၂၀၂၄ ခုနှစ်အတွင်း ကယ်ဆယ်ရေးလုပ်သား ၂၈၁ ဦး သေဆုံး
133
ရောင်နီ (NP News) - နိုဝင်ဘာ ၂၄
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း ကယ်ဆယ်ရေးလုပ်သား ၂၈၁ ဦး သေဆုံးခဲ့ပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အသေအပျောက် အများဆုံးနှစ်ဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲက သောကြာနေ့ (နိုဝင်ဘာ ၂၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်သားတွေဟာ မကြုံစဖူးနှုန်းနဲ့ အသတ်ခံနေရပြီး သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ လူသားဆန်မှုတွေဟာ ကျည်ဆန်၊ ဗုံးတွေနဲ့ ကြုံတွေ့နေရတယ်" လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူးအသစ်ဖြစ်တဲ့ တွမ်ဖလက်ချာက ပြောကြားခဲ့ပါတယ်။ "ဒီအကြမ်းဖက်မှုဟာ အသိစိတ်ကင်းမဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိခိုက်စေပါတယ်" လို့ ဖလက်ရှာ က ပြောကြားခဲ့ပါတယ်။
ဂါဇာ စစ်ပွဲဟာ အများဆုံသေဆုံးရတဲ့နေရာဖြစ်ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ပြည်နယ်တွေနဲ့ ပါတီတွေကို "လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကာအကွယ်တွေ၊ နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့၊ တာဝန်ရှိသူတွေကို တရားစွဲဆိုဖို့ တောင်းဆိုရမယ်"လို့ ဖလက်ရှာက ပြောကြားခဲ့ပါတယ်။
ဒါအပြင် အာဖဂန်နစ္စတန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဆူဒန်နဲ့ ယူကရိန်းတို့အပါအဝင် နိုင်ငံအများအပြားမှာ ကယ်ဆယ်ရေးလုပ်သားတွေဟာ ပြန်ပေးဆွဲခြင်း၊ ဒဏ်ရာရခြင်း၊ နှောင့်ယှက်ခြင်းနဲ့ မတရားဖမ်းဆီးခြင်းတို့ကို ခံရတယ်လို့ သိရပါတယိ။
Zawgyi Version;
၂၀၂၄ ခုႏွစ္အတြင္း ကယ္ဆယ္ေရးလုပ္သား ၂၈၁ ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၄
၂၀၂၄ ခုႏွစ္အတြင္း ကမာၻတစ္ဝွမ္း ကယ္ဆယ္ေရးလုပ္သား ၂၈၁ ဦး ေသဆုံးခဲ့ၿပီး လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာ အေသအေပ်ာက္ အမ်ားဆုံးႏွစ္ျဖစ္လာခဲ့တယ္လို႔ ကုလသမဂၢအကူအညီေပးေရးအႀကီးအကဲက ေသာၾကာေန႔ (ႏိုဝင္ဘာ ၂၂ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာလုပ္သားေတြဟာ မႀကဳံစဖူးႏႈန္းနဲ႔ အသတ္ခံေနရၿပီး သူတို႔ရဲ႕ ရဲစြမ္းသတၱိနဲ႔ လူသားဆန္မႈေတြဟာ က်ည္ဆန္၊ ဗုံးေတြနဲ႔ ႀကဳံေတြ႕ေနရတယ္" လို႔ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈ ေရးရာနဲ႔ အေရးေပၚကယ္ဆယ္ေရးညႇိႏႈိင္းေရးမႉးအသစ္ျဖစ္တဲ့ တြမ္ဖလက္ခ်ာက ေျပာၾကားခဲ့ပါတယ္။ "ဒီအၾကမ္းဖက္မႈဟာ အသိစိတ္ကင္းမဲ့ၿပီး ကယ္ဆယ္ေရးလုပ္ငန္းေတြကို ထိခိုက္ေစပါတယ္" လို႔ ဖလက္ရွာ က ေျပာၾကားခဲ့ပါတယ္။
ဂါဇာ စစ္ပြဲဟာ အမ်ားဆုံေသဆုံးရတဲ့ေနရာျဖစ္ၿပီး ပဋိပကၡျဖစ္ပြားေနတဲ့ျပည္နယ္ေတြနဲ႔ ပါတီေတြကို "လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာအကာအကြယ္ေတြ၊ ႏိုင္ငံတကာဥပေဒေတြကို လိုက္နာဖို႔၊ တာဝန္ရွိသူေတြကို တရားစြဲဆိုဖို႔ ေတာင္းဆိုရမယ္"လို႔ ဖလက္ရွာက ေျပာၾကားခဲ့ပါတယ္။
ဒါအျပင္ အာဖဂန္နစၥတန္၊ ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံ၊ ဆူဒန္နဲ႔ ယူကရိန္းတို႔အပါအဝင္ ႏိုင္ငံအမ်ားအျပားမွာ ကယ္ဆယ္ေရးလုပ္သားေတြဟာ ျပန္ေပးဆြဲျခင္း၊ ဒဏ္ရာရျခင္း၊ ေႏွာင့္ယွက္ျခင္းနဲ႔ မတရားဖမ္းဆီးျခင္းတို႔ကို ခံရတယ္လို႔ သိရပါတယိ။