မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော အာရှဆင်အပါအဝင် မျိုးစိတ်(၂၂)မျိုးကို တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း တွေ့ရှိ

 566

ချယ်ရီ (NP News) - ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရေဖြူမြို့နယ်အတွင်းတည်ရှိသော တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် အာရှဆင်အပါအဝင် မျိုးစိတ်(၂၂)မျိုးကို မှတ်တမ်းတင်တွေ့ရှိရကြောင်း အထက်ပါတိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သစ်တောဦးစီးဌာနသည် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာထောင်ချောက်များတပ်ဆင်၍ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်ရှင်သန်ဖွံ့ ဖြိုးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သဘာဝကြိုးဝိုင်းအတွင်း မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော အာရှဆင်၊ တောခွေးနှင့် မျိုးသုဉ်းလုနီး ရင်ဆိုင်နေရသည့် သင်းခွေချပ်၊ အင်းကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနှင့် အင်ဒိုချိုင်းနား ကျား စသည့်မျိုးစိတ်များလည်း ရှင်သန် ကျက်စားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ငှက်မျိုးစိတ်သုံးမျိုးနှင့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါး ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် (၁၀) မျိုးအပါအဝင် ငှက်မျိုးစိတ်များစွာ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် တနင်္သာရီသဘာဝကြိုးဝိုင်းကို တိုင်းဒေသကြီးမြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းမုတ်သုံသစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရန်အတွက် ၂၀၀၅ ခုနှစ်၊ မတ်လ (၃၀) ရက်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၁၈/၀၅ ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။

သစ်တာဦးစီးဌာနသည် သဘာဝကြိုးဝိုင်းအတွင်း အမာခံထိန်းသိမ်းရေးနယ်မြေ (၃၃၆,၉၁၂) ဧက၊ ကြားခံထိန်းသိမ်းရေးနယ်မြေ (၇၉,၉၅၂) ဧကနှင့် ဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးနယ်မြေ (၃,၂၁၃) ဧကဟူ၍ ဇုန်နယ်မြေများသတ်မှတ်ကာ စီမံအုပ်ချုပ်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းသည် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ဒေသခံအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် အလားအလာရှိသော သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခုဖြစ်ပြီး ရေချိုအရင်းအမြစ်များစွာတည်ရှိနေသည့်အတွက် တောတွင်းခရီး သွားလာခြင်း၊ လေ့လာရေးနှင့် သုတေသနပြုလုပ်ငန်းများကိုလည်း အကျိုးပြုလျက်ရှိကြောင်း သိရသည်။

zawgyi version
မ်ိဳးသုဥ္းရန္အႏၲရာယ္ရွိေနေသာ အာရွဆင္အပါအဝင္ မ်ိဳးစိတ္(၂၂)မ်ိဳးကို တနသၤာရီသဘာဝႀကိဳးဝိုင္းအတြင္း ေတြ႕ရွိ
ခ်ယ္ရီ (NP News) - ဇြန္ ၁၀

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕ႏွင့္ ေရျဖဴၿမိဳ႕နယ္အတြင္းတည္ရွိေသာ တနသၤာရီသဘာဝႀကိဳးဝိုင္းအတြင္း မ်ိဳးသုဥ္းရန္အႏၲရာယ္ရွိေနသည့္ အာရွဆင္အပါအဝင္ မ်ိဳးစိတ္(၂၂)မ်ိဳးကို မွတ္တမ္းတင္ေတြ႕ရွိရေၾကာင္း အထက္ပါတိုင္းေဒသႀကီး သစ္ေတာဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သစ္ေတာဦးစီးဌာနသည္ တနသၤာရီသဘာဝႀကိဳးဝိုင္းအတြင္း ကင္မရာေထာင္ေခ်ာက္မ်ားတပ္ဆင္၍ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားႏွင့္ ေတာ႐ိုင္းတိရစာၦန္မ်ား က်က္စားေနထိုင္မႈကို သိရွိမွတ္တမ္းတင္ႏိုင္ရန္ႏွင့္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ား ေရရွည္ရွင္သန္ဖြံ႕ ၿဖိဳးရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ သဘာဝႀကိဳးဝိုင္းအတြင္း မ်ိဳးသုဥ္းရန္အႏၲရာယ္ရွိေနေသာ အာရွဆင္၊ ေတာေခြးႏွင့္ မ်ိဳးသုဥ္းလုနီး ရင္ဆိုင္ေနရသည့္ သင္းေခြခ်ပ္၊ အင္းက်ား၊ ႀကံ့သူေတာ္၊ က်ားသစ္နက္၊ ေၾကာင္ျမင္း၊ မေလးဝက္ဝံႏွင့္ အင္ဒိုခ်ိဳင္းနား က်ား စသည့္မ်ိဳးစိတ္မ်ားလည္း ရွင္သန္ က်က္စားလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ မ်ိဳးသုဥ္းရန္ အႏၲရာယ္က်ေရာက္ႏိုင္ေသာ ငွက္မ်ိဳးစိတ္သုံးမ်ိဳးႏွင့္ မ်ိဳးသုဥ္းရန္ အႏၲရာယ္က်ေရာက္လုနီးပါး ရင္ဆိုင္ေနရသည့္ ငွက္မ်ိဳးစိတ္ (၁၀) မ်ိဳးအပါအဝင္ ငွက္မ်ိဳးစိတ္မ်ားစြာ ရွိေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ တနသၤာရီသဘာဝႀကိဳးဝိုင္းကို တိုင္းေဒသႀကီးေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္းရွိ အပူပိုင္းမုတ္သုံသစ္ေတာေဂဟစနစ္မ်ားႏွင့္ ဇီဝမ်ိဳးစုံ မ်ိဳးကြဲမ်ား ထိန္းသိမ္းရန္အတြက္ ၂၀၀၅ ခုႏွစ္၊ မတ္လ (၃၀) ရက္က သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနက အမိန႔္ေၾကာ္ျငာစာ အမွတ္ ၁၈/၀၅ ထုတ္ျပန္၍ သတ္မွတ္ဖြဲ႕စည္းခဲ့ျခင္းလည္းျဖစ္သည္။

သစ္တာဦးစီးဌာနသည္ သဘာဝႀကိဳးဝိုင္းအတြင္း အမာခံထိန္းသိမ္းေရးနယ္ေျမ (၃၃၆,၉၁၂) ဧက၊ ၾကားခံထိန္းသိမ္းေရးနယ္ေျမ (၇၉,၉၅၂) ဧကႏွင့္ ဓာတ္ေငြ႕ပိုက္လိုင္းထိန္းသိမ္းေရးနယ္ေျမ (၃,၂၁၃) ဧကဟူ၍ ဇုန္နယ္ေျမမ်ားသတ္မွတ္ကာ စီမံအုပ္ခ်ဳပ္လ်က္ရွိေၾကာင္း သိရသည္။

တနသၤာရီသဘာဝႀကိဳးဝိုင္းသည္ သဘာဝအေျခခံခရီးသြားလုပ္ငန္းႏွင့္ ေဒသခံအေျချပဳ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္မႈတြင္ အလားအလာရွိေသာ သဘာဝထိန္းသိမ္းေရး နယ္ေျမတစ္ခုျဖစ္ၿပီး ေရခ်ိဳအရင္းအျမစ္မ်ားစြာတည္ရွိေနသည့္အတြက္ ေတာတြင္းခရီး သြားလာျခင္း၊ ေလ့လာေရးႏွင့္ သုေတသနျပဳလုပ္ငန္းမ်ားကိုလည္း အက်ိဳးျပဳလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.