ဒေါ်နယ်ထရမ့်ရဲ့လက်ထောက်ဟောင်းက အမေရိကန်သမ္မတအဖြစ် ကာမာလာဟားရစ်ကိုထောက်ခံခဲ့

 33

Pika (NP News) - အောက်တိုဘာ ၁၇

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ လက်ထောက်ဟောင်း တစ်ဦးဖြစ်သူ စာရေး ဆရာမ Omarosa Manigault Newman က ၎င်းသည်လာမည့်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ကို သမ္မတအဖြစ် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ကာမာလာဟားရစ်သည် သန့်ရှင်းလန်းဆန်းသောစွမ်းအင်များကို ယူဆောင်ပေးလာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း NBC ရှိုး The Apprentice တွင် ဒေါ်နယ်ထရမ့်နှင့်အတူပါဝင်သရုပ်ဆောင်ခဲ့ဖူးသော Omarosa Manigault Newman က အောက်တိုဘာလ (၁၄)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် ဒေါ်နယ်ထရမ့်သည် လာမည့်အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတရာထူးကို တာဝန်ယူရန်အတွက် မသင့်တော်ကြောင်း Omarosa Manigault Newman က အကြံပြုပြောဆိုခဲ့သည်။

Omarosa Manigault Newman က"ဒေါ်နယ်ထရမ့်ရဲ့ နောက်ထပ်ရှုံးနိမ့်မှုက အမျိုးသမီးတစ်ယောက်ရဲ့ လက်ထဲကိုရောက်လာတော့မယ်လို့ ကျွန်မထင်ပါတယ်"ဟု ပြောဆိုခဲ့သည်။ Omarosa Manigault Newman ကို အမေရိကန်အစိုးရ၏ လက်ထောက်တစ်ဦးအဖြစ် စမ်းသပ်ငှားရမ်းခဲ့ခြင်းသာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်လပိုင်းအကြာတွင် ယခုလိုဖြစ်ရပ်များထွက်ပေါ်လာခြင်းဖြစ်သည်။ လူအများအပြားက Omarosa Manigault Newman ကို မုန်းတီးနေကြခြင်းကြောင့် အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။

Omarosa Manigault Newman က "ဒေါ်နယ်ထရမ့်ကို စောင့်ကြည့်နေတဲ့လူတိုင်းက (၂၀၁၆)ခုနှစ်တုန်းက အခိုက်အတန့်တွေနဲ့ နှိုင်းယှဉ်မှုတွေလုပ်နေကြတာပါ"ဟု ပြောဆိုခဲ့သည်။ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်သည် လာမည့်မျိုးဆက် နိုင်ငံရေးသမားများအတွက် ကောင်းမွန်သောလမ်းကြောင်းတစ်ခုကို ခင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း Omarosa Manigault Newman က ထပ်မံပြောဆိုခဲ့သည်။ ၎င်းက "ကာမာလာဟားရစ်သာ အနိုင်ရရှိခဲ့မယ်ဆိုရင် သန့်ရှင်းလန်းဆန်းတဲ့ စွမ်းအင်တွေကို ယူဆောင်လာပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။

zawgyi version
ေဒၚနယ္ထရမ့္ရဲ႕လက္ေထာက္ေဟာင္းက အေမရိကန္သမၼတအျဖစ္ ကာမာလာဟားရစ္ကိုေထာက္ခံခဲ့
Pika (NP News) - ေအာက္တိုဘာ ၁၇

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ လက္ေထာက္ေဟာင္း တစ္ဦးျဖစ္သူ စာေရး ဆရာမ Omarosa Manigault Newman က ၎သည္လာမည့္သမၼတေ႐ြးေကာက္ပြဲတြင္ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္ကို သမၼတအျဖစ္ ေထာက္ခံေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ကာမာလာဟားရစ္သည္ သန႔္ရွင္းလန္းဆန္းေသာစြမ္းအင္မ်ားကို ယူေဆာင္ေပးလာႏိုင္လိမ့္မည္ဟု ယုံၾကည္ေၾကာင္း NBC ရႈိး The Apprentice တြင္ ေဒၚနယ္ထရမ့္ႏွင့္အတူပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးေသာ Omarosa Manigault Newman က ေအာက္တိုဘာလ (၁၄)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ လာမည့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ သမၼတရာထူးကို တာဝန္ယူရန္အတြက္ မသင့္ေတာ္ေၾကာင္း Omarosa Manigault Newman က အႀကံျပဳေျပာဆိုခဲ့သည္။

Omarosa Manigault Newman က"ေဒၚနယ္ထရမ့္ရဲ႕ ေနာက္ထပ္ရႈံးနိမ့္မႈက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ လက္ထဲကိုေရာက္လာေတာ့မယ္လို႔ ကြၽန္မထင္ပါတယ္"ဟု ေျပာဆိုခဲ့သည္။ Omarosa Manigault Newman ကို အေမရိကန္အစိုးရ၏ လက္ေထာက္တစ္ဦးအျဖစ္ စမ္းသပ္ငွားရမ္းခဲ့ျခင္းသာျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္လပိုင္းအၾကာတြင္ ယခုလိုျဖစ္ရပ္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ လူအမ်ားအျပားက Omarosa Manigault Newman ကို မုန္းတီးေနၾကျခင္းေၾကာင့္ အလုပ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Omarosa Manigault Newman က "ေဒၚနယ္ထရမ့္ကို ေစာင့္ၾကည့္ေနတဲ့လူတိုင္းက (၂၀၁၆)ခုႏွစ္တုန္းက အခိုက္အတန႔္ေတြနဲ႔ ႏႈိင္းယွဥ္မႈေတြလုပ္ေနၾကတာပါ"ဟု ေျပာဆိုခဲ့သည္။ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္သည္ လာမည့္မ်ိဳးဆက္ ႏိုင္ငံေရးသမားမ်ားအတြက္ ေကာင္းမြန္ေသာလမ္းေၾကာင္းတစ္ခုကို ခင္းေပးႏိုင္လိမ့္မည္ဟု ယုံၾကည္ေၾကာင္း Omarosa Manigault Newman က ထပ္မံေျပာဆိုခဲ့သည္။ ၎က "ကာမာလာဟားရစ္သာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ သန႔္ရွင္းလန္းဆန္းတဲ့ စြမ္းအင္ေတြကို ယူေဆာင္လာေပးႏိုင္မယ္လို႔ ကြၽန္မေမွ်ာ္လင့္ပါတယ္"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.