ဝါရင့်တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

1244
သက်ပိုင်(NP News) - စက်တင်ဘာ ၂၅
စတီရီယိုခေတ်ဦးကတည်းက ထင်ရှားခဲ့သည့် ဝါရင့်တေးသံရှင် ဗစ်တာခင်ညိုသည် ယနေ့(စက်တင်ဘာ ၂၅ ရက်) နံနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုဝင်များ၏ အသိပေးမှုအရ သိရသည်။
ဗစ်တာခင်ညို၏ ညီအရင်းဖြစ်သူ တူးတူးက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook)တွင် ယနေ့ နံနက်ပိုင်းက အသိပေးခဲ့ခြင်း ဖြစ်သည်။
“ကျနော်၏အကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် Victor Khin Nyo ကွယ်လွန်သွားပြီဖြစ်ကြောင်း ပရိသတ် များကို ဝမ်းနည်းစွာအသိပေးအပ်ပါတယ်” ဟု တူးတူးက အသိပေးထားပြီး ထောင်နှင့်ချီသော ပြည်သူများက လည်းဝမ်းနည်းကြောင်း မှတ်ချက်ပြုထားသည်ကို တွေ့မြင်ရသည်။
ကွယ်လွန်ချိန်တွင် အသက် (၆၀) ဝန်းကျင်ရှိနေပြီဖြစ်သော တေးသံရှင် ဗစ်တာခင်ညိုသည် နွေ၊ ဒီဇင်ဘာ မနက်ခင်း၊မြခွာညို အပါအဝင် မြန်မာပရိသတ်များအကြား ရေပန်း စားသည့် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူလည်း ဖြစ်သည်။
zawgyi version
ဝါရင့္ေတးသံရွင္ ဗစ္တာခင္ညိဳ ကြယ္လြန္
သက္ပိုင္(NP News) - စက္တင္ဘာ ၂၅
စတီရီယိုေခတ္ဦးကတည္းက ထင္ရွားခဲ့သည့္ ဝါရင့္ေတးသံရွင္ ဗစ္တာခင္ညိဳသည္ ယေန႔(စက္တင္ဘာ ၂၅ ရက္) နံနက္ပိုင္းက ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း မိသားစုဝင္မ်ား၏ အသိေပးမႈအရ သိရသည္။
ဗစ္တာခင္ညိဳ၏ ညီအရင္းျဖစ္သူ တူးတူးက ၄င္း၏ လူမႈကြန္ရက္စာမ်က္ႏွာ (Facebook)တြင္ ယေန႔ နံနက္ပိုင္းက အသိေပးခဲ့ျခင္း ျဖစ္သည္။
“က်ေနာ္၏အကိုအႀကီးဆုံးျဖစ္တဲ့ ေတးသံရွင္ Victor Khin Nyo ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ပရိသတ္ မ်ားကို ဝမ္းနည္းစြာအသိေပးအပ္ပါတယ္” ဟု တူးတူးက အသိေပးထားၿပီး ေထာင္ႏွင့္ခ်ီေသာ ျပည္သူမ်ားက လည္းဝမ္းနည္းေၾကာင္း မွတ္ခ်က္ျပဳထားသည္ကို ေတြ႕ျမင္ရသည္။
ကြယ္လြန္ခ်ိန္တြင္ အသက္ (၆၀) ဝန္းက်င္ရွိေနၿပီျဖစ္ေသာ ေတးသံရွင္ ဗစ္တာခင္ညိဳသည္ ေႏြ၊ ဒီဇင္ဘာ မနက္ခင္း၊ျမခြာညိဳ အပါအဝင္ ျမန္မာပရိသတ္မ်ားအၾကား ေရပန္း စားသည့္ ေတးသီခ်င္းေပါင္းမ်ားစြာကို သီဆိုခဲ့သူလည္း ျဖစ္သည္။