ဒေါ်နယ်ထရမ့်က ထောက်လှမ်းရေးအကြီးအကဲဟောင်းကို ယူကရိန်းစစ်ပွဲအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ဖို့ စီစဉ်နေ
165
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ထောက်လှမ်းရေးအကြီးအကဲဟောင်း ရစ်ချက်စ် ဂရီနီးလ်ကို ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကို ဆွေးနွေးဖြေရှင်းနိုင်ရန် ရည်ရွယ်ချက် နဲ့ အထူးကိုယ်စားလှယ်အသစ်တစ်ဦးထပ်မံခန့်ထားဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သတင်းဌာနက ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်အပြင် အဖြေရှာနိုင်အောင် အဆင့်မြင့်သံတမန်တစ်ဦးကိုခန့်အပ်ဖို့ ရှာဖွေနေခဲ့ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖော်ပြခဲ့ပါတယ်။ ဂရီနီလ်ဟာ ဂျာမနီနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသလို အမေရိကန်ထောက်လှမ်းရေးအကြီးအကဲအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။
၎င်းဟာ ဂျာမနီနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် ဥရောပနိုင်ငံတွေကို အီရန်နိုင်ငံနဲ့ စီးပွားလုပ်ကိုင်ခြင်း အဆက်သွယ်ဖြတ်တောက်ဖို့ တောင်းဆိုခဲ့ဖူးသူဖြစ်သလို ဒေါ်နယ်ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းမှာ တာဝန်ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ဂရီနီလ်ဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့အတွက် ကိုယ်ပိုင် အုပ်ချုပ်ရေးဇုန်တွေ ဖန်တီးဖို့၊ ယူကရိန်းကို နေတိုးမဟာမိတ်အဖွဲ့ထဲကို မထည့်ဖို့အကြံပြုပြောဆိုခဲ့ဖူးသူဖြစ်ပါ တယ်။ ၎င်းဟာ ဆာဘီးယားနဲ့ ကိုဆိုဗို ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် သမ္မတရဲ့အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင်လုပ်ဆောင်မယ်လို့ ကတိပြုထားသူဖြစ်ရာ စစ်ပွဲအဆုံးသတ်နိုင်အောင် လက်ရှိ အချိန်ကတည်းက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
Zawgyi Version;
ေဒၚနယ္ထရမ့္က ေထာက္လွမ္းေရးအႀကီးအကဲေဟာင္းကို ယူကရိန္းစစ္ပြဲအထူးကိုယ္စားလွယ္အျဖစ္ခန႔္အပ္ဖို႔ စီစဥ္ေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄
အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ဟာ အေမရိကန္ေထာက္လွမ္းေရးအႀကီးအကဲေဟာင္း ရစ္ခ်က္စ္ ဂရီနီးလ္ကို ယူကရိန္းႏိုင္ငံဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို ေဆြးေႏြးေျဖရွင္းႏိုင္ရန္ ရည္႐ြယ္ခ်က္ နဲ႔ အထူးကိုယ္စားလွယ္အသစ္တစ္ဦးထပ္မံခန႔္ထားဖို႔ ရည္႐ြယ္ခဲ့တာျဖစ္ပါတယ္။
အေမရိကန္သတင္းဌာနက ေဒၚနယ္ထရမ့္ဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏိုင္ဖို႔ ရည္႐ြယ္ခ်က္အျပင္ အေျဖရွာႏိုင္ေအာင္ အဆင့္ျမင့္သံတမန္တစ္ဦးကိုခန႔္အပ္ဖို႔ ရွာေဖြေနခဲ့ေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ေဖာ္ျပခဲ့ပါတယ္။ ဂရီနီလ္ဟာ ဂ်ာမနီႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသလို အေမရိကန္ေထာက္လွမ္းေရးအႀကီးအကဲအျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။
၎ဟာ ဂ်ာမနီႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္ႀကီးအျဖစ္ ခန႔္အပ္ခံရၿပီးေနာက္ ဥေရာပႏိုင္ငံေတြကို အီရန္ႏိုင္ငံနဲ႔ စီးပြားလုပ္ကိုင္ျခင္း အဆက္သြယ္ျဖတ္ေတာက္ဖို႔ ေတာင္းဆိုခဲ့ဖူးသူျဖစ္သလို ေဒၚနယ္ထရမ့္ရဲ႕ ပထမ သမၼတ သက္တမ္းမွာ တာဝန္ယူခဲ့ဖူးသူလည္းျဖစ္ပါတယ္။ ဂရီနီလ္ဟာ ယူကရိန္းစစ္ပြဲအဆုံးသတ္ေစဖို႔အတြက္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ေရးဇုန္ေတြ ဖန္တီးဖို႔၊ ယူကရိန္းကို ေနတိုးမဟာမိတ္အဖြဲ႕ထဲကို မထည့္ဖို႔အႀကံျပဳေျပာဆိုခဲ့ဖူးသူျဖစ္ပါ တယ္။ ၎ဟာ ဆာဘီးယားနဲ႔ ကိုဆိုဗို ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈအတြက္ သမၼတရဲ႕အထူးကိုယ္စားလွယ္အျဖစ္ ၂၀၁၉ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္အတြင္း တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို အျမန္ဆုံးအဆုံးသတ္ေအာင္လုပ္ေဆာင္မယ္လို႔ ကတိျပဳထားသူျဖစ္ရာ စစ္ပြဲအဆုံးသတ္ႏိုင္ေအာင္ လက္ရွိ အခ်ိန္ကတည္းက ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။