ဖိလစ်ပိုင်သမ္မတကို လုပ်ကြံသတ်ဖြတ်လိုကြောင်း ဒုတိယသမ္မတဖြစ်သူ ပြောဆို

 1163

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

ဖိလစ်ပိုင်ဒုတိယသမ္မတဖြစ်သူ ဆာရာဒူတာတေးက ၎င်းသာ လုပ်ကြံသတ်ဖြတ်ခွင့်ရမယ်ဆိုရင် လက်ရှိ ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ့်ကို လုပ်ကြံသတ်ဖြတ်သွားဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်ဒုတိယသမ္မတဆာရာဒူတာတေးက သမ္မတကို လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်လုံခြုံရေးအေဂျင်စီတွေဟာ လက်ရှိသမ္မတဖာဒီနန်မာကိုစ့် ဘေးကင်း လုံခြုံရေးအတွက် အစီအမံတွေကို ယခင်ထက် ပိုမိုလုပ်ဆောင်လာရကြောင်း သိရပါတယ်။
ဒုတိယသမ္မတဖြစ်သူဆာရာဒူတာတေးနဲ့ လက်ရှိသမ္မတ ဖာဒီနန်မာကိုစ့်တို့ဟာ ယခင်က မဟာမိတ်တွေဖြစ်ခဲ့ ပေမယ့် လက်ရှိအချိန်မှာ ရန်ဘက်တွေဖြစ်နေတာလည်းဖြစ်ပါတယ်။
ဆာရာဒူတာတေးက "ကျွန်မဟာ သာမန်လူပုဂ္ဂိုလ်တစ်ဦးပုံစံမျိုးနဲ့ လွတ်လပ်စွာပြောဆိုရမယ်ဆိုရင် ကျွန်မဟာ လက်ရှိ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာ၊ သူရဲ့ဇနီးအပြင် လွှတ်တော်ဥက္ကဋ္ဌ လီဇာ အာရာနီတာတို့ကို သတ်သွားမယ်။ ဒါဟာ နောက်ပြောင်ပြောဆိုနေတာမျိုးမဟုတ်ဘူး။ ကျွန်မဟာ သူတို့သေဆုံးချိန်အထိ သတ်ဖြတ်လိုနေတာတွေကို ရပ်တန့်မှာမဟုတ်ဘူး" လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ဒုတိယသမ္မတဖြစ်သူဆာရာဒူတာတေး မိသားစုနဲ့ လက်ရှိသမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာ မိသားစုတွေဟာ နိုင်ငံရေးအရ သဘောထားအမြင်ကွဲလွဲလာပြီး ရန်ဘက်တွေဖြစ်လာခဲ့ကာ အပြန်အလှန်ဝေဖန် တိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ ဆာရာဒူတာတေးက ၎င်းဟာ ဘေးကင်းဖို့အတွက် ခြိမ်းခြောက်ခံရတာမျိုး တွေရှိတယ်လို့ ဆိုထားပေမယ့် ၎င်းကို ခြိမ်းခြောက်နေသူတွေနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ သမ္မတဖာဒီနန်မာကိုစ့်ရဲ့လုံခြုံရေးအဖွဲ့က လက်ရှိအချိန်မှာ သမ္မတဖာဒီနန်မာကိုစ့်ရဲ့လုံခြုံရေးကို အမြင့်ဆုံးတပ်လှန့်ထားပြီး သမ္မတ နဲ့ မိသားစုတွေကို ခြိမ်းခြောက်မှုမှန်သမျှကိုရှာဖွေ ကာကွယ်တုံ့ပြန်ဖို့ လုံခြုံရေးအစီအမံတွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ထားကြောင်း ပြောပါတယ်။ ဖိလစ်ပိုင်ဒုတိယ သမ္မတ ဆာရာဒူတာတေးနဲ့ သမ္မတဖာဒီနန်မာကိုစ့်တို့ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ အငြင်းပွားမှု အရှိန်ပိုမိုမြင့်တက်လာခဲ့ ပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္သမၼတကို လုပ္ႀကံသတ္ျဖတ္လိုေၾကာင္း ဒုတိယသမၼတျဖစ္သူ ေျပာဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄

ဖိလစ္ပိုင္ဒုတိယသမၼတျဖစ္သူ ဆာရာဒူတာေတးက ၎သာ လုပ္ႀကံသတ္ျဖတ္ခြင့္ရမယ္ဆိုရင္ လက္ရွိ ဖိလစ္ပိုင္သမၼတဖာဒီနန္မာကိုစ့္ကို လုပ္ႀကံသတ္ျဖတ္သြားဖြယ္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဖိလစ္ပိုင္ဒုတိယသမၼတဆာရာဒူတာေတးက သမၼတကို လုပ္ႀကံသတ္ျဖတ္မယ္ဆိုတဲ့အေၾကာင္းအရာေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ဖိလစ္ပိုင္လုံၿခဳံေရးေအဂ်င္စီေတြဟာ လက္ရွိသမၼတဖာဒီနန္မာကိုစ့္ ေဘးကင္း လုံၿခဳံေရးအတြက္ အစီအမံေတြကို ယခင္ထက္ ပိုမိုလုပ္ေဆာင္လာရေၾကာင္း သိရပါတယ္။
ဒုတိယသမၼတျဖစ္သူဆာရာဒူတာေတးနဲ႔ လက္ရွိသမၼတ ဖာဒီနန္မာကိုစ့္တို႔ဟာ ယခင္က မဟာမိတ္ေတြျဖစ္ခဲ့ ေပမယ့္ လက္ရွိအခ်ိန္မွာ ရန္ဘက္ေတြျဖစ္ေနတာလည္းျဖစ္ပါတယ္။
ဆာရာဒူတာေတးက "ကြၽန္မဟာ သာမန္လူပုဂၢိဳလ္တစ္ဦးပုံစံမ်ိဳးနဲ႔ လြတ္လပ္စြာေျပာဆိုရမယ္ဆိုရင္ ကြၽန္မဟာ လက္ရွိ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ဂ်ဴနီယာ၊ သူရဲ႕ဇနီးအျပင္ လႊတ္ေတာ္ဥကၠ႒ လီဇာ အာရာနီတာတို႔ကို သတ္သြားမယ္။ ဒါဟာ ေနာက္ေျပာင္ေျပာဆိုေနတာမ်ိဳးမဟုတ္ဘူး။ ကြၽန္မဟာ သူတို႔ေသဆုံးခ်ိန္အထိ သတ္ျဖတ္လိုေနတာေတြကို ရပ္တန႔္မွာမဟုတ္ဘူး" လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ဒုတိယသမၼတျဖစ္သူဆာရာဒူတာေတး မိသားစုနဲ႔ လက္ရွိသမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာ မိသားစုေတြဟာ ႏိုင္ငံေရးအရ သေဘာထားအျမင္ကြဲလြဲလာၿပီး ရန္ဘက္ေတြျဖစ္လာခဲ့ကာ အျပန္အလွန္ေဝဖန္ တိုက္ခိုက္မႈေတြလည္းရွိေနပါတယ္။ ဆာရာဒူတာေတးက ၎ဟာ ေဘးကင္းဖို႔အတြက္ ၿခိမ္းေျခာက္ခံရတာမ်ိဳး ေတြရွိတယ္လို႔ ဆိုထားေပမယ့္ ၎ကို ၿခိမ္းေျခာက္ေနသူေတြနဲ႔ပတ္သက္ၿပီး အေသးစိတ္ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မရွိခဲ့ပါဘူး။ သမၼတဖာဒီနန္မာကိုစ့္ရဲ႕လုံၿခဳံေရးအဖြဲ႕က လက္ရွိအခ်ိန္မွာ သမၼတဖာဒီနန္မာကိုစ့္ရဲ႕လုံၿခဳံေရးကို အျမင့္ဆုံးတပ္လွန႔္ထားၿပီး သမၼတ နဲ႔ မိသားစုေတြကို ၿခိမ္းေျခာက္မႈမွန္သမွ်ကိုရွာေဖြ ကာကြယ္တုံ႔ျပန္ဖို႔ လုံၿခဳံေရးအစီအမံေတြကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ထားေၾကာင္း ေျပာပါတယ္။ ဖိလစ္ပိုင္ဒုတိယ သမၼတ ဆာရာဒူတာေတးနဲ႔ သမၼတဖာဒီနန္မာကိုစ့္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းမွာ အျငင္းပြားမႈ အရွိန္ပိုမိုျမင့္တက္လာခဲ့ ပါတယ္။

Related news

© 2021. All rights reserved.