အာဖရိက အရှေ့ပိုင်းကို ကွဲထွက်စေပြီး သမုဒ္ဒရာသစ်တစ်ခုဖြစ်ပေါ်လာစေမည့် ကမ္ဘာမြေ၏ ဘူမိနှလုံးခုန်သံကို ရှာဖွေတွေ့ရှိ #HtayOung #OungMarine(NP News)-စက်တင်ဘာ-၁၄

 320

===
ယနေ့ အာဖရိကတိုက်အရှေ့ပိုင်းတည်ရှိရာ ကမ္ဘာမြေကြီးရဲ့ အောက်မှာ အလွန်စွမ်းအားပြင်းတဲ့ ဘူမိဗေဒဖြစ်စဉ် တစ်ရပ်ကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဲ့ဒီဖြစ်စဉ်ကြောင့် နောင်နှစ်သန်းပေါင်းများစွာ ကြာတဲ့ အခါ တိုက်ကြီးဟာ နှစ်ခြမ်းခွဲပြီး အလယ်မှာ သမုဒ္ဒရာသစ်တစ်ခု ထွန်းပေါ်လာလိမ့်မယ်လို့ “တိုင်းမ်စ် အော့ဖ် အင်ဒီးယား” (12 September 2025) က ရေးပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ လက်ရှိ အီသီယိုပီးယားနိုင်ငံအောက်မှာ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ကမ္ဘာမြေရဲ့ အလယ်ဗဟိုနဲ့ အပေါ်ယံ မြေမျက်နှာပြင်အကြား အလယ်လွှာရှိ နက်ရှိုင်းတဲ့နေရာမှ ကျောက်ရည်ပူတို့ရဲ့ စည်းချက်မှန်မှန် တွန်းထိုးနေမှုဟာ “ဘူမိနှလုံးခုန်သံ” လို့ ဆိုနိုင်ကြောင်း “နေးချား ဂျီအိုဆိုင်းယင့်” လစဉ်ထုတ် သိပ္ပံဂျာနယ်မှာ ဖော်ပြထားပါတယ်။

စည်းချက်ညီညာတဲ့ ချောက်ချားဖွယ် အဲ့ဒီလှိုင်းတွေဟာ ကမ္ဘာ့အပေါ်ယံမြေလွှာကို အားပျော့စေပါတယ်။ င လျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲမှုတို့ကို ဖြစ်ပေါ်စေပြီး ကုန်းမြေ အက်ကွဲမှုကိုလည်း အရှိန်မြှင့်တင်ပေးသလို ရှိနေပါတယ်။

Afar Depression “အေဖား ချိုင့်ဝှမ်းဒေသ” ဆိုတာ မူလကတည်းက “ပင်လယ်နီ မြေကျွံလွှာ” “အေဒင်ပင် လယ်ကွေ့ မြေကျွံလွှာ” နဲ့ “ပင်မ အီသီယိုပီးယားမြေကျွံလွှာ” တို့ ဆုံတွေ့ရာက အသက်ဝင်နေတဲ့ တက်တိုးနစ် ကျောက်လွှာချပ်ကြီး ဖြစ်ပါတယ်။ အေဖား ချိုင့်ဝှမ်းဒေသအောက် ကမ္ဘာ့အလယ်လွှာမှ ကျောက်ရည်ပူတို့ရဲ့ တွန်းထိုးလှုပ်ရှားမှုဟာ ပုံမှန် တစ်သမတ်တည်း မဟုတ်ပဲ လှိုင်းပုံစံဖြစ်နေကြောင်း၊ မီးတောင်ပေါင်း (၁၃၀) ကျော်တို့က အန်ထွက်လာတဲ့ ချော်ရည်များရဲ့ ဓါတုဖွဲ့စည်းမှုက သက်သေပြနေပါတယ်။

လာမယ့် နှစ် (၅) သန်းမှ (၁၀) သန်းအတွင်း ဆိုမာလီကျောက်လွှာချပ် နဲ့ နူဘီယံကျောက်လွှာချပ်တို့ဟာ ဝေးရာ တစ်ဖက်တစ်ချပ်စီကို ရွေ့လျားသွားပါလိမ့်မယ်။ အလယ်မှာ ဖြစ်ပေါ်လာမယ့် ဧရာမအက်ကြောင်းကြီး အတွင်း ပင်လယ်ရေများ ဝင်ရောက်လာပြီး သမုဒ္ဒရာသစ်ကြီးတစ်ခု ဖြစ်ပေါ်လာဖွယ်ရှိပါတယ်။ အဲ့ဒီလိုဖြစ်လာခဲ့ရင် ယ နေ့ခေတ် ယူဂန်ဒါနဲ့ ရဝမ်ဒါတို့လို ကုန်းတွင်းပိတ်နိုင်ငံတွေဟာ နောင်အခါ ပင်လယ်ကမ်းရိုးတန်းနိုင်ငံများအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါ နောက်တစ်လ တစ်နှစ်ကြာရင် ဖြစ်မယ်လို့ ပြောတာ မဟုတ်ပဲ နှစ်ပေါင်း သန်းချီ ကြာပါဦးမယ်။

ယခုတွေ့ရှိမှုဟာ ကမ္ဘာ့အလယ်လွှာရဲ့ လှုပ်ရှားမှုများက ကမ္ဘာမြေကို ဘယ်ပုံဘယ်နည်း ပြန်လည်ပုံဖော်ပေးနေ ကြောင်း ပိုမိုနားလည်စေပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာ ဖြစ်ပေါ်လာစေခဲ့တဲ့ ယခင်ဖြစ်ရပ်များနဲ့လည်း ခပ်ဆင်ဆင် တူပါတယ်။ ဖြစ်စဉ်ဟာ နှေးကွေးပေမယ့် ကမ္ဘာမြေဟာ ကြီးမားထူးခြားတဲ့ စွမ်းပကား မည်မျှ ပိုင်ဆိုင် ကြောင်း ပြသနေပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာကြီးရဲ့ နှလုံးခုန်သံကို နားထောင်ရင်း အာဖရိကတိုက်ကြီး ကွဲထွက်ပြီး၊ သမုဒ္ဒရာသစ် မွေးဖွားလာမယ့်ဖြစ်စဉ်ကို ဆက်လက်လေ့လာနေကြပါတယ်။
.

===

Zawgyi Version:
အာဖရိက အေရွ႕ပိုင္းကို ကြဲထြက္ေစၿပီး သမုဒၵရာသစ္တစ္ခုျဖစ္ေပၚလာေစမည့္ ကမာၻေျမ၏ ဘူမိႏွလုံးခုန္သံကို ရွာေဖြေတြ႕ရွိ
#HtayOung #OungMarine(NP News)-စက္တင္ဘာ-၁၄၊
===
ယေန႔ အာဖရိကတိုက္အေရွ႕ပိုင္းတည္ရွိရာ ကမာၻေျမႀကီးရဲ႕ ေအာက္မွာ အလြန္စြမ္းအားျပင္းတဲ့ ဘူမိေဗဒျဖစ္စဥ္ တစ္ရပ္ကို သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း၊ အဲ့ဒီျဖစ္စဥ္ေၾကာင့္ ေနာင္ႏွစ္သန္းေပါင္းမ်ားစြာ ၾကာတဲ့ အခါ တိုက္ႀကီးဟာ ႏွစ္ျခမ္းခြဲၿပီး အလယ္မွာ သမုဒၵရာသစ္တစ္ခု ထြန္းေပၚလာလိမ့္မယ္လို႔ “တိုင္းမ္စ္ ေအာ့ဖ္ အင္ဒီးယား” (12 September 2025) က ေရးပါတယ္။

အဲ့ဒီျဖစ္စဥ္ဟာ လက္ရွိ အီသီယိုပီးယားႏိုင္ငံေအာက္မွာ ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း၊ ကမာၻေျမရဲ႕ အလယ္ဗဟိုနဲ႔ အေပၚယံ ေျမမ်က္ႏွာျပင္အၾကား အလယ္လႊာရွိ နက္ရႈိင္းတဲ့ေနရာမွ ေက်ာက္ရည္ပူတို႔ရဲ႕ စည္းခ်က္မွန္မွန္ တြန္းထိုးေနမႈဟာ “ဘူမိႏွလုံးခုန္သံ” လို႔ ဆိုႏိုင္ေၾကာင္း “ေနးခ်ား ဂ်ီအိုဆိုင္းယင့္” လစဥ္ထုတ္ သိပၸံဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

စည္းခ်က္ညီညာတဲ့ ေခ်ာက္ခ်ားဖြယ္ အဲ့ဒီလႈိင္းေတြဟာ ကမာၻ႔အေပၚယံေျမလႊာကို အားေပ်ာ့ေစပါတယ္။ င လ်င္လႈပ္ျခင္း၊ မီးေတာင္ေပါက္ကြဲမႈတို႔ကို ျဖစ္ေပၚေစၿပီး ကုန္းေျမ အက္ကြဲမႈကိုလည္း အရွိန္ျမႇင့္တင္ေပးသလို ရွိေနပါတယ္။

Afar Depression “ေအဖား ခ်ိဳင့္ဝွမ္းေဒသ” ဆိုတာ မူလကတည္းက “ပင္လယ္နီ ေျမကြၽံလႊာ” “ေအဒင္ပင္ လယ္ေကြ႕ ေျမကြၽံလႊာ” နဲ႔ “ပင္မ အီသီယိုပီးယားေျမကြၽံလႊာ” တို႔ ဆုံေတြ႕ရာက အသက္ဝင္ေနတဲ့ တက္တိုးနစ္ ေက်ာက္လႊာခ်ပ္ႀကီး ျဖစ္ပါတယ္။ ေအဖား ခ်ိဳင့္ဝွမ္းေဒသေအာက္ ကမာၻ႔အလယ္လႊာမွ ေက်ာက္ရည္ပူတို႔ရဲ႕ တြန္းထိုးလႈပ္ရွားမႈဟာ ပုံမွန္ တစ္သမတ္တည္း မဟုတ္ပဲ လႈိင္းပုံစံျဖစ္ေနေၾကာင္း၊ မီးေတာင္ေပါင္း (၁၃၀) ေက်ာ္တို႔က အန္ထြက္လာတဲ့ ေခ်ာ္ရည္မ်ားရဲ႕ ဓါတုဖြဲ႕စည္းမႈက သက္ေသျပေနပါတယ္။

လာမယ့္ ႏွစ္ (၅) သန္းမွ (၁၀) သန္းအတြင္း ဆိုမာလီေက်ာက္လႊာခ်ပ္ နဲ႔ ႏူဘီယံေက်ာက္လႊာခ်ပ္တို႔ဟာ ေဝးရာ တစ္ဖက္တစ္ခ်ပ္စီကို ေ႐ြ႕လ်ားသြားပါလိမ့္မယ္။ အလယ္မွာ ျဖစ္ေပၚလာမယ့္ ဧရာမအက္ေၾကာင္းႀကီး အတြင္း ပင္လယ္ေရမ်ား ဝင္ေရာက္လာၿပီး သမုဒၵရာသစ္ႀကီးတစ္ခု ျဖစ္ေပၚလာဖြယ္ရွိပါတယ္။ အဲ့ဒီလိုျဖစ္လာခဲ့ရင္ ယ ေန႔ေခတ္ ယူဂန္ဒါနဲ႔ ရဝမ္ဒါတို႔လို ကုန္းတြင္းပိတ္ႏိုင္ငံေတြဟာ ေနာင္အခါ ပင္လယ္ကမ္း႐ိုးတန္းႏိုင္ငံမ်ားအျဖစ္ ေျပာင္းလဲသြားပါလိမ့္မယ္။ ဒါေပမဲ့ အဲ့ဒါ ေနာက္တစ္လ တစ္ႏွစ္ၾကာရင္ ျဖစ္မယ္လို႔ ေျပာတာ မဟုတ္ပဲ ႏွစ္ေပါင္း သန္းခ်ီ ၾကာပါဦးမယ္။

ယခုေတြ႕ရွိမႈဟာ ကမာၻ႔အလယ္လႊာရဲ႕ လႈပ္ရွားမႈမ်ားက ကမာၻေျမကို ဘယ္ပုံဘယ္နည္း ျပန္လည္ပုံေဖာ္ေပးေန ေၾကာင္း ပိုမိုနားလည္ေစပါတယ္။ အတၱလန္တိတ္သမုဒၵရာ ျဖစ္ေပၚလာေစခဲ့တဲ့ ယခင္ျဖစ္ရပ္မ်ားနဲ႔လည္း ခပ္ဆင္ဆင္ တူပါတယ္။ ျဖစ္စဥ္ဟာ ေႏွးေကြးေပမယ့္ ကမာၻေျမဟာ ႀကီးမားထူးျခားတဲ့ စြမ္းပကား မည္မွ် ပိုင္ဆိုင္ ေၾကာင္း ျပသေနပါတယ္။

သိပၸံပညာရွင္ေတြကေတာ့ ကမာၻႀကီးရဲ႕ ႏွလုံးခုန္သံကို နားေထာင္ရင္း အာဖရိကတိုက္ႀကီး ကြဲထြက္ၿပီး၊ သမုဒၵရာသစ္ ေမြးဖြားလာမယ့္ျဖစ္စဥ္ကို ဆက္လက္ေလ့လာေနၾကပါတယ္။
.

===

Related news

© 2021. All rights reserved.