တရုတ်ငါးပြတိုက်တစ်ခုမှာ စက်ရုပ် နဲ့ ဖန်တီးထားတဲ့ ငါးမန်းအတုကြောင့် ဧည့်သည်တွေ ပြစ်တင်ရှုတ်ချနေ

 117

ရောင်နီ (NP News) - အောက်တိုဘာ ၁၇

တရုတ်နိုင်ငံ၊ ကွမ်ဒေါင်းပြည်နယ်၊ ရှန်ကျန်းရှိ Xiaomeisha Ocean World ငါးပြတိုက် အသစ်တစ်ခုမှာ ပြသထားတဲ့ ငါးမန်းဟာ စက်ရုပ်ကြီးဖြစ်နေတာကြောင့် ဧည့်သည်တွေ ပြစ်တင်ရှုတ်ချမှုတွေ ရှိနေပါတယ်။

Xiaomeisha Ocean World ကို အောက်တိုဘာ ၁ ရက်က ဖွင့်လှစ်ခဲ့ပေမယ့် ၄င်းရဲ့ ဝင်ကြေး စျေးနှုန်းကြီးမြင့်မှု၊ ပြတိုက်ထဲ ဝင်ရောက်ဖို့ အချိန်ကြာကြာ တန်းစီစောင့်ဆိုင်းရခြင်းနဲ့ ရေနေသတ္တဝါကို အတုလုပ်ထားခြင်းကြောင့် "ကလေးတွေကို လှည့်စားဖို့ ကြိုးစားနေတာလား" ဆိုတဲ့ ဝေဖန်ပြစ်တင်မှုတွေ များစွာထွက်ပေါ်လာခဲ့ပါတယ်။

ပန်းခြံဟာ ဝင်ခွင့်လက်မှတ် ယွမ် ၂၄၀ ဝန်းကျင်ထိ ကျသင့်ပေမယ့် အဆင့်သတ်မှတ်ချက်မှာတော့ ကြယ် ၅ ပွင့်အနက် ၂.၉ ပွင့် အဆင့်သာရှိပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူအများစုက “ငါးအတုမြင်ရဖို့ Xiaomeisha Sea World မှာ တရုတ်ယွမ်ငွေ ရာနဲ့ချီပြီး ပေးရတယ်”ဆိုတဲ့ ဝေဖန်ချက်တွေကို hashtag နဲ့ပါ တင်ထားကြပါတယ်။ ဒီဝေဖန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပန်းခြံကတော့ ငါးမန်းတွေကို လှောင်အိမ်ထဲ ထည့်ထားခြင်းဟာ ရက်စက်ရာကျတာကြောင့် မျိုးစိတ်တွေကိုလည်း ကာကွယ်ပြီး ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး စက်ရုပ်ကို အသုံးပြုခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ ပန်းခြံကို အောက်တိုဘာလ ပထမပတ် နိုင်ငံတော် အားလပ်ရက်အတွင်း လူပေါင်း ၁၀၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version
တ႐ုတ္ငါးျပတိုက္တစ္ခုမွာ စက္႐ုပ္ နဲ႔ ဖန္တီးထားတဲ့ ငါးမန္းအတုေၾကာင့္ ဧည့္သည္ေတြ ျပစ္တင္ရႈတ္ခ်ေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၇

တ႐ုတ္ႏိုင္ငံ၊ ကြမ္ေဒါင္းျပည္နယ္၊ ရွန္က်န္းရွိ Xiaomeisha Ocean World ငါးျပတိုက္ အသစ္တစ္ခုမွာ ျပသထားတဲ့ ငါးမန္းဟာ စက္႐ုပ္ႀကီးျဖစ္ေနတာေၾကာင့္ ဧည့္သည္ေတြ ျပစ္တင္ရႈတ္ခ်မႈေတြ ရွိေနပါတယ္။

Xiaomeisha Ocean World ကို ေအာက္တိုဘာ ၁ ရက္က ဖြင့္လွစ္ခဲ့ေပမယ့္ ၄င္းရဲ႕ ဝင္ေၾကး ေစ်းႏႈန္းႀကီးျမင့္မႈ၊ ျပတိုက္ထဲ ဝင္ေရာက္ဖို႔ အခ်ိန္ၾကာၾကာ တန္းစီေစာင့္ဆိုင္းရျခင္းနဲ႔ ေရေနသတၱဝါကို အတုလုပ္ထားျခင္းေၾကာင့္ "ကေလးေတြကို လွည့္စားဖို႔ ႀကိဳးစားေနတာလား" ဆိုတဲ့ ေဝဖန္ျပစ္တင္မႈေတြ မ်ားစြာထြက္ေပၚလာခဲ့ပါတယ္။

ပန္းၿခံဟာ ဝင္ခြင့္လက္မွတ္ ယြမ္ ၂၄၀ ဝန္းက်င္ထိ က်သင့္ေပမယ့္ အဆင့္သတ္မွတ္ခ်က္မွာေတာ့ ၾကယ္ ၅ ပြင့္အနက္ ၂.၉ ပြင့္ အဆင့္သာရွိပါတယ္။ ဆိုရွယ္မီဒီယာ အသုံးျပဳသူအမ်ားစုက “ငါးအတုျမင္ရဖို႔ Xiaomeisha Sea World မွာ တ႐ုတ္ယြမ္ေငြ ရာနဲ႔ခ်ီၿပီး ေပးရတယ္”ဆိုတဲ့ ေဝဖန္ခ်က္ေတြကို hashtag နဲ႔ပါ တင္ထားၾကပါတယ္။ ဒီေဝဖန္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ပန္းၿခံကေတာ့ ငါးမန္းေတြကို ေလွာင္အိမ္ထဲ ထည့္ထားျခင္းဟာ ရက္စက္ရာက်တာေၾကာင့္ မ်ိဳးစိတ္ေတြကိုလည္း ကာကြယ္ၿပီး ျဖစ္ေစဖို႔အတြက္ ရည္႐ြယ္ၿပီး စက္႐ုပ္ကို အသုံးျပဳျခင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ပန္းၿခံကို ေအာက္တိုဘာလ ပထမပတ္ ႏိုင္ငံေတာ္ အားလပ္ရက္အတြင္း လူေပါင္း ၁၀၀,၀၀၀ ေက်ာ္ လာေရာက္လည္ပတ္ခဲ့တယ္လို႔ ေဒသတြင္း မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.