ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကလေးငယ်ကို ကူးစက်မှု ပထမဆုံးဖြစ်ပွား

 164

ရောင်နီ (NP News) - နိုဝင်ဘာ ၂၄

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာရှိတဲ့ ကလေးတစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရတာကို နိုဝင်ဘာ ၂၂ ရက်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါဟာ ကလေးငယ်ကို ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုဖြစ်ပြီး အမေရိကန်ဟာလည်း ကလေး သူငယ် ကြက်ငှက်တုပ်ကွေး ကူးစက်မှုရှိတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ကလေးကို တော့ နေ့စဉ်ပြုစုစောင့်ရှောက်ရေးဌာနမှာ ကုသပေးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသရှိ အလာမယ်ဒါ ကောင်တီမှာ နေထိုင်တဲ့ ကလေးငယ်ဟာ ကြက်ငှက်တုပ်ကွေးလက္ခဏာတွေကို ခံစားခဲ့ရပြီး အခုအချိန်မှာတော့ ကုသမှုခံယူပြီး ကျန်းမာရေးအခြေအနေကောင်းနေပြီ ဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) နဲ့ ကယ်လီဖိုးနီးယားပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။
ကြိုတင်ကာကွယ်မှုအနေနဲ့ ကလေးကို အနီးကပ်ပြုစုစောင့်ရှောက်နေတဲ့ မိသားစုဝင်တွေကိုလည်း ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အားလုံးမှာတော့ ကူးစက်မှုလက္ခဏာတွေ မရှိဘူးလို့ သိရပါတယ်။
ကြက်ငှက်တုပ်ကွေး ကူးစက်မှုတွေဟာ တိရစ္ဆာန်တွေမှာ အချင်းချင်း ကူးစက်ခြင်း၊ တိရစ္ဆာန်မှ လူကို ကူးစက်ခြင်းဖြစ်ရပ်တွေ တွေ့ရပေမယ့် လူသားအချင်းချင်းတော့ ကူးစက်ခြင်းမျိုး မတွေ့ရသေးပါဘူး။

Zawgyi Version;
ၾကက္ငွက္တုပ္ေကြးဗိုင္းရပ္စ္ ကေလးငယ္ကို ကူးစက္မႈ ပထမဆုံးျဖစ္ပြား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၄

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားမွာရွိတဲ့ ကေလးတစ္ဦး ၾကက္ငွက္တုပ္ေကြးေရာဂါ ကူးစက္ခံထားရတာကို ႏိုဝင္ဘာ ၂၂ ရက္က စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ဒါဟာ ကေလးငယ္ကို ၾကက္ငွက္တုပ္ေကြးဗိုင္းရပ္စ္ ပထမဆုံး ကူးစက္မႈျဖစ္ၿပီး အေမရိကန္ဟာလည္း ကေလး သူငယ္ ၾကက္ငွက္တုပ္ေကြး ကူးစက္မႈရွိတဲ့ ပထမဆုံးႏိုင္ငံျဖစ္လာပါတယ္။ ေရာဂါကူးစက္ခံထားရတဲ့ ကေလးကို ေတာ့ ေန႔စဥ္ျပဳစုေစာင့္ေရွာက္ေရးဌာနမွာ ကုသေပးမႈေတြ လုပ္ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသရွိ အလာမယ္ဒါ ေကာင္တီမွာ ေနထိုင္တဲ့ ကေလးငယ္ဟာ ၾကက္ငွက္တုပ္ေကြးလကၡဏာေတြကို ခံစားခဲ့ရၿပီး အခုအခ်ိန္မွာေတာ့ ကုသမႈခံယူၿပီး က်န္းမာေရးအေျခအေနေကာင္းေနၿပီ ျဖစ္တယ္လို႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာ (CDC) နဲ႔ ကယ္လီဖိုးနီးယားျပည္နယ္ ျပည္သူ႔က်န္းမာေရးဌာနက ဆိုပါတယ္။
ႀကိဳတင္ကာကြယ္မႈအေနနဲ႔ ကေလးကို အနီးကပ္ျပဳစုေစာင့္ေရွာက္ေနတဲ့ မိသားစုဝင္ေတြကိုလည္း ဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီး အားလုံးမွာေတာ့ ကူးစက္မႈလကၡဏာေတြ မရွိဘူးလို႔ သိရပါတယ္။
ၾကက္ငွက္တုပ္ေကြး ကူးစက္မႈေတြဟာ တိရစာၦန္ေတြမွာ အခ်င္းခ်င္း ကူးစက္ျခင္း၊ တိရစာၦန္မွ လူကို ကူးစက္ျခင္းျဖစ္ရပ္ေတြ ေတြ႕ရေပမယ့္ လူသားအခ်င္းခ်င္းေတာ့ ကူးစက္ျခင္းမ်ိဳး မေတြ႕ရေသးပါဘူး။

Related news

© 2021. All rights reserved.