ရန်ကုန်ရှိ ရွှေဆိုင်အများစု အခေါက်ရွှေအ‌ရောင်းအဝယ် ရပ်နားထား

 940

NP News - နိုဝင်ဘာ ၂၄

ရန်ကုန်မြို့ရှိ ရွှေဆိုင်အများစုမှာ နိုဝင်ဘာလ ဆန်းပိုင်းကတည်းက အခေါက်ရွှေအရောင်းအဝယ်ရပ်နားထားရာ လက်ရှိအချိန်တွင် ဝယ်ယူရန် မလွယ်ကူကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
“အခေါက်ရွှေရော ရွှေအတုံး အပိုင်းတွေရော အရောင်းရောအဝယ်ပါ ရပ်ထားတာ။ သက်ဆိုင်ရာက ပြည်သူပုံစံ အသွင်ယူပြီး လာရောင်းတယ်လာဝယ်တယ်။တကယ်လို့ သတ်မှတ်ပေါက်ဈေးမဟုတ်ရင် ဖမ်းမယ်ဆီးမယ်လုပ်ပြီး ငွေညှစ်တယ်။ ဒီတော့ရွှေဆိုင်တွေအကုန်လုံး အခေါက်ရွှေ ပြင်ပရွှေရော အရောင်းအဝယ်ရပ်ထားတယ်။” ရန်ကုန်မြို့ရွှေဘုံသာလမ်းမှ ဝါရင့်ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိရက်ပိုင်းအတွင်း သက်ဆိုင်ရာကရွှေဆိုင်များနှင့်ပါတ်သတ်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်လာ သည့်အပြင် ရွှေနှင့် ဒေါ်လာဈေးအကြား ကွာခြားချက်ဖြင့်ဈေးကစားမှုများကိုလည်းဖမ်းဆီးနေကြောင်း သိရသည်။
လက်ရှိ နိုဝင်ဘာလ (၂၄)ရက် ပေါက်ဈေးများအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း(YGEA)က ၅၄ သိန်းဝန်းကျင်ဖြင့် အခြေခံရည်ညွန်းဈေးသတ်မှတ်ထားပြီး ပြင်ပဈေးကွက်အတွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၃ သိန်းကျော်အထိ ပေါက်ဈေးရှိနေသည်။

Zawgyi Version;
ရန္ကုန္ရွိ ေ႐ႊဆိုင္အမ်ားစု အေခါက္ေ႐ႊအ‌ေရာင္းအဝယ္ ရပ္နားထား
NP News - ႏိုဝင္ဘာ ၂၄

ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊဆိုင္အမ်ားစုမွာ ႏိုဝင္ဘာလ ဆန္းပိုင္းကတည္းက အေခါက္ေ႐ႊအေရာင္းအဝယ္ရပ္နားထားရာ လက္ရွိအခ်ိန္တြင္ ဝယ္ယူရန္ မလြယ္ကူေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
“အေခါက္ေ႐ႊေရာ ေ႐ႊအတုံး အပိုင္းေတြေရာ အေရာင္းေရာအဝယ္ပါ ရပ္ထားတာ။ သက္ဆိုင္ရာက ျပည္သူပုံစံ အသြင္ယူၿပီး လာေရာင္းတယ္လာဝယ္တယ္။တကယ္လို႔ သတ္မွတ္ေပါက္ေဈးမဟုတ္ရင္ ဖမ္းမယ္ဆီးမယ္လုပ္ၿပီး ေငြညႇစ္တယ္။ ဒီေတာ့ေ႐ႊဆိုင္ေတြအကုန္လုံး အေခါက္ေ႐ႊ ျပင္ပေ႐ႊေရာ အေရာင္းအဝယ္ရပ္ထားတယ္။” ရန္ကုန္ၿမိဳ႕ေ႐ႊဘုံသာလမ္းမွ ဝါရင့္ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။
လက္ရွိရက္ပိုင္းအတြင္း သက္ဆိုင္ရာကေ႐ႊဆိုင္မ်ားႏွင့္ပါတ္သတ္ေသာ စည္းမ်ဥ္းစည္းကမ္းမ်ား ထုတ္ျပန္လာ သည့္အျပင္ ေ႐ႊႏွင့္ ေဒၚလာေဈးအၾကား ကြာျခားခ်က္ျဖင့္ေဈးကစားမႈမ်ားကိုလည္းဖမ္းဆီးေနေၾကာင္း သိရသည္။
လက္ရွိ ႏိုဝင္ဘာလ (၂၄)ရက္ ေပါက္ေဈးမ်ားအရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ား အသင္း(YGEA)က ၅၄ သိန္းဝန္းက်င္ျဖင့္ အေျခခံရည္ၫြန္းေဈးသတ္မွတ္ထားၿပီး ျပင္ပေဈးကြက္အတြင္း၌ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၆၃ သိန္းေက်ာ္အထိ ေပါက္ေဈးရွိေနသည္။

Related news

© 2021. All rights reserved.