ကမ္ဘာ့နေထိုင်ရန် အကောင်းဆုံးမြို့များထဲမှ ဗန်ကူးဗား

 386

Pika (NP News) - ဇွန် ၁၃

ဗန်ကူးဗားမြို့သည် ကနေဒါနိုင်ငံ အနောက်ပိုင်းတွင်တည်ရှိသော အဓိကမြို့တစ်မြို့ဖြစ်ပြီး ဗြိတိသျှ ကိုလံဘီယာပြည်နယ်၏ အနိမ့်ပိုင်းတွင်တည်ရှိကာ ကျော်ကြားသောခရီးသွားဆွဲဆောင်မှုနေရာ နှင့် ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံးမြို့များထဲမှတစ်မြို့အဖြစ် နာမည်ကျော်ကြားသည်။ ဗန်ကူးဗားမြို့သည် ဗြိတိသျှကိုလံဘီယာပြည်နယ်တွင် လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ပြီး (၂၀၂၂)ခုနှစ် အထိ နေထိုင်သူလူဦးရေမှာ (၇၀၆၀၁၂)ဦးရှိကြောင်းသိရသည်။ ထို့ပြင် ဗန်ကူးဗားမြို့ပြ ဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၂၀၂၁)ခုနှစ် အထိ (၂ ဒသမ ၆)သန်းရှိပြီး ကနေဒါနိုင်ငံတွင်းတွင် တတိယမြောက် အကြီးဆုံး မြို့ပြဧရိယာတစ်ခုဖြစ် ကြောင်းလည်းသိရသည်။ ဗန်ကူးဗားမြို့သည် ကနေဒါနိုင်ငံတွင်းတွင် လူဦးရေ အထူထပ်ဆုံးနေရာတစ်ခုဖြစ်ပြီး တစ်စတုရန်းကီလိုမီတာလျှင် လူ (၅၇၀ဝ)ကျော်နေထိုင်ပြီး နယူးယောက်၊ ဆန်ဖရန်စစ္စ ကိုနှင့် မက္ကဆီကိုမြို့တို့ ပြီးလျှင် မြောက်အမေရိကတိုက်တွင် စတုတ္ထမြောက် လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။ ဗန်ကူးဗားမြို့သည် ကနေဒါနိုင်ငံတွင်းတွင် လူမျိုးရေးအရနှင့် ဘာသာစကားကွဲပြားမှုအရှိဆုံး မြို့များထဲမှတစ်မြို့ ဖြစ်ပြီး လူဦးရေ၏ (၄၃)ရာခိုင်နှုန်းမှာ အင်္ဂလိပ်စကား ပြောသူများ မဟုတ်သလို (၄၇ ဒသမ ၈)ရာခိုင်နှုန်း မှာ အင်္ဂလိပ် သို့မဟုတ် ပြင်သစ် ဘာသာစကားကို ပြောဆိုကြသူများမဟုတ်ကြောင်းသိရပြီး (၅၄ ဒသမ ၅) ရာခိုင်နှုန်းမှာ ထင်ရှားသော လူနည်းစု အုပ်စုများမှ လာသူများဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဗန်ကူးဗားမြို့သည် ကနေဒါနိုင်ငံနှင့် ကမ္ဘာ ပေါ်တွင် နေထိုင်ရန်အသင့်တော်ဆုံးမြို့များထဲမှ တစ်မြို့အဖြစ် အမြဲတမ်းအဆင့်သတ်မှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။ အိမ်ရာစရိတ်စကများအရ ဗန်ကူးဗားမြို့သည် ကနေဒါနိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမြို့များထဲမှ တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။


သမိုင်းကြောင်း
ဗန်ကူးဗားမြို့၏ ဌာနေတိုင်းရင်းသား အခြေချနေထိုင်မှုမှာ လွန်ခဲ့သည့်နှစ်ပေါင်း(၁)သောင်း ကျော်က စတင်ခဲ့ခြင်းဖြစ်ပြီး Squamish ၊ Musqueam နှင့် Tsleil-Waututh (Burrard) လူမျိုးများ ပါဝင်ကြောင်း သိရသည်။ မူလက Gastown ဟု အမည်ပေးထားသောမြို့သည် ခေတ်သစ်ဗန်ကူး ဗားမြို့၏အစဖြစ်ပြီး နောက်ပိုင်းတွင် Granville, Burrard Inlet ဟု အမည်ပေးထားသောမြို့အဖြစ် တရားဝင်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ ကနေဒါပစိဖိတ် ရထားလမ်းသဘောတူညီချက်အရ (၁၈၈၆) ခုနှစ် တွင် ဗန်ကူးဗားမြို့ဟု အမည်ပြောင်းလဲခဲ့ပြီး ကနေဒါ ပစိဖိတ် ဖြတ်ကျော်ရထားလမ်းကို (၁၈၈၇) ခုနှစ် တွင် ဗန်ကူးဗားမြို့တွင်းသို့ တိုးချဲ့ခဲ့ကြောင်းသိရသည်။ ထို့ပြင် ဗန်ကူးဗားမြို့၏ ပစိဖိတ်သမုဒ္ဒရာရှိ ကြီး မား သောသဘာဝပင်လယ်ဆိပ်ကမ်းသည် အာရှ-ပစိဖိတ်၊ အရှေ့အာရှ၊ ဥရောပနှင့် အရှေ့ကနေဒါတို့ကြား ကုန်သွယ်မှုတွင် အရေးပါသော ချိတ်ဆက်မှုတစ်ခု ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ ဗန်ကူးဗားမြို့သည် (၁၉၅၄)ခုနှစ် Commonwealth ဂိမ်းများ၊ UN Habitat I ၊ Expo 86 ၊ APEC Canada (၁၉၉၇) ခုနှစ်၊ (၁၉၈၉)ခုနှစ် နှင့် (၂၀ဝ၉)ခုနှစ်တွင် World Police and Fire ဂိမ်းများ၊ (၂၀၁၅) ခုနှစ်ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကစားပွဲများ၊ (၂၀၁၀) ပြည့်နှစ်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့် မသန် စွမ်းအားကစားပြိုင်ပွဲများအပါအဝင် နိုင်ငံတကာ ညီလာခံများနှင့် ပွဲတော်များစွာကိုလက်ခံ ကျင်းပ ခဲ့သည့် နေရာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် (၁၉၆၉)ခုနှစ်တွင် လွတ်လပ်သော ကမ္ဘာလုံး ဆိုင်ရာ မဲဆွယ်စည်းရုံးရေးကွန်ရက် Greenpeace ကို ဗန်ကူးဗားမြို့တွင်တည်ထောင်ခဲ့ပြီး (၂၀၁၄)ခုနှစ် တွင် ဗန်ကူးဗားမြို့သည် TED ညီလာခံများအတွက် အမြဲတမ်းနေရာတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။ (၂၀၁၅)ခုနှစ်တွင် ထုတ်ပြန်ခဲ့သောစာရင်းများအရ ဗန်ကူးဗားဆိပ်ကမ်းသည် အမေရိကတွင် တန်ချိန် အလိုက် စတုတ္ထအကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး ကနေဒါတွင် အလုပ်အများဆုံးနှင့် အကြီးဆုံး၊ မြောက် အမေရိကတွင် ကွဲပြားမှုအရှိဆုံးဆိပ်ကမ်း တစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။ သစ်တောသည် ၎င်း၏ အကြီးဆုံး လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ဗန်ကူးဗားမြို့သည် သဘာဝ တရားဖြင့် ဝန်းရံထားသည့် မြို့ပြအချက်အချာနေရာတစ်ခုအဖြစ် လူသိများပြီး ခရီးသွားလုပ်ငန်းမှာ ၎င်း၏ ဒုတိယမြောက်အကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

စီးပွားရေး
၎င်း၏တည်နေရာသည် ပစိဖိတ်ကမ်းရိုး တန်းနှင့် ကနေဒါနိုင်ငံဖြတ်ကျော်အဝေးပြေးလမ်းမ ကြီးနှင့် မီးရထားလမ်းကြောင်းများ၏ အနောက်ဘက် တွင် တည်ရှိမှုနှင့်အတူ ဗန်ကူးဗားမြို့သည် ကနေဒါ နိုင်ငံ၏အကြီးဆုံးစီးပွားရေးအချက်အချာနေရာများထဲမှ တစ်ခုဖြစ်ကြောင်းသိရသည်။ ဗန်ကူးဗားဆိပ် ကမ်းသည် ကနေဒါနိုင်ငံ၏ အကြီးဆုံးနှင့်ကွဲပြားမှု အရှိဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပြီး နှစ်စဉ် မတူညီသော ကုန်သွယ်မှုစီးပွားရေး (၁၆၀)ကျော်နှင့်အတူ ကုန် သွယ်မှုတွင် အမေရိကန်ဒေါ်လာ(၁၇၂) ဘီလျံ ကျော်ရှိ ကြောင်းသိရသည်။ ထို့ပြင် ဆိပ်ကမ်းလုပ်ငန်းများသည် ဂျီဒီပီ၏ အမေရိကန်ဒေါ်လာ(၉ ဒသမ ၇)ဘီလျံနှင့် စီးပွားရေးထွက်ရှိမှုတွင် အမေရိကန်ဒေါ်လာ (၂၀ ဒသမ ၃)ဘီလျံကို ထုတ်လုပ်ပေး ကြောင်းသိရသည်။ဗန်ကူးဗားမြို့သည် သစ်တောထွက်ပစ္စည်းနှင့် သတ္တု တူးဖော်ရေးကုမ္ပဏီများ၏ ဌာနချုပ်များ တည်ရှိနေရာ တစ်ခုဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း ဗန်ကူးဗားသည် ဆော့ဖ်ဝဲလ်ဖွံ့ ဖြိုးတိုးတက်ရေး၊ ဇီဝနည်းပညာ၊ အာကာသယာဉ်၊ ဗီဒီယိုဂိမ်းဖွံ့ဖြိုးတိုးတက်မှု၊ ကာတွန်းစတူဒီယိုနှင့် ရုပ်မြင်သံကြားထုတ်လုပ် ရေးနှင့် ရုပ်ရှင်လုပ်ငန်းတို့အတွက် အချက်အချာနေရာတစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။ ဗန်ကူး ဗားမြို့သည် နှစ်စဉ် ရုပ်ရှင် (၆၅) ကားနှင့် တီဗီစီး ရီး (၅၅) ခုခန့်ကို လက်ခံကျင်းပနေ ပြီး မြောက် အမေရိကတွင် တတိယအကြီးဆုံး ရုပ်ရှင်နှင့် တီဗီထုတ်လုပ်ရေးစင်တာဖြစ်ကာ အလုပ် အကိုင် ပေါင်း(၂၀ဝဝဝ)ကို ပံ့ပိုးပေးကြောင်းသိရသည်။

ခရီးသွားလုပ်ငန်း
ဗန်ကူးဗားမြို့၏ ရှုခင်းသာတည်နေရာသည် ၎င်းကို အဓိကခရီးသွားဆွဲဆောင်မှုနေရာတစ်ခုဖြစ် လာစေခဲ့ ပြီး (၂၀၁၇)ခုနှစ်တွင် ဗန်ကူး ဗားမြို့သို့ လူပေါင်း(၁၀ ဒသမ ၃)သန်းကျော် လာရောက်လည် ပတ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် နှစ်စဉ်ခရီးသွားလုပ်ငန်းသည် ဗန်ကူးဗားမြို့စီးပွား ရေးလုပ်ငန်းအတွက် ခန့်မှန်းခြေအားဖြင့် အမေရိ ကန်ဒေါ်လာ(၄ ဒသမ ၈)ဘီလျံနှင့် အလုပ်အကိုင် ပေါင်း(၇၀ဝဝဝ)ကျော်ကို ပံ့ပိုးပေးကြောင်း သိရ သည်။ ခရီးသွားအများစုသည် ဗန်ကူးဗားမြို့၏ ဥယျာဉ်များ၊ Stanley ပန်းခြံ၊ Queen Elizabeth ပန်းခြံ၊ VanDusen ရုက္ခဗေဒဥယျာဉ်နှင့် မြို့ပတ်ပတ်လည်ရှိ တောင်များ၊ သမုဒ္ဒရာ များ၊ သစ်တောများနှင့် ပန်းခြံများကို ကြည့်ရှုရန် လာရောက်လည်ပတ်ကြကြောင်းသိရသည်။ ထို့ ပြင် နှစ်စဉ်လူပေါင်း(၁)သန်းကျော်သည် အပျော် စီးသင်္ဘောအားလပ်ရက်တွင် ဗန်ကူးဗားမြို့ကိုဖြတ်ကာ အလက်စကာမြို့သို့ သွားရောက်ကြလေ့ရှိကြောင်းသိရသည်။

zawgyi version
ကမာၻ႔ေနထိုင္ရန္ အေကာင္းဆုံးၿမိဳ႕မ်ားထဲမွ ဗန္ကူးဗား
Pika (NP News) - ဇြန္ ၁၃

ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါႏိုင္ငံ အေနာက္ပိုင္းတြင္တည္ရွိေသာ အဓိကၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၿဗိတိသွ် ကိုလံဘီယာျပည္နယ္၏ အနိမ့္ပိုင္းတြင္တည္ရွိကာ ေက်ာ္ၾကားေသာခရီးသြားဆြဲေဆာင္မႈေနရာ ႏွင့္ ကမာၻေပၚတြင္ ေနထိုင္ရန္ အေကာင္းဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕အျဖစ္ နာမည္ေက်ာ္ၾကားသည္။ ဗန္ကူးဗားၿမိဳ႕သည္ ၿဗိတိသွ်ကိုလံဘီယာျပည္နယ္တြင္ လူဦးေရအထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး (၂၀၂၂)ခုႏွစ္ အထိ ေနထိုင္သူလူဦးေရမွာ (၇၀၆၀၁၂)ဦးရွိေၾကာင္းသိရသည္။ ထို႔ျပင္ ဗန္ကူးဗားၿမိဳ႕ျပ ဧရိယာတြင္ ေနထိုင္သူလူဦးေရမွာ (၂၀၂၁)ခုႏွစ္ အထိ (၂ ဒသမ ၆)သန္းရွိၿပီး ကေနဒါႏိုင္ငံတြင္းတြင္ တတိယေျမာက္ အႀကီးဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ ေၾကာင္းလည္းသိရသည္။ ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါႏိုင္ငံတြင္းတြင္ လူဦးေရ အထူထပ္ဆုံးေနရာတစ္ခုျဖစ္ၿပီး တစ္စတုရန္းကီလိုမီတာလွ်င္ လူ (၅၇၀ဝ)ေက်ာ္ေနထိုင္ၿပီး နယူးေယာက္၊ ဆန္ဖရန္စစၥ ကိုႏွင့္ မကၠဆီကိုၿမိဳ႕တို႔ ၿပီးလွ်င္ ေျမာက္အေမရိကတိုက္တြင္ စတုတၳေျမာက္ လူဦးေရအထူထပ္ဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းသိရသည္။ ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါႏိုင္ငံတြင္းတြင္ လူမ်ိဳးေရးအရႏွင့္ ဘာသာစကားကြဲျပားမႈအရွိဆုံး ၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ ျဖစ္ၿပီး လူဦးေရ၏ (၄၃)ရာခိုင္ႏႈန္းမွာ အဂၤလိပ္စကား ေျပာသူမ်ား မဟုတ္သလို (၄၇ ဒသမ ၈)ရာခိုင္ႏႈန္း မွာ အဂၤလိပ္ သို႔မဟုတ္ ျပင္သစ္ ဘာသာစကားကို ေျပာဆိုၾကသူမ်ားမဟုတ္ေၾကာင္းသိရၿပီး (၅၄ ဒသမ ၅) ရာခိုင္ႏႈန္းမွာ ထင္ရွားေသာ လူနည္းစု အုပ္စုမ်ားမွ လာသူမ်ားျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါႏိုင္ငံႏွင့္ ကမာၻ ေပၚတြင္ ေနထိုင္ရန္အသင့္ေတာ္ဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕အျဖစ္ အၿမဲတမ္းအဆင့္သတ္မွတ္ျခင္း ခံခဲ့ရေၾကာင္းသိရသည္။ အိမ္ရာစရိတ္စကမ်ားအရ ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါႏိုင္ငံႏွင့္ ကမာၻေပၚတြင္ ေဈးအႀကီးဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕အျဖစ္ အဆင့္သတ္မွတ္ခံခဲ့ရေၾကာင္းသိရသည္။


သမိုင္းေၾကာင္း
ဗန္ကူးဗားၿမိဳ႕၏ ဌာေနတိုင္းရင္းသား အေျခခ်ေနထိုင္မႈမွာ လြန္ခဲ့သည့္ႏွစ္ေပါင္း(၁)ေသာင္း ေက်ာ္က စတင္ခဲ့ျခင္းျဖစ္ၿပီး Squamish ၊ Musqueam ႏွင့္ Tsleil-Waututh (Burrard) လူမ်ိဳးမ်ား ပါဝင္ေၾကာင္း သိရသည္။ မူလက Gastown ဟု အမည္ေပးထားေသာၿမိဳ႕သည္ ေခတ္သစ္ဗန္ကူး ဗားၿမိဳ႕၏အစျဖစ္ၿပီး ေနာက္ပိုင္းတြင္ Granville, Burrard Inlet ဟု အမည္ေပးထားေသာၿမိဳ႕အျဖစ္ တရားဝင္မွတ္ပုံတင္ခဲ့ျခင္းျဖစ္သည္။ ကေနဒါပစိဖိတ္ ရထားလမ္းသေဘာတူညီခ်က္အရ (၁၈၈၆) ခုႏွစ္ တြင္ ဗန္ကူးဗားၿမိဳ႕ဟု အမည္ေျပာင္းလဲခဲ့ၿပီး ကေနဒါ ပစိဖိတ္ ျဖတ္ေက်ာ္ရထားလမ္းကို (၁၈၈၇) ခုႏွစ္ တြင္ ဗန္ကူးဗားၿမိဳ႕တြင္းသို႔ တိုးခ်ဲ႕ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဗန္ကူးဗားၿမိဳ႕၏ ပစိဖိတ္သမုဒၵရာရွိ ႀကီး မား ေသာသဘာဝပင္လယ္ဆိပ္ကမ္းသည္ အာရွ-ပစိဖိတ္၊ အေရွ႕အာရွ၊ ဥေရာပႏွင့္ အေရွ႕ကေနဒါတို႔ၾကား ကုန္သြယ္မႈတြင္ အေရးပါေသာ ခ်ိတ္ဆက္မႈတစ္ခု ျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။ ဗန္ကူးဗားၿမိဳ႕သည္ (၁၉၅၄)ခုႏွစ္ Commonwealth ဂိမ္းမ်ား၊ UN Habitat I ၊ Expo 86 ၊ APEC Canada (၁၉၉၇) ခုႏွစ္၊ (၁၉၈၉)ခုႏွစ္ ႏွင့္ (၂၀ဝ၉)ခုႏွစ္တြင္ World Police and Fire ဂိမ္းမ်ား၊ (၂၀၁၅) ခုႏွစ္ဖီဖာအမ်ိဳးသမီးကမာၻ႔ဖလားၿပိဳင္ပြဲ၏ ကစားပြဲမ်ား၊ (၂၀၁၀) ျပည့္ႏွစ္ေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲႏွင့္ မသန္ စြမ္းအားကစားၿပိဳင္ပြဲမ်ားအပါအဝင္ ႏိုင္ငံတကာ ညီလာခံမ်ားႏွင့္ ပြဲေတာ္မ်ားစြာကိုလက္ခံ က်င္းပ ခဲ့သည့္ ေနရာတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ (၁၉၆၉)ခုႏွစ္တြင္ လြတ္လပ္ေသာ ကမာၻလုံး ဆိုင္ရာ မဲဆြယ္စည္း႐ုံးေရးကြန္ရက္ Greenpeace ကို ဗန္ကူးဗားၿမိဳ႕တြင္တည္ေထာင္ခဲ့ၿပီး (၂၀၁၄)ခုႏွစ္ တြင္ ဗန္ကူးဗားၿမိဳ႕သည္ TED ညီလာခံမ်ားအတြက္ အၿမဲတမ္းေနရာတစ္ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။ (၂၀၁၅)ခုႏွစ္တြင္ ထုတ္ျပန္ခဲ့ေသာစာရင္းမ်ားအရ ဗန္ကူးဗားဆိပ္ကမ္းသည္ အေမရိကတြင္ တန္ခ်ိန္ အလိုက္ စတုတၳအႀကီးဆုံးဆိပ္ကမ္းျဖစ္ၿပီး ကေနဒါတြင္ အလုပ္အမ်ားဆုံးႏွင့္ အႀကီးဆုံး၊ ေျမာက္ အေမရိကတြင္ ကြဲျပားမႈအရွိဆုံးဆိပ္ကမ္း တစ္ခုျဖစ္ခဲ့ေၾကာင္းသိရသည္။ သစ္ေတာသည္ ၎၏ အႀကီးဆုံး လုပ္ငန္းတစ္ခုအျဖစ္ ဆက္လက္တည္ရွိေနေသာ္လည္း ဗန္ကူးဗားၿမိဳ႕သည္ သဘာဝ တရားျဖင့္ ဝန္းရံထားသည့္ ၿမိဳ႕ျပအခ်က္အခ်ာေနရာတစ္ခုအျဖစ္ လူသိမ်ားၿပီး ခရီးသြားလုပ္ငန္းမွာ ၎၏ ဒုတိယေျမာက္အႀကီးဆုံးလုပ္ငန္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

စီးပြားေရး
၎၏တည္ေနရာသည္ ပစိဖိတ္ကမ္း႐ိုး တန္းႏွင့္ ကေနဒါႏိုင္ငံျဖတ္ေက်ာ္အေဝးေျပးလမ္းမ ႀကီးႏွင့္ မီးရထားလမ္းေၾကာင္းမ်ား၏ အေနာက္ဘက္ တြင္ တည္ရွိမႈႏွင့္အတူ ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါ ႏိုင္ငံ၏အႀကီးဆုံးစီးပြားေရးအခ်က္အခ်ာေနရာမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္းသိရသည္။ ဗန္ကူးဗားဆိပ္ ကမ္းသည္ ကေနဒါႏိုင္ငံ၏ အႀကီးဆုံးႏွင့္ကြဲျပားမႈ အရွိဆုံးဆိပ္ကမ္းတစ္ခုျဖစ္ၿပီး ႏွစ္စဥ္ မတူညီေသာ ကုန္သြယ္မႈစီးပြားေရး (၁၆၀)ေက်ာ္ႏွင့္အတူ ကုန္ သြယ္မႈတြင္ အေမရိကန္ေဒၚလာ(၁၇၂) ဘီလ်ံ ေက်ာ္ရွိ ေၾကာင္းသိရသည္။ ထို႔ျပင္ ဆိပ္ကမ္းလုပ္ငန္းမ်ားသည္ ဂ်ီဒီပီ၏ အေမရိကန္ေဒၚလာ(၉ ဒသမ ၇)ဘီလ်ံႏွင့္ စီးပြားေရးထြက္ရွိမႈတြင္ အေမရိကန္ေဒၚလာ (၂၀ ဒသမ ၃)ဘီလ်ံကို ထုတ္လုပ္ေပး ေၾကာင္းသိရသည္။ဗန္ကူးဗားၿမိဳ႕သည္ သစ္ေတာထြက္ပစၥည္းႏွင့္ သတၱဳ တူးေဖာ္ေရးကုမၸဏီမ်ား၏ ဌာနခ်ဳပ္မ်ား တည္ရွိေနရာ တစ္ခုျဖစ္ၿပီး မၾကာေသးမီႏွစ္မ်ားအတြင္း ဗန္ကူးဗားသည္ ေဆာ့ဖ္ဝဲလ္ဖြံ႕ ၿဖိဳးတိုးတက္ေရး၊ ဇီဝနည္းပညာ၊ အာကာသယာဥ္၊ ဗီဒီယိုဂိမ္းဖြံ႕ၿဖိဳးတိုးတက္မႈ၊ ကာတြန္းစတူဒီယိုႏွင့္ ႐ုပ္ျမင္သံၾကားထုတ္လုပ္ ေရးႏွင့္ ႐ုပ္ရွင္လုပ္ငန္းတို႔အတြက္ အခ်က္အခ်ာေနရာတစ္ခုျဖစ္လာခဲ့ေၾကာင္း သိရသည္။ ဗန္ကူး ဗားၿမိဳ႕သည္ ႏွစ္စဥ္ ႐ုပ္ရွင္ (၆၅) ကားႏွင့္ တီဗီစီး ရီး (၅၅) ခုခန႔္ကို လက္ခံက်င္းပေန ၿပီး ေျမာက္ အေမရိကတြင္ တတိယအႀကီးဆုံး ႐ုပ္ရွင္ႏွင့္ တီဗီထုတ္လုပ္ေရးစင္တာျဖစ္ကာ အလုပ္ အကိုင္ ေပါင္း(၂၀ဝဝဝ)ကို ပံ့ပိုးေပးေၾကာင္းသိရသည္။

ခရီးသြားလုပ္ငန္း
ဗန္ကူးဗားၿမိဳ႕၏ ရႈခင္းသာတည္ေနရာသည္ ၎ကို အဓိကခရီးသြားဆြဲေဆာင္မႈေနရာတစ္ခုျဖစ္ လာေစခဲ့ ၿပီး (၂၀၁၇)ခုႏွစ္တြင္ ဗန္ကူး ဗားၿမိဳ႕သို႔ လူေပါင္း(၁၀ ဒသမ ၃)သန္းေက်ာ္ လာေရာက္လည္ ပတ္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ႏွစ္စဥ္ခရီးသြားလုပ္ငန္းသည္ ဗန္ကူးဗားၿမိဳ႕စီးပြား ေရးလုပ္ငန္းအတြက္ ခန႔္မွန္းေျခအားျဖင့္ အေမရိ ကန္ေဒၚလာ(၄ ဒသမ ၈)ဘီလ်ံႏွင့္ အလုပ္အကိုင္ ေပါင္း(၇၀ဝဝဝ)ေက်ာ္ကို ပံ့ပိုးေပးေၾကာင္း သိရ သည္။ ခရီးသြားအမ်ားစုသည္ ဗန္ကူးဗားၿမိဳ႕၏ ဥယ်ာဥ္မ်ား၊ Stanley ပန္းၿခံ၊ Queen Elizabeth ပန္းၿခံ၊ VanDusen ႐ုကၡေဗဒဥယ်ာဥ္ႏွင့္ ၿမိဳ႕ပတ္ပတ္လည္ရွိ ေတာင္မ်ား၊ သမုဒၵရာ မ်ား၊ သစ္ေတာမ်ားႏွင့္ ပန္းၿခံမ်ားကို ၾကည့္ရႈရန္ လာေရာက္လည္ပတ္ၾကေၾကာင္းသိရသည္။ ထို႔ ျပင္ ႏွစ္စဥ္လူေပါင္း(၁)သန္းေက်ာ္သည္ အေပ်ာ္ စီးသေဘၤာအားလပ္ရက္တြင္ ဗန္ကူးဗားၿမိဳ႕ကိုျဖတ္ကာ အလက္စကာၿမိဳ႕သို႔ သြားေရာက္ၾကေလ့ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.