ကာကွယ်ရေးအသုံးစရိတ်အခက်အခဲကြောင့် စစ်သင်္ဘောများ ဝယ်ယူမည့်အစီအစဉ်ကို ဗြိတိန်စစ်တပ် ဖျက်သိမ်း
141
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄
ဗြိတိန်စစ်တပ်သည် ကာကွယ်ရေးအသုံး စရိတ်ခက်ခဲခြင်းကြောင့် စစ်သင်္ဘောများ၊ ရဟတ်ယာဉ်များ နှင့် ဒရုန်းများ ဝယ်ယူအားဖြည့်ရမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဂျွန်ဟီလေးက ထုတ်ဖော် ပြောဆိုလိုက်သည်။ ယူကရိန်းစစ်ပွဲ နှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းဖြစ်ပွားနေသောစစ်ပွဲများကြောင့် ခြိမ်းခြောက်မှုများ တိုးမြှင့်ရင်ဆိုင်နေရချိန်တွင် နိုင်ငံဘေးကင်းရေးအတွက် လေဘာပါတီအစိုးရသည် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ကာကွယ်ရေး အသုံးစရိတ်နှင့်ပတ်သက်ပြီး ဘဏ္ဍာရေးအခက်ခဲဖိအားများရှိနေကြောင်း၊ ထို့အတွက်ကြောင့် စစ် သင်္ဘောငါးစင်း၊ ရဟတ်ယာဉ်နှင့် ဒရုန်း ဒါဇင်ချီ ဝယ်ယူမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောသည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ၎င်းတို့သည် Chinook အမျိုးအစား ရဟတ်ယာဉ် (၁၄)စင်း၊ Puma အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် (၁၇)စင်း၊ Watchkeeper အမျိုးအစား ဒရုန်း (၄၆)စင်း ဝယ်ယူမည့် အစီအစဉ်ကို လည်းဖျက်သိမ်းခဲ့ကြောင်း ပြောသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနသည် ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံဂျီဒီပီ၏ (၂ ဒသမ ၅) ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန် စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင် နိုင်ငံဂျီဒီပီ၏ (၂)ရာခိုင်နှုန်းသာသုံးစွဲခွင့်ရခဲ့ကြောင်း သိရသည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ‘‘ကျွန်တော်တို့ဟာခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတယ်။ အစီအမံ အသစ်တွေကြောင့် ဗြိတိန်စစ်တပ်ဟာ လာမယ့် (၂)နှစ်အတွင်း ပေါင်သန်း (၁၅၀)ကျော် သက်သာသွားမယ်။ လာမယ့် ငါးနှစ်ဆိုရင် ပေါင်သန်း (၅၀ဝ)ကျော် သက်သာမယ်” ဟုပြောသည်။
ကမ္ဘာတစ်ဝန်းတွင်စစ်ပွဲများဖြစ်လာခဲ့ပြီး နောက်ပိုင်း ကမ္ဘာနိုင်ငံအများစုသည် ကာကွယ်ရေး အသုံးစရိတ်ကို စံချိန်တင်သုံးစွဲခဲ့ပြီး အမေရိကန် နိုင်ငံက (၂၀၂၄)ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ (၈၀ဝ)ဘီလျံကျော် တိုးမြှင့်သုံးစွဲခဲ့သလို တရုတ်အပါအဝင် အာရှတိုက်နိုင်ငံအများစုကလည်း ကာကွယ်ရေး အသုံးစရိတ်များ ယခင်နှစ်များထက် တိုးမြှင့်သုံးစွဲခဲ့ကြောင်းသိရသည်။
Zawgyi Version;
ကာကြယ္ေရးအသုံးစရိတ္အခက္အခဲေၾကာင့္ စစ္သေဘၤာမ်ား ဝယ္ယူမည့္အစီအစဥ္ကို ၿဗိတိန္စစ္တပ္ ဖ်က္သိမ္း
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄
ၿဗိတိန္စစ္တပ္သည္ ကာကြယ္ေရးအသုံး စရိတ္ခက္ခဲျခင္းေၾကာင့္ စစ္သေဘၤာမ်ား၊ ရဟတ္ယာဥ္မ်ား ႏွင့္ ဒ႐ုန္းမ်ား ဝယ္ယူအားျဖည့္ရမည့္အစီအစဥ္ကို ဖ်က္သိမ္းလိုက္ေၾကာင္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဂြၽန္ဟီေလးက ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။ ယူကရိန္းစစ္ပြဲ ႏွင့္ အေရွ႕အလယ္ပိုင္းေဒသအတြင္းျဖစ္ပြားေနေသာစစ္ပြဲမ်ားေၾကာင့္ ၿခိမ္းေျခာက္မႈမ်ား တိုးျမႇင့္ရင္ဆိုင္ေနရခ်ိန္တြင္ ႏိုင္ငံေဘးကင္းေရးအတြက္ ေလဘာပါတီအစိုးရသည္ ခက္ခဲေသာ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ရျခင္းျဖစ္ေၾကာင္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးက ေျပာသည္။
ကာကြယ္ေရး အသုံးစရိတ္ႏွင့္ပတ္သက္ၿပီး ဘ႑ာေရးအခက္ခဲဖိအားမ်ားရွိေနေၾကာင္း၊ ထို႔အတြက္ေၾကာင့္ စစ္ သေဘၤာငါးစင္း၊ ရဟတ္ယာဥ္ႏွင့္ ဒ႐ုန္း ဒါဇင္ခ်ီ ဝယ္ယူမည့္အစီအစဥ္ကို ဖ်က္သိမ္းခဲ့ရေၾကာင္း ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးက ေျပာသည္။ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးက ၎တို႔သည္ Chinook အမ်ိဳးအစား ရဟတ္ယာဥ္ (၁၄)စင္း၊ Puma အမ်ိဳးအစား သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္ (၁၇)စင္း၊ Watchkeeper အမ်ိဳးအစား ဒ႐ုန္း (၄၆)စင္း ဝယ္ယူမည့္ အစီအစဥ္ကို လည္းဖ်က္သိမ္းခဲ့ေၾကာင္း ေျပာသည္။
ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနသည္ ကာကြယ္ေရးအသုံးစရိတ္ကို ႏိုင္ငံဂ်ီဒီပီ၏ (၂ ဒသမ ၅) ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲရန္ စီစဥ္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ႏိုင္ငံဂ်ီဒီပီ၏ (၂)ရာခိုင္ႏႈန္းသာသုံးစြဲခြင့္ရခဲ့ေၾကာင္း သိရသည္။ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးက ‘‘ကြၽန္ေတာ္တို႔ဟာခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ရတယ္။ အစီအမံ အသစ္ေတြေၾကာင့္ ၿဗိတိန္စစ္တပ္ဟာ လာမယ့္ (၂)ႏွစ္အတြင္း ေပါင္သန္း (၁၅၀)ေက်ာ္ သက္သာသြားမယ္။ လာမယ့္ ငါးႏွစ္ဆိုရင္ ေပါင္သန္း (၅၀ဝ)ေက်ာ္ သက္သာမယ္” ဟုေျပာသည္။
ကမာၻတစ္ဝန္းတြင္စစ္ပြဲမ်ားျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း ကမာၻႏိုင္ငံအမ်ားစုသည္ ကာကြယ္ေရး အသုံးစရိတ္ကို စံခ်ိန္တင္သုံးစြဲခဲ့ၿပီး အေမရိကန္ ႏိုင္ငံက (၂၀၂၄)ခုႏွစ္အတြက္ ကာကြယ္ေရး အသုံးစရိတ္ကို အေမရိကန္ေဒၚလာ (၈၀ဝ)ဘီလ်ံေက်ာ္ တိုးျမႇင့္သုံးစြဲခဲ့သလို တ႐ုတ္အပါအဝင္ အာရွတိုက္ႏိုင္ငံအမ်ားစုကလည္း ကာကြယ္ေရး အသုံးစရိတ္မ်ား ယခင္ႏွစ္မ်ားထက္ တိုးျမႇင့္သုံးစြဲခဲ့ေၾကာင္းသိရသည္။