ကျွန်းစုမြို့နယ်အတွင်းရှိ ဧက (၂၅၀၀)ကျော်ရှိသော နယ်မြေကို မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

89

ဓါတ်ပုံ။ ။ အစိမ်းရောင်လမ်း
စော(NP News)-နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း (ဧက ၂၅၆၀)ရှိသော နယ်မြေကို “မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် နိုဝင်ဘာလ ၆ရက်မှစ၍ သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှသိရသည်။
ထိုသို့ သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်(ခ)နှံဗြူး၊ ကနစို၊ လန်းဘဲ၊ ကျန၊ ပင်လယ်အုန်း၊ ကဗျိုင်၊ ဘူးဇရပ်၊ လမု၊ သမဲ့၊ မဓမ၊ ခရာ၊ ဇလိပ်နွယ်နှင့် တမော်စသည့် ဒီရေတောပင်များ ပေါက်ရောက်မှုကို ရေရှည်တည်တံ့စေရန် ကာကွယ် နိုင်ခြင်း၊ ရေငန်ငါးအမျိုးမျိုး၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ကြက်တူရွေး၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ငှက်စလုံ (တင်ကျီးငှက်)နှင့် ငှက်တုံးငှက်မျိုးများ ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေသခံများအတွက် ဆူနာမီမုန်တိုင်းအစရှိသော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေခြင်း၊ သား၊ ငါး၊ ပုစွန်များ ခိုအောင်းပေါက်ပွား ရှင်သန်နိုင်သဖြင့် ဂေဟစနစ်ပိုမို ကောင်းမွန်လာနိုင်ပြီး ဒေသခံများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်သည့် သစ်၊ တိုင်၊ မျော၊ ထင်း၊ လောင်စာများအတွက်လည်း အထောက်အကူပြု စေနိုင်ခြင်စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဒီရေတောပင်များသည် ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်များကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ရန်နှင့် ဂေဟစနစ်တည်ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသည့် ရေသယံဇာတများ အစဉ်မပြတ်ထုတ်ယူ သုံးစွဲနိုင်ရန်နှင့် အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ တိုင်၊ မျောစသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သဘာဝပတ်ဝန်းကျင် လေထုမှကာဗွန်များစွာ သိုလှောင်ထိန်းညှိပေးနိုင်ရန်၊ လူသားတို့၏ စနစ်မကျသော မြေအသုံးချမှုများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာစေရန်ရည်ရွယ်၍လည်း ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ကြၽန္းစုၿမိဳ႕နယ္အတြင္းရွိ ဧက (၂၅၀၀)ေက်ာ္ရွိေသာ နယ္ေျမကို မစမ္းပါးကြၽန္း ဒီေရေတာႀကိဳးျပင္ကာကြယ္ေတာအျဖစ္ သတ္မွတ္
ေစာ(NP News)-ႏိုဝင္ဘာ ၂၃
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္အတြင္း က်ေရာက္ေနသည့္ ဧရိယာ အက်ယ္အဝန္း (ဧက ၂၅၆၀)ရွိေသာ နယ္ေျမကို “မစမ္းပါးကြၽန္း ဒီေရေတာႀကိဳးျပင္ကာကြယ္ေတာ”အျဖစ္ ၂၀၁၈ ခုႏွစ္ သစ္ေတာဥပေဒပုဒ္မ (၆)၊ ပုဒ္မခြဲ(င)အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္မ်ားကို က်င့္သုံးလ်က္ ႏိုဝင္ဘာလ ၆ရက္မွစ၍ သတ္မွတ္လိုက္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနထံမွသိရသည္။
ထိုသို႔ သတ္မွတ္ျခင္းအားျဖင့္ အဆိုပါဧရိယာအတြင္း ေပါက္ေရာက္လ်က္ရွိေသာ ျဗဴးေျခေထာက္၊ ျဗဴးအုပ္ေဆာင္း၊ ငွက္(ခ)ႏွံျဗဴး၊ ကနစို၊ လန္းဘဲ၊ က်န၊ ပင္လယ္အုန္း၊ ကဗ်ိဳင္၊ ဘူးဇရပ္၊ လမု၊ သမဲ့၊ မဓမ၊ ခရာ၊ ဇလိပ္ႏြယ္ႏွင့္ တေမာ္စသည့္ ဒီေရေတာပင္မ်ား ေပါက္ေရာက္မႈကို ေရရွည္တည္တံ့ေစရန္ ကာကြယ္ ႏိုင္ျခင္း၊ ေရငန္ငါးအမ်ိဳးမ်ိဳး၊ ခ႐ုမ်ိဳးစုံ၊ ကဏန္းမ်ိဳးစုံ၊ ပုစြန္မ်ိဳးစုံ၊ ဗ်ိဳင္း၊ ဗ်ိဳင္းေအာက္၊ ၾကက္တူေ႐ြး၊ သိမ္းငွက္၊ ပန္းဇင္ငွက္၊ ငွက္စလုံ (တင္က်ီးငွက္)ႏွင့္ ငွက္တုံးငွက္မ်ိဳးမ်ား က်က္စားရာေဒသအား ထိန္းသိမ္းႏိုင္ျခင္းစသည့္ အက်ိဳးေက်းဇူးမ်ားရရွိမည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေဒသခံမ်ားအတြက္ ဆူနာမီမုန္တိုင္းအစရွိေသာ သဘာဝေဘးအႏၲရာယ္မွ ကာကြယ္ေပးႏိုင္ျခင္း၊ ကမ္း႐ိုးတန္းေဒသဖြံ႕ၿဖိဳးေရးကို အေထာက္အကူျပဳေစျခင္း၊ သား၊ ငါး၊ ပုစြန္မ်ား ခိုေအာင္းေပါက္ပြား ရွင္သန္ႏိုင္သျဖင့္ ေဂဟစနစ္ပိုမို ေကာင္းမြန္လာႏိုင္ၿပီး ေဒသခံမ်ားအတြက္ တစ္ဖက္တစ္လမ္းမွ ဝင္ေငြတိုးပြားလာေစျခင္း၊ ေဒသခံမ်ားအတြက္ အေျခခံလိုအပ္သည့္ သစ္၊ တိုင္၊ ေမ်ာ၊ ထင္း၊ ေလာင္စာမ်ားအတြက္လည္း အေထာက္အကူျပဳ ေစႏိုင္ျခင္စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနသည္ ဒီေရေတာေဂဟစနစ္ ေရရွည္တည္တံ့ေစရန္၊ ဒီေရေတာပင္မ်ားသည္ ကပၸလီပင္လယ္ျပင္မွ ျဖစ္ေပၚလာႏိုင္ေသာ သဘာဝ ေဘးအႏၲရာယ္မ်ားကို တံတိုင္းသဖြယ္ တားဆီးကာကြယ္ေပးႏိုင္ရန္ႏွင့္ ေဂဟစနစ္တည္ၿငိမ္မႈရွိေစရန္၊ ေဒသခံျပည္သူမ်ားအတြက္ သား၊ ငါး၊ ပုစြန္ စသည့္ ေရသယံဇာတမ်ား အစဥ္မျပတ္ထုတ္ယူ သုံးစြဲႏိုင္ရန္ႏွင့္ အေျခခံလိုအပ္ခ်က္ျဖစ္ေသာ သစ္၊ ထင္း၊ တိုင္၊ ေမ်ာစသည့္ သစ္ေတာထြက္ပစၥည္းမ်ား ျဖည့္ဆည္းေပးႏိုင္ရန္၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေရရွည္တည္တံ့ထိန္းသိမ္းႏိုင္ရန္အတြက္ ႀကိဳးဝိုင္း၊ႀကိဳးျပင္ကာကြယ္ေတာမ်ားကို ဖြဲ႕စည္းသတ္မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သဘာဝပတ္ဝန္းက်င္ ေလထုမွကာဗြန္မ်ားစြာ သိုေလွာင္ထိန္းညႇိေပးႏိုင္ရန္၊ လူသားတို႔၏ စနစ္မက်ေသာ ေျမအသုံးခ်မႈမ်ားအား သစ္ေတာဥပေဒႏွင့္အညီ ထိေရာက္စြာ ကာကြယ္တားဆီးႏိုင္ရန္၊ ႏိုင္ငံေတာ္၏ ရည္မွန္းခ်က္တစ္ရပ္ျဖစ္သည့္ သစ္ေတာဖုံးလႊမ္းမႈဧရိယာ တိုးပြားလာေစရန္ရည္႐ြယ္၍လည္း ဖြဲ႕စည္းသတ္မွတ္ျခင္းျဖစ္ေၾကာင္း သိရသည္။