အမေရိကန်အစိုးရ အပြောင်းအလဲနှင့်အတူ Bitcoin ဈေးနှုန်း စံချိန်တင်မြင့်တက်လာ
192
Pika (NP News) - နိုဝင်ဘာ ၂၄
အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာပြီးနောက် Bitcoin ဈေးနှုန်းသည် ဆက်လက်မြင့် တက်နေပြီး ပထမဆုံးအကြိမ်အဖြစ် Bitcoin တစ်ခုလျှင် အမေရိကန်ဒေါ်လာ(၉၄၀ဝဝ)ကျော်အထိ ရှိလာခဲ့ ကြောင်း သိရသည်။ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ ဆိုရှယ်မီဒီယာကုမ္ပဏီသည် ဒီဂျစ်တယ် ငွေကြေးကုန်သွယ်မှုကုမ္ပဏီ Bakkt ကို ဝယ်ယူရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း အစီရင်ခံစာများ ထွက်ပေါ်လာခဲ့ပြီးနောက် ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါဈေးနှုန်းသည် ယခုနှစ်အစောပိုင်း တွင်ရှိခဲ့သော ဈေးနှုန်းထက် (၂)ဆကျော်မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း လည်းသိရသည်။ ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ Bitcoin သည် စွမ်းအင်ကုမ္ပဏီကြီး Saudi Aramco ကို ကျော်တက်ကာ ဈေးကွက်အရင်းအနှီးအရ (၇)ခုမြောက်အကြီးဆုံး ဘဏ္ဍာရေးပိုင်ဆိုင်မှုတစ်ခုဖြစ် လာခဲ့ကြောင်း လည်း သိရသည်။
ထို့ပြင် ဒီဂျစ်တယ်ငွေကြေးအားလုံး၏ စုစုပေါင်းဈေးကွက်အရင်းအနှီးသည် ယခုသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ(၃)ထရီလီလျံထိ ရောက်ရှိသွားခဲ့ကာ ပြီးခဲ့သည့်ဇန်နဝါရီလနောက်ပိုင်း မှစတင်ပြီး (၈၅)ရာခိုင် နှုန်းခန့် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်၏ ဆိုရှယ်မီဒီယာကုမ္ပဏီက ဒီဂျစ်တယ် ငွေကြေး ကုန်သွယ်မှုကုမ္ပဏီ Bakkt ကို ဝယ်ယူရန် ဆွေးနွေးမှုများလုပ် ဆောင်နေကြောင်း Financial Times သတင်းစာက ရေးသားဖော်ပြခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်များဖြစ်ပွား လာခြင်းဖြစ်သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်၏ ဆိုရှယ်မီဒီယာ ကုမ္ပဏီသည် Bakkt ကုမ္ပဏီ၏ စတော့ရှယ်ယာများ အားလုံးကို ဝယ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း အဆိုပါကိစ္စနှင့်ရင်းနှီးသည့်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီမှုသည် ဒီဂျစ်တယ်ငွေကြေးကဏ္ဍအပေါ် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အလေးပေး ရပ်တည်မှု၏ နောက်ထပ်လက္ခဏာတစ်ခုဖြစ်လာမည်လည်း ဖြစ်သည်။ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒေါ်နယ်ထရမ့်သည် အမေရိကန်ကို ကမ္ဘာကြီး၏ဒီဂျစ်တယ်ငွေကြေးမြို့တော်ဖြစ်အောင် လုပ်ဆောင်သွားမည်ဆို သည့်အချက်အပြင် ဒီဂျစ်တယ်ငွေကြေးလုပ်ငန်း အတွက် ကတိပေါင်းများစွာကို ကတိပြုခဲ့ဖူးကြောင်း သိရသည်။ ထို့ပြင် ဒေါ်နယ်ထရမ့်သည် New York City ဘားတွင် ၎င်း၏ထောက်ခံသူများအတွက် ချိစ်ဘာဂါများနှင့်ဘီယာများ ဝယ်ယူရန် Bitcoin ကို အသုံးပြုခဲ့ဖူးကြောင်းလည်းသိရသည်။
Zawgyi Version;
အေမရိကန္အစိုးရ အေျပာင္းအလဲႏွင့္အတူ Bitcoin ေဈးႏႈန္း စံခ်ိန္တင္ျမင့္တက္လာ
Pika (NP News) - ႏိုဝင္ဘာ ၂၄
အေမရိကန္သမၼတေ႐ြးေကာက္ပြဲရလဒ္မ်ား ထြက္ေပၚလာၿပီးေနာက္ Bitcoin ေဈးႏႈန္းသည္ ဆက္လက္ျမင့္ တက္ေနၿပီး ပထမဆုံးအႀကိမ္အျဖစ္ Bitcoin တစ္ခုလွ်င္ အေမရိကန္ေဒၚလာ(၉၄၀ဝဝ)ေက်ာ္အထိ ရွိလာခဲ့ ေၾကာင္း သိရသည္။ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္၏ ဆိုရွယ္မီဒီယာကုမၸဏီသည္ ဒီဂ်စ္တယ္ ေငြေၾကးကုန္သြယ္မႈကုမၸဏီ Bakkt ကို ဝယ္ယူရန္အတြက္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း အစီရင္ခံစာမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ ေဈးႏႈန္းျမင့္တက္လာခဲ့ျခင္းျဖစ္သည္။
အဆိုပါေဈးႏႈန္းသည္ ယခုႏွစ္အေစာပိုင္း တြင္ရွိခဲ့ေသာ ေဈးႏႈန္းထက္ (၂)ဆေက်ာ္ျမင့္တက္လာခဲ့ျခင္း ျဖစ္ေၾကာင္း လည္းသိရသည္။ ေဈးႏႈန္းမ်ား ျမင့္တက္လာမႈႏွင့္အတူ Bitcoin သည္ စြမ္းအင္ကုမၸဏီႀကီး Saudi Aramco ကို ေက်ာ္တက္ကာ ေဈးကြက္အရင္းအႏွီးအရ (၇)ခုေျမာက္အႀကီးဆုံး ဘ႑ာေရးပိုင္ဆိုင္မႈတစ္ခုျဖစ္ လာခဲ့ေၾကာင္း လည္း သိရသည္။
ထို႔ျပင္ ဒီဂ်စ္တယ္ေငြေၾကးအားလုံး၏ စုစုေပါင္းေဈးကြက္အရင္းအႏွီးသည္ ယခုသီတင္းပတ္အတြင္း အေမရိကန္ ေဒၚလာ(၃)ထရီလီလ်ံထိ ေရာက္ရွိသြားခဲ့ကာ ၿပီးခဲ့သည့္ဇန္နဝါရီလေနာက္ပိုင္း မွစတင္ၿပီး (၈၅)ရာခိုင္ ႏႈန္းခန႔္ ျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္၏ ဆိုရွယ္မီဒီယာကုမၸဏီက ဒီဂ်စ္တယ္ ေငြေၾကး ကုန္သြယ္မႈကုမၸဏီ Bakkt ကို ဝယ္ယူရန္ ေဆြးေႏြးမႈမ်ားလုပ္ ေဆာင္ေနေၾကာင္း Financial Times သတင္းစာက ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္မ်ားျဖစ္ပြား လာျခင္းျဖစ္သည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္၏ ဆိုရွယ္မီဒီယာ ကုမၸဏီသည္ Bakkt ကုမၸဏီ၏ စေတာ့ရွယ္ယာမ်ား အားလုံးကို ဝယ္ယူရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း အဆိုပါကိစၥႏွင့္ရင္းႏွီးသည့္သတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။ အဆိုပါ သေဘာတူညီမႈသည္ ဒီဂ်စ္တယ္ေငြေၾကးက႑အေပၚ ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္၏ အေလးေပး ရပ္တည္မႈ၏ ေနာက္ထပ္လကၡဏာတစ္ခုျဖစ္လာမည္လည္း ျဖစ္သည္။ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း ေဒၚနယ္ထရမ့္သည္ အေမရိကန္ကို ကမာၻႀကီး၏ဒီဂ်စ္တယ္ေငြေၾကးၿမိဳ႕ေတာ္ျဖစ္ေအာင္ လုပ္ေဆာင္သြားမည္ဆို သည့္အခ်က္အျပင္ ဒီဂ်စ္တယ္ေငြေၾကးလုပ္ငန္း အတြက္ ကတိေပါင္းမ်ားစြာကို ကတိျပဳခဲ့ဖူးေၾကာင္း သိရသည္။ ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ New York City ဘားတြင္ ၎၏ေထာက္ခံသူမ်ားအတြက္ ခ်ိစ္ဘာဂါမ်ားႏွင့္ဘီယာမ်ား ဝယ္ယူရန္ Bitcoin ကို အသုံးျပဳခဲ့ဖူးေၾကာင္းလည္းသိရသည္။