ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားသောစစ်ပွဲက တတိယကမ္ဘာစစ်အထိ ဦးတည်လာဖွယ်ရှိနေဟု သတိပေး
298
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄
ရုရှားနိုင်ငံ၏မဟာမိတ်နိုင်ငံဖြစ်သော ဘီလာရုစ့်နိုင်ငံသမ္မတ လူကာရှန်ကိုက ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွား သော စစ်ပွဲသည် လက်ရှိအချိန်တွင်တင်းမာမှုအရှိန်မြင့်တက်လာခြင်းကြောင့် တတိယကမ္ဘာစစ်ကို ဥိးတည်လာဖွယ် ရှိနေကြောင်း သတိပေးပြောဆိုလိုက်သည်။ ယူကရိန်းသည် အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည်များ၊ ဗြိတိန်နိုင်ငံထုတ် Storm Shadow ဒုံးကျည်များ အသုံးပြုတိုက်ခိုက်ခဲ့ရာ တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာခဲ့ ကြောင်း သိရသည်။
ရုရှားကလည်း လက်တုံ့ပြန်မှုအဖြစ် တာလတ်ပစ်အသံထက်မြန်သောဒုံးကျည်အမျိုးအစားဖြစ်သော Oreshnik ကို အသုံးပြုပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဘီလာရုစ့်သမ္မတက "ကျွန်တော်တို့ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အများကြီးဆွေးနွေးဖြစ်ခဲ့တယ်။ တတိယကမ္ဘာစစ် စတင်ကောင်း စတင်လာဖွယ်ရှိနေတဲ့အခြေအနေမျိုးဖြစ်တယ်။ ဒါပေမယ့်အချို့ကတော့ ရှောင်ရှားနေတယ်။ တတိယကမ္ဘာစစ်ဖြစ်လာအောင် ဝိုင်းဝန်းတွန်းပို့တာမျိုး မလုပ်သေးဘူး" ဟု ပြောသည်။
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် အိမ်နီးချင်းတွေဖြစ်သော ဘီလာရုစ့်၊ ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံ စလုံး ပါဝင်မှသာ ဆွေးနွေးဖြေရှင်းလို့ရမည်ဖြစ်ကြောင်း ဘီလာရုစ့်သမ္မတက ပြောသည်။
၎င်းက "ဒီစစ်ပွဲဟာ ဥရောပနိုင်ငံတွေနဲ့လည်း မဆိုင်ဘူး။ အမေရိကန်နိုင်ငံနဲ့လည်း မဆိုင်ဘူး။ ကျွန်တော်တို့အတွက် ကောင်းလာမယ့်အရာတွေ လုပ်ဆောင်ပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေသာ ဆွေးနွေးပြီး သဘောတူညီချက်ရအောင် လုပ်ဆောင်ရမယ်။ ရုရှားဟာ လက်ရှိအခြေအနေတွေဟာ စစ်ပွဲမှာတိုက်ရိုက်ပါဝင်မှာ မဟုတ်သလို စစ်ပွဲစတင်ချိန်ကတည်းကလည်း ပါဝင်ခဲ့တာမျိုးမရှိဘူး။ တကယ်လို့ နေတိုးနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ဘီလာရုစ့်နိုင်ငံအတွက် လွယ်ကူမှမဟုတ်ဘူး။ ကျွန်တော်တို့ ပိုင်နက်ထဲမှာ အခြားသူတွေက အကျိုးစီးပွားလာရောက် ဆုံးဖြတ်တာမျိုးကို လက်ခံမှာမဟုတ်ဘူး" ဟု ပြောသည်။
Zawgyi Version;
႐ုရွားႏွင့္ယူကရိန္းၾကားျဖစ္ပြားေသာစစ္ပြဲက တတိယကမာၻစစ္အထိ ဦးတည္လာဖြယ္ရွိေနဟု သတိေပး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄
႐ုရွားႏိုင္ငံ၏မဟာမိတ္ႏိုင္ငံျဖစ္ေသာ ဘီလာ႐ုစ့္ႏိုင္ငံသမၼတ လူကာရွန္ကိုက ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားျဖစ္ပြား ေသာ စစ္ပြဲသည္ လက္ရွိအခ်ိန္တြင္တင္းမာမႈအရွိန္ျမင့္တက္လာျခင္းေၾကာင့္ တတိယကမာၻစစ္ကို ဥိးတည္လာဖြယ္ ရွိေနေၾကာင္း သတိေပးေျပာဆိုလိုက္သည္။ ယူကရိန္းသည္ အေမရိကန္ႏိုင္ငံထုတ္ ATACMS ဒုံးက်ည္မ်ား၊ ၿဗိတိန္ႏိုင္ငံထုတ္ Storm Shadow ဒုံးက်ည္မ်ား အသုံးျပဳတိုက္ခိုက္ခဲ့ရာ တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာခဲ့ ေၾကာင္း သိရသည္။
႐ုရွားကလည္း လက္တုံ႔ျပန္မႈအျဖစ္ တာလတ္ပစ္အသံထက္ျမန္ေသာဒုံးက်ည္အမ်ိဳးအစားျဖစ္ေသာ Oreshnik ကို အသုံးျပဳပစ္ခတ္ခဲ့ေၾကာင္း သိရသည္။ ဘီလာ႐ုစ့္သမၼတက "ကြၽန္ေတာ္တို႔ဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အမ်ားႀကီးေဆြးေႏြးျဖစ္ခဲ့တယ္။ တတိယကမာၻစစ္ စတင္ေကာင္း စတင္လာဖြယ္ရွိေနတဲ့အေျခအေနမ်ိဳးျဖစ္တယ္။ ဒါေပမယ့္အခ်ိဳ႕ကေတာ့ ေရွာင္ရွားေနတယ္။ တတိယကမာၻစစ္ျဖစ္လာေအာင္ ဝိုင္းဝန္းတြန္းပို႔တာမ်ိဳး မလုပ္ေသးဘူး" ဟု ေျပာသည္။
ယူကရိန္းစစ္ပြဲကို ေျဖရွင္းႏိုင္ရန္ ႀကိဳးပမ္းရာတြင္ အိမ္နီးခ်င္းေတြျဖစ္ေသာ ဘီလာ႐ုစ့္၊ ႐ုရွားႏွင့္ ယူကရိန္းႏွစ္ႏိုင္ငံ စလုံး ပါဝင္မွသာ ေဆြးေႏြးေျဖရွင္းလို႔ရမည္ျဖစ္ေၾကာင္း ဘီလာ႐ုစ့္သမၼတက ေျပာသည္။
၎က "ဒီစစ္ပြဲဟာ ဥေရာပႏိုင္ငံေတြနဲ႔လည္း မဆိုင္ဘူး။ အေမရိကန္ႏိုင္ငံနဲ႔လည္း မဆိုင္ဘူး။ ကြၽန္ေတာ္တို႔အတြက္ ေကာင္းလာမယ့္အရာေတြ လုပ္ေဆာင္ေပးမွာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔အိမ္နီးခ်င္းႏိုင္ငံေတြသာ ေဆြးေႏြးၿပီး သေဘာတူညီခ်က္ရေအာင္ လုပ္ေဆာင္ရမယ္။ ႐ုရွားဟာ လက္ရွိအေျခအေနေတြဟာ စစ္ပြဲမွာတိုက္႐ိုက္ပါဝင္မွာ မဟုတ္သလို စစ္ပြဲစတင္ခ်ိန္ကတည္းကလည္း ပါဝင္ခဲ့တာမ်ိဳးမရွိဘူး။ တကယ္လို႔ ေနတိုးနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ဘီလာ႐ုစ့္ႏိုင္ငံအတြက္ လြယ္ကူမွမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ပိုင္နက္ထဲမွာ အျခားသူေတြက အက်ိဳးစီးပြားလာေရာက္ ဆုံးျဖတ္တာမ်ိဳးကို လက္ခံမွာမဟုတ္ဘူး" ဟု ေျပာသည္။