အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းက ဆုတံဆိပ် (၁၆)ခုဖြင့် နိုင်ငံအလိုက် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့

 453

နာမူ (NP News) - နိုဝင်ဘာ ၂၄

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet - 32nd AARM) တွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းက ဆုတံဆိပ် (၁၆) ခုဖြင့် နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန် ချက်အရ သိရသည်။
၎င်းအာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၂၃ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ တွင် ကျင်းပခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံမှ ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းမှ သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပါဝင်ယှဉ်ပြိုင်ရာတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းက ပစ္စတိုအမျိုးသားအသင်း၊ ပစ္စတိုအမျိုးသမီး အသင်း၊ ကာဘိုင်အမျိုးသားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသားအသင်းဟူ၍ ပါဝင် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဦးချင်းအမှတ်ပေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၆ ခု၊ အသင်းလိုက် ထိလဲပြား ပစ်ခတ်စဉ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု တို့ရရှိခဲ့ကြောင်း သိရသည်.
ထို့ကြောင့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းအနေဖြင့် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၇ ခု ၊ စုစုပေါင်း ဆုတံဆိပ် (၁၆)ခု ဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာလ ၁၂ ရက် မှ ၂၃ ရက် အထိ ဖိလစ်ပိုင်နိုင်ငံတွင် အာဆီယံနိုင်ငံ (၁၀) နိုင်ငံမှ သေနတ်ပစ်အသင်းများဖြင့် ယှဉ်ပြိုင်ကျင်းပခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ျမန္မာ့တပ္မေတာ္ေသနတ္ပစ္အသင္းက ဆုတံဆိပ္ (၁၆)ခုျဖင့္ ႏိုင္ငံအလိုက္ တတိယေနရာတြင္ ရပ္တည္ႏိုင္ခဲ့
နာမူ (NP News) - ႏိုဝင္ဘာ ၂၄

ဖိလစ္ပိုင္ႏိုင္ငံတြင္ က်င္းပခဲ့သည့္ (၂၃)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ (32nd ASEAN Armies Rifle Meet - 32nd AARM) တြင္ ျမန္မာ့တပ္မေတာ္ ေသနတ္ပစ္အသင္းက ဆုတံဆိပ္ (၁၆) ခုျဖင့္ ႏိုင္ငံအလိုက္ တတိယအဆင့္တြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ ခ်က္အရ သိရသည္။
၎အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲကို ႏိုဝင္ဘာ ၁၂ ရက္မွ ၂၃ ရက္အထိ ဖိလစ္ပိုင္ႏိုင္ငံ တြင္ က်င္းပခဲ့ျခင္းျဖစ္ကာ ျမန္မာႏိုင္ငံမွ ဒုတိယဗိုလ္မႉးႀကီး သိန္းစိုးထြန္း ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ေသနတ္ပစ္အသင္းမွ ေသနတ္ပစ္အားကစားသမား စုစုေပါင္း ၄၂ ဦးတို႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။
ပါဝင္ယွဥ္ၿပိဳင္ရာတြင္ ျမန္မာ့တပ္မေတာ္ ေသနတ္ပစ္အသင္းက ပစၥတိုအမ်ိဳးသားအသင္း၊ ပစၥတိုအမ်ိဳးသမီး အသင္း၊ ကာဘိုင္အမ်ိဳးသားအသင္း၊ ႐ိုင္ဖယ္အမ်ိဳးသားအသင္းႏွင့္ စက္ေသနတ္အမ်ိဳးသားအသင္းဟူ၍ ပါဝင္ ယွဥ္ၿပိဳင္ကစားခဲ့ရာ တစ္ဦးခ်င္းအမွတ္ေပးၿပိဳင္ပြဲတြင္ ေငြတံဆိပ္ ၁ ခု၊ ေၾကးတံဆိပ္ ၆ ခု၊ အသင္းလိုက္ ထိလဲျပား ပစ္ခတ္စဥ္ ၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ ၅ ခု၊ ေငြတံဆိပ္ ၃ ခု၊ ေၾကးတံဆိပ္ ၁ ခု တို႔ရရွိခဲ့ေၾကာင္း သိရသည္.
ထို႔ေၾကာင့္ ျမန္မာ့တပ္မေတာ္ ေသနတ္ပစ္အသင္းအေနျဖင့္ ေ႐ႊတံဆိပ္ ၅ ခု၊ ေငြတံဆိပ္ ၄ ခု၊ ေၾကးတံဆိပ္ ၇ ခု ၊ စုစုေပါင္း ဆုတံဆိပ္ (၁၆)ခု ဆြတ္ခူးရရွိခဲ့ကာ ႏိုင္ငံအလိုက္ တတိယအဆင့္တြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရသည္။
(၃၂)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲကို ႏိုဝင္ဘာလ ၁၂ ရက္ မွ ၂၃ ရက္ အထိ ဖိလစ္ပိုင္ႏိုင္ငံတြင္ အာဆီယံႏိုင္ငံ (၁၀) ႏိုင္ငံမွ ေသနတ္ပစ္အသင္းမ်ားျဖင့္ ယွဥ္ၿပိဳင္က်င္းပခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.