ကုလပိတ်ဆို့မှုကို ဖီဆန်ပြီး မြောက်ကိုရီးယားထံ ရေနံစည်ပေါင်း သန်းနှင့်ချီ ရုရှား ပေးပို့ကူညီ
256
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄
ရုရှားသည် အနောက်အုပ်စုနိုင်ငံများ၏ ပစ်မှတ်ထားပိတ်ဆို့ခြင်းခံထားရသော မြောက်ကိုရီးယားနိုင်ငံကို ရေနံစည် ပေါင်း သန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ ဗြိတိန်နိုင်ငံ အခြေစိုက်သုတေသီအဖွဲ့အစည်းတစ်ခု ဖြစ်သော Open Source Centre က ဂြိုဟ်တု မှတ်တမ်းများအရ ရုရှားသည် မြောက်ကိုရီးယားနိုင်ငံကို ယခုနှစ် မတ်လနောက်ပိုင်းတည်းက ရေနံစည်ပေါင်း သန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း ဖော်ပြထားသည်။
အဆိုပါ ရေနံများ လွှဲပြောင်းပေးခြင်းသည် မြောက်ကိုရီးယားနိုင်ငံအပေါ်ချမှတ်ထားသည့် ကုလသမဂ္ဂအဖွဲ့၏ ဆုံးဖြတ်ချက်စည်းကမ်းများကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Open Source Centre က မြောက်ကိုရီးယားနိုင်ငံ၏ ရေနံတင်သင်္ဘောအမျိုးမျိုးသည် ရုရှားနိုင်ငံအရှေ့ဘက်ရှိ ရေနံသိုလှောင်ကန်များကို ရောက်ရှိခဲ့ပြီး ပြီးခဲ့သော (၈)လ အတွင်း အနည်းဆုံး (၄၃) ကြိမ် လာရောက်ကာ ရေနံများယူဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါမြောက်ကိုရီးယားသင်္ဘောများ ရုရှားဆိပ်ကမ်းသို့လာရောက်ချိန်တွင် သင်္ဘောထဲတွင် မည်သည့်အရာမှ မပါ သော်လည်း သင်္ဘောပြန်ထွက် သွားချိန်တွင် ရေနံစည်အပြည့်ပါသွားခဲ့ကြောင်း Open Source Centre အဖွဲ့က ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံများ တင်သွင်းဝယ်ယူခွင့်မရှိသောနိုင်ငံအဖြစ် ပိတ်ပင် ကန့်သတ်ခံထားရသောနိုင်ငံဖြစ်ကြောင်း သိရသည်။ Open Source Centre အဖွဲ့သည် ပြီးခဲ့သော မတ်လတုန်း ကလည်း မြောက်ကိုရီးယားနိုင်ငံသည် ရုရှားကို စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ပေးနေသည်ဟု ဂြိုဟ်တု မှတ်တမ်းများကို အခြေခံကာ ဖော်ပြခဲ့ဖူးသည်။
မြောက်ကိုရီးယား သင်္ဘောများသည် မြောက်ကိုရီးယားစစ်သားထောင်ချီကိုတင်ဆောင်ကာ ရုရှားနိုင်ငံသို့သွား ရောက်ရန် ပို့ဆောင်ပေးခဲ့ဖူးကြောင်း နိုဝင်ဘာလအစောပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ Open Source Centre အဖွဲ့၏ သုတေသီတစ်ဦးဖြစ်သော ဂျိုးဘရိုင်ယမ်က ‘‘မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံ ကြားဖြစ်ပွားနေတဲ့စစ်ပွဲကာလတစ်လျှောက်လုံး ရုရှားသမ္မတပူတင်ကိုကူညီထောက်ပံ့ ပေးခဲ့တယ်။ အပြန် အလှန်အနေနဲ့ ရုရှားကလည်း မြောက်ကိုရီးယားကို ၎င်းတို့ပိုင်ဆိုင်မှုတွေ ပြန်လည်မျှဝေပေး ခဲ့တယ်” ဟု ပြောသည်။
Zawgyi Version;
ကုလပိတ္ဆို႔မႈကို ဖီဆန္ၿပီး ေျမာက္ကိုရီးယားထံ ေရနံစည္ေပါင္း သန္းႏွင့္ခ်ီ ႐ုရွား ေပးပို႔ကူညီ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄
႐ုရွားသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပစ္မွတ္ထားပိတ္ဆို႔ျခင္းခံထားရေသာ ေျမာက္ကိုရီးယားႏိုင္ငံကို ေရနံစည္ ေပါင္း သန္းႏွင့္ခ်ီၿပီး ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္းသိရသည္။ ၿဗိတိန္ႏိုင္ငံ အေျခစိုက္သုေတသီအဖြဲ႕အစည္းတစ္ခု ျဖစ္ေသာ Open Source Centre က ၿဂိဳဟ္တု မွတ္တမ္းမ်ားအရ ႐ုရွားသည္ ေျမာက္ကိုရီးယားႏိုင္ငံကို ယခုႏွစ္ မတ္လေနာက္ပိုင္းတည္းက ေရနံစည္ေပါင္း သန္းႏွင့္ခ်ီၿပီး ကူညီေထာက္ပံ့ေပးခဲ့ဖူးေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါ ေရနံမ်ား လႊဲေျပာင္းေပးျခင္းသည္ ေျမာက္ကိုရီးယားႏိုင္ငံအေပၚခ်မွတ္ထားသည့္ ကုလသမဂၢအဖြဲ႕၏ ဆုံးျဖတ္ခ်က္စည္းကမ္းမ်ားကို ခ်ိဳးေဖာက္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။ Open Source Centre က ေျမာက္ကိုရီးယားႏိုင္ငံ၏ ေရနံတင္သေဘၤာအမ်ိဳးမ်ိဳးသည္ ႐ုရွားႏိုင္ငံအေရွ႕ဘက္ရွိ ေရနံသိုေလွာင္ကန္မ်ားကို ေရာက္ရွိခဲ့ၿပီး ၿပီးခဲ့ေသာ (၈)လ အတြင္း အနည္းဆုံး (၄၃) ႀကိမ္ လာေရာက္ကာ ေရနံမ်ားယူေဆာင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါေျမာက္ကိုရီးယားသေဘၤာမ်ား ႐ုရွားဆိပ္ကမ္းသို႔လာေရာက္ခ်ိန္တြင္ သေဘၤာထဲတြင္ မည္သည့္အရာမွ မပါ ေသာ္လည္း သေဘၤာျပန္ထြက္ သြားခ်ိန္တြင္ ေရနံစည္အျပည့္ပါသြားခဲ့ေၾကာင္း Open Source Centre အဖြဲ႕က ေဖာ္ျပထားသည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ ကမာၻ႔ေရနံေဈးကြက္တြင္ ေရနံမ်ား တင္သြင္းဝယ္ယူခြင့္မရွိေသာႏိုင္ငံအျဖစ္ ပိတ္ပင္ ကန႔္သတ္ခံထားရေသာႏိုင္ငံျဖစ္ေၾကာင္း သိရသည္။ Open Source Centre အဖြဲ႕သည္ ၿပီးခဲ့ေသာ မတ္လတုန္း ကလည္း ေျမာက္ကိုရီးယားႏိုင္ငံသည္ ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ပို႔ေဆာင္ေပးေနသည္ဟု ၿဂိဳဟ္တု မွတ္တမ္းမ်ားကို အေျခခံကာ ေဖာ္ျပခဲ့ဖူးသည္။
ေျမာက္ကိုရီးယား သေဘၤာမ်ားသည္ ေျမာက္ကိုရီးယားစစ္သားေထာင္ခ်ီကိုတင္ေဆာင္ကာ ႐ုရွားႏိုင္ငံသို႔သြား ေရာက္ရန္ ပို႔ေဆာင္ေပးခဲ့ဖူးေၾကာင္း ႏိုဝင္ဘာလအေစာပိုင္းတြင္ သတင္းမ်ားထြက္ေပၚခဲ့ဖူးသည္။ Open Source Centre အဖြဲ႕၏ သုေတသီတစ္ဦးျဖစ္ေသာ ဂ်ိဳးဘ႐ိုင္ယမ္က ‘‘ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံ ၾကားျဖစ္ပြားေနတဲ့စစ္ပြဲကာလတစ္ေလွ်ာက္လုံး ႐ုရွားသမၼတပူတင္ကိုကူညီေထာက္ပံ့ ေပးခဲ့တယ္။ အျပန္ အလွန္အေနနဲ႔ ႐ုရွားကလည္း ေျမာက္ကိုရီးယားကို ၎တို႔ပိုင္ဆိုင္မႈေတြ ျပန္လည္မွ်ေဝေပး ခဲ့တယ္” ဟု ေျပာသည္။