မန္တလေးနှင့်ရန်ကုန်ရှိ နှစ်ပေါင်း (၁၀၀)အထက်သက်တမ်းရှိသော အ‌ဆောက်အအုံများကို ရှေးဟောင်း အဆောက်အအုံများအဖြစ် ထပ်တိုးသတ်မှတ်

 108

စော(NP News)- အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီးရှိ နှစ်ပေါင်း (၁၀၀)နှင့်အထက်သက်တမ်းရှိသည့် အဆောက်အအုံ (၆၄)ခုနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အဆောက်အအုံ (၃)ခုတို့ကို ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်လိုက်ကြောင်း ‌သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။
အဆိုပါရှေးဟောင်းစာရင်းဝင် အဆောက်အအုံ (၆၄)ခုသည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံး)၊ ကမာရွတ်မြို့နယ်မှ ပြည်ဆောင်နှင့်တကောင်းဆောင်တို့ကိုလည်း ရှေးဟောင်းအဆောက်အအုံအဖြစ် ထပ်မံသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အလားတူ ရှမ်းပြည်နယ်ရှိ၊ ကလောမြို့နယ်မှ ကလောကလပ် အဆောက်အအုံနှင့် ကလောစာတိုက်ဟောင်းတို့ကို နှစ်ပေါင်း (၁၀၀)နှင့်အထက် သက်တမ်းရှိသည့်အတွက် ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်လိုက်ကြောင်း အချက်အလက်များအရသိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၄၊ ပိုဒ်ခွဲ(ခ)
အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးႏွင့္ရန္ကုန္ရွိ ႏွစ္ေပါင္း (၁၀၀)အထက္သက္တမ္းရွိေသာ အ‌ေဆာက္အအုံမ်ားကို ေရွးေဟာင္း အေဆာက္အအုံမ်ားအျဖစ္ ထပ္တိုးသတ္မွတ္
ေစာ(NP News)- ေအာက္တိုဘာ ၂
မႏၲေလးတိုင္းေဒသႀကီးရွိ ႏွစ္ေပါင္း (၁၀၀)ႏွင့္အထက္သက္တမ္းရွိသည့္ အေဆာက္အအုံ (၆၄)ခုႏွင့္ ရန္ကုန္တိုင္းေဒသႀကီးရွိ အေဆာက္အအုံ (၃)ခုတို႔ကို ေရွးေဟာင္းအေဆာက္အအုံမ်ားအျဖစ္ သတ္မွတ္လိုက္ေၾကာင္း ‌သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါေရွးေဟာင္းစာရင္းဝင္ အေဆာက္အအုံ (၆၄)ခုသည္ မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္ႏွင့္ ပုသိမ္ႀကီးၿမိဳ႕နယ္တို႔မွ ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္ရွိ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန(႐ုံး)၊ ကမာ႐ြတ္ၿမိဳ႕နယ္မွ ျပည္ေဆာင္ႏွင့္တေကာင္းေဆာင္တို႔ကိုလည္း ေရွးေဟာင္းအေဆာက္အအုံအျဖစ္ ထပ္မံသတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အလားတူ ရွမ္းျပည္နယ္ရွိ၊ ကေလာၿမိဳ႕နယ္မွ ကေလာကလပ္ အေဆာက္အအုံႏွင့္ ကေလာစာတိုက္ေဟာင္းတို႔ကို ႏွစ္ေပါင္း (၁၀၀)ႏွင့္အထက္ သက္တမ္းရွိသည့္အတြက္ ေရွးေဟာင္းအေဆာက္အအုံအျဖစ္သတ္မွတ္လိုက္ေၾကာင္း အခ်က္အလက္မ်ားအရသိရသည္။
သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနအေနျဖင့္ ေရွးေဟာင္းအေဆာက္အအုံမ်ား ကာကြယ္ထိန္းသိမ္းေရး ဥပေဒ ပုဒ္မ ၃၄၊ ပိုဒ္ခြဲ(ခ)
အရ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.