"နော်ဝေး"
527
Pika (NP News) - ဒီဇင်ဘာ ၃ဝ
နော်ဝေးနိုင်ငံသည် ဥရောပမြောက်ပိုင်းတွင်တည်ရှိသည့် နော်ဒစ်ဒေသနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရင်သပ်ရှု မောဖွယ်ကောင်းသော တောင်တန်းများနှင့် စမ်းချောင်းများ၊ စိမ်းမြသောသစ်တောများနှင့် တောင်တက်ခြင်းနှင့် ကနူးလှေစီးခြင်းကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာစွန့်စားခန်းတို့ကြောင့် နာမည်ကျော်ကြားသည်။ နော်ဝေးနိုင်ငံသည် စကင်ဒီနေးဗီးယားကျွန်းဆွယ်ပေါ်တွင်တည်ရှိပြီး(၂၀၂၄)ခုနှစ် အထိ နေထိုင်သူလူဦးရေ (၅ ဒသမ ၅)သန်းရှိသည်။ နော်ဝေးနိုင်ငံ၏ စုစုပေါင်းဧရိယာအကျယ် အဝန်းမှာ (၃၈၅၂၀၇)စတုရန်းကီလိုမီတာရှိပြီး မြို့တော်နှင့်နိုင်ငံတွင်းတွင် အကြီးဆုံးမြို့မှာ အော်စလိုမြို့ဖြစ်သည်။ နော်ဝေးနိုင်ငံသည် ဆွီဒင်နိုင်ငံ နှင့် ရှည်လျားသော အရှေ့ဘက်နယ်နိမိတ်ကို မျှဝေထားပြီး အရှေ့မြောက်ဘက်ခြမ်းတွင် ဖင်လန်၊ ရုရှား နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ထို့ပြင် နော်ဝေးနိုင်ငံတွင် Skagerrak ရေလက်ကြား၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာနှင့် Barents ပင်လယ်တို့ကို မျက်နှာမူ ထားသည့် ကျယ်ပြန့်သော ကမ်းရိုးတန်းရှိကြောင်းလည်းသိရသည်။ နော်ဝေးနိုင်ငံကို (၈၇၂)ခုနှစ်တွင် သေးငယ်သော နိုင်ငံများ၏ ပေါင်းစည်းမှုအဖြစ်တည်ထောင်ခဲ့ပြီး (၁၁၅၁-၁၁၅၂)ခုနှစ်တို့အထိ ဆက်တိုက်တည်ရှိခဲ့သည်။(၁၅၃၇)ခုနှစ်မှ (၁၈၁၄)ခုနှစ်အထိ ဒိန်းမတ်-နော် ဝေးနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး (၁၈၁၄)ခု နှစ်မှ (၁၉၀၅)ခုနှစ်အထိ ဆွီဒင်နိုင်ငံ နှင့် ပုဂ္ဂိုလ်ရေး အရပေါင်းစည်းခဲ့ကြောင်းသိရသည်။ နော်ဝေးနိုင်ငံသည် ပထမကမ္ဘာစစ်အတွင်း ကြားနေနိုင်ငံအဖြစ် သာရပ်တည်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၀)ပြည့်နှစ် ဧပြီလမတိုင်မီအချိန်မှစတင်ပြီး စစ်ပွဲပြီးဆုံးသည့်အချိန် အထိ နာဇီဂျာမနီများ၏ ကျူးကျော်မှုနှင့် သိမ်းပိုက်မှုကိုခံခဲ့ရကြောင်းသိရသည်။
တော်ဝင်အိမ်တော် Glücksburg ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Harald V သည် နော်ဝေးနိုင်ငံ၏လက်ရှိဘုရင်ဖြစ်ပြီး Jonas Gahr Støre သည် (၂၀၂၁)ခုနှစ်မှ စတင်ပြီး နော်ဝေးနိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံး သော နော်ဝေးနိုင်ငံတွင် (၁၈၁၄)ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ လွှတ်တော်၊ အစိုးရအဖွဲ့နှင့် တရားရုံးချုပ်အကြား နိုင်ငံတော်အာဏာကို ပိုင်းခြားထားသည်။ နော်ဝေးနိုင်ငံသည် ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံတို့နှင့် နီးကပ်သော ဆက်ဆံရေးများကို ထိန်းသိမ်းထားသည်။ ထို့ပြင် နော်ဝေးနိုင်ငံသည် ကုလသမဂ္ဂ၊ နေတိုး၊ ဥရောပလွတ်လပ်သော ကုန်သွယ်မှုအဖွဲ့၊ ဥရောပကောင်စီ၊ အန္တာတိ ကသဘောတူစာချုပ်နှင့် နော်ဒစ်ကောင်စီတို့၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကာ ဥရောပ စီးပွားရေးဧရိယာ၊ WTO နှင့် OECD တို့၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပြီး နယ်စပ်ထိန်းချုပ်မှုများကို ဖျက်သိမ်းထားသည့် Schengen ဧရိယာတွင် တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်းလည်းသိရသည်။ နော်ဝေးနိုင်ငံသည် Nordic လူမှုဘဝဖူလုံရေးပုံစံကို universal health care စနစ်၊ ပြည့်စုံသော social security system တို့ဖြင့် ထိန်းသိမ်းထားသည်။ နော်ဝေးနိုင်ငံသည် အဓိကကျသောစက်မှုကဏ္ဍများတွင် ကြီးမားသော ပိုင်ဆိုင်မှုအနေအထား များရှိပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်ပစ္စည်းများ၊ သစ်ခွဲသား၊ ပင်လယ်စာနှင့် ရေချို အရန်အမြောက်အမြားရှိ ကြောင်းသိရသည်။ ထို့ပြင် ရေနံလုပ်ငန်းသည် နိုင်ငံဂျီဒီပီ၏ လေးပုံတစ်ပုံခန့်ရှိပြီး နော်ဝေးနိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသအပြင်ဘက်တွင် ကမ္ဘာ့အကြီးဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့်နိုင်ငံ ဖြစ်ကြောင်းလည်းသိရသည်။ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)တို့၏စာရင်းအရ နော်ဝေးနိုင်ငံသည် ကမ္ဘာပေါ်တွင် လေးခု မြောက်နှင့် ရှစ်ခုမြောက် လူတစ်ဦးချင်းဝင်ငွေ အမြင့်ဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။ ထို့ပြင် နော်ဝေး နိုင်ငံသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၃)ထရီလျံရှိသော ကမ္ဘာ့အကြီးဆုံး အချုပ်အ ခြာအာဏာပိုင် ကြွယ်ဝမှုရန်ပုံငွေရှိကြောင်းလည်းသိ ရသည်။
စီးပွားရေး
နော်ဝေးနိုင်ငံသည် ဥရောပနိုင်ငံများအကြားတွင် လူဇင်ဘတ်နိုင်ငံပြီးလျှင် လူတစ်ဦးချင်းဂျီဒီပီ ဒုတိယ မြောက်အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် လူတစ်ဦး ချင်းဂျီဒီပီ ခြောက်ခုမြောက်အမြင့်ဆုံးဖြစ်ကြောင်းသိ ရသည်။ နော်ဝေးနိုင်ငံသည် ငွေကြေးတန်ဖိုးအရ ဒုတိယမြောက်အချမ်းသာဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး အခြား မည်သည့် နိုင်ငံထက်မဆို လူတစ်ဦးချင်း အရင်းအနှီးအကြီးဆုံးရှိသည့် နိုင်ငံဖြစ်ကြောင်းသိရသည်။ နော်ဝေးနိုင်ငံ၏ လူနေမှုအဆင့် အတန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးလူနေမှုအဆင့်အတန်းရှိ သည့်နိုင်ငံများထဲတွင်ပါဝင်ကြောင်းလည်းသိရသည်။ နော်ဝေးနိုင်ငံ၏စီးပွားရေးသည် ရောနှောသောစီးပွား ရေးစနစ်၏ ဥပမာတစ်ခုဖြစ်ပြီး ရေနံထုတ်လုပ်မှုက သိသိသာသာ ပံ့ပိုးကူညီမှုအပါအဝင် နိုင်ငံ၏ဝင်ငွေကို သဘာဝအရင်းအမြစ်များမှရရှိကြောင်း သိရသည်။ (၂၀၁၆)ခုနှစ်အထိ နော်ဝေး နိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းသည် (၄ ဒသမ ၈)ရာခိုင်နှုန်းသာရှိပြီး အသက် (၁၅)နှစ်မှ (၇၄)နှစ်ကြားလူဦးရေ၏ (၆၈)ရာခိုင်နှုန်းက အလုပ်ရှိကြသည်။ (၂၀၁၃)ခုနှစ်အထိ အသက် (၁၈)နှစ်မှ (၆၆)နှစ်ကြားလူဦးရေ၏ (၉ ဒသမ ၅) ရာခိုင်နှုန်းသည် မသန်စွမ်းပင်စင်ကိုရရှိကြပြီး လုပ်သားအင်အား၏(၃၀)ရာခိုင်နှုန်းကို အစိုးရက အလုပ်ခန့်ထားကာ OECD အဖွဲ့တွင်းတွင် အမြင့်ဆုံးဖြစ် ကြောင်းလည်းသိရသည်။ ထို့ပြင် နာရီအလိုက် ကုန် ထုတ်စွမ်းအားအဆင့်များအပြင် နော်ဝေးနိုင်ငံ၏ ပျမ်း မျှတစ်နာရီလုပ်ခလစာသည် ကမ္ဘာပေါ်တွင် တစ်နာရီ လုပ်ခလစာအမြင့်ဆုံးရှိသည့်နိုင်ငံများထဲတွင် ပါဝင် သည်။ နော်ဝေးနိုင်ငံသည် မဟာဗျူဟာမြောက် ရေနံ ကဏ္ဍ၊ ရေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး၊ အလူ မီနီယံ ထုတ်လုပ်မှု ၊ အကြီးဆုံး နော်ဝေးဘဏ်နှင့် ဆက်သွယ်မှုပံ့ပိုးသူ(တယ်လီနော)တို့ကဲ့သို့သော အဓိကစက်မှုကဏ္ဍများတွင် ကြီးမားသောပိုင်ဆိုင်မှုအနေအထားများရှိသည်။ အဆိုပါကုမ္ပဏီကြီးများမှတစ်ဆင့် နော်ဝေးအစိုးရသည် အော်စလိုစ တော့ အိတ်ချိန်းတွင်ရှိသော စတော့တန်ဖိုး၏(၃၀)ရာခိုင် နှုန်းခန့်ကို ထိန်းချုပ်ထားသည်။ ထို့ပြင် နော်ဝေးနိုင်ငံသည် သင်္ဘောဖြင့်ကုန်ပစ္စည်းပို့ဆောင်မှုရှိသည့် အဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ခြောက်ခုမြောက်အကြီးဆုံး ကုန်တင်သင်္ဘောအုပ်စုပိုင်ဆိုင် သည့်နိုင်ငံဖြစ်ကာ ကုန်တင်သင်္ဘော(၁၄၁၂)စင်း အထိပိုင်ဆိုင်ထားကြောင်းသိရသည်။ နော်ဝေးနိုင်ငံသည် ရေနံ၊ ရေအားလျှပ်စစ်၊ ငါး၊ သစ်တောနှင့်တွင်း ထွက်ပစ္စည်းများအပါအဝင် သဘာဝအရင်းအမြစ်များ ကြွယ်ဝသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ (၁၉၆၀)ပြည့်နှစ်တွင် နော်ဝေးနိုင်ငံ၌ ကြီးမားသော အရန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကိုရှာဖွေတွေ့ရှိခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုဖြစ်ပေါ်စေခဲ့သည်။ နော်ဝေးနိုင်ငံသည် လူဦးရေ အရွယ် အစားနှင့် နှိုင်းယှဉ်ပါက သဘာဝအရင်းအမြစ်ပမာဏအများအပြားရှိသဖြင့် ကမ္ဘာပေါ်တွင် လူနေမှုအဆင့်အတန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ်သတ်မှတ်ခံထားရသည်။ (၂၀၁၁) ခုနှစ်တွင် နော်ဝေးနိုင်ငံ ဝင်ငွေ၏ (၂၈) ရာခိုင်နှုန်းကို ရေနံလုပ်ငန်းမှရရှိခဲ့ ကြောင်းသိရသည်။ နော်ဝေးနိုင်ငံသည် ၎င်း၏ မိုးသစ် တောများပြုန်းတီးခြင်းမှ ကာကွယ်ရန်ရည်ရွယ်ချက် ဖြင့် သစ်ပင်ခုတ်မှုကို တားမြစ်ခဲ့သည့် ပထမဆုံး နိုင်ငံလည်းဖြစ်သည်။
ခရီးသွားလုပ်ငန်း
ထို့ပြင် နော်ဝေးနိုင်ငံသည် ဗြိတိန်၊ ဂျာမနီ နိုင်ငံတို့နှင့်အတူ (၂၀၁၄)ခုနှစ်တွင်ကျင်းပသော ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်း အဝေးတွင် ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။
(၂၀ဝ၈)ခုနှစ်တွင် နော်ဝေးနိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ခရီးသွားလာရေးယှဉ်ပြိုင်မှု အစီရင်ခံစာတွင် အဆင့်(၁၇)နေရာတွင် ရပ်တည်နိုင် ခဲ့သည်။ (၂၀၁၆)ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ နော်ဝေးနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဂျီဒီပီ၏(၄ ဒသမ ၂)ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့သည်။ ထို့ပြင် နိုင်ငံတစ်ဝန်းရှိ လူ(၁၅)ဦးလျှင် တစ်ဦးစီက ခရီးသွားလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ကြကြောင်း သိရသည်။ နော်ဝေးနိုင်ငံရှိ ခရီးသွားလုပ်ငန်းသည် ရာသီအလိုက်ဖြစ်ပြီး ခရီးသွားစုစုပေါင်း၏ထက်ဝက် ကျော်မှာ မေလမှ ဩဂုတ်လကြား လာရောက်လည် ပတ်လေ့ရှိကြ ကြောင်းသိရသည်။ နော်ဝေးနိုင်ငံ၏ အဓိကဆွဲဆောင်မှုများမှာ ကျယ်ပြန့်သောရှုခင်းနေရာအမျိုးမျိုး ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် နော်ဝေးနိုင်ငံသည် ၎င်း၏ကမ်းရိုးတန်းနှင့် တောင်တန်းများ၊ နှင်းလျှောစီးအပန်းဖြေစခန်းများ၊ ရေကန် များနှင့် သစ်တောများကြောင့် နာမည်ကျော်ကြားသည်။ နော်ဝေးနိုင်ငံရှိ လူကြိုက်များသော ခရီးသွား နေရာများတွင် အော်စလိုမြို့၊ အလီဆန်မြို့၊ ဘာဂန်မြို့၊ စတာဗန်ဂါမြို့၊ ထရွန်ဟိမ်းမြို့၊ ခရစ္စတီယန် ဆန်မြို့၊ အာရန်ဒယ်လ်မြို့၊ ထရွန်ဆိုမြို့၊ ဖရက်ဒရစ် စတက်မြို့နှင့် တွန်းစ်ဘာ့ချ်မြို့တို့ပါဝင်ကြောင်း သိရသည်။
နော်ဝေးနိုင်ငံ၏ သဘာဝနေရာအများစုမှာ မပျက်မစီးကျန်ရှိနေဆဲဖြစ်သောကြောင့် တောင်တက်သမားများနှင့် နှင်းလျှောစီးသမားအများအပြားကို ဆွဲဆောင်လျက်ရှိကြောင်းလည်းသိရသည်။ နော်ဝေးနိုင်ငံနောက်ပိုင်းနှင့် မြောက်ပိုင်း တို့ တွင်ရှိသောရေခဲမြစ်က ဖန်တီးထားသည့် မတ်စောက်သော ချောက်ကမ်းပါးများနှင့်ရှည်လျားကျဉ်းမြောင်းသော ပင်လယ်ဝင်ပေါက် jords၊ တောင်တန်းများနှင့်ရေတံခွန်များသည် နှစ်စဉ်နိုင်ငံခြားခရီးသွားသိန်းချီကို ဆွဲဆောင်လျက်ရှိသည်။
zawgyi version
"ေနာ္ေဝး"
Pika (NP News) - ဒီဇင္ဘာ ၃ဝ
ေနာ္ေဝးႏိုင္ငံသည္ ဥေရာပေျမာက္ပိုင္းတြင္တည္ရွိသည့္ ေနာ္ဒစ္ေဒသႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ရင္သပ္ရႈ ေမာဖြယ္ေကာင္းေသာ ေတာင္တန္းမ်ားႏွင့္ စမ္းေခ်ာင္းမ်ား၊ စိမ္းျမေသာသစ္ေတာမ်ားႏွင့္ ေတာင္တက္ျခင္းႏွင့္ ကႏူးေလွစီးျခင္းကဲ့သို႔ေသာ စိတ္လႈပ္ရွားဖြယ္ရာစြန႔္စားခန္းတို႔ေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ေနာ္ေဝးႏိုင္ငံသည္ စကင္ဒီေနးဗီးယားကြၽန္းဆြယ္ေပၚတြင္တည္ရွိၿပီး(၂၀၂၄)ခုႏွစ္ အထိ ေနထိုင္သူလူဦးေရ (၅ ဒသမ ၅)သန္းရွိသည္။ ေနာ္ေဝးႏိုင္ငံ၏ စုစုေပါင္းဧရိယာအက်ယ္ အဝန္းမွာ (၃၈၅၂၀၇)စတုရန္းကီလိုမီတာရွိၿပီး ၿမိဳ႕ေတာ္ႏွင့္ႏိုင္ငံတြင္းတြင္ အႀကီးဆုံးၿမိဳ႕မွာ ေအာ္စလိုၿမိဳ႕ျဖစ္သည္။ ေနာ္ေဝးႏိုင္ငံသည္ ဆြီဒင္ႏိုင္ငံ ႏွင့္ ရွည္လ်ားေသာ အေရွ႕ဘက္နယ္နိမိတ္ကို မွ်ေဝထားၿပီး အေရွ႕ေျမာက္ဘက္ျခမ္းတြင္ ဖင္လန္၊ ႐ုရွား ႏိုင္ငံတို႔ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည္။ ထို႔ျပင္ ေနာ္ေဝးႏိုင္ငံတြင္ Skagerrak ေရလက္ၾကား၊ ေျမာက္အတၱလႏၲိတ္သမုဒၵရာႏွင့္ Barents ပင္လယ္တို႔ကို မ်က္ႏွာမူ ထားသည့္ က်ယ္ျပန႔္ေသာ ကမ္း႐ိုးတန္းရွိေၾကာင္းလည္းသိရသည္။ ေနာ္ေဝးႏိုင္ငံကို (၈၇၂)ခုႏွစ္တြင္ ေသးငယ္ေသာ ႏိုင္ငံမ်ား၏ ေပါင္းစည္းမႈအျဖစ္တည္ေထာင္ခဲ့ၿပီး (၁၁၅၁-၁၁၅၂)ခုႏွစ္တို႔အထိ ဆက္တိုက္တည္ရွိခဲ့သည္။(၁၅၃၇)ခုႏွစ္မွ (၁၈၁၄)ခုႏွစ္အထိ ဒိန္းမတ္-ေနာ္ ေဝးႏိုင္ငံ၏ တစ္စိတ္တစ္ပိုင္းျဖစ္ခဲ့ၿပီး (၁၈၁၄)ခု ႏွစ္မွ (၁၉၀၅)ခုႏွစ္အထိ ဆြီဒင္ႏိုင္ငံ ႏွင့္ ပုဂၢိဳလ္ေရး အရေပါင္းစည္းခဲ့ေၾကာင္းသိရသည္။ ေနာ္ေဝးႏိုင္ငံသည္ ပထမကမာၻစစ္အတြင္း ၾကားေနႏိုင္ငံအျဖစ္ သာရပ္တည္ခဲ့ၿပီး ဒုတိယကမာၻစစ္အတြင္း (၁၉၄၀)ျပည့္ႏွစ္ ဧၿပီလမတိုင္မီအခ်ိန္မွစတင္ၿပီး စစ္ပြဲၿပီးဆုံးသည့္အခ်ိန္ အထိ နာဇီဂ်ာမနီမ်ား၏ က်ဴးေက်ာ္မႈႏွင့္ သိမ္းပိုက္မႈကိုခံခဲ့ရေၾကာင္းသိရသည္။
ေတာ္ဝင္အိမ္ေတာ္ Glücksburg ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ Harald V သည္ ေနာ္ေဝးႏိုင္ငံ၏လက္ရွိဘုရင္ျဖစ္ၿပီး Jonas Gahr Støre သည္ (၂၀၂၁)ခုႏွစ္မွ စတင္ၿပီး ေနာ္ေဝးႏိုင္ငံ၏ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္းသိရသည္။ စည္းမ်ဥ္းခံဘုရင္စနစ္ က်င့္သုံး ေသာ ေနာ္ေဝးႏိုင္ငံတြင္ (၁၈၁၄)ခုႏွစ္ ဖြဲ႕ စည္းပုံအေျခခံဥပေဒအရ လႊတ္ေတာ္၊ အစိုးရအဖြဲ႕ႏွင့္ တရား႐ုံးခ်ဳပ္အၾကား ႏိုင္ငံေတာ္အာဏာကို ပိုင္းျခားထားသည္။ ေနာ္ေဝးႏိုင္ငံသည္ ဥေရာပသမဂၢ၊ အေမရိကန္ႏိုင္ငံတို႔ႏွင့္ နီးကပ္ေသာ ဆက္ဆံေရးမ်ားကို ထိန္းသိမ္းထားသည္။ ထို႔ျပင္ ေနာ္ေဝးႏိုင္ငံသည္ ကုလသမဂၢ၊ ေနတိုး၊ ဥေရာပလြတ္လပ္ေသာ ကုန္သြယ္မႈအဖြဲ႕၊ ဥေရာပေကာင္စီ၊ အႏၲာတိ ကသေဘာတူစာခ်ဳပ္ႏွင့္ ေနာ္ဒစ္ေကာင္စီတို႔၏ တည္ေထာင္သူအဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ကာ ဥေရာပ စီးပြားေရးဧရိယာ၊ WTO ႏွင့္ OECD တို႔၏ အဖြဲ႕ဝင္ႏိုင္ငံလည္းျဖစ္ၿပီး နယ္စပ္ထိန္းခ်ဳပ္မႈမ်ားကို ဖ်က္သိမ္းထားသည့္ Schengen ဧရိယာတြင္ တစ္စိတ္တစ္ပိုင္းပါဝင္ေၾကာင္းလည္းသိရသည္။ ေနာ္ေဝးႏိုင္ငံသည္ Nordic လူမႈဘဝဖူလုံေရးပုံစံကို universal health care စနစ္၊ ျပည့္စုံေသာ social security system တို႔ျဖင့္ ထိန္းသိမ္းထားသည္။ ေနာ္ေဝးႏိုင္ငံသည္ အဓိကက်ေသာစက္မႈက႑မ်ားတြင္ ႀကီးမားေသာ ပိုင္ဆိုင္မႈအေနအထား မ်ားရွိၿပီး ေရနံ၊ သဘာဝဓာတ္ေငြ႕၊ တြင္းထြက္ပစၥည္းမ်ား၊ သစ္ခြဲသား၊ ပင္လယ္စာႏွင့္ ေရခ်ိဳ အရန္အေျမာက္အျမားရွိ ေၾကာင္းသိရသည္။ ထို႔ျပင္ ေရနံလုပ္ငန္းသည္ ႏိုင္ငံဂ်ီဒီပီ၏ ေလးပုံတစ္ပုံခန႔္ရွိၿပီး ေနာ္ေဝးႏိုင္ငံသည္ အေရွ႕အလယ္ပိုင္း ေဒသအျပင္ဘက္တြင္ ကမာၻ႔အႀကီးဆုံး ေရနံႏွင့္သဘာဝဓာတ္ေငြ႕ထုတ္လုပ္သည့္ႏိုင္ငံ ျဖစ္ေၾကာင္းလည္းသိရသည္။ ကမာၻ႔ဘဏ္ႏွင့္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF)တို႔၏စာရင္းအရ ေနာ္ေဝးႏိုင္ငံသည္ ကမာၻေပၚတြင္ ေလးခု ေျမာက္ႏွင့္ ရွစ္ခုေျမာက္ လူတစ္ဦးခ်င္းဝင္ေငြ အျမင့္ဆုံးရွိသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ေနာ္ေဝး ႏိုင္ငံသည္ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ (၁ ဒသမ ၃)ထရီလ်ံရွိေသာ ကမာၻ႔အႀကီးဆုံး အခ်ဳပ္အ ျခာအာဏာပိုင္ ႂကြယ္ဝမႈရန္ပုံေငြရွိေၾကာင္းလည္းသိ ရသည္။
စီးပြားေရး
ေနာ္ေဝးႏိုင္ငံသည္ ဥေရာပႏိုင္ငံမ်ားအၾကားတြင္ လူဇင္ဘတ္ႏိုင္ငံၿပီးလွ်င္ လူတစ္ဦးခ်င္းဂ်ီဒီပီ ဒုတိယ ေျမာက္အျမင့္ဆုံးျဖစ္ၿပီး ကမာၻေပၚတြင္ လူတစ္ဦး ခ်င္းဂ်ီဒီပီ ေျခာက္ခုေျမာက္အျမင့္ဆုံးျဖစ္ေၾကာင္းသိ ရသည္။ ေနာ္ေဝးႏိုင္ငံသည္ ေငြေၾကးတန္ဖိုးအရ ဒုတိယေျမာက္အခ်မ္းသာဆုံးႏိုင္ငံအျဖစ္ ရပ္တည္ေနၿပီး အျခား မည္သည့္ ႏိုင္ငံထက္မဆို လူတစ္ဦးခ်င္း အရင္းအႏွီးအႀကီးဆုံးရွိသည့္ ႏိုင္ငံျဖစ္ေၾကာင္းသိရသည္။ ေနာ္ေဝးႏိုင္ငံ၏ လူေနမႈအဆင့္ အတန္းသည္ ကမာၻေပၚတြင္ အျမင့္ဆုံးလူေနမႈအဆင့္အတန္းရွိ သည့္ႏိုင္ငံမ်ားထဲတြင္ပါဝင္ေၾကာင္းလည္းသိရသည္။ ေနာ္ေဝးႏိုင္ငံ၏စီးပြားေရးသည္ ေရာေႏွာေသာစီးပြား ေရးစနစ္၏ ဥပမာတစ္ခုျဖစ္ၿပီး ေရနံထုတ္လုပ္မႈက သိသိသာသာ ပံ့ပိုးကူညီမႈအပါအဝင္ ႏိုင္ငံ၏ဝင္ေငြကို သဘာဝအရင္းအျမစ္မ်ားမွရရွိေၾကာင္း သိရသည္။ (၂၀၁၆)ခုႏွစ္အထိ ေနာ္ေဝး ႏိုင္ငံ၏ အလုပ္လက္မဲ့ ႏႈန္းသည္ (၄ ဒသမ ၈)ရာခိုင္ႏႈန္းသာရွိၿပီး အသက္ (၁၅)ႏွစ္မွ (၇၄)ႏွစ္ၾကားလူဦးေရ၏ (၆၈)ရာခိုင္ႏႈန္းက အလုပ္ရွိၾကသည္။ (၂၀၁၃)ခုႏွစ္အထိ အသက္ (၁၈)ႏွစ္မွ (၆၆)ႏွစ္ၾကားလူဦးေရ၏ (၉ ဒသမ ၅) ရာခိုင္ႏႈန္းသည္ မသန္စြမ္းပင္စင္ကိုရရွိၾကၿပီး လုပ္သားအင္အား၏(၃၀)ရာခိုင္ႏႈန္းကို အစိုးရက အလုပ္ခန႔္ထားကာ OECD အဖြဲ႕တြင္းတြင္ အျမင့္ဆုံးျဖစ္ ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ နာရီအလိုက္ ကုန္ ထုတ္စြမ္းအားအဆင့္မ်ားအျပင္ ေနာ္ေဝးႏိုင္ငံ၏ ပ်မ္း မွ်တစ္နာရီလုပ္ခလစာသည္ ကမာၻေပၚတြင္ တစ္နာရီ လုပ္ခလစာအျမင့္ဆုံးရွိသည့္ႏိုင္ငံမ်ားထဲတြင္ ပါဝင္ သည္။ ေနာ္ေဝးႏိုင္ငံသည္ မဟာဗ်ဴဟာေျမာက္ ေရနံ က႑၊ ေရအားလွ်ပ္စစ္စြမ္းအင္ထုတ္လုပ္ေရး၊ အလူ မီနီယံ ထုတ္လုပ္မႈ ၊ အႀကီးဆုံး ေနာ္ေဝးဘဏ္ႏွင့္ ဆက္သြယ္မႈပံ့ပိုးသူ(တယ္လီေနာ)တို႔ကဲ့သို႔ေသာ အဓိကစက္မႈက႑မ်ားတြင္ ႀကီးမားေသာပိုင္ဆိုင္မႈအေနအထားမ်ားရွိသည္။ အဆိုပါကုမၸဏီႀကီးမ်ားမွတစ္ဆင့္ ေနာ္ေဝးအစိုးရသည္ ေအာ္စလိုစ ေတာ့ အိတ္ခ်ိန္းတြင္ရွိေသာ စေတာ့တန္ဖိုး၏(၃၀)ရာခိုင္ ႏႈန္းခန႔္ကို ထိန္းခ်ဳပ္ထားသည္။ ထို႔ျပင္ ေနာ္ေဝးႏိုင္ငံသည္ သေဘၤာျဖင့္ကုန္ပစၥည္းပို႔ေဆာင္မႈရွိသည့္ အဓိကႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ကမာၻေပၚတြင္ ေျခာက္ခုေျမာက္အႀကီးဆုံး ကုန္တင္သေဘၤာအုပ္စုပိုင္ဆိုင္ သည့္ႏိုင္ငံျဖစ္ကာ ကုန္တင္သေဘၤာ(၁၄၁၂)စင္း အထိပိုင္ဆိုင္ထားေၾကာင္းသိရသည္။ ေနာ္ေဝးႏိုင္ငံသည္ ေရနံ၊ ေရအားလွ်ပ္စစ္၊ ငါး၊ သစ္ေတာႏွင့္တြင္း ထြက္ပစၥည္းမ်ားအပါအဝင္ သဘာဝအရင္းအျမစ္မ်ား ႂကြယ္ဝသည့္ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ (၁၉၆၀)ျပည့္ႏွစ္တြင္ ေနာ္ေဝးႏိုင္ငံ၌ ႀကီးမားေသာ အရန္ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕မ်ားကိုရွာေဖြေတြ႕ရွိခဲ့ၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကိုျဖစ္ေပၚေစခဲ့သည္။ ေနာ္ေဝးႏိုင္ငံသည္ လူဦးေရ အ႐ြယ္ အစားႏွင့္ ႏႈိင္းယွဥ္ပါက သဘာဝအရင္းအျမစ္ပမာဏအမ်ားအျပားရွိသျဖင့္ ကမာၻေပၚတြင္ လူေနမႈအဆင့္အတန္း အျမင့္ဆုံးႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံအျဖစ္သတ္မွတ္ခံထားရသည္။ (၂၀၁၁) ခုႏွစ္တြင္ ေနာ္ေဝးႏိုင္ငံ ဝင္ေငြ၏ (၂၈) ရာခိုင္ႏႈန္းကို ေရနံလုပ္ငန္းမွရရွိခဲ့ ေၾကာင္းသိရသည္။ ေနာ္ေဝးႏိုင္ငံသည္ ၎၏ မိုးသစ္ ေတာမ်ားျပဳန္းတီးျခင္းမွ ကာကြယ္ရန္ရည္႐ြယ္ခ်က္ ျဖင့္ သစ္ပင္ခုတ္မႈကို တားျမစ္ခဲ့သည့္ ပထမဆုံး ႏိုင္ငံလည္းျဖစ္သည္။
ခရီးသြားလုပ္ငန္း
ထို႔ျပင္ ေနာ္ေဝးႏိုင္ငံသည္ ၿဗိတိန္၊ ဂ်ာမနီ ႏိုင္ငံတို႔ႏွင့္အတူ (၂၀၁၄)ခုႏွစ္တြင္က်င္းပေသာ ကုလသမဂၢရာသီဥတုဆိုင္ရာ ထိပ္သီးအစည္း အေဝးတြင္ ၎၏ ရည္႐ြယ္ခ်က္ကို ထုတ္ျပန္ ေၾကညာခဲ့သည္။
(၂၀ဝ၈)ခုႏွစ္တြင္ ေနာ္ေဝးႏိုင္ငံသည္ ကမာၻ႔စီးပြားေရးဖိုရမ္၏ ခရီးသြားလာေရးယွဥ္ၿပိဳင္မႈ အစီရင္ခံစာတြင္ အဆင့္(၁၇)ေနရာတြင္ ရပ္တည္ႏိုင္ ခဲ့သည္။ (၂၀၁၆)ခုႏွစ္တြင္ ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာအရ ေနာ္ေဝးႏိုင္ငံ၏ ခရီးသြားလုပ္ငန္းသည္ ဂ်ီဒီပီ၏(၄ ဒသမ ၂)ရာခိုင္ႏႈန္းကို ပံ့ပိုးေပးခဲ့သည္။ ထို႔ျပင္ ႏိုင္ငံတစ္ဝန္းရွိ လူ(၁၅)ဦးလွ်င္ တစ္ဦးစီက ခရီးသြားလုပ္ငန္းတြင္ အလုပ္လုပ္ကိုင္ၾကေၾကာင္း သိရသည္။ ေနာ္ေဝးႏိုင္ငံရွိ ခရီးသြားလုပ္ငန္းသည္ ရာသီအလိုက္ျဖစ္ၿပီး ခရီးသြားစုစုေပါင္း၏ထက္ဝက္ ေက်ာ္မွာ ေမလမွ ဩဂုတ္လၾကား လာေရာက္လည္ ပတ္ေလ့ရွိၾက ေၾကာင္းသိရသည္။ ေနာ္ေဝးႏိုင္ငံ၏ အဓိကဆြဲေဆာင္မႈမ်ားမွာ က်ယ္ျပန႔္ေသာရႈခင္းေနရာအမ်ိဳးမ်ိဳး ျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ေနာ္ေဝးႏိုင္ငံသည္ ၎၏ကမ္း႐ိုးတန္းႏွင့္ ေတာင္တန္းမ်ား၊ ႏွင္းေလွ်ာစီးအပန္းေျဖစခန္းမ်ား၊ ေရကန္ မ်ားႏွင့္ သစ္ေတာမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ေနာ္ေဝးႏိုင္ငံရွိ လူႀကိဳက္မ်ားေသာ ခရီးသြား ေနရာမ်ားတြင္ ေအာ္စလိုၿမိဳ႕၊ အလီဆန္ၿမိဳ႕၊ ဘာဂန္ၿမိဳ႕၊ စတာဗန္ဂါၿမိဳ႕၊ ထ႐ြန္ဟိမ္းၿမိဳ႕၊ ခရစၥတီယန္ ဆန္ၿမိဳ႕၊ အာရန္ဒယ္လ္ၿမိဳ႕၊ ထ႐ြန္ဆိုၿမိဳ႕၊ ဖရက္ဒရစ္ စတက္ၿမိဳ႕ႏွင့္ တြန္းစ္ဘာ့ခ်္ၿမိဳ႕တို႔ပါဝင္ေၾကာင္း သိရသည္။
ေနာ္ေဝးႏိုင္ငံ၏ သဘာဝေနရာအမ်ားစုမွာ မပ်က္မစီးက်န္ရွိေနဆဲျဖစ္ေသာေၾကာင့္ ေတာင္တက္သမားမ်ားႏွင့္ ႏွင္းေလွ်ာစီးသမားအမ်ားအျပားကို ဆြဲေဆာင္လ်က္ရွိေၾကာင္းလည္းသိရသည္။ ေနာ္ေဝးႏိုင္ငံေနာက္ပိုင္းႏွင့္ ေျမာက္ပိုင္း တို႔ တြင္ရွိေသာေရခဲျမစ္က ဖန္တီးထားသည့္ မတ္ေစာက္ေသာ ေခ်ာက္ကမ္းပါးမ်ားႏွင့္ရွည္လ်ားက်ဥ္းေျမာင္းေသာ ပင္လယ္ဝင္ေပါက္ jords၊ ေတာင္တန္းမ်ားႏွင့္ေရတံခြန္မ်ားသည္ ႏွစ္စဥ္ႏိုင္ငံျခားခရီးသြားသိန္းခ်ီကို ဆြဲေဆာင္လ်က္ရွိသည္။