'Crocodile Dundee' ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သြစတြေးလျမိကျောင်းကြီး "ဘတ်" အသက်(၉၀)နှစ်မှာ သေဆုံး

 357

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၅

"Crocodile Dundee” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဧရာမ မိကျောင်းကြီး ဘတ်ဟာ အသက်(၉၀)နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဘတ်ဟာ အခုသီတင်းပတ်ကုန်က သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ ဒါဝင်မြို့ရှိ Crocosaurus Cove တွားသွားသတ္တဝါ ငါးပြတိုက်က အတည်ပြုပြောကြားခဲ့ပါတယ်။ "သူက မိကျောင်းသက်သက်ပဲ မဟုတ်ပါဘူး။ သဘာဝစွမ်းအားနဲ့ မယုံကြည်နိုင်စရာ သတ္တဝါတစ်ဦးဖြစ်ပါတယ်၊ သူနဲ့အတူအလုပ်လုပ်ခဲ့ကြသူတွေနဲ့ ပြတိုက်ကို လာရောက်လည်ပတ်သူ ထောင်ပေါင်းများစွာအတွက် အမှတ်ရနေရမယ့် သတ္တဝါလည်း ဖြစ်ပါတယ်”လို့ ငါးပြတိုက်က ရေးသားခဲ့ပါတယ်။ ရေငန်မိကျောင်းဖြစ်တဲ့ ဘတ်ဟာ ၅ မီတာ (၁၆ ပေ) ကျော်အရှည်ရှိပြီး ၁၉၈၀ ခုနှစ်က Reynolds မြစ်မှာ ဖမ်းဆီးခံရကာ ကမ္ဘာ့အကျော်ကြားဆုံး မိကျောင်းထဲက တစ်ကောင်ဖြစ်လာခဲ့ပါတယ်။

ဘတ်ဟာ ၁၉၈၆ ခုနှစ်ထွက် ရုပ်ရှင် Dundee မှာ ကြမ်းတမ်းတဲ့မိကျောင်း မက်ခ်ဒန်ဒီ အဖြစ် သရုပ်ဆောင်ထားပါတယ်။

zawgyi version




Related news

© 2021. All rights reserved.