ဗဟိုေကာ္မတီဝင္ (၉) ဦးကိုေတာ့ ဒဂုံဆိပ္ ကမ္း၊ ေညာင္႐ြာမွာေပ (၄၀ ထ ၆၀) တစ္ကြက္စီ ေပးတယ္။ အဖြဲ႕ခ်ဳပ္႐ုံးေဆာက္ဖို႔ေတာ့ မေပးေသး ဘူး။ ေနာက္အစိုးရက်မွ ဆက္ေလွ်ာက္ရမွာေပါ့။ တြံေတးဆိုေတာ့လည္းယူရတာေပါ့။ ေနရာေတာ့ အတိအက်မသိေသးဘူး။ ေျမယာဌာနမႉး နဲ႔ သြား ေတြ႕ရဦးမယ္။ ဧကဘယ္ေလာက္ရမလဲ၊ ေငြကိုဘယ္ လိုသြင္းရမလဲဆိုတာညႇိႏႈိင္းရဦးမယ္” ဟု ဖိနပ္လုပ္ ငန္းရွင္တစ္ဦးက ေျပာသည္။
တြံေတးၿမိဳ႕နယ္အတြင္းရရွိမည့္ ေျမေနရာ၊ ဧကႏွင့္ ေပးသြင္းရမည့္ ေငြေၾကးအတြက္ အေသး စိတ္ထပ္မံေဆြးေႏြးရမည္ျဖစ္ေၾကာင္းလည္း သိရ သည္။ ဖိနပ္လုပ္ငန္းစက္မႈရပ္ကြက္ အေကာင္အ ထည္ေဖာ္ေဆာင္ၿပီးပါက ေဒသတြင္း အလုပ္အကိုင္ မ်ားကို ဖန္တီးေပးႏိုင္မည္ျဖစ္သည့္အျပင္ ျပည္တြင္း လိုအပ္ခ်က္အတြက္ ပိုမိုထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။
“တံတားၿပီးသြားေတာ့လည္း သြားလို႔လာ လို႔အဆင္ေျပေတာ့သြားရမွာေပါ့။ အရင္က ျငင္းခဲ့ တာ။ အခုေတာ့ လမ္းသင့္သြားတာေပါ့။ ေနာက္လည္း ထပ္ဖြံ႕ၿဖိဳးလာဦးမွာပဲ။ အခုလို စက္မႈရပ္ကြက္ေလး ျဖစ္လာေအာင္ (၅)ႏွစ္ေလာက္ႀကိဳးစားခဲ့တာ အခု ရရွိၿပီးေတာ့ ဘယ္လိုဆက္လုပ္ရမလဲဆိုတာ အေသး စိတ္ ဆက္ေဆြးေႏြးမယ္။ အဲဒီရပ္ကြက္ထဲမွာ လမ္း ေတြ၊ မီးေတြ က်န္တာေတြ ရဖို႔လည္း လုပ္ရဦးမယ္။ ကုန္ၾကမ္းသြင္းမယ့္လမ္း။ ကုန္ေခ်ာထုတ္တဲ့လမ္းေတြ လုပ္ရဦးမယ္။ လုပ္ငန္းရွင္ေတြ ဒီထက္ပိုမိုဖြံ႕ၿဖိဳးတိုး တက္ၿပီးေတာ့ ေခတ္မီဆန္းျပားတဲ့ဖိနပ္ေတြ ဒီထက္ပို ထုတ္လုပ္ႏိုင္မွာ” ဟု ေျပာသည္။
လက္ရွိတြင္ ျပည္တြင္း၌ အိမ္တြင္း တစ္ ႏိုင္တစ္ပိုင္ လုပ္ကိုင္သူမ်ားအပါအဝင္ ဖိနပ္လုပ္ငန္း ရွင္ (၄) ေသာင္းဝန္းက်င္ရွိၿပီး ျပည္တြင္း၌ ဖိနပ္ဝယ္ လိုအားမွာ သန္း (၄၀)ထက္မနည္းရွိကာ လက္ရွိတြင္ (၂၅)ရာခိုင္ႏႈန္းသာ ထုတ္လုပ္ႏိုင္ေသးေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.