မြောက်ကိုရီးယား ခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခံထားရတဲ့ ကင်ဂျူအဲ အကြောင်း တစေ့တစောင်း (နိုင်ငံတကာအထုပ္ပတ္တိ)

 801

ဂျန်ဇက် (NP News) - မတ်လ ၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သမီးဖြစ်သူ ကင်ဂျူအဲ(Kim Ju Ae)ကို ၎င်းရဲ့နေရာ ဆက်ခံဖို့ ရွေးချယ်လိုက်တယ်လို့ တောင်ကိုရီးယား စပိုင်အေဂျင်စီကသတင်းထုတ်ပြန်ခဲ့ရာ လူအများ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ မြောက်ကိုရီး ယားနိုင်ငံဟာ အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ပြော ဆိုခံခဲ့ရပြီး မြောက်ကိုရီးယားနိုင်ငံကို ကင်ဂျုံအန်တို့ မိသားစုဝင်တွေက နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တာ လည်းဖြစ်ပါတယ်။ ကင်ဂျုံအန်တို့မိသားစုဟာ မြောက်ကိုရီးယားနိုင်ငံကို (၁၉၇၂)ခုနှစ်တည်းက လက်ရှိအချိန်အထိ သားစဉ်မြေးဆက်အုပ်ချုပ်နေခဲ့ တာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို (၁၉၇၂)ခုနှစ်ကနေ (၁၉၉၄)ခုနှစ်အထိ ကင်ဂျုံအန်ရဲ့အဘိုး ဖြစ်သူ ကင်အီဆန်ကအုပ်ချုပ်ခဲ့ပြီး ကင်အီဆန် ကွယ် လွန်ချိန်မှာ ၎င်းရဲ့သားဖြစ်သလို ကင်ဂျုံအန်ရဲ့ဖခင် ဖြစ်တဲ့ ကင်ဂျုံအီက (၁၉၉၄)ခုနှစ်ကနေ (၂၀၁၁)ခုနှစ်အထိ ထပ်မံအုပ်ချုပ်ခဲ့ပါတယ်။ ကင်ဂျုံအီဟာ (၂၀၁၁)ခုနှစ်မှာကွယ်လွန်ခဲ့ပြီးနောက် ၎င်းရဲ့သားဖြစ် သူ ကင်ဂျုံအန်က (၂၀၁၁)ခုနှစ်ကနေ လက်ရှိအချိန် အထိ အုပ်ချုပ်နေခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံကို လက်ရှိအချိန်မှာ ကင်ဂျုံအန်နဲ့ ၎င်းရဲ့ညီမဖြစ် သူတို့ကအုပ်ချုပ်နေပြီး ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင် ဂျုံယိုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်အသစ်ဖြစ်လာဖွယ်ရှိတယ်လို့ အစောပိုင်းက သတင်း တွေထွက်ပေါ်ခဲ့ဖူးပေမယ့် တောင်ကိုရီးယား စပိုင်အေ ဂျင်စီကတော့ ခေါင်းဆောင်ကင်ဂျုံအန်ဟာ သမီးဖြစ် သူ ကင်ဂျူအဲကို ခေါင်းဆောင်အသစ်အဖြစ်ရွေးချယ် လိုက်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ ၎င်းတို့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေကို လျှို့ဝှက်တတ် သူဖြစ်ပေမယ့် ကင်ဂျူအဲဟာ ကင်ဂျုံအန်နဲ့ ရီဆိုဂျူ တို့ကမွေးဖွားတဲ့သမီးဖြစ်တယ်လို့ဆိုကြပါတယ်။ ကင် ဂျုံအန်မှာ ကင်ဂျူအဲအပြင် သားတစ်ဦးရှိနေပြီး အဲဒီ သားကို လူမြင်ကွင်းကိုခေါ်ထုတ်ခြင်းမရှိသလို မြောက်ကိုရီးယားမီဒီယာတွေမှာ ဖော်ပြတာမျိုးမရှိပါ ဘူး။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားအစိုးရနဲ့ပတ် သက်တဲ့အခမ်းအနားပွဲတွေအပြင် ပြည်ပခရီးစဉ်တွေ ကို သမီးဖြစ်သူကိုခေါ်သွားလေ့ရှိပါတယ်။ ကင်ဂျုံအန် ဟာ (၂၀၂၅)ခုနှစ် စက်တင်ဘာလတုန်းက တရုတ်နိုင်ငံကိုသွားရောက်တဲ့ခရီးစဉ်မှာ သမီးဖြစ်သူ ကင်ဂျူ အဲကိုခေါ်သွားခဲ့ရာ ကင်ဂျုအဲဟာ မြောက်ကိုရီးယား နိုင်ငံရဲ့ ခေါင်းဆောင်အသစ်ဖြစ်လာမယ်လို့ ထင် ကြေးပေးမှု ပိုမိုခိုင်မာလာခဲ့ပါတယ်။ ကင်ဂျူအဲဟာ (၂၀၂၂)ခုနှစ်မှာ လူမြင်ကွင်းကို ဖခင်ဖြစ်သူနဲ့အတူ ပွဲထွက်လာခဲ့ရာ ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုမြင့်တက် ခဲ့ပါတယ်။ ကင်ဂျူအဲဟာ လက်ရှိအချိန်မှာ အသက် (၁၃)နှစ်အရွယ်သာရှိသေးပေမယ့် ဖခင်ဖြစ်သူနဲ့အတူ စစ်လက်နက်ပစ္စည်း စမ်းသပ်ပွဲတွေ၊ အာဏာရ အ လုပ်သမားပါတီအခမ်းအနားတွေ၊ စစ် ရေးပြအခမ်းအ နားတွေကိုတက်ရောက်ခဲ့ရာ လူအများ၏ စိတ်ဝင်စား မှုမြင့်တက်စေခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ကင်ဂျူအဲနဲ့ပတ်သက်ပြီး မွေးနေ့၊ အမည် အပါအဝင် သတင်းအချက်လက်တွေကို လူသိမခံတဲ့အတွက် ကင်ဂျူအဲကို (၂၀၁၀)ပြည့်နှစ်ဝန်းကျင် မွေးဖွားထား တယ်လို့ခန့်မှန်းကြပါတယ်။ ကင်ဂျူအဲဟာ (၂၀၂၂) ခုနှစ် နိုဝင်ဘာလမှာ ဖခင်ဖြစ်သူနဲ့အတူ ပထမဆုံးအ ကြိမ် ပြည်သူရှေ့ထွက်ပေါ်လာခဲ့သူဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရပိုင် နိုင်ငံတော်မီဒီယာတွေက ကင်ဂျူအဲကို "အရမ်းချစ်ခင်ရတဲ့သမီး"ဆိုတဲ့ အသုံး အနှုန်းမျိုး ရေးသားဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ဇနီးဖြစ်သူ ရီဆိုလ်ဂျူဟာ (၂၀၁၂)ခုနှစ်မှာ ကာလအတန်ကြာပျောက်ကွယ်သွားခဲ့ပြီး လူမြင်ကွင်းကို ပြန်ထွက်လာချိန်မှာ ကိုယ်ဝန်ဆောင် ထားရတဲ့အတွက် ၎င်းရဲ့သမီးဖြစ်သူ ကင်ဂျူအဲဟာ အသက်(၁၃)နှစ်ဝန်းကျင်ဖြစ်မယ်လို့ခန့်မှန်းနေကြခြင်း လည်းဖြစ်ပါတယ်။ အမေရိကန်ဘတ်စကက်ဘော သမား ဒန်နစ်ရော့ဒန်ဟာ (၂၀၁၃)ခုနှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်ခဲ့ပြီး အဲဒီအချိန် တုန်းက ရော့ဒန်က ကင်ဂျုံအန်ရဲ့သမီးဖြစ်သူနာ မည်က ဂျူအဲဖြစ်တယ်လို့ပြောဆိုခဲ့တဲ့အတွက် ကင် ဂျုံအန်ရဲ့သမီးဖြစ်သူဟာ ကင်ဂျူအဲဖြစ်တယ်လို့ ပြော ဆိုနေကြတာလည်းဖြစ်ပါတယ်။ ကင်ဂျူအဲဟာ အသက်ငယ်ရွယ်ပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အားကိုးရတဲ့သမီးဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ ပါဝင်အကြံပေးခြင်းများရှိနေတယ်လို့ ဆိုကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်ရှိ နိုင်ငံ များထဲမှ လျှို့ဝှက်မှုအများဆုံးနိုင်ငံဖြစ်သလို ကင်ဂျူ အဲနဲ့ပတ်သက်ပြီး လျှို့ဝှက်လွန်းတဲ့အတွက် သူဟာ ဘယ်ကျောင်းမှာ ဘယ်အတန်းကိုရောက်ရှိနေပြီဆို တာကို အတိအကျမသိကြဘူးလို့ နိုင်ငံတကာမီဒီယာ တွေက ဖော်ပြကြပါတယ်။ ဒါပေမဲ့ ကင်ဂျူအဲဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်သူရဲ့သမီးဖြစ်တဲ့အတွက် အထူးသီးသန့်ပညာရေး(private tutoring) သို့မဟုတ် အထက်တန်းအဆင့် အထူး ကျောင်းတစ်ခုမှာ ပညာသင်ကြားနေသူဖြစ်တယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်ဟာ ဆွစ်ဇာလန်နိုင်ငံမှာ ပညာ သင်ကြားဖူးသူဖြစ်တဲ့အတွက် သမီးဖြစ်သူကိုလည်း ပြည်ပနိုင်ငံများထံ သွားရောက်ဖို့ စေလွှတ်ဖွယ်ရှိတယ် လို့ဆိုကြပါတယ်။ မြောက်ကိုရီးယားအရေးလေ့လာ တဲ့ သုတေသီတစ်ဦးဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံသား Cheong Seong-Chang ကတော့ "ကင်ဂျူအဲဟာ ဖခင်ဖြစ်သူနဲ့အတူ ပွဲအခမ်းအနားကိုရောက်ပြီး ငယ် ငယ်ရွယ်ရွယ်နဲ့ လူသားအရင်းအမြစ်နဲ့ ခေါင်းဆောင် မှုပိုင်းဆိုင်ရာတွေကို လေ့လာသင်ယူနေသူဖြစ်တယ်" လို့ သုံးသပ်ပြောဆိုထားပါတယ်။ ကင်ဂျူအဲဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်တဲ့မူဝါဒတွေကို လည်းလေလာ့နေပြီး လိုအပ်တဲ့အကြံပေးမှုတွေကို လုပ်ဆောင်နေရာ အနာဂတ်မှာ မြောက်ကိုရီးယားနိုင်ငံ ရဲ့ ခေါင်းဆောင်အသစ်ဖြစ်လာမယ်လို့ နိုင်ငံတကာမီဒီ ယာတွေက ခန့်မှန်းသုံးသပ်နေတာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားမီဒီယာတွေက ကင်ဂျူအဲနဲ့ပတ် သက်တဲ့အချက်လက်တွေကိုဖုံးကွယ်ထားပေမယ့် အေဘီစီသတင်းဌာနကတော့ ကင်ဂျူအဲကို ‘Morn­ing Star of Korea’ လို့ တင်စားခေါ်ဝေါ်ကြတယ်လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ အေဘီစီသတင်းဌာနက ကင်ဂျူအဲဟာ ပြည်ပနိုင်ငံတွေမှာ ကျောင်းတက်ခြင်း မရှိဘဲ မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံးယမ်းမှာ ကျောင်းတက်နေပြီး ရေကူးခြင်း၊ စကိတ်စီးခြင်းကို ဝါသနာပါသူဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ဒါ့ပြင် ကင်ဂျူအဲဟာ အသက် (၁၃)နှစ်အရွယ်သာရှိ သေးပေမယ့် မြင်းစီးကျွမ်းကျင်သူဖြစ်တယ်လို့ ဆိုကြ ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဟာ သားသမီးတွေရှိပေမယ့် ကင်ဂျူအဲကိုသာ ပွဲအ ခမ်းနားတွေနဲ့ ပြည်ပခရီးစဉ်တွေကိုခေါ်ဆောင်သွား တဲ့အတွက် ကင်ဂျူအဲဟာ ကင်ဂျုံအန် အချစ်ခင်ဆုံး သားသမီးဖြစ်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါ တယ်။ ကင်ဂျူအဲဟာ ငယ်ရွယ်ပေမယ့်လည်း သူရဲ့ပုံ စံက ထက်မြက်မှုရှိတဲ့ပုံစံမျိုးဖြစ်သလို စိတ်ထားပိုင်း ကလည်း ဖခင်ဖြစ်သူနဲ့မတူဘဲ ကွဲပြားနိုင်တယ်လို့ ဆို ကြပါတယ်။ ကင်ဂျုံအန်ဟာ သမီးဖြစ်သူကို အမျိုးသ မီးတစ်ဦး အခက်အခဲတွေရင်ဆိုင်ရချိန်မှာ အောင်မြင် စွာကျော်လွှားနိုင်အောင် လက်ရှိအချိန်တည်းက လေ့ ကျင့်သင်ကြားပေးနေတယ်လို့သိရပါတယ်။ ကင်ဂျူ အဲဟာ အများပြည်သူရှေ့ထွက်ပေါ်လာတဲ့ အခမ်းအ နားတွေမှာ စစ်တပ်အရာရှိကြီးတွေနဲ့ အနီးကပ်ရှိနေ ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ပုံစံမျိုးရှိနေပါ တယ်။ ၎င်းဟာ ဖခင်ဖြစ်သူနဲ့အတူ မြောက်ကိုရီးယား နိုင်ငံရဲ့ အာဏာရအလုပ်သမားပါတီအစည်းအဝေးအခမ်းအနားအပါအဝင် မြောက်ကိုရီးယားအစိုးရရဲ့ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေကို တက်ရောက် တာဟာ ကင်ဂျုံအန်က သူရဲ့နေရာကိုဆက်ခံဖို့ သမီး ဖြစ်သူကို လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပြီး အဲဒီ လေ့ကျင့်သင်ကြားပေးမှုတွေဟာ (၂၀၂၆)ခုနှစ် ဖေ ဖော်ဝါရီလအတွင်းပြီးဆုံးသွားတယ်လို့ တောင်ကိုရီး ယားထောက်လှမ်းရေးအဖွဲ့ကပြောပါတယ်။ (၂၀၂၄) ခုနှစ် ဇူလိုင်လ(၂၉)ရက်ကပြုလုပ်တဲ့ တံခါးပိတ်အ စည်းအဝေးတစ်ခုမှာ ကင်ဂျုံအန်ဟာ သမီးဖြစ်သူကို သူရဲ့နေရာဆက်ခံဖို့ လေ့ကျင့်သင်ကြားပေးနေတယ် လို့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ကင်ဂျူအဲ ဟာ လက်ရှိအချိန်မှာ ကလေးတစ်ဦးဖြစ်တဲ့အတွက် မြောက်ကိုရီးယားခေါင်းဆောင်နေရာကိုဆက်ခံဖို့ နိုင်ငံရေးအရသက်သေမပြနိုင်သေးသလို ၎င်းကို မြောက်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်နေရာကို ဆက် ခံသူအဖြစ်ရွေးချယ်ဖို့ဆုံးဖြတ်ချက်က စောလွန်းနေဖွယ်ရှိတယ်လို့ နိုင်ငံတကာသုတေသီတွေက သုံးသပ် ပြောဆိုကြပါတယ်။ သူဟာ (၂၀၂၂)ခုနှစ်မှာ ဖခင် ဖြစ်သူနဲ့အတူ လူမြင်ကွင်းကို တွဲထွက်လာပြီးနောက် ပိုင်း ပွဲအခမ်းနားများစွာကိုတက်ရောက်ခဲ့တဲ့အတွက် ရင့်ကျက်မှုတွေရှိလာသလို မြောက်ကိုရီးယားစစ်တပ် ခေါင်းဆောင်တွေရဲ့ချစ်ခင်မှုကို ရရှိထားသူဖြစ်တယ် လို့သိရပါတယ်။ တောင်ကိုရီးယားလွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ Lee Seong-kwen က ကင်ဂျူအဲဟာ လက်ရှိအချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင်အ ရိုက်အရာ " ဆက်ခံသူသတ်မှတ်ခြင်း " အဆင့်မှာ ရှိနေ ပြီလို့ သုံးသပ်ပြောဆိုထားပါတယ်။ ၎င်းက " ကင်ဂျူအဲဟာ ကိုရီးယားပြည်သူ့တပ်မတော် တည်ထောင် ခြင်းနှစ်ပတ်လည်နေ့အပါအဝင် ပွဲအမျိုးမျိုးကို ပါဝင် တက်ရောက်ခဲ့သလို တချို့ နိုင်ငံတော်မူဝါဒတွေအပေါ် သူရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုတဲ့လက္ခဏာတွေကို တွေ့မြင်ရတဲ့အတွက် သူဟာ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်နေရာကို ဆက်ခံသူအဖြစ်သတ်မှတ်ခံရ တဲ့အဆင့်ကိုရောက်ရှိတယ်"လို့ သုံးသပ်ပြောဆိုပါတယ်။ ကင်ဂျူအဲဟာ (၂၀၂၂)ခုနှစ်မှာ ဖခင်ဖြစ်သူနဲ့ အတူ မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံးပေါ် ပဲ့ ထိန်းဒုံးကျည်ကိုစစ်ဆေးခဲ့တဲ့အချိန်ကစတင်ပြီး နိုင်ငံပိုင်မီဒီယာတွေမှာ မကြာခဏပါဝင်ခဲ့ပြီး သူ့ဖခင် ရဲ့အာဏာရှင်ပုံရိပ်ကို ပျော့ပျောင်းစေခဲ့တယ်လို့ဆိုကြ ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ အမျိုးသမီးတွေကို ဆံပင်အရှည်ထားခြင်းတားမြစ်ထားပေမယ့် ကင်ဂျူ အဲကို ဆံပင်အရှည်ပုံစံနဲ့တွေ့မြင်ရသလို လူအများစု လက်လှမ်းမမီတဲ့ နာမည်ကြီးဒီဇိုင်နာများရဲ့ တန်ဖိုး ကြီးအဝတ်အစားတွေဝတ်ဆင် ခြင်းတို့ကို မကြာခဏ တွေ့ရလေ့ရှိတယ်လို့ ဆိုကြပါတယ်။ မြောက်ကိုရီး ယားနိုင်ငံမှာ နိုင်ငံအုပ်ချုပ်သူအာဏာကို ကင်မိသား စုရဲ့မျိုးဆက်သုံးဆက်တိုင် လက်ဆင့်ကမ်းပေးခဲ့ပြီး ကင်ဂျုံအန်ကလည်း သမီးဖြစ်သူကို နိုင်ငံ့ခေါင်း ဆောင်နေရာ လက်ဆင့်ကမ်းပေးဖွယ်ရှိတယ်လို့ လူအများစုက ယုံကြည်နေပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်ဟာ သမီးဖြစ်သူကို နိုင်ငံ့ ခေါင်းဆောင်နေရာ ဆက်ခံမယ့်သူအဖြစ် ရွေးချယ် ထားပေမယ့် လက်ရှိအချိန်မှာတော့ ဆက်ခံခွင့်ပေးမှာ မဟုတ်သေးဘဲ ကင်ဂျူအဲကို လက်ရှိထက် အတွေ့ အကြုံပိုမိုရင့်ကျက်ဖို့နဲ့ ခေါင်းဆောင် မှုဆိုင်ရာအရည် အသွေးပိုင်း ပိုမိုကောင်းမွန်အောင် ထပ်မံလေ့ကျင့်သွားဖွယ်ရှိနေပါတယ်။ တကယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ရုတ် တရက်သေဆုံးခဲ့ မယ်ဆိုရင် သမီးဖြစ်သူ ကင်ဂျူအဲဟာ မြောက်ကိုရီး ယားခေါင်းဆောင်အသစ်ဖြစ်လာဖို့ သေချာနေပြီး မြောက်ကိုရီးယားနိုင်ငံကို ကင်ဂျူံအန်တို့မိသားစုသာ နှစ်ပေါင်းများစွာကြာ ဆက်လက်အုပ်ချုပ်သွားဖွယ်ရှိနေပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယား ေခါင္းေဆာင္အသစ္အျဖစ္ ေ႐ြးခ်ယ္ခံထားရတဲ့ ကင္ဂ်ဴအဲ အေၾကာင္း တေစ့တေစာင္း
(ႏိုင္ငံတကာအထုပၸတၱိ)
သုတေက်ာ္ (NP News) - မတ္လ ၅

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ သမီးျဖစ္သူ ကင္ဂ်ဴအဲ(Kim Ju Ae)ကို ၎ရဲ႕ေနရာ ဆက္ခံဖို႔ ေ႐ြးခ်ယ္လိုက္တယ္လို႔ ေတာင္ကိုရီးယား စပိုင္ေအဂ်င္စီကသတင္းထုတ္ျပန္ခဲ့ရာ လူအမ်ား စိတ္ဝင္စားမႈျမင့္တက္လာခဲ့ပါတယ္။ ေျမာက္ကိုရီး ယားႏိုင္ငံဟာ အာဏာရွင္ႏိုင္ငံအျဖစ္ သတ္မွတ္ေျပာ ဆိုခံခဲ့ရၿပီး ေျမာက္ကိုရီးယားႏိုင္ငံကို ကင္ဂ်ဳံအန္တို႔ မိသားစုဝင္ေတြက ႏွစ္ေပါင္းမ်ားစြာအုပ္ခ်ဳပ္ခဲ့တာ လည္းျဖစ္ပါတယ္။ ကင္ဂ်ဳံအန္တို႔မိသားစုဟာ ေျမာက္ကိုရီးယားႏိုင္ငံကို (၁၉၇၂)ခုႏွစ္တည္းက လက္ရွိအခ်ိန္အထိ သားစဥ္ေျမးဆက္အုပ္ခ်ဳပ္ေနခဲ့ တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံကို (၁၉၇၂)ခုႏွစ္ကေန (၁၉၉၄)ခုႏွစ္အထိ ကင္ဂ်ဳံအန္ရဲ႕အဘိုး ျဖစ္သူ ကင္အီဆန္ကအုပ္ခ်ဳပ္ခဲ့ၿပီး ကင္အီဆန္ ကြယ္ လြန္ခ်ိန္မွာ ၎ရဲ႕သားျဖစ္သလို ကင္ဂ်ဳံအန္ရဲ႕ဖခင္ ျဖစ္တဲ့ ကင္ဂ်ဳံအီက (၁၉၉၄)ခုႏွစ္ကေန (၂၀၁၁)ခုႏွစ္အထိ ထပ္မံအုပ္ခ်ဳပ္ခဲ့ပါတယ္။ ကင္ဂ်ဳံအီဟာ (၂၀၁၁)ခုႏွစ္မွာကြယ္လြန္ခဲ့ၿပီးေနာက္ ၎ရဲ႕သားျဖစ္ သူ ကင္ဂ်ဳံအန္က (၂၀၁၁)ခုႏွစ္ကေန လက္ရွိအခ်ိန္ အထိ အုပ္ခ်ဳပ္ေနခဲ့တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယား ႏိုင္ငံကို လက္ရွိအခ်ိန္မွာ ကင္ဂ်ဳံအန္နဲ႔ ၎ရဲ႕ညီမျဖစ္ သူတို႔ကအုပ္ခ်ဳပ္ေနၿပီး ကင္ဂ်ဳံအန္ရဲ႕ညီမျဖစ္သူ ကင္ ဂ်ဳံယိုဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ေခါင္းေဆာင္အသစ္ျဖစ္လာဖြယ္ရွိတယ္လို႔ အေစာပိုင္းက သတင္း ေတြထြက္ေပၚခဲ့ဖူးေပမယ့္ ေတာင္ကိုရီးယား စပိုင္ေအ ဂ်င္စီကေတာ့ ေခါင္းေဆာင္ကင္ဂ်ဳံအန္ဟာ သမီးျဖစ္ သူ ကင္ဂ်ဴအဲကို ေခါင္းေဆာင္အသစ္အျဖစ္ေ႐ြးခ်ယ္ လိုက္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ကင္ဂ်ဳံအန္ဟာ ၎တို႔မိသားစုနဲ႔ပတ္သက္တဲ့ကိစၥေတြကို လွ်ိဳ႕ဝွက္တတ္ သူျဖစ္ေပမယ့္ ကင္ဂ်ဴအဲဟာ ကင္ဂ်ဳံအန္နဲ႔ ရီဆိုဂ်ဴ တို႔ကေမြးဖြားတဲ့သမီးျဖစ္တယ္လို႔ဆိုၾကပါတယ္။ ကင္ ဂ်ဳံအန္မွာ ကင္ဂ်ဴအဲအျပင္ သားတစ္ဦးရွိေနၿပီး အဲဒီ သားကို လူျမင္ကြင္းကိုေခၚထုတ္ျခင္းမရွိသလို ေျမာက္ကိုရီးယားမီဒီယာေတြမွာ ေဖာ္ျပတာမ်ိဳးမရွိပါ ဘူး။ ကင္ဂ်ဳံအန္ဟာ ေျမာက္ကိုရီးယားအစိုးရနဲ႔ပတ္ သက္တဲ့အခမ္းအနားပြဲေတြအျပင္ ျပည္ပခရီးစဥ္ေတြ ကို သမီးျဖစ္သူကိုေခၚသြားေလ့ရွိပါတယ္။ ကင္ဂ်ဳံအန္ ဟာ (၂၀၂၅)ခုႏွစ္ စက္တင္ဘာလတုန္းက တ႐ုတ္ႏိုင္ငံကိုသြားေရာက္တဲ့ခရီးစဥ္မွာ သမီးျဖစ္သူ ကင္ဂ်ဴ အဲကိုေခၚသြားခဲ့ရာ ကင္ဂ်ဳအဲဟာ ေျမာက္ကိုရီးယား ႏိုင္ငံရဲ႕ ေခါင္းေဆာင္အသစ္ျဖစ္လာမယ္လို႔ ထင္ ေၾကးေပးမႈ ပိုမိုခိုင္မာလာခဲ့ပါတယ္။ ကင္ဂ်ဴအဲဟာ (၂၀၂၂)ခုႏွစ္မွာ လူျမင္ကြင္းကို ဖခင္ျဖစ္သူနဲ႔အတူ ပြဲထြက္လာခဲ့ရာ ကမာၻတစ္ဝန္း စိတ္ဝင္စားမႈျမင့္တက္ ခဲ့ပါတယ္။ ကင္ဂ်ဴအဲဟာ လက္ရွိအခ်ိန္မွာ အသက္ (၁၃)ႏွစ္အ႐ြယ္သာရွိေသးေပမယ့္ ဖခင္ျဖစ္သူနဲ႔အတူ စစ္လက္နက္ပစၥည္း စမ္းသပ္ပြဲေတြ၊ အာဏာရ အ လုပ္သမားပါတီအခမ္းအနားေတြ၊ စစ္ ေရးျပအခမ္းအ နားေတြကိုတက္ေရာက္ခဲ့ရာ လူအမ်ား၏ စိတ္ဝင္စား မႈျမင့္တက္ေစခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ကင္ဂ်ဴအဲနဲ႔ပတ္သက္ၿပီး ေမြးေန႔၊ အမည္ အပါအဝင္ သတင္းအခ်က္လက္ေတြကို လူသိမခံတဲ့အတြက္ ကင္ဂ်ဴအဲကို (၂၀၁၀)ျပည့္ႏွစ္ဝန္းက်င္ ေမြးဖြားထား တယ္လို႔ခန႔္မွန္းၾကပါတယ္။ ကင္ဂ်ဴအဲဟာ (၂၀၂၂) ခုႏွစ္ ႏိုဝင္ဘာလမွာ ဖခင္ျဖစ္သူနဲ႔အတူ ပထမဆုံးအ ႀကိမ္ ျပည္သူေရွ႕ထြက္ေပၚလာခဲ့သူျဖစ္ပါတယ္။ ေျမာက္ကိုရီးယားအစိုးရပိုင္ ႏိုင္ငံေတာ္မီဒီယာေတြက ကင္ဂ်ဴအဲကို "အရမ္းခ်စ္ခင္ရတဲ့သမီး"ဆိုတဲ့ အသုံး အႏႈန္းမ်ိဳး ေရးသားေဖာ္ျပခဲ့ပါတယ္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ရဲ႕ဇနီးျဖစ္သူ ရီဆိုလ္ဂ်ဴဟာ (၂၀၁၂)ခုႏွစ္မွာ ကာလအတန္ၾကာေပ်ာက္ကြယ္သြားခဲ့ၿပီး လူျမင္ကြင္းကို ျပန္ထြက္လာခ်ိန္မွာ ကိုယ္ဝန္ေဆာင္ ထားရတဲ့အတြက္ ၎ရဲ႕သမီးျဖစ္သူ ကင္ဂ်ဴအဲဟာ အသက္(၁၃)ႏွစ္ဝန္းက်င္ျဖစ္မယ္လို႔ခန႔္မွန္းေနၾကျခင္း လည္းျဖစ္ပါတယ္။ အေမရိကန္ဘတ္စကက္ေဘာ သမား ဒန္နစ္ေရာ့ဒန္ဟာ (၂၀၁၃)ခုႏွစ္တုန္းက ေျမာက္ကိုရီးယားႏိုင္ငံကိုသြားေရာက္ခဲ့ၿပီး အဲဒီအခ်ိန္ တုန္းက ေရာ့ဒန္က ကင္ဂ်ဳံအန္ရဲ႕သမီးျဖစ္သူနာ မည္က ဂ်ဴအဲျဖစ္တယ္လို႔ေျပာဆိုခဲ့တဲ့အတြက္ ကင္ ဂ်ဳံအန္ရဲ႕သမီးျဖစ္သူဟာ ကင္ဂ်ဴအဲျဖစ္တယ္လို႔ ေျပာ ဆိုေနၾကတာလည္းျဖစ္ပါတယ္။ ကင္ဂ်ဴအဲဟာ အသက္ငယ္႐ြယ္ေပမယ့္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္အားကိုးရတဲ့သမီးျဖစ္ၿပီး ေျမာက္ကိုရီးယား ႏိုင္ငံနဲ႔ပတ္သက္တဲ့လုပ္ငန္းေတြမွာ ပါဝင္အႀကံေပးျခင္းမ်ားရွိေနတယ္လို႔ ဆိုၾကပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံဟာ ကမာၻေပၚရွိ ႏိုင္ငံ မ်ားထဲမွ လွ်ိဳ႕ဝွက္မႈအမ်ားဆုံးႏိုင္ငံျဖစ္သလို ကင္ဂ်ဴ အဲနဲ႔ပတ္သက္ၿပီး လွ်ိဳ႕ဝွက္လြန္းတဲ့အတြက္ သူဟာ ဘယ္ေက်ာင္းမွာ ဘယ္အတန္းကိုေရာက္ရွိေနၿပီဆို တာကို အတိအက်မသိၾကဘူးလို႔ ႏိုင္ငံတကာမီဒီယာ ေတြက ေဖာ္ျပၾကပါတယ္။ ဒါေပမဲ့ ကင္ဂ်ဴအဲဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ေခါင္းေဆာင္ျဖစ္သူရဲ႕သမီးျဖစ္တဲ့အတြက္ အထူးသီးသန႔္ပညာေရး(private tutoring) သို႔မဟုတ္ အထက္တန္းအဆင့္ အထူး ေက်ာင္းတစ္ခုမွာ ပညာသင္ၾကားေနသူျဖစ္တယ္လို႔ ခန႔္မွန္းမႈေတြရွိေနပါတယ္။ ေျမာက္ကိုရီးယားေခါင္း ေဆာင္ ကင္ဂ်ဳံအန္ဟာ ဆြစ္ဇာလန္ႏိုင္ငံမွာ ပညာ သင္ၾကားဖူးသူျဖစ္တဲ့အတြက္ သမီးျဖစ္သူကိုလည္း ျပည္ပႏိုင္ငံမ်ားထံ သြားေရာက္ဖို႔ ေစလႊတ္ဖြယ္ရွိတယ္ လို႔ဆိုၾကပါတယ္။ ေျမာက္ကိုရီးယားအေရးေလ့လာ တဲ့ သုေတသီတစ္ဦးျဖစ္တဲ့ ေတာင္ကိုရီးယားႏိုင္ငံသား Cheong Seong-Chang ကေတာ့ "ကင္ဂ်ဴအဲဟာ ဖခင္ျဖစ္သူနဲ႔အတူ ပြဲအခမ္းအနားကိုေရာက္ၿပီး ငယ္ ငယ္႐ြယ္႐ြယ္နဲ႔ လူသားအရင္းအျမစ္နဲ႔ ေခါင္းေဆာင္ မႈပိုင္းဆိုင္ရာေတြကို ေလ့လာသင္ယူေနသူျဖစ္တယ္" လို႔ သုံးသပ္ေျပာဆိုထားပါတယ္။ ကင္ဂ်ဴအဲဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ပတ္သက္တဲ့မူဝါဒေတြကို လည္းေလလာ့ေနၿပီး လိုအပ္တဲ့အႀကံေပးမႈေတြကို လုပ္ေဆာင္ေနရာ အနာဂတ္မွာ ေျမာက္ကိုရီးယားႏိုင္ငံ ရဲ႕ ေခါင္းေဆာင္အသစ္ျဖစ္လာမယ္လို႔ ႏိုင္ငံတကာမီဒီ ယာေတြက ခန႔္မွန္းသုံးသပ္ေနတာလည္းျဖစ္ပါတယ္။ ေျမာက္ကိုရီးယားမီဒီယာေတြက ကင္ဂ်ဴအဲနဲ႔ပတ္ သက္တဲ့အခ်က္လက္ေတြကိုဖုံးကြယ္ထားေပမယ့္ ေအဘီစီသတင္းဌာနကေတာ့ ကင္ဂ်ဴအဲကို ‘Morn­ing Star of Korea’ လို႔ တင္စားေခၚေဝၚၾကတယ္လို႔ ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။ ေအဘီစီသတင္းဌာနက ကင္ဂ်ဴအဲဟာ ျပည္ပႏိုင္ငံေတြမွာ ေက်ာင္းတက္ျခင္း မရွိဘဲ ေျမာက္ကိုရီးယားႏိုင္ငံၿမိဳ႕ေတာ္ ၿပဳံးယမ္းမွာ ေက်ာင္းတက္ေနၿပီး ေရကူးျခင္း၊ စကိတ္စီးျခင္းကို ဝါသနာပါသူျဖစ္တယ္လို႔ ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။ ဒါ့ျပင္ ကင္ဂ်ဴအဲဟာ အသက္ (၁၃)ႏွစ္အ႐ြယ္သာရွိ ေသးေပမယ့္ ျမင္းစီးကြၽမ္းက်င္သူျဖစ္တယ္လို႔ ဆိုၾက ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ ဟာ သားသမီးေတြရွိေပမယ့္ ကင္ဂ်ဴအဲကိုသာ ပြဲအ ခမ္းနားေတြနဲ႔ ျပည္ပခရီးစဥ္ေတြကိုေခၚေဆာင္သြား တဲ့အတြက္ ကင္ဂ်ဴအဲဟာ ကင္ဂ်ဳံအန္ အခ်စ္ခင္ဆုံး သားသမီးျဖစ္တယ္လို႔ သုံးသပ္မႈေတြလည္းရွိေနပါ တယ္။ ကင္ဂ်ဴအဲဟာ ငယ္႐ြယ္ေပမယ့္လည္း သူရဲ႕ပုံ စံက ထက္ျမက္မႈရွိတဲ့ပုံစံမ်ိဳးျဖစ္သလို စိတ္ထားပိုင္း ကလည္း ဖခင္ျဖစ္သူနဲ႔မတူဘဲ ကြဲျပားႏိုင္တယ္လို႔ ဆို ၾကပါတယ္။ ကင္ဂ်ဳံအန္ဟာ သမီးျဖစ္သူကို အမ်ိဳးသ မီးတစ္ဦး အခက္အခဲေတြရင္ဆိုင္ရခ်ိန္မွာ ေအာင္ျမင္ စြာေက်ာ္လႊားႏိုင္ေအာင္ လက္ရွိအခ်ိန္တည္းက ေလ့ က်င့္သင္ၾကားေပးေနတယ္လို႔သိရပါတယ္။ ကင္ဂ်ဴ အဲဟာ အမ်ားျပည္သူေရွ႕ထြက္ေပၚလာတဲ့ အခမ္းအ နားေတြမွာ စစ္တပ္အရာရွိႀကီးေတြနဲ႔ အနီးကပ္ရွိေန ခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိတဲ့ ပုံစံမ်ိဳးရွိေနပါ တယ္။ ၎ဟာ ဖခင္ျဖစ္သူနဲ႔အတူ ေျမာက္ကိုရီးယား ႏိုင္ငံရဲ႕ အာဏာရအလုပ္သမားပါတီအစည္းအေဝးအခမ္းအနားအပါအဝင္ ေျမာက္ကိုရီးယားအစိုးရရဲ႕ပြဲလမ္းသဘင္ေတြ၊ အခမ္းအနားေတြကို တက္ေရာက္ တာဟာ ကင္ဂ်ဳံအန္က သူရဲ႕ေနရာကိုဆက္ခံဖို႔ သမီး ျဖစ္သူကို ေလ့က်င့္သင္ၾကားေပးေနတာျဖစ္ၿပီး အဲဒီ ေလ့က်င့္သင္ၾကားေပးမႈေတြဟာ (၂၀၂၆)ခုႏွစ္ ေဖ ေဖာ္ဝါရီလအတြင္းၿပီးဆုံးသြားတယ္လို႔ ေတာင္ကိုရီး ယားေထာက္လွမ္းေရးအဖြဲ႕ကေျပာပါတယ္။ (၂၀၂၄) ခုႏွစ္ ဇူလိုင္လ(၂၉)ရက္ကျပဳလုပ္တဲ့ တံခါးပိတ္အ စည္းအေဝးတစ္ခုမွာ ကင္ဂ်ဳံအန္ဟာ သမီးျဖစ္သူကို သူရဲ႕ေနရာဆက္ခံဖို႔ ေလ့က်င့္သင္ၾကားေပးေနတယ္ လို႔ သတင္းေတြလည္းထြက္ေပၚခဲ့ပါတယ္။ ကင္ဂ်ဴအဲ ဟာ လက္ရွိအခ်ိန္မွာ ကေလးတစ္ဦးျဖစ္တဲ့အတြက္ ေျမာက္ကိုရီးယားေခါင္းေဆာင္ေနရာကိုဆက္ခံဖို႔ ႏိုင္ငံေရးအရသက္ေသမျပႏိုင္ေသးသလို ၎ကို ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ေခါင္းေဆာင္ေနရာကို ဆက္ ခံသူအျဖစ္ေ႐ြးခ်ယ္ဖို႔ဆုံးျဖတ္ခ်က္က ေစာလြန္းေနဖြယ္ရွိတယ္လို႔ ႏိုင္ငံတကာသုေတသီေတြက သုံးသပ္ ေျပာဆိုၾကပါတယ္။ သူဟာ (၂၀၂၂)ခုႏွစ္မွာ ဖခင္ ျဖစ္သူနဲ႔အတူ လူျမင္ကြင္းကို တြဲထြက္လာၿပီးေနာက္ ပိုင္း ပြဲအခမ္းနားမ်ားစြာကိုတက္ေရာက္ခဲ့တဲ့အတြက္ ရင့္က်က္မႈေတြရွိလာသလို ေျမာက္ကိုရီးယားစစ္တပ္ ေခါင္းေဆာင္ေတြရဲ႕ခ်စ္ခင္မႈကို ရရွိထားသူျဖစ္တယ္ လို႔သိရပါတယ္။ ေတာင္ကိုရီးယားလႊတ္ေတာ္အမတ္ တစ္ဦးျဖစ္တဲ့ Lee Seong-kwen က ကင္ဂ်ဴအဲဟာ လက္ရွိအခ်ိန္မွာ ေျမာက္ကိုရီးယားေခါင္းေဆာင္အ ႐ိုက္အရာ " ဆက္ခံသူသတ္မွတ္ျခင္း " အဆင့္မွာ ရွိေန ၿပီလို႔ သုံးသပ္ေျပာဆိုထားပါတယ္။ ၎က " ကင္ဂ်ဴအဲဟာ ကိုရီးယားျပည္သူ႔တပ္မေတာ္ တည္ေထာင္ ျခင္းႏွစ္ပတ္လည္ေန႔အပါအဝင္ ပြဲအမ်ိဳးမ်ိဳးကို ပါဝင္ တက္ေရာက္ခဲ့သလို တခ်ိဳ႕ ႏိုင္ငံေတာ္မူဝါဒေတြအေပၚ သူရဲ႕အျမင္ကို ထုတ္ေဖာ္ေျပာဆိုတဲ့လကၡဏာေတြကို ေတြ႕ျမင္ရတဲ့အတြက္ သူဟာ ေျမာက္ကိုရီးယားႏိုင္ငံ ေခါင္းေဆာင္ေနရာကို ဆက္ခံသူအျဖစ္သတ္မွတ္ခံရ တဲ့အဆင့္ကိုေရာက္ရွိတယ္"လို႔ သုံးသပ္ေျပာဆိုပါတယ္။ ကင္ဂ်ဴအဲဟာ (၂၀၂၂)ခုႏွစ္မွာ ဖခင္ျဖစ္သူနဲ႔ အတူ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ေနာက္ဆုံးေပၚ ပဲ့ ထိန္းဒုံးက်ည္ကိုစစ္ေဆးခဲ့တဲ့အခ်ိန္ကစတင္ၿပီး ႏိုင္ငံပိုင္မီဒီယာေတြမွာ မၾကာခဏပါဝင္ခဲ့ၿပီး သူ႔ဖခင္ ရဲ႕အာဏာရွင္ပုံရိပ္ကို ေပ်ာ့ေပ်ာင္းေစခဲ့တယ္လို႔ဆိုၾက ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံမွာ အမ်ိဳးသမီးေတြကို ဆံပင္အရွည္ထားျခင္းတားျမစ္ထားေပမယ့္ ကင္ဂ်ဴ အဲကို ဆံပင္အရွည္ပုံစံနဲ႔ေတြ႕ျမင္ရသလို လူအမ်ားစု လက္လွမ္းမမီတဲ့ နာမည္ႀကီးဒီဇိုင္နာမ်ားရဲ႕ တန္ဖိုး ႀကီးအဝတ္အစားေတြဝတ္ဆင္ ျခင္းတို႔ကို မၾကာခဏ ေတြ႕ရေလ့ရွိတယ္လို႔ ဆိုၾကပါတယ္။ ေျမာက္ကိုရီး ယားႏိုင္ငံမွာ ႏိုင္ငံအုပ္ခ်ဳပ္သူအာဏာကို ကင္မိသား စုရဲ႕မ်ိဳးဆက္သုံးဆက္တိုင္ လက္ဆင့္ကမ္းေပးခဲ့ၿပီး ကင္ဂ်ဳံအန္ကလည္း သမီးျဖစ္သူကို ႏိုင္ငံ့ေခါင္း ေဆာင္ေနရာ လက္ဆင့္ကမ္းေပးဖြယ္ရွိတယ္လို႔ လူအမ်ားစုက ယုံၾကည္ေနပါတယ္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ကင္ဂ်ဳံအန္ဟာ သမီးျဖစ္သူကို ႏိုင္ငံ့ ေခါင္းေဆာင္ေနရာ ဆက္ခံမယ့္သူအျဖစ္ ေ႐ြးခ်ယ္ ထားေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ဆက္ခံခြင့္ေပးမွာ မဟုတ္ေသးဘဲ ကင္ဂ်ဴအဲကို လက္ရွိထက္ အေတြ႕ အႀကဳံပိုမိုရင့္က်က္ဖို႔နဲ႔ ေခါင္းေဆာင္ မႈဆိုင္ရာအရည္ အေသြးပိုင္း ပိုမိုေကာင္းမြန္ေအာင္ ထပ္မံေလ့က်င့္သြားဖြယ္ရွိေနပါတယ္။ တကယ္လို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ ႐ုတ္ တရက္ေသဆုံးခဲ့ မယ္ဆိုရင္ သမီးျဖစ္သူ ကင္ဂ်ဴအဲဟာ ေျမာက္ကိုရီး ယားေခါင္းေဆာင္အသစ္ျဖစ္လာဖို႔ ေသခ်ာေနၿပီး ေျမာက္ကိုရီးယားႏိုင္ငံကို ကင္ဂ်ဴံအန္တို႔မိသားစုသာ ႏွစ္ေပါင္းမ်ားစြာၾကာ ဆက္လက္အုပ္ခ်ဳပ္သြားဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.