အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကြောင့် ရွှေဈေးနှုန်းများမြင့်တက်လာ

723

Pika (NP News) - မတ် ၆
အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသည့်စစ်ပွဲကြောင့် ရွှေဈေးနှုန်းများဆက်လက်မြင့်တက်လာခဲ့ပြီး ဘေးကင်းလုံခြုံမှုရှိသောပိုင်ဆိုင်မှုများအတွက် ဝယ်လိုအားကိုမြင့်တက်လာအောင် လှုံ့ဆော်ပေးခဲ့ကြောင်း သိရသည်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီးနောက် စံချိန်မှီရွှေချောင်းဈေးနှုန်းမှာ (၁ ဒသမ ၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၅၂၀၀)ဒေါ်လာနီးပါးရှိလာခဲ့ကြောင်း သိရသည်။
အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့တို့က အီရန်ကိုဆက်လက်ဗုံးကြဲတိုက်ခိုက်နေမှုနဲ့အတူ အီရန်ကလည်း ပင်လယ်ကွေ့ဒေသတွင်ရှိသည့် နိုင်ငံပေါင်းများစွာကို ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ အရေးကြီးသောစွမ်းအင်အခြေခံအဆောက်အဦးများကို ဖျက်ဆီးပစ်ခဲ့သလို ဗဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကိုလည်း ပိတ်ဆို့ပစ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း Operation Epic Fury စစ်ဆင်ရေးအပေါ် ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အမေရိကန်ရေငုပ်သင်္ဘောတစ်စီးက သီရီလင်္ကာကမ်းလွန်တွင်ရှိသည့် အီရန်စစ်သင်္ဘောတစ်စီးကို နှစ်မြှုပ်ပစ်ခဲ့ကြောင်း သိရသည်။ အီရန်စစ်သင်္ဘောကို ဖျက်ဆီးပစ်ခဲ့သည့် အမေရိကန်၏ လုပ်ရပ်အတွက် ပြင်းပြင်းထန်ထန်လက်စားချေသွားမည်ဟု အီရန်အစိုးရက နောက်ပိုင်းတွင် ကတိပြုပြောဆိုခဲ့ကြောင်းလည်း သိရသည်။
စစ်ပွဲကြောင့် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာသည်နှင့်အမျှ အမေရိကန်ကလည်း မြင့်မားသည့်သွင်းကုန်အခွန်များကို ပြဋ္ဌာန်းရန်ပြင်ဆင်နေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးမှာ နောက်ထပ်လှုပ်ခတ်မှုများကို ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိနေသည်။

Zawgyi Version;
အေရွ႕အလယ္ပိုင္းေဒသစစ္ပြဲေၾကာင့္ ေ႐ႊေဈးႏႈန္းမ်ားျမင့္တက္လာ
Pika (NP News) - မတ္ ၆
အေရွ႕အလယ္ပိုင္းေဒသတြင္ျဖစ္ပြားေနသည့္စစ္ပြဲေၾကာင့္ ေ႐ႊေဈးႏႈန္းမ်ားဆက္လက္ျမင့္တက္လာခဲ့ၿပီး ေဘးကင္းလုံၿခဳံမႈရွိေသာပိုင္ဆိုင္မႈမ်ားအတြက္ ဝယ္လိုအားကိုျမင့္တက္လာေအာင္ လႈံ႕ေဆာ္ေပးခဲ့ေၾကာင္း သိရသည္။
အေမရိကန္-အစၥေရးႏွင့္ အီရန္တို႔ၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ား ဆက္တိုက္ျဖစ္ပြားလာခဲ့ၿပီးေနာက္ စံခ်ိန္မွီေ႐ႊေခ်ာင္းေဈးႏႈန္းမွာ (၁ ဒသမ ၁) ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ၿပီး တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ(၅၂၀၀)ေဒၚလာနီးပါးရွိလာခဲ့ေၾကာင္း သိရသည္။
အေမရိကန္ႏွင့္ အစၥေရးတပ္ဖြဲ႕တို႔က အီရန္ကိုဆက္လက္ဗုံးႀကဲတိုက္ခိုက္ေနမႈနဲ႔အတူ အီရန္ကလည္း ပင္လယ္ေကြ႕ေဒသတြင္ရွိသည့္ ႏိုင္ငံေပါင္းမ်ားစြာကို ဒုံးက်ည္မ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ကာ အေရးႀကီးေသာစြမ္းအင္အေျခခံအေဆာက္အဦးမ်ားကို ဖ်က္ဆီးပစ္ခဲ့သလို ဗဟာဗ်ဴဟာေျမာက္ ေဟာ္မုဇ္ေရလက္ၾကားကိုလည္း ပိတ္ဆို႔ပစ္ခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကလည္း Operation Epic Fury စစ္ဆင္ေရးအေပၚ ယုံၾကည္မႈရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အေမရိကန္ေရငုပ္သေဘၤာတစ္စီးက သီရီလကၤာကမ္းလြန္တြင္ရွိသည့္ အီရန္စစ္သေဘၤာတစ္စီးကို ႏွစ္ျမႇဳပ္ပစ္ခဲ့ေၾကာင္း သိရသည္။ အီရန္စစ္သေဘၤာကို ဖ်က္ဆီးပစ္ခဲ့သည့္ အေမရိကန္၏ လုပ္ရပ္အတြက္ ျပင္းျပင္းထန္ထန္လက္စားေခ်သြားမည္ဟု အီရန္အစိုးရက ေနာက္ပိုင္းတြင္ ကတိျပဳေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။
စစ္ပြဲေၾကာင့္ စြမ္းအင္ေဈးႏႈန္းမ်ားျမင့္တက္လာသည္ႏွင့္အမွ် အေမရိကန္ကလည္း ျမင့္မားသည့္သြင္းကုန္အခြန္မ်ားကို ျပ႒ာန္းရန္ျပင္ဆင္ေနျခင္းေၾကာင့္ ကမာၻလုံးဆိုင္ရာကုန္သြယ္ေရးမွာ ေနာက္ထပ္လႈပ္ခတ္မႈမ်ားကို ႀကဳံေတြ႕ရႏိုင္ေၾကာင္း သုံးသပ္ေျပာဆိုမႈမ်ားလည္းရွိေနသည္။