ဗြိတိန်နိုင်ငံကို သွားရောက်မယ်ဆိုရင် ဖမ်းဆီးခံရဖွယ်ရှိနေတဲ့ နေတန်ရာဟု
211
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုအနေနဲ့ ဗြိတိန်နိုင်ငံတို့သွားရောက်ချိန်မှာ ဖမ်းဆီးခံရဖွယ်ရှိနေကြောင်း သိရပါတယ်။
ဗြိတိန်အစိုးရကဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရုံး မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အခုလိုမျိုးသတင်းတွေထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
(ICC) ဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၊ ကာာကွယ်ရေးဝန်ကြီးဟောင်း ဂယ်လန့် တို့ကို ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်လို့ စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်နိုင်ငံဟာ (ICC) တရားရုံးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ပါဝင်ပြီး ဖမ်းဝရမ်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသောနိုင်ငံ လည်းဖြစ်ရာ နေတန်ရာဟု ဗြိတိန်နိုင်ငံကို သွားရောက်ချိန်အတွင်း ဖမ်းဆီးဖွယ်ရှိနေပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက "သတ်မှတ်ထားတဲ့လုပ်ထုံးလုပ်နည်း စည်းကမ်းတွေအတိုင်း လိုက်နာ ဆောင်ရွက်သွားမယ်" လို့ ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက (ICC) တရားရုံးက သတ်မှတ် စည်းကမ်းများအတိုင်းလိုက်နာမယ်လို့ ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကို တော့ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရပါတယ်။
(ICC) ဟာ အစ္စရေးဝန်ကြီးချုပ် နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းတို့အပြင် အစ္စရေးနိုင်ငံကို ဟားမက်အဖွဲ့က စတင်တိုက်ခိုက်ရာမှာ အဓိကပါဝင်ခဲ့သူ ဟားမက်အဖွဲ့ စစ်ရေးခေါင်းဆောင်တစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့ပါ တယ်။ အစ္စရေးဟာ ဟားမက်အဖွဲ့ရဲ့တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရပြီးနောက် ဂါဇာဒေသကို လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
Zawgyi Version;
ၿဗိတိန္ႏိုင္ငံကို သြားေရာက္မယ္ဆိုရင္ ဖမ္းဆီးခံရဖြယ္ရွိေနတဲ့ ေနတန္ရာဟု
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) က အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုကို ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ဖမ္းဝရမ္းထုတ္ခဲ့ၿပီးေနာက္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုအေနနဲ႔ ၿဗိတိန္ႏိုင္ငံတို႔သြားေရာက္ခ်ိန္မွာ ဖမ္းဆီးခံရဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ၿဗိတိန္အစိုးရကဥပေဒလုပ္ထုံးလုပ္နည္းမ်ားအတိုင္း လိုက္နာေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ႐ုံး မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အခုလိုမ်ိဳးသတင္းေတြထြက္ေပၚလာခဲ့တာလည္း ျဖစ္ပါတယ္။
(ICC) ဟာ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု၊ ကာာကြယ္ေရးဝန္ႀကီးေဟာင္း ဂယ္လန႔္ တို႔ကို ဂါဇာစစ္ပြဲအတြင္း စစ္ရာဇဝတ္မႈေတြက်ဴးလြန္တယ္လို႔ စြပ္စြဲၿပီး ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္း သိရပါတယ္။ ၿဗိတိန္ႏိုင္ငံဟာ (ICC) တရား႐ုံးအဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာ ပါဝင္ၿပီး ဖမ္းဝရမ္းဆိုင္ရာသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားေသာႏိုင္ငံ လည္းျဖစ္ရာ ေနတန္ရာဟု ၿဗိတိန္ႏိုင္ငံကို သြားေရာက္ခ်ိန္အတြင္း ဖမ္းဆီးဖြယ္ရွိေနပါတယ္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္႐ုံး ေျပာေရးဆိုခြင့္ရွိသူက "သတ္မွတ္ထားတဲ့လုပ္ထုံးလုပ္နည္း စည္းကမ္းေတြအတိုင္း လိုက္နာ ေဆာင္႐ြက္သြားမယ္" လို႔ ေျပာပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္႐ုံးေျပာေရးဆိုခြင့္ရွိသူက (ICC) တရား႐ုံးက သတ္မွတ္ စည္းကမ္းမ်ားအတိုင္းလိုက္နာမယ္လို႔ ေျပာဆိုခဲ့ေပမယ့္ အေသးစိတ္ကို ေတာ့ေျပာဆိုျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရပါတယ္။
(ICC) ဟာ အစၥေရးဝန္ႀကီးခ်ဳပ္ နဲ႔ အစၥေရးကာကြယ္ေရးဝန္ႀကီးေဟာင္းတို႔အျပင္ အစၥေရးႏိုင္ငံကို ဟားမက္အဖြဲ႕က စတင္တိုက္ခိုက္ရာမွာ အဓိကပါဝင္ခဲ့သူ ဟားမက္အဖြဲ႕ စစ္ေရးေခါင္းေဆာင္တစ္ဦးကိုလည္း ဖမ္းဝရမ္းထုတ္ခဲ့ပါ တယ္။ အစၥေရးဟာ ဟားမက္အဖြဲ႕ရဲ႕တိုက္ခိုက္ျခင္းကို ရင္ဆိုင္ရၿပီးေနာက္ ဂါဇာေဒသကို လက္ရွိအခ်ိန္အထိ တိုက္ခိုက္ေနဆဲျဖစ္ပါတယ္။