တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ)ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့

 815

Pika (NP News) - နိုဝင်ဘာ ၂၄

တရုတ်နိုင်ငံတောင်ပိုင်းတွင် ခန့်မှန်းခြေ ရွှေတန်ချိန်(၁)ထောင်ကျော်ရှိသည့် ကြီးမားသော ရွှေသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဟူနန်ပြည်နယ် ဘူမိဗေဒဗျူရို၏ပြောကြားချက်များကို ကိုးကားပြီး ဆင်ဟွာသတင်း အေဂျင်စီက ရေးသားဖော်ပြခဲ့သည်။ ဘူမိဗေဒပညာရှင်များသည် Pingjiang ကောင်တီ Wang က ရွှေကွက် အောက် မီတာ(၂) ထောင်အနက်တွင် ရွှေကြော(၄၀)ကျော်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာအရသိရ သည်။

ထို့ပြင် မြေအောက်အနက် မီတာ(၃)ထောင်အတွင်းတွင် အမေရိကန်ဒေါ်လာ(၈၃)ဘီလျံ တန်ဖိုးရှိ ခန့်မှန်းခြေရွှေ တန်ချိန်(၁)ထောင်ကျော်ကို တူးဖော်ရရှိနိုင်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။ ဟူနန်ပြည်နယ် ဘူမိဗေဒဗျူရို၏ သတ္တုရိုင်းရှာဖွေရေးကျွမ်းကျင်သူ ချန်းရူလင်က ‘‘တူးဖော်ထားတဲ့ ကျောက်တုံး တွေအတော်များများမှာ ရွှေတွေကို သိသိသာသာမြင်တွေ့ခဲ့ရပါတယ်။ အနက်မီတာ(၂)ထောင်အတွင်း တူးဖော်တဲ့ သတ္တုရိုင်းတစ်တန်မှာ ရွှေ(၁၃၈)ဂရမ်အထိ ပါဝင်ပါတယ်” ဟု ပြောခဲ့သည်။

ဘူမိဗေဒပညာရှင်များသည် သုံးဖက်မြင်ဘူမိဗေဒ ပုံစံထုတ်ခြင်း အပါအဝင် ခေတ်မီသတ္တုရိုင်းများ ရှာဖွေရေး နည်းပညာများကို အသုံးပြုခဲ့ကြောင်း ဟူနန်ပြည်နယ် ဘူမိဗေဒဗျူရို၏ ဒုအကြီးအကဲ Liu Yongjun က ပြောကြားခဲ့ သည်။
ထို့ပြင် Wang က ရွှေကွက်အနီးရှိ ဧရိယာများတွင် လုပ်ဆောင်ခဲ့သော စမ်းသပ်တူးဖော်မှုများသည်လည်း အလားအလာကောင်းများကို ပြသခဲ့ကြောင်း Liu Yongjun က ထပ်မံပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ ကြီးထွားလာခြင်း၊ အမေရိကန်ဒေါ်လာ အားနည်းလာခြင်း နှင့် ဗဟိုဘဏ်များမှ ဝယ်လိုအား အားကောင်းခြင်းတို့ကြောင့် ရွှေဈေးနှုန်းများ စံချိန်တင်မြင့်မားလာချိန်တွင် အဆိုပါရွှေသိုက်တွေ့ရှိမှုထွက်ပေါ်လာ ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေကောင်စီ၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းရွှေထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး (၂၀၂၃)ခုနှစ်တွင် တရုတ်နိုင်ငံ၏ ရွှေထွက်ရှိမှုသည် ကမ္ဘာလုံးဆိုင်ရာ‌ရွှေထွက်ရှိမှု၏ (၁၀)ရာခိုင်နှုန်း ခန့်ရှိကြောင်းလည်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံေတာင္ပိုင္းမွာ တန္ခ်ိန္(၁၀ဝဝ)ေက်ာ္ရွိ ေ႐ႊသိုက္တစ္ခု ရွာေတြ႕
Pika (NP News) - ႏိုဝင္ဘာ ၂၄

တ႐ုတ္ႏိုင္ငံေတာင္ပိုင္းတြင္ ခန႔္မွန္းေျခ ေ႐ႊတန္ခ်ိန္(၁)ေထာင္ေက်ာ္ရွိသည့္ ႀကီးမားေသာ ေ႐ႊသိုက္တစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ဟူနန္ျပည္နယ္ ဘူမိေဗဒဗ်ဴ႐ို၏ေျပာၾကားခ်က္မ်ားကို ကိုးကားၿပီး ဆင္ဟြာသတင္း ေအဂ်င္စီက ေရးသားေဖာ္ျပခဲ့သည္။ ဘူမိေဗဒပညာရွင္မ်ားသည္ Pingjiang ေကာင္တီ Wang က ေ႐ႊကြက္ ေအာက္ မီတာ(၂) ေထာင္အနက္တြင္ ေ႐ႊေၾကာ(၄၀)ေက်ာ္ကို ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း အစီရင္ခံစာအရသိရ သည္။

ထို႔ျပင္ ေျမေအာက္အနက္ မီတာ(၃)ေထာင္အတြင္းတြင္ အေမရိကန္ေဒၚလာ(၈၃)ဘီလ်ံ တန္ဖိုးရွိ ခန႔္မွန္းေျခေ႐ႊ တန္ခ်ိန္(၁)ေထာင္ေက်ာ္ကို တူးေဖာ္ရရွိႏိုင္ေၾကာင္း ဆင္ဟြာသတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့သည္။ ဟူနန္ျပည္နယ္ ဘူမိေဗဒဗ်ဴ႐ို၏ သတၱဳ႐ိုင္းရွာေဖြေရးကြၽမ္းက်င္သူ ခ်န္း႐ူလင္က ‘‘တူးေဖာ္ထားတဲ့ ေက်ာက္တုံး ေတြအေတာ္မ်ားမ်ားမွာ ေ႐ႊေတြကို သိသိသာသာျမင္ေတြ႕ခဲ့ရပါတယ္။ အနက္မီတာ(၂)ေထာင္အတြင္း တူးေဖာ္တဲ့ သတၱဳ႐ိုင္းတစ္တန္မွာ ေ႐ႊ(၁၃၈)ဂရမ္အထိ ပါဝင္ပါတယ္” ဟု ေျပာခဲ့သည္။

ဘူမိေဗဒပညာရွင္မ်ားသည္ သုံးဖက္ျမင္ဘူမိေဗဒ ပုံစံထုတ္ျခင္း အပါအဝင္ ေခတ္မီသတၱဳ႐ိုင္းမ်ား ရွာေဖြေရး နည္းပညာမ်ားကို အသုံးျပဳခဲ့ေၾကာင္း ဟူနန္ျပည္နယ္ ဘူမိေဗဒဗ်ဴ႐ို၏ ဒုအႀကီးအကဲ Liu Yongjun က ေျပာၾကားခဲ့ သည္။
ထို႔ျပင္ Wang က ေ႐ႊကြက္အနီးရွိ ဧရိယာမ်ားတြင္ လုပ္ေဆာင္ခဲ့ေသာ စမ္းသပ္တူးေဖာ္မႈမ်ားသည္လည္း အလားအလာေကာင္းမ်ားကို ျပသခဲ့ေၾကာင္း Liu Yongjun က ထပ္မံေျပာၾကားခဲ့သည္။ ကမာၻလုံးဆိုင္ရာ မေသခ်ာမေရရာမႈမ်ား ႀကီးထြားလာျခင္း၊ အေမရိကန္ေဒၚလာ အားနည္းလာျခင္း ႏွင့္ ဗဟိုဘဏ္မ်ားမွ ဝယ္လိုအား အားေကာင္းျခင္းတို႔ေၾကာင့္ ေ႐ႊေဈးႏႈန္းမ်ား စံခ်ိန္တင္ျမင့္မားလာခ်ိန္တြင္ အဆိုပါေ႐ႊသိုက္ေတြ႕ရွိမႈထြက္ေပၚလာ ျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေကာင္စီ၏ အခ်က္အလက္မ်ားအရ တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔ထိပ္တန္းေ႐ႊထုတ္လုပ္သည့္ ႏိုင္ငံျဖစ္ၿပီး (၂၀၂၃)ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံ၏ ေ႐ႊထြက္ရွိမႈသည္ ကမာၻလုံးဆိုင္ရာ‌ေ႐ႊထြက္ရွိမႈ၏ (၁၀)ရာခိုင္ႏႈန္း ခန႔္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.